မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၂၁)
ကြက်သွန်ဖြူ Allium sativum Garlic
ကြက်သွန်ဖြူပင်တွင် အေအမ်အက်ဖ်မှိုကို ဖြည့်စာအဖြစ် ဆယ်လီနီယံ (ဆိုဒီယံဆယ်လီနိတ်) ပူးတွဲသုံးခြင်း
ကြက်သွန်ဖြူနှင့် ဒေသခံအေအမ်အက်မှို၏ ပတ်ဝန်းကျင်မိတ်ဖက်ဖြစ်စဉ်သည် ကြက်သွန်ဖြူတွင် အထူးဆီ၊ အယ်လင်းနှင့် မိုနိုစက်ခရိုက် တိုးလာသဖြင့် ဆေးဘက်ဝင် အရည်အသွေးတိုးလာသည်။ အေအမ်အက်ဖ်မှိုနှင့် ဖြည့်စာဖြစ်သော ဆယ်လီနီယံ (ဆိုဒီယံ ဆယ်လီနိတ်) ပူးတွဲသုံးခြင်းသည် မိုနိုစက်ခရိုက် ပိုတိုးသည်။
ကြက်သွန်ဖြူမှထုတ်သော လတ်ဆတ်သည့် စစ်ထုတ်ရေသည် ဘာကြောင့် မှိုရောဂါ ဆန့်ကျင်သတ္တိရှိတာလဲ
ကြက်သွန်ဖြူတွင် (allicin) အယ်လီစင်ဆိုသည့် ဆာလဖာပါသော ကွန်ပေါင်းပါဝင်ပြီး တက်ကြွသော အစိတ် အပိုင်း (active component) တခုက အပင်ရောဂါဖြစ်မှိုရောဂါကို ဆန့်ကျင်သတ္တိ ရှိသည်။
ကြက်သွန်ဖြူမှထုတ်သော စစ်ထုတ်ရည်သည် အပင်တွင်ကျသောရောဂါဖြစ်စေသက်ရှိမှိုများ အထူးသဖြင့် လူကိုကင်ဆာဖြစ်စေသောမှိုအချို့ကို ဟန့်တားသော ဆန့်ကျင်သတ္တိရှိသည်၊ အေအမ်အက်ဖ်မှိုထိုးသွင်းလိုက်ပါကအပင်ရှိ အဆိုပါဆန့်ကျင်သတ္တိကို ပိုမြင့်လာစေသည်။ သို့သော် သတိပြုရမည့် အချက်များတော့ ရှိပါသည်။
ကြက်သွန်ဖြူ၏ ကျန်းမာရေးအကျိုးပြုမှု
- သွေးသန့်သည်၊
- သွေးတိုးကျသည်၊
- ချောင်းဆိုးသက်သာသည်၊
- ဆီးဝမ်းစင်သည်၊
(ကိုးကား - သမားတော် တိုင်းရင်းဆေး)
ကြက်သွန်ဖြူနှင့် ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်ဖ်မှို၏ အကျိုးပြု ပတ်ဝန်းကျင်မိတ်ဖက်ဖြစ်မှုများ
အေအမ်အက်မှို ထိုးသွင်းခြင်းဖြင့် ကျန်းမာရေး အကျိုးပြု ဒုတိယ အစာချေဖျက်ပေးနိုင်သောဓာတုပစ္စည်း တိုးစေခြင်း

ဇယား ၁ အဆက်

ကြက်သွန်ဖြူတွင် အေအမ်အက်ဖ်မှိုမျိုးကွဲအမျိုးမျိုးထိုးသွင်းခြင်း၏ကျန်းမာရေးအကျိုးပြု ဒုတိယ အစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းတိုးစေခြင်း

ကိုးကား - Golubkina N.et al 2020
ကြက်သွန်ဖြူတွင်အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း
- ကြက်သွန်ဖြူ စိုက်ခင်းဘောင်ပြင်ဆင်သည်။
- မြက်လက်ခံပင်နှင့် စိုက်ထားသော ၃ လသား အေအမ်အက်ဖ်မှို မှိုမျိုးစ ၁ ကီလိုဂရမ်ကို အပင် ၁၃၄ ပင်အတွက် အသုံးချသည်။
- အေအမ်အက်ဖ်မှို ထိုးသွင်းပြီး ၆၀ ရက်၊ ၉၀ ရက်၊ ၁၂၀ ရက်တွင် စိစစ်သည်။
မှတ်ချက်
- ထည့်သွင်းသော မှိုမျိုးစကို မြေကြီးရောပြီး စိုက်ကျင်းတနေရာတွင် ပိုထည့်နိုင်ပါသည်။
- ကြက်သွန်ဖြူသည် အေအမ်အက်ဖ်မှို မှီခိုမှု မြင့်သည်။
- အမြစ်စွဲ ရာခိုင်နုန်း ၆၆ - ၈၀ % ရှိသည်။
- အေအမ်အက်မှိုကို Glomus fasciculatum နှင့် Funneliformis mosseae သုံးသည်၊ အကျိုးပြုမှု ကောင်းသည်။
ထိုးသွင်းအေအမ်အက်ဖ်မှိုများက ကြက်သွန်ဖြူ မိုနိုဆက်ခရိုက်ပါဝင်မှု ရာနှုန်းတိုးစေခြင်း

ထိုးသွင်းအေအမ်အက်ဖ်မှို (Glomus fasciculatum) က ကြက်သွန်ဖြူ အယ်လင်းပါဝင်မှု ရာနှုန်းတိုးစေခြင်း

ကြက်သွန်ဖြူပင်၏ လတ်ဆတ်သောစစ်ထုတ်ရည်၏သက်ရှိမှို ဆန့်ကျင်အစွမ်းသတ္တိ
ကြက်သွန်ဖြူပင်၏ စစ်ထုတ်ရည် ထုတ်လုပ်ပုံ
- ကြက်သွန်ဖြူမျိုးစု၏ ၁၀ ဂရမ် နမူနာယူသည်၊ ကြိတ်သည်၊ ပိုးသန့်ရည် ( ပေါင်းခံရည်) ၁၀ဝ မီလီလီတာ တွင်ဖျော်သည်၊ ဖျော်ရည်ကိုအနည်များနှံ့အောင် ၅ မိနစ်ခန့်မွှေပြီး ၂ လွှာပါသော မတ်စ်လင် (muslin) အဝတ်စနှင့်စစ်သည်၊
- ရနိုင်ပါက Whattman’s filter paper No. 1 နှင့် ထပ်၍ စစ်သည်၊
- စစ်ကျရည်ကို လှည့်စက်တွင် ၅၀ဝ၀ အာပီအမ်ဖြင့် ၁၅ မိနစ်လှည့်သည်၊
- ရရှိသော အပေါ်ယံအရည်ကြည်သည် လတ်ဆတ်သော စံဖျော်ရည် (S) ဖြစ်သည်၊
- စံဖျော်ရည်ကို ၁၅% ဖျော်ရည်ရအောင် ပေါင်းခံရည်ဖြင့် ဖျော်သည်။
သတိပြုရမည့်အချက်
- စစ်ထုတ်ရည် ထုတ်နည်းမှန်ကန်ရန် လိုသည်။
- ဆောလဗန့်အဖြစ် ရေ (အအေး၊အပူ)၊အယ်ကိုဟော ၊မီသနော၊အီသနော သုံးနိုင်သည်၊
- အသုံးပြုနှုန်းမှန်ကန်ရန် လိုသည်၊
- ပိုးသန့်ရည်/ပေါင်းခံရည်အစား သာမန်ရေကို သုံးနိုင်သည်၊
- လှည့်စက်မရှိပါက စနစ်တကျ မွှေပါ ၊
- မတ်စ်လင်အဝတ်စအစား ပိတ်ပါးစသုံးနိုင်သည်၊
ကြက်သွန်ဖြူပင် စစ်ထုတ်ရည်၏ ရွက်ပျောက်၊ ရောဂါဖြစ်စေသက်ရှိ မှိုမျှင်ကြီးထွားမှုကို ဟန့်တားနိုင်ခြင်း

ကိုးကား
Borge M. Dudhane M. and Jite PK. Role of Bioinoculant (AM Fungi) Increasing in Growth, Flavor Content and Yield in Allium sativum L. under Field Condition. Not. Bot. Hort. Agrobot. Cluj 37 (2) 2009, 124-128
Hayat S, Cheng Z, Ahmad H, Ali M, Chen X and Wang M (2016) Garlic, from Remedy to Stimulant: Evaluation of Antifungal Potential Reveals Diversity in Phytoalexin Allicin Content among Garlic Cultivars; Allicin Containing Aqueous Garlic Extracts Trigger Antioxidants in Cucumber. Front. Plant Sci. 7:1235. doi: 10.3389/fpls.2016.01235
Golubkina N.et al. Effects of Arbuscular Mycorrhizal Fungi on Yield, Biochemical Characteristics, and Elemental Composition of Garlic and Onion under Selenium Supply . Plants 2020, 9, 84; doi:10.3390/plants9010084
Golubkina N.et al. Prospects of Arbuscular Mycorrhizal Fungi Utilization in Production of Allium Plants. Plants (Basel). 2020 Feb; 9(2): 279. doi: 10.3390/plants9020279
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....