မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၇)
တပိုင်တနိုင်စိုက်ပျိုးရေးဆိုင်ရာနည်းများဖြင့် ဇီဝမြေသြဇာအရင်းအမြစ်အာဘာစကူလာမိုက်ကိုရိုက်ဇာအကျိုးပြု သဟဇီဝန ဖြစ်စဉ်ကိုတိုးစေခြင်း
သဘာဝဇာတိသား အေအမ်အက်ဖ်မှို မျိုးစများ စုဆောင်းရန် အခြေခံကျသော ကွင်းအချက်အလက်များ မှတ်တမ်းပြုခြင်း

ကွင်းတည်နေရာ- မြန်မာနိုင်ငံ၊ ပြင်ဦးလွင်မြို့ ဒိုးကွင်ကော်ဖီခြံ (မြ ၂၀၁၆)
စိုက်စနစ် မှတ်တမ်းများကောက်ယူခြင်းနှင့် သုတေသနအကျဉ်းချုပ်
ကွင်းတည်နေရာ မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့ ဒိုးကွင်ကော်ဖီခြံပတ်ဝန်းကျင်တွင် ကော်ဖီခြံများသာ ရှိသည်။
လက်ခံပင် - ကော်ဖီ (coffea arabicola )၊ အေအမ်အက်ဖ်၏ ထာဝရလက်ခံပင်
အေအမ်အက်မှို- Glomus manihot(1),Glomus etunicatum,Glomus fasciculatum,Glomus intraradices
ပျိုးပင်အဆင့်တွင် ကြိုတင်ထိုးသွင်းခြင်းဖြင့် ဆီလျော်အတွဲညီသော လက်ခံပင်/အေအမ်အက်ဖ်မှို / စိုက်ပျိုးမြေ/ မျိုးစအတွဲ အသုံးပြုထားသည့် အခင်းဖြစ်သည်။
စိုက်ပျိုးမြေသည် ပီအိပ်ချ် ၅.၅၄ ရှိပြီး ဖော့စပရပ်ပါဝင်မှုနည်းသော (၁ ဟက်တာလျှင် ၃၇.၅၂ ကီလိုဂရမ်) မြေကို ၄ ဆ : နွားချေး ၁ ဆ ရောသည်။ အခြေခံဖော့စပရပ်အဖြစ် ကျောက်မှုန့်မြေသြဇာကို ၁ ဟက်တာလျှင် ၆၀ ကီလိုဂရမ် ထည့်ခဲ့သည်။
ပျိုးမြေတွင် မြေအခြေခံမှိုမျိုးစ ၁၀ဝ ဂရမ် (ပျိုးမြေ၏ ၅%) ကို မြေထဲတွင် ၅ စင်တီမီတာအနက် စိုက်ကျင်းဖော်ပြီး ထည့်ပါသည်။ မှိုမျိုးစထည့်ပြီးမှ အပေါ်ကနေ မြေအနည်းငယ် (၁၀ဝ) ဂရမ် ထည့်ပါသည်။ ၎င်းအပေါ်မှ ကော်ဖီမျိုးစေ့ကို စိုက်ပါသည် (ပုံ ၈.၁)။
ပျိုးသက်(၅)လသားနှင့် (၈)လသားတွင် အပင်ခြောက်အလေးချိန် ၊ ဖော့စပရပ်၊ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ဇင့်၊ ဖဲရပ်စ်နှင့် ကယ်လစီယမ် စုပ်ယူမှုကို တိုင်းတာသည်။
အရေးကြီးသော အေအမ်အက်မှို၏ ဇီဝကမ္မဆိုင်ရာ ပြင်ပမှိုမျှင်များ၊ စပိုးများဖြစ်ပေါ်မှုကို ထည့်သွင်းစဉ်းစားထားပါသည်။
မှိုမျိုးထိုးသွင်းပြီး ၄၅ ရက်မှ ၆၀ ရက်ထိ ပြင်ပမှိုမျှင်များ ကောင်းစွာကြီးထွားပြီး မှိုစပိုးများ ထုတ်သဖြင့် မိုက်ကိုရိုက်ဇာမှို ကွန်မြူနတီကို မထိခိုက်အောင် ဆောင်ရွက်ခဲ့ပါသည်။ သိုဖြစ်၍ ၎င်းကြီးထွားကာလအတွင်း ပေါင်းသင်မြေဆွခြင်း မပြုလုပ်ပါ။
သဘာဝဇာတိသား အေအမ်အက်ဖ်မှိုများကို ဒေသခံမျိုးစအဖြစ် ပြန်လည်စုဆောင်းရန် ဆောင်ရွက်မှု
ပြင်ဦးလွင် ပွေးတောင် ကော်ဖီသုတေသနခြံတွင် အေအမ်အက်ဖ် မှိုမျိုးကွဲအမျိုးမျိုးကို ကော်ဖီပျိုးပင်များတွင် ထိုးသွင်းခြင်းဖြင့် ပျိုးပင်များ၏ ကြီးထွားမှုနှင့် အာဟာရဓာတ်စုပ်ယူမှု တိုးတက်လာခြင်းသုတေသနကို မြင့်နှင့်အဖွဲ့က ၂၀ဝ၂ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါသည်။
၎င်းအခင်းမှ ၂၀ဝ၃ ခုနှစ် ကွင်းအခြေအနေတွင် ထိရောက်အကျိုးရှိပြီး စီးပွားဖြစ်ထုတ်ထားသော မှိုမျိုးစကို ပြန်လည် စုဆောင်း၊ဆက်လက်အသုံးပြုသည့် သုတေသန ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ စုနှစ်ကျော်ကာလက အေအမ်အက်ဖ်မှိို၏ အပင်ကြီးထွားစေခြင်း၊ မြေကျန်းမာစေခြင်း၊ သက်ရှိသက်မဲ့ ဖိနှိပ်မှုဒဏ် တွန်းလှန်ခြင်းများ၊ ပဲပင် ပင်စည်နာရောဂါများကို သုတေသနများစွာ ပြုလုပ်ခဲ့သည်။
ကွင်းအချက်အလက်များမှတ်တမ်းပြုထားသည့် မှိုမျိုးထိုးသွင်းကော်ဖီခြံမှ သဘာဝဇာတိသား အေအမ်အက်ဖ်မှိုမျိုးစများ ပြန်လည် စုဆောင်းပြီး ဆက်လက်ဆောင်ရွက်နိုင်ခဲ့သော သုတေသန
သုတေသန (၁) -သဘာဝဇာတိသား အေအမ်အက်ဖ်မှိုမျိုးများအနက် မြန်မာနိုင်ငံ ရာသီဥတုနှင့် ကိုက်ညီပြီး အကျိုးပြုမှု အားကောင်း သော ဒေသခံမှို ၂ မျိုးကို စမ်းသပ်တွေ့ရှိခြင်း

မိုက်ကိုရိုက်ဇာအပေါ်မှီခိုမှု (Relative mycorrhizal dependency, RMD) အခြေခံသော တွေ့ရှိချက်များ
- (က) သဘာဝဇာတိသား အေအမ်အက်ဖ်မှိုမျိုးများအနက် မြန်မာနိုင်ငံရာသီဥတုနှင့် ကိုက်ညီပြီး အကျိုးပြုမှုအားကောင်းသော ဒေသခံမှို ၂ မျိုးကို စမ်းသပ်တွေ့ရှိသည်၊
- (ခ) မှို ၂ မျိုးကို ရောသုံးပါက ပဲပင်မှ မိုက်ကိုရိုက်ဇာအပေါ် မှီခိုမှု ပိုကောင်းလာသည်၊
- (ဂ) ပဲတီစိမ်းပင်များ၏ ချားကိုးပင်စည်ပုတ်ဖြစ်ပွားမှုအညွှန်း အနည်းဆုံးဖြစ်ကြောင်း ဆက်လက်တွေ့ရှိသည်။
သုတေသန (၂) အေအမ်အက်ဖ်မှိုအမျိုးမျိုး၏ ပဲတီစိမ်း ရေဆင်း-၁၁ ပင်များ၏ ချားကိုးပင်စည်ပုတ် (charcoal rot) ရောဂါအပေါ် အကျိုးသက်ရောက်မှု (ဝင်းနှင့် မြ၂၀ဝ၈)
တွေ့ရှိချက်များ
- (က) အေအမ်အက်ဖ်မှို ၂ မျိုးအရောသည် ပဲတီစိမ်း ရေဆင်း-၁၁ ပင်များ၏ ချားကိုးပင်စည်ပုတ်ရောဂါ ဖြစ်ပွားမှုအညွှန်း အနည်းဆုံးဖြစ်သည်။
- (ခ) မှိုမျိုးထိုးသွင်းကော်ဖီခြံမှ သဘာဝဇာတိသား အေအမ်အက်ဖ်မှို မျိုးစများပြန်လည်စုဆောင်းအသုံးပြုရာတွင် ဒေသခံ မှိုမျိုးစိတ်အတွဲ (Glomus fasciculatum and G. intraradices) သည် အကောင်းဆုံးဖြစ်သည် ။
ကိုးကား
မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
Oruru M B andNjeru E M Upscaling Arbuscular Mycorrhizal Symbiosis and Related Agroecosystems Services in Smallholder Farming Systems. BioMed Research International Volume 2016, Article ID4376240,12pages doi.org/10.1155/2016/4376240
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
Arbuscular Mycorrhizal Fungi
ဆက်စပ်မေးခွန်းများ
ပဲပုတ်ခင်းကအရွက်တွေဝါပြီးကြွေကျကုန်တာဘာရောဂါဖြစ်တာလဲဗျအရွက်မှာအစက်ပျောက်တွေစဖြစ်ပြီးဝါလာတာ
Wai Gyi • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုဖျော်စပ်ထား၁နှစ်ကျော်နေပြီအရောင်ကငံပြာရည်ရောင်ဖြစ်နေပြီအသုံးပြုလို့ရသေးလားခဗျသုံးရသေးရင်၂၀လီတာကိုဘယ်လောက်ထည့်သင့်လဲခဗျာ
kyaw zin • ဖြေကြားချက် 6 ခု
စပါးပင်နီတိုဝင်တာ ဘာဆေးပက်ရင်ပျောက်လည်း
ဥိီးကျော်သီဟ • ဖြေကြားချက် 4 ခု
မနှစ်ကစိမ်ထားသည့်အာမိုN16/P16/k8/sulphur13အရေကိုဒီနှစ်ရောစိမ်ပီးအသုံးပြုလို့ရမရ။ ကောင်းကြိုးဆိုးကျိုးလေးများသိပါရစေ
မောင်လှမျိုးအောင် • ဖြေကြားချက် 1 ခု
နွား သေး ကို အပင်ရွက်ဖျန်းဆေးဖြင့်တွဲဖျန်း၍ ရပါသလား။
Aung Aung • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024