စပါးအထွက်နှုန်း ၃၀ % အထိ တိုးစေမယ့် လျှို့ဝှက်ချက်
ယူရီးယားနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ အဆမတန် မြင့်တက်နေလို့ သွင်းအားစုစရိတ်ကြောင့် စိတ်ညစ်နေရပါသလား? ဓာတ်မြေသြဇာဖိုး လုံးဝမကုန်ဘဲ စပါးအထွက်နှုန်းကို ၂၅% မှ ၃၀% အထိ တိုးတက်လာစေမယ့် "မြေပြန့်ချယ်ရီ" (Gliricidia) သစ်စိမ်းမြေသြဇာ အသုံးပြုနည်းကို ဒီဗီဒီယိုမှာ အသေးစိတ် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
မြေပြန့်ချယ်ရီဟာ နိုက်ထရိုဂျင်နှင့် သစ်ဆွေးဓာတ် ကြွယ်ဝပြီး လယ်ကန်သင်းရိုးပေါ်မှာတင် အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပဲမျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ -
- မြေပြန့်ချယ်ရီရဲ့ အပင်အာဟာရဓာတ် ပါဝင်မှုများ
- လယ်တစ်ဧကအတွက် အပင်အရေအတွက် တွက်ချက်နည်း
- ကိုင်းဖြတ်စိုက်ပျိုးနည်းနှင့် ခုတ်သိမ်းရမည့်အချိန်
- လယ်မြေထဲတွင် လက်တွေ့ ထယ်ထိုးမြေမြှုပ် အသုံးပြုနည်း အဆင့်ဆင့်ကို ဂဃနဏ ရှင်းပြထားပါတယ်။
စရိတ်သက်သာပြီး မိမိတို့ရဲ့ လယ်ယာမြေဆီလွှာကို ရေရှည်ထက်သန်လာစေဖို့ ဒီဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပြီး လက်တွေ့အသုံးချကြည့်လိုက်ပါဦးခင်ဗျာ။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သစ်စိမ်းမြေသြဇာ
ဦးလှမြိုင် မြန်မာ
လွန်ခဲ့သော ၃ လ ကအင်တိုင်းကုန်းသဲဆန်တဲ့ယာမြေမှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(အငြိမ်းစားတဲ့ဘက်ပါမောက္ခ)ဦးသိန်းဆု သင်ကြားပို့ချပေးခဲ့သောဗီဒီယိုဖိုင်ကိုလေ့လာပြီးဒီနှစ်မိုးဦးကျတွင် *မထွန်ယက်စိုက်ပျိုးရေး* *မြေကြီးကိုလုံအောင်ဖုံး*စိုက်ပျိုးရေးနည်းစနစ်ဖြင့်စမ်းသပ်စိုက်ပျိုးသွားမည့်အပြင် ဓါတုလွတ် ဩဂဲနစ်စနစ်ကိုအကောင်အထည်ပေါ်အောင်ဆောင်ရွက်မည်ဖြစ်ပါ၍ လိုအပ်သည်များကိုအတွေ့အကြုံရှိပြီးသောမိတ်ဆွေများကကူညီအကြံပေးကြပါရန်မေတ္တာရပ်ခံပါတယ်ခင်ဗျား
ခင်ချိုမြင့်
လွန်ခဲ့သော ၃ လ ကမြေပြန့်ခြယ်ရီဟာဘယ်လိုအပင်လည်းသိပါရစေဗျာ
ဦးကျော်ဦး
လွန်ခဲ့သော ၃ လ ကအင်တိုင်းကုန်းသဲဆန်တဲ့မြေမှာ မြေပြန့်ချယ်ရီစိုက်ရင်အဆင်ပြေပါ့မလား?
U Saw
လွန်ခဲ့သော ၃ လ ကမြေပြန့်ချယ်ရီ ပျိုးပင် ထောင်ဂဏန်း ဝယ်လို့ ရနိုင်မယ့် နေရာ သိကြသူရှိရင် မျှဝေပေးကြပါခင်ဗျာ 🙏
ဆက်စပ်မေးခွန်းများ
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 1 ခု
ယူရီးယားပေါင်၂၀ပိုတက်ပေါင်၂၀ဆိုရင်ပြည်နဲ့ချင်ရင်ဘယ်နှစ်ပြည်ရှိလဲခဗျ
kyaw zin • ဖြေကြားချက် 2 ခု
ပဲပုတ်ခင်းကအရွက်တွေဝါပြီးကြွေကျကုန်တာဘာရောဂါဖြစ်တာလဲဗျအရွက်မှာအစက်ပျောက်တွေစဖြစ်ပြီးဝါလာတာ
Wai Gyi • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုဖျော်စပ်ထား၁နှစ်ကျော်နေပြီအရောင်ကငံပြာရည်ရောင်ဖြစ်နေပြီအသုံးပြုလို့ရသေးလားခဗျသုံးရသေးရင်၂၀လီတာကိုဘယ်လောက်ထည့်သင့်လဲခဗျာ
kyaw zin • ဖြေကြားချက် 6 ခု
စပါးပင်နီတိုဝင်တာ ဘာဆေးပက်ရင်ပျောက်လည်း
ဥိီးကျော်သီဟ • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026