အိမ်တွင်းအလှစိုက်အပင်တွေ စိုက်မယ်ဆို ဒါတွေသတိထား..
နေအိမ် (သို့မဟုတ်) ခြံဝန်းအတွင်းမှာ အလှစိုက်အပင်တွေ စိုက်ပျိုးရတာကို နှစ်သက်ပါသလား?
ကိုယ့်ဝါသနာအရ အလှစိုက်အပင်တွေကိုစိုက်ပျိုးထားတဲ့အခါ အိမ်မှာ ကလေးငယ်တွေနဲ့ အိမ်မွေးတိစ္ဆာန်လေး တွေ ရှိတယ်ဆိုရင်တော့ သတိပြုပေးဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့အလှစိုက်အပင်တွေရဲ့ အစိတ် အပိုင်းတွေက မတော်တဆ စားမိရင် အဆိပ်သင့်တာမျိုး ဖြစ်တတ်လို့ပါ။
အဆိပ်သင့်တယ်ဆိုပေမယ့် အရမ်းဆိုးရွားတဲ့ အဆိပ်သင့်တာမျိုးတော့ မဟုတ်လို့ အစိုးရိမ်တော့ မလွန်စေချင် ပါဘူး။ မတော်တဆ စားမိ၊ မျိုချမိရင်တော့ ခံတွင်းယားယံခြင်း၊ ပါးစပ်၊ နှုတ်ခမ်း၊ လျှာများ ရောင်ရမ်းခြင်း၊ အော့အန်ခြင်း၊ အစာမျိုချရခက်ခဲခြင်း၊ အရေပြားများ ယားယံခြင်း စတာတွေ ဖြစ်နိုင်လို့သာ သတိပြုစေချင်တာ ဖြစ်ပါတယ်။
ယနေ့ခတ်မှာဆိုရင် အိမ်တွင်းအလှစိုက်အပင်တွေကို အမျိုးအစားစုံလင်စွာ ရွေးချယ်ဝယ်ယူနိုင်ပြီး အလွယ်တကူ စိုက်ပျိုးနိုင်ကြပါတယ်။ ပန်းရောင်းတဲ့ဆိုင်မှာ ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်သလို အွန်လိုင်းမှာရှိတဲ့ ပန်းဆိုင်တွေ ကနေတစ်ဆင့်လည်း အလွယ်တကူဝယ်ယူနိုင်ပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးရာမှာ အဓိကအားဖြင့်
- ကန္တာရဆူးပင်လို့ခေါ်ကြတဲ့ ကက်တက်စ်ပင်တွေ (Cactus)
- လှပပြီး အပင်ပုံစံမျိုးစုံရှိတဲ့ ဆာကူးလက်စ် ပင်တွေ (Succulents)
- ပန်းပွင့်တဲ့အပင်တွေ (Flowering Plants)
- အလင်းရောင်နည်းနည်းပဲလိုပြီး ပြုစုရတာနည်းတဲ့အပင်တွေ (Easy and Low Light Plants)
- လှပတဲ့အရွက်ရှိတဲ့ အပင်တွေ (Foliage Plant)
- ပြတင်းပေါက်တွေ၊ သစ်ပင်တွေမှာ ချိတ်ဆွဲစိုက်ပျိုးနိုင်တဲ့ အပင်တွေ (Hanging Type Plants)
- အင်းဆက်ဖမ်းစားတဲ့အပင်တွေ (Unusual Plants)
- ကျောက်တုံးနဲ့တူတဲ့ အပင်တွေ (Living Stone Types)
- နွယ်တက်တဲ့အပင်တွေ (Trailing and Climbing Plants) စသဖြင့် အမျိုးအစား စုံလင်စွာရှိပါတယ်။
ဒီလိုအပင်တွေစိုက်ပျိုးရာမှာ အိမ်နေရာအကျယ်အဝန်းပေါ်မူတည်ပြီး ခြံထဲမှာစိုက်ပျိုးကြသလို၊ နေအိမ်အတွင်း ဧည့်ခန်းတွေနဲ့ အိပ်ခန်းတွေထဲမှာပါ စိုက်ပျိုးကြလေ့ရှိပါတယ်။ အိမ်တွင်းအလှစိုက်အပင်တွေဟာ စိုက်ပျိုးတဲ့ သူရော မြင်တွေ့ရတဲ့သူပါ မျက်စိပသာဒဖြစ်စေသလို စိတ်ကြည်နူးမှုလည်းရှိစေပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။
ဒါပေမဲ့ အထက်မှာဆိုခဲ့သလို အန္တရာယ်ဖြစ်နိုင်တဲ့အပိုင်းလေးတွေလည်း ရှိနေလို့ များပြားလှတဲ့ အိမ်တွင်း အလှစိုက်အပင်တွေထဲကမှ ဘယ်အပင်တွေကတော့ ကလေးငယ်တွေနဲ့ တိရိစ္ဆာန်လေးတွေအတွက် သတိထား ရမလဲဆိုတာကို မျှဝေပေးသွားချင်ပါတယ်ဗျ..။
၁။ မြစိမ်းရှင် (Amazonian Elephant Ear)
ဒီအပင်ဟာ အပင်စိုက်ပျိုးသူတွေကြား လူကြိုက်များထင်ရှားတဲ့ ပန်းပင်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ အရွက် တွေဟာ ခရမ်းရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်နဲ့ ငွေရောင်ဆိုပြီးတော့ရှိကာ အဲ့ဒီအရွက်တွေကြောင့်ပဲ လူကြိုက် များတာလည်း ဖြစ်ပါတယ်။ ဒီအပင်ဟာ မျိုးစိတ်ပေါင်းလည်း များစွာရှိပါတယ်။ သူ့ရဲ့မူရင်းဒေသကတော့ အာရှ အပူပိုင်းဒေသတွေနဲ့ ဩစတြေးလျနိုင်ငံပဲ ဖြစ်ပါတယ်။
ဒီအပင်ကို မတော်တဆစားမိခဲ့ရင် လူတွေအတွက် အဆိပ်သင့်နိုင်မှုပြင်းအား အတော်အသင့်ပဲ ရှိပေမယ့် ခွေး၊ ကြောင်၊ မြင်းနဲ့ အခြားတိရိစ္ဆာန်လေးတွေမှာတော့ အဆိပ်သင့်မှု မြင့်နိုင်တာကြောင့် သတိပြုသင့်ပါတယ်။
၂။ ကစ်စ်မီပန်းပင် - Kiss Me (Crown of thorns)
ဒီအပင်ကတော့ အလှပန်းပင် စိုက်ပျိုးသူတွေသာမက သာမန်လူတွေပါ သိတဲ့ပန်းပင်ဖြစ်ပါတယ်။ ဒီပန်းဟာ စာရေးသူတို့ ငယ်စဉ်ကဆိုရင် တော်တော်လေး လူကြိုက်များကြပြီး အိမ်တိုင်းနီးပါးလည်း စိုက်ပျိုးတဲ့ ပန်းပင်ဖြစ်ပါတယ်။
ဒါပေမဲ့ အပင်အစိတ်အပိုင်းတွေကို မတော်တဆစားမိခဲ့ရင်တော့ ပါးစပ်နဲ့လည်ချောင်းများယားယံခြင်း၊ အော့အန် ခြင်းနဲ့ ဗိုက်နာခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။ ဒီအပင်ကနေထွက်တဲ့ အစေးကိုလည်းမြင်ဖူးကြပါလိမ့်မယ်။ အဲ့ဒီ အစေးကို မတော်တဆ မျက်လုံးတို့ အရေပြားတို့ကို ထိတွေ့ခဲ့ရင် ယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင် ပါတယ်။
၃။ မုံတိုင်ပင် (Sago Palm)
ဒီအပင်တွေဟာ ဈေးနှုန်းအားဖြင့်ကြီးမြင့်ပြီး အလှဆင်စိုက်ပျိုးရာမှာ အသုံးများတဲ့ အပင်တွေ ဖြစ်ပါတယ်။ ထန်းပင်အသေးစားလေးတွေနဲ့ တူတာကြောင့် လူသိများတာလည်းဖြစ်ပါတယ်။ ဒီအပင်တွေဟာ ကြီးထွားမှု နှေးပြီး သက်တမ်းရှည်တဲ့ အပင်တွေလည်းဖြစ်ပါတယ်။
မတော်တဆ စားခဲ့မိရင်တော့ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် သတိ ပြုရမှာ ဖြစ်ပါတယ်။
၄။ ရှင်သီဝလိဂမုန်း (Peace lily)
ဒီအပင်ဟာ လေသန့်ပင်အမျိုးအစားဖြစ်ပါတယ်။ စိုက်ပျိုးပြုစုရတာ လွယ်ကူပြီး အကြမ်းခံတဲ့အပြင် သူ့ရဲ့ စိမ်းစို နေတဲ့ အရွက်တွေကြောင့် အပင်စိုက်ပျိုးသူတွေ ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်ပါတယ်။
ဒီအပင်တွေဟာလည်း အပင်ရဲ့အစိတ်အပိုင်းတွေကို စားခဲ့မိရင် အဆိပ်သင့်မှုပြင်းထန်နိုင်တာကြောင့် သတိပြု ပေးကြပါ။
၅။ တိုက်ကပ်နွယ်ပင် (English Ivy)
အိုင်ဗီပင်တွေကတော့ အလွန်သန်စွမ်းပီး အစိမ်းရောင်ရှိတဲ့ နွယ်ပင်အမျိုးအစားဖြစ်ပါတယ်။ နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ကျောက်တုံးတွေ၊ အိမ်နံရံတွေ၊ ခြံစည်းရိုးတွေနဲ့ အိမ်အတွင်းမှာပါ ချိတ်ဆွဲပင်အနေနဲ့ အလှဆင်စိုက်ပျိုးနိုင်ပါတယ်။ ပေ ၁၀၀ လောက်အထိရှည်လျားကြီးထွားနိုင်ပါတယ်။
ဒီအပင်ကိုတော့ တိရိစ္ဆာန်လေးတွေ မတော်တဆစားမိခဲ့ရင် အဆိပ်သင့်မှုပြင်းထန်နိုင်ပြီး အသက်ရှူကျပ်တာတွေ၊ သတိမေ့မြောတာတွေနဲ့ အခန့်မသင့်ရင် သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
၆။ ပါတိတ်ပိန်း၊ ပိန်းရွက်လှ (Angle Wings)
ဒီအပင်ဟာလည်း အရွက်ဖားဖားကြီးတွေနဲ့ လှပတဲ့အတွက်ကြောင့် အပင်စိုက်ပျိုးသူတွေကြား လူကြိုက်များတဲ့ အလှစိုက်ပင်ဖြစ်ပါတယ်။ ၎င်းရဲ့မူရင်းဒေသတော့ လက်တင်အမေရိကနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အရွက်တွေကအရောင်အသွေးစုံပြီး မျိုးကွဲများစွာရှိတဲ့အပြင် နှစ်ရောင်စပ်မျိုးတွေကတော့ ပိုပြီးလူကြိုက်မျာ းကြပါတယ်။ ဒီအပင်ဟာ ဆင်နားရွက်ပိန်းအပင် (Elephant’s Ear) နဲ့လည်း အတူတူပဲ ဖြစ်ပါတယ်။
မတော်တဆ စားမိခဲ့ရင်တော့ အော့အန်တာမျိုးတွေ၊ ဓာတ်မတည့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
၇။ ကြွေလိပ်ပြာ (Persian Cyclamen)
ဒီအပင်လေးတွေဟာ အသဲပုံစံအရွက်လေးတွေနဲ့ လိပ်ပြာပုံစံရှိတဲ့ ရောင်စုံပန်းပွင့်လေးတွေကြောင့် အပင် စိုက်ပျိုးသူတွေကြား ထင်ရှားတဲ့ပန်းပင်တွေဖြစ်ပါတယ်။ ပန်းတွေဟာ ဆောင်းရာသီမှာ အဓိကဖူးပွင့်ကြပါတယ်။ မူရင်းဒေသတွေကတော့ တူရကီ၊ အစ္စရေးလ်၊ လက်ဘနွန်၊ ပါလက်စတိုင်းနဲ့ ဂျော်ဒန်နိုင်ငံတွေပဲ ဖြစ်ပါတယ်။
အပင်အစိတ်အပိုင်းတွေ မတော်တဆစားခဲ့မိရင်တော့ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ယားယံခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
၈။ ရွှေလာငွေလာ (Golden Pothos)
ဒီအပင်ကတော့ လူတိုင်းနီးပါးသိတဲ့အပင်ပါ။ နေအိမ်တွေ၊ ရုံးခန်းတွေနဲ့ စားသောက်ဆိုင်တွေမှာ အလှဆင် စိုက်ပျိုးကြတာ များပါတယ်။ ရွှေလာငွေလာပင်တွေဟာ စိုက်ပျိုးရတာလွယ်ကူသလို တော်တော်လေး အကြမ်းခံတဲ့အပြင် ပွားများဖို့လည်းလွယ်ကူတဲ့ အလှစိုက်အပင်အမျိုးအစားဖြစ်ပါတယ်။ တော်ရုံအနေအထား လောက်နဲ့ မသေနိုင်သလို အမှောင်ထဲမှာပါ ရှင်သန်နိုင်လို့ နတ်ဆိုးရဲ့အိုင်ဗီ (Devil’s Ivy) လို့လည်း အပင် စိုက်ပျိုးသူတွေကြား ချစ်စနိုးနဲ့ ခေါ်ဆိုကြပါတယ်။
သူ့ကိုကလေးတွေနဲ့ တိရိစ္ဆာန်လေးတွေ မတော်တဆစားခဲ့မိရင် အော့အန်ခြင်း၊ ခံတွင်းယားယံခြင်းနဲ့ အစာမျိုချရ ခက်ခဲခြင်းတို့ဖြစ်စေနိုင်တာမို့ သတိပြုသင့်ပါတယ်။
၉။ ခရစ်စမတ်ပင်၊ ပွင့်တူရွက်တူ (Poinsettia)
ဒီအပင်တွေကိုတော့ ခရစ်စမတ်ပင်ရယ်လို့ အလှပန်းပင်စိုက်ပျိုးသူတွေကြားမှာ ခေါ်ဆိုကြပါတယ်။ ဒါ့အပြင် ပွင့်တူရွက်တူ၊ ဂနိုင့်ကျက်သရေ စသည်ဖြင့်လည်း ခေါ်ဆိုကြပါသေးတယ်။ မူရင်းဒေသကတော့ မက္ကဆီကို နိုင်ငံဖြစ်ပါတယ်။ အပင်ရဲ့မူလပုံစံကတော့ အလေ့ကျပေါက်တဲ့ ပေါင်းပင်၊ ချုံပင်အမျိုးအစား ဖြစ်ပါတယ်။ ယနေ့ ခေတ်မှာတော့ အလှစိုက်အပင်အဖြစ် အနောက်နိုင်ငံတွေမှာ လူကြိုက်များတဲ့ ပန်းပင်ဖြစ်နေပါတယ်။
ဒီအပင်အစိတ်အပိုင်းတွေကို တိရိစ္ဆာန်လေးတွေ စားခဲ့မိရင်တော့ အဆိပ်သင့်မှုမြင့်မားနိုင်ပါတယ်။ ဒီအပင်မှာ အဆိပ်ရှိပစ္စည်းပါဝင်တဲ့အတွက် အန္တရာယ်ရှိပြီး အပင်ကထွက်တဲ့ အစေးလောင်ခဲ့မယ်ဆိုရင် အရေပြားပူတာတွေ၊ ယောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက် - http://www.picturethisai.com
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....