အစိမ်းရောင်လမ်း
စတီးဗီးယားပင်တွင် အေအမ်အက်မှိုနှင့်ဖော့စဖရပ်ထည့်ပေးခြင်းဖြင့် ရနိုင်သည့် အကျိုးကျေးဇူးများ

စတီးဗီးယားပင်တွင် အေအမ်အက်မှိုနှင့်ဖော့စဖရပ်ထည့်ပေးခြင်းဖြင့် ရနိုင်သည့် အကျိုးကျေးဇူးများ

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၄၄)

စတီးဗီးယားရွက်ချိုမှုန့်ပင်အရွက်ထွက်အားကောင်းစေသော ဇီဝနှိုးဆွမြေသြဇာ အေအမ်အက်မှိုကို အော်ဂဲနစ်နှင့်အင်အော်ဂဲနစ်မြေသြဇာများနှင့်တွဲသုံးခြင်း (အပိုင်း - ၄)

စတီးဗီးယားရွက်ချိုမှုန့်ပင် ဆားငန်ဒဏ်၊ အပူဒဏ်ခံနိုင်စေသော ကလိုရိုဖီးနှင့် နေရောင်ဖြင့်အစာချက်မှုတို့ အားကောင်းစေရန် အေအမ်အက်မှိုနှင့် ဖော့စဖိတ်နှုန်းနည်းနည်းကို ဖြည့်စွက်သုံးပေးပါ။ 

ဘာကြောင့် အေအမ်အက်မှိုရဲ့ သဟဇီဝနဖြစ်စဉ်က ဂေဟစနစ်မိတ်ဖက်အနေဖြင့် အပင်ကိုအကျိုးပြုတာလဲ

ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဉ်ဖြစ်သည်၊ အပင်မှ အာဟာရဓာတ်စုပ်ယူမှုမှတဆင့် ဒုတိယအစာချေဖျက်သောပစ္စည်းများ ထုတ်သည်။ မှိုအတွက်ကာဗွန်သိုလှောင်မှု ကောင်းစေသည်၊ အေအမ်အက်မှိုနှင့်ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းတွင် ဖော့စဖိတ်ထရန်စပို့တာများ ပိုထုတ်သည်၊ အပင်အတွက် အကျိုးပြုအား ကောင်းစေသည်၊

ဖော့စပရပ် ပြင်းအားနည်းနည်းနှင့်အေအမ်အက်မှိုကို ဖြည့်စွက်သုံးခြင်း၏ အကျိုးကျေးဇူးများ 

ဘယ်လိုအကျိုးကျေးဇူးတွေရစေသလဲ 

၁။ တစ်ပင်တွင်ပါဝင်သောစုစုပေါင်း ကလိုရိုဖီး (မီလီဂရမ်) အများဆုံးဖြစ်စေခြင်း

၂။ တစ်ပင်တွင်ပါဝင်သော စုစုပေါင်း ကယ်ရိုတီနွိုက် (မီလီဂရမ်) အများဆုံးဖြစ်စေခြင်း

အကျိုးပြု ဇီဝကမ္မဖြစ်စဉ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့်အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

  • ၁။  အာဟာရဖျော်ရည်နှင့် ပိုတက်စီယံ ဟိုက်ထရိုဂျင်ဖော့စဖိတ် KH2PO4 ပြင်းအားနည်းနည်း (၂၀ နှင့် ၂၀ဝ မိုက်ခရိုအမ်) ဖျန်းထားသော မိုက်ကိုရိုက်ဇာထိုးသွင်း စတီးဗီးယားပင်သည် တပင်ပါအရွက်စိုအလေးချိန် ၁ ဂရမ်တွင် ပါဝင်သော စုစုပေါင်းကလိုရိုဖီးနှင့် ကယ်ရိုတီနွိုက် (မီလီဂရမ်) များခြင်းမှာ စုစုပေါင်းကာဘိုဟိုက်ဒြိတ်နှင့်ဂျက်စမိုးနစ် ပြင်းအားများသောကြောင့် ဖြစ်သည်၊ 
  • ၂။ ဇီဝကမ္မဖြစ်စဉ်သည် အပင်သို့အာဟာရဖြစ်စဉ်အရရော၊ အာဟာရမဲ့ဖြစ်စဉ်ကွင်းဆက်အရပါ အကျိုးပြုသည်၊ ကလိုရိုဖီးဖလောရီးစန့်သည် စတီးဗီးယားပင် နေရောင်ဖြင့်အစာချက်မှုအညွှန်းအဖြစ် အကျိုးပြုသည်၊ 
  • ၃။   အေအမ်အက်ဖ်မှိုစွဲအပင်တွင် ကလိုရိုဖီးတိုးရခြင်းသည် အပင်မှအာဟာရစုပ်ယူမှု (N, Mg, Fe and Cu) တိုးခြင်းကြောင့်ဖြစ်သည်၊ မက်ဂနီစီယံနှင့်ဖဲရပ်သည် ကလိုရိုဖီးမော်လီကျူး၏ အစိတ်အပိုင်းများဖြစ်သည်၊ ကောပါးသည် ကလိုရိုဖီးပရိုတင်း = ပလပ်စတိုစိုင်ယာနင် အစိတ် အပိုင်းများဖြစ်သည်၊ နေရောင်ဖြင့် အစာချက်စဉ် အီလက်ထရွန် သယ်ဆောင်မှုတွင်ပါဝင်သည်၊ ဤဖြစ်စဉ်သည် အေအမ်အက်ဖ်မှိုစွဲအပင်မှ ကာဗွန်ပိုထိန်းချုပ်သည်၊ ဖော့စဖိတ်ပါဝင်မှုနည်းသော အခြေအနေတွင် မှိုအတွက် ကာဗွန်အရင်းအမြစ် ရစေသည်၊ 
  • ၄။  တဆင့်တိုးသည့်အကျိုးပြုမှုသည် ပါဝင်သောစုစုပေါင်း ကယ်ရိုတီနွိုက် (မီလီဂရမ်)ပြင်းအားတိုးလာခြင်းဖြစ်သည်၊ အပင်မှ  အန်တီအောက်ဆီးဒန့်များလာသောကြောင့် ဖြစ်ပြီး  အပင်ကြီးထွားမှုထောက်ကူပေးသည်၊ 
  • ၅။  တိုးတက်လာသော နည်းပညာများကြောင့် အေအမ်အက်ဖ်မှိုနှင့် ဖော့စပရပ် ပြင်းအားနည်းနည်း ပူးတွဲသုံးခြင်း အကျိုးပြုတွေ့ရှိချက်များသည် စတီးဗီးယားပင်အပြင် အခြားဈေးကွက်ဝင် ကြက်သွန်ကဲ့သို့ ဆေးဖက်ဝင်အပင်များတွင်လည်း ဂေဟစနစ်မိတ်ဖက်အဖြစ် အသုံးပြုနိုင်ကြောင်း တွေ့ရှိရသည်၊

ကိုးကား

Ali R. et al., Genetically Modified Microbes as Biofertilizers.October 2020. DOI: 10.1007/978-3-030-48690-7_13. In book: Bioremediation and Biotechnology Vol 4 (pp.275-293). Publisher: Springer Nature

Sarmiento-López LG. et al., 2020. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different phosphate concentrations. PeerJ 8:e10173 http://doi.org/10.7717/peerj.10173

 

ဒေါ်မြမြ (ပါမောက္ခ(ငြိမ်း))၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
U WIN HTUT

U WIN HTUT

လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုအစာမျိုးက ဖော့စပရပ် ရတာလည်းဗျမျှဝေပါအုံး

You

ဆက်စပ်မေးခွန်းများ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Kyaw Aye • ဖြေကြားချက် 2 ခု

အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး

Ko Gyi Aung • ဖြေကြားချက် 1 ခု

ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ

bominthu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....