အီးအမ်ရဲ့ အခြားသောအသုံးဝင်မှု (၈) မျိုး
အီးအမ်ဆိုတာ မြေဩဇာမဟုတ်သလို ပိုးသတ်ဆေးလည်းမဟုတ်ပါဘူး။ EM သည် Effective Microorganisms လို့ခေါ်တဲ့ အဏုဇီဝပေါင်းများစွာပါဝင်တဲ့ အရည်ဖြစ်ပြီး စိုက်ပျိုးရေးမှာ EM ကို တွင်ကျယ်စွာသုံးလာကြပြီဖြစ်ပါတယ်။ EM သည် မြေသား၏ အရည်အသွေးကိုတက်စေခြင်း၊ မြေဆီလွှာရေစုပ်ယူမှုကိုထိန်းပေးခြင်း၊ မြေသားတွင်းရှိ အပင်အတွက်ထိခိုက်စေမည့် ရောဂါပိုးများကို လျော့ပါးပျက်စီးစေကာ အပင်အတွက်အကျိုးရှိမည့် အဏုဇီဝပိုးများကိုပေါက်ဖွားစေခြင်း၊ မြေသားထဲရှိ ချေဖျက်ရန်ခက်ခဲသော အာဟာရများကို ကြေပျက်စေကာ အပင်ကိုအကျိုးပြုခြင်း၊ အပင်ကို အမြစ်တွယ်မှုအားကောင်းစေခြင်း စသောအကျိုးများစွာကိုပေးနိုင်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းအပြင် အခြားသောနေရာများတွင်လည်းအသင့်သုံး EM(EM1) ကို သုံးနိုင်ပါသည်။
၁။ မီးဖိုချောင်ရှိ ပလတ်စတစ်ခွက်များနှင့် သစ်သားယောင်းမများကို EM1 နှင့် ရေရောပြီး စိမ်ကာဆေးကြောလျှင် ပိုမိုသန့်ရှင်းမှုကို ခံစားရပါသည်။
၂။ ရေချိုးခန်းများ၊ အိမ်သာကြွေခွက်များ သန့်ရှင်းရာတွင် EM 1 ကို ကြွေခွက်ဆေးရည်အစားထိုး သုံးနိုင်ပါသည်။
၃။ ဘေစင်များပိတ်ပါက EM အနည်းငယ်လောင်းထည့်ပြီးဖြေရှင်းနိုင်ပါသည်။
၄။ ကြက်ခြံများနှင့် ငါးမွေးကန်များတွင် သန့်ရှင်းရေးအတွက် EM ဖျန်းခြင်း၊ ငါးကန်တွင်းသို့ EM အရည်ကို အနည်းငယ်ထည့်ပေးခြင်းတို့ကို လုပ်နိုင်ပါသည်။ (အချို့ငါးကန်များတွင်ကျွေးသောငါးစာများသည် ကန်အောက်တွင်စုပုံလာကာ ကြာသောအခါ ထိုအစာဟောင်းများမှ gas တစ်မျိုးထွက်ကာ ထိုဓာတ်ငွေ့ကြောင့် ငါးများအသက်ရှူကြပ်ကာ သေသဖြင့် EM ကို သတ်မှတ်ပမာဏထည့်ပေးလျှင် ထိုအစာဟောင်းများကို ချေဖျက်ပေးနိုင်ပါသည်။)
၆။ ငါးများနှင့် ပင်လယ်စာများဆေးကြောရာတွင် EM1 အနည်းငယ်နှင့် ရေကိုရောကာ ဆေးလျှင် အညှီနံ့ သက်သာနိုင်ပါသည်။
၇။ နှင်းဆီ၊ ဂန္တမာ၊ ခြောက်လပန်းနှင့် သစ်ခွကဲ့သို့သော ဖြတ်ပန်းများအတွက် EM1 လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ဂါလန်နှင့်ရောကာ ပန်းများကိုစိမ်ထားလျှင် ပန်းများ၏ သက်တမ်းကို ပိုမိုကြာစေပြီး အရောင်အသွေးမပျက် လှပနေမည်ဖြစ်ပါသည်။ ဘုရားပန်းအိုးအတွင်းသို့ EM1 အနည်းငယ်ကို ထည့်ထားလျှင် ရေများချွဲခြင်း၊ ပုပ်ခြင်း၊ အနံ့အသက်နံခြင်းတို့ကို သက်သာစေမည်ဖြစ်ပါသည်။
၈။ EM သုံးပြီးစိုက်ထားသော နှင်းဆီပင်များတွင် အပွင့်အရွယ်အစားသည် အခြားအပွင့်များထက်ပိုမိုကြီးမားကာ အရောင်အသွေးသည်လည်း ပိုမိုတောက်ပမည်ဖြစ်ပါသည်။
အသင့်သုံး EM တွေရဲ့သက်တမ်းက တစ်ပတ်လောက်သာခံတာမို့ သီးနှံပင်တွေအတွက်သုံးပြီး ပိုလျှံနေခဲ့လျှင် အထက်ပါအတိုင်းအသုံးပြုတတ်ကြစေရန် ရည်ရွယ်၍ရေးသားလိုက်ပါသည်။
စိုးပိုင်ဦး
လွန်ခဲ့သော ၁ နှစ် ကဘယ်လိုဖျော်စပ်ရသလဲသိချင်ပါသည်
အောင်ကိုလင်း
လွန်ခဲ့သော ၂ နှစ် ကok
Aung Min
လွန်ခဲ့သော ၄ နှစ် ကEM1 ကိုဘယ်လိုလုပ်ရမလဲ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from စုမြတ်မြတ်မိုး
အားလုံး
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....