မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၂၃)
အေအမ်အက်ဖ်မှိုမျိုးစထိုးသွင်းခြင်းဖြင့် စပျစ်ပျိုးပင်အရည်အသွေးများဖြစ်သော ပိုလီဖီနောပြင်းအားတိုးလာစေသည်၊ ပျိုးပင်ပြောင်းရွှေ့နာ လျော့စေသည်။
အလားအလာကောင်းသည့် အေအမ်မှိုမျိုးကွဲများ၏ပျံ့နှံ့မှုနှင့် အမြစ်စွဲကပ်မှုအရည်အချင်းများ

ဒေသအသီးသီးရှိ သီးနှံစိုက်ခင်းများတွင် သဘာဝအတိုင်းတွေ့ရသော မိုက်ကိုရိုက်ဇာမှိုမျိုးကွဲ (Indigenous AM fungi) များစွာသည် အကျိုးပြုစွမ်းအား မြင့်မားသော မှိုမျိုးများဖြစ်ကြသည်၊ အပင်မျိုးစိတ်တို့၏ မိုက်ကိုရိုက်ဇာမှီခိုမှုအဆင့်သည် ဒေသအလိုက်ကွဲပြားစွာ ပျံနှံ့လျှက်ရှိသည်။
၎င်းတို့အနက် အကျိုးပြုစွမ်းအားမြင့်သော ဇီဝမြေသြဇာအရင်းအမြစ်အေအမ်အက်မှို ရရေးသည်အရေးကြီးသည်။ ၎င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရန် ဒေသအသီးသီးရှိ လက်ခံပင်များ၏ အမြစ်ဇုန်များတွင် မျိုးကွဲများ၏ ပျံ့နှံ့မှုကို ဖော်ထုတ်ရန်လိုအပ်သည်။ မိုက်ကိုရိုက်ဇာတွဲဖက်နေထိုင်မှုဆိုသည်မှာ အပင်နှင့် မှိုအတွင်း သဟဇီဝနဖြစ်စဉ်ဖြစ်ပြီး မှိုမှအပင်သို့ ရေနှင့်အာဟာရ စီးဝင်ပြီး အပင်မှမှိုသို့ အော်ဂဲနစ်ပစ္စည်းများ ရရှိသည်။
တပိုင်တနိုင်တောင်သူများ လွယ်လွယ်ကူကူစိုက်နိုင်သော ကြီးထွားမြန်ဆေးဘက်ဝင်အပင်တွေ အရည် အသွေးကောင်းစေရန် အလားအလာကောင်းသည့် အေအမ်အက်မှို ဘာ့ကြောင့်သုံးသင့်လဲ
အေအမ်မှိုမျိုးကွဲများ ပျံ့နှံ့မှုနှင့် အပင်မျိုးစိတ်တို့၏ မိုက်ကိုရိုက်ဇာ မှီခိုမှုအဆင့်ကောင်းခြင်း
စိုက်ပျိုးမြေများတွင်သဘာဝအတိုင်းတွေ့ရှိရသော အေအမ်မှိုမျိုးများကို စုဆောင်းလေ့လာချက်အရ သီးနှံအလိုက် အေအမ်မှိုမျိုးစွဲကပ်စွမ်းအားများ ကွဲပြားကြောင်းတွေ့ရှိရသည် (မြ ၂၀၁၆)။
သဘာဝအေအမ်အက်ဖ်မှိုများ၏ မျိုးကွဲများပျံ့နှံ့မှုကို မြေအမျိုးအစားနှင့် ပီအိပ်ချ်က လွှမ်းမိုးနေသည်။ အေအမ်အက်ဖ်မှိုများသည် အက်ဆစ်ဆန်သော မြေတွင်ကောင်းစွာပွားများပြီး ထာဝရလက်ခံပင်များတွင် အမြစ်စွဲအားကောင်း၍ လက်ခံပင်နှင့် အပြန်အလှန်အကျိုးပြုမှု မြင့်မားသည်။
အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုအမျိုးမျိုးနှင့် သဟဇီဝနပြုပြီး စွဲကပ်နေသော ဆေးဘက်ဝင်နှင့် မြက်မျိုးရင်းဝင် လက်ခံပင်များ (မြ ၂၀၁၆)

မြေဆီလွှာအချဉ်အငန် ၂ မျိုးတွင် စိုက်ထားသော ကော်ဖီပျိုးပင်များတွင် အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း အကျိုးပြုမှု လက်တွေ့ စမ်းသပ်တွေ့ရှိချက် (မြ ၂၀၁၆)
သဘာဝ အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုများ၏ ပီအိပ်ချ် ၆.၈ ရှိသော ကော်ဖီပျိုးမြေ မြေနီ (ဒေသခေါ်) အမျိုးအစားတွင် စပိုးထုပ်လုပ်မှုသည် ပီအိပ်ချ် ၇.၄ ရှိသော ကော်ဖီပျိုးမြေ မြေနက် (ဒေသခေါ်) ထက် ပိုများသည်။ ၎င်းမြေတွင် ပျိုးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှို၏ ထာဝရလက်ခံပင်ဖြစ်သည့် ကော်ဖီပင်သာမက သဘာဝပေါက်နေသော မြေဆီထိန်းပဲ Desmodium intortum အမြစ်များတွင် စွဲကပ်မှုသည် မြေနီတွင် ပိုများသည် ။
စပျစ်တွင်အေအမ်အက်ဖ်မှိုထိုးသွင်းခြင်း အကျိုးပြုမှု လက်တွေ့ စမ်းသပ်တွေ့ရှိချက်
ဗာတီဆိုးမြေ (ပီအိပ်ချ် ၆.၅ - ၈.၅) တွင် စိုက်ထားသော စပျစ်တွင် စီးပွားဖြစ်အေအမ်အက်ဖ် MYCOSYM Rhizoglomus intraradices ထိုးသွင်းထားသည်၊ အေအမ်အက်ဖ် ထိုးသွင်းပြီးပျိုးပင် ၁၃ ပတ်အကြာတွင် စပျစ်ပိုလီဖီနောပြင်းအား တိုးလာသည်။ ပြောင်းရွှေ့နာ လျော့စေသည်။
အေအမ်အက်မှိုမျိုးစထိုးသွင်းခြင်းဖြင့် စပျစ်ပျိုးပင် အရည်အသွေးတိုးလာခြင်း

သုံးသပ်ချက်
၁။ အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို (အေအမ်မှို)များ၏ အပင်မျိုးစိတ်တို့၏ မိုက်ကိုရိုက်ဇာမှီခိုမှုအဆင့်လေ့လာမှုအရ ဒေသအသီးသီးအလိုက် ဆေးဘက်ဝင်အပင်များ၏ အေအမ်အက်မှိုအပေါ် မှီခိုနိုင်မှုနှင့် စွဲကပ်သော အေအမ်အက်မှိုမျိုးစိတ် ကွဲပြားသည်။ မြေအမျိုးအစားနှင့် ပီအိပ်ချ်သည် အေအမ်အက် မှိုမျိုးကွဲများ အပေါ် လွှမ်းမိုးသည်။
၂။ အေအမ်အက်မှိုမျိုးစိတ် Rhizoglomus intraradices သည် စွဲကပ်လက်ခံပင်ကို အလားအလာရှိသော အန်တီအောက်ဆီးဒန့် အရည်အသွေးရှိ လူသားကျန်းမာရေး အထောက်အကူပြု ပိုလီဖီနောပြင်းအား တိုးလာသော တွေ့ရှိချက်သည် ခိုင်မာသည်၊ စိတ်ဝင်စားစရာလည်း ကောင်းသည်။
၃။ ၎င်းအေအမ်အက်မှိုမျိုးစိတ်သည် စွဲကပ်လက်ခံပင်ပိုမိုများသည်။ လက်ရှိ အေအမ်အက်မှိုများ၏ အနေအထားအရ စီးပွားဖြစ်အေအမ်အက်ဖ်မှိုမျိုးစ (သို့) အကျိုးရှိသော အေအမ်အက်ဖ် မှိုမျိုးစကို ထိုးသွင်း အသုံးချသည်။ အလားတူ အပင်မျိုးစိတ်တို့၏ သဘာဝ အေအမ်အက်မှိုများ၏ မှီခိုမှုအဆင့်နှင့် ဒေသမှိုမျိုးကွဲများ၏ အကျိုးပြုမှုကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးချနိုင်ရန် လိုအပ်သည်။ အပင်မျိုးစိတ်တို့၏ သဘာဝ အတိုင်း မိုက်ကိုရိုက်ဇာ မှီခိုမှုအဆင့်သည် ရေရှည်တည်တံ့သော အပူပိုင်းသီးနှံစိုက်ပျိုးရေးနှင့် အော်ဂဲနစ်လယ်ယာ စိုက်ပျိုးရေးတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး တွေ့ရှိချက်ဖြစ်သည်။
ကိုးကား
၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
၂။ Aguilar, A. (2017). Polifenoles Como Respuesta a Hongos Micorrícicos Arbusculares en vid (Vitis vinifera L.). Doctoral tesis. Concepción: Universidad deConcepción, 99.
၃။ Srivastava P., Saxena B. and Giri B. Arbuscular Mycorrhizal Fungi: Green Approach/Technology for Sustainable Agriculture and Environment. Mycorrhiza - Nutrient Uptake, Biocontrol, Ecorestoration pp 355-386. 2017.
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024