အစိမ်းရောင်လမ်း
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၂၇)

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၂၇)

အေအမ်အက်မှိုမျိုးစိတ်အရောများ ထိုးသွင်းခြင်းဖြင့် စပျစ်ပျိုးပင်များသည် ပြောင်းရွှေ့ဒဏ်နာကို ကြံ့ကြံ့ခံနိုင်မှုနှုန်း တိုးလာသည်။ စပျစ်သီး အရောင်အသွေးလှစေသည်၊ စပျစ်ပင်၏ ပိုလီဖီနော တိုးစေသဖြင့် ပြင်းထန်သော ရာသီဥတု အခြအနေကိုလည်း ကြံ့ကြံ့ခံနိုင်မှုနှုန်း တိုးစေသည်။

၁၀ ရာစုအတွင်း အေအမ်အက်ဖ်မှိုမျိုးစဈေးကွက်တွင် မှိုမျိုးစထုတ်ကုန်အဖြစ် ပြောင်းလဲအသုံးချလာသည့် မော်ဒယ်မှိုမျိုးစိတ်များ (သို့) အခြေပြုဇီဝမြေသြဇာမျိုးစများ၏ ဂေဟစနစ်ဆိုင်ရာ အကျိုး ပြု လုပ်ငန်းများ 

အေအမ်အက်ဖ်မှို၏ဂေဟစနစ်တွင် လုပ်ငန်းစဉ်နှင့် ပြင်းထန်သောရာသီဥတုအခြေအနေတွင် အပင်ကြီးထွားရန် ဆောင်ရွက်ချက် 

ပြင်းထန်သောရာသီဥတုတွင် အေအမ်အက်ဖ်မှို၏ဆောင်ရွက်ချက်

အေအမ်အက်ဖ်ထိုးသွင်းခြင်းဖြင့် အပင်မှ ပြင်းထန်သောအပူချိန်ဒဏ်ကို ခံနိုင်မှုတိုးလာသဖြင့်...

  • ၁။  အပင်ခြောက်အလေးချိန်တိုး - အပင်ကြီးထွားမှုနှင့် အထွက်တိုးသည်။
  • ၂။  အပင်မှ ရေစုပ်ယူမှုမှန်သည်။
  • ၃။ အန်တီအောက်ဆီးဒန့် ညီမျှမှုတိုးသည်၊ ဒုတိယ အစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်း စုဆောင်းမှုတိုးသည်။ ၎င်းမှတဆင့် အပင်၏ အရည်အသွေး တိုးတက်စေပြီး ကျန်းမာသော အစားအစာ ရရှိရေးအတွက် အံဝင်ဂွင်ကျစေသည်။

အေအမ်အက်ဖ်ထိုးသွင်းခြင်းဖြင့် အပင်မှ ပြင်းထန်သောအပူချိန်ဒဏ်ကို ခံနိုင်မှုမှတဆင့် ဒုတိယ အစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်း စုဆောင်းမှုတိုးခြင်း 

စပျစ်ပျိုးပင်များတွင် မှိုမျိုးစိတ်အရောများထိုးသွင်းခြင်း အကျိုးရှိမှု

သုံးသပ်ချက်

၁။  Krishna et al.,2006 လေ့လာချက်အရ Glomus manihot ပါဝင်သော မှိုမျိုးအရောသည် အေအမ်အက်ဖ် ထိုးသွင်းပြီး ၆၀ ရက်အကြာ ပြောင်းရွှေ့စိုက်စပျစ်ပျိုးပင်များကို စိစစ်ရာတွင် ကြံ့ကြံ့ခံနိုင်မှုနှုန်းနှင့် နေရောင်ဖြင့် အစာချက်မှုနှုန်း တိုးလာသည်။  ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်ဖ်မှိုမျိုးကွဲအရောများ အသုံးပြုခြင်းသည် ဓာတ်မြေသြဇာ သုံးစွဲမှု ၅၀% လျှော့ချနိုင်သည်၊ သီးနှံအထွက်ထိခိုက်မှု မရှိပေ၊ ဒုတိယ အစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်း စုဆောင်းမှုတိုးလာခြင်းသည် လက်ခံပင် အရည်အသွေး တက်လာစေသည်၊ ပြင်းထန်သောအခြေအနေရှိသော ရာသီဥတုကို တုန့်ပြန်မှု အားကောင်းလာသည်။

၂။   ဂေဟစနစ်အမျိုးမျိုးတွင် အပင်ကြီးထွားမှုအတွက် ဇီဝမြေသြဇာအရင်းအမြစ်အေအမ်အက်ဖ်မှိုမျိုးကွဲအရောများကို အကျိုးရှိရှိ သုံးစွဲခြင်းသည်  ရေရှည်တည်တံ့သော စိုက်ပျိုးရေး၊ အော်ဂဲနစ်စိုက်ပျိုးရေးတွင် အပင်ကြီးထွားမှုနှင့် အရည်အသွေးရှိသော သီးနှံ အထွက်တိုးရေးအတွက် ကောင်းစွာ ဆက်နွှယ်နေသည်။

ကိုးကား

၁။  မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)     

၂။ Begum N, Qin C, Ahanger MA, Raza S, Khan MI, Ashraf M, Ahmed N and Zhang L (2019) Role of Arbuscular Mycorrhizal Fungi in Plant Growth Regulation: Implications in Abiotic Stress Tolerance. Front. Plant Sci. 10:1068. doi: 10.3389/fpls.2019.01068.

၃။ Krishna, H., Singh, S. K., Minakshi, Patel, V. B., Khawale, R. N., Deshmukh, P. S., et al. (2006). Arbuscular-mycorrhizal fungi alleviate transplantation shock in micropropagated grapevine (Vitis vinifera L.). J. Hortic. Sci. Biotechnol. 81, 259–263. doi 10.1080/14620316.2006.11512059

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Kyaw Aye • ဖြေကြားချက် 2 ခု

အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး

Ko Gyi Aung • ဖြေကြားချက် 1 ခု

ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ

bominthu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....