မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၂)
ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အာဘာစကူလာမိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို၏ ဂေဟစနစ်ဆိုင်ရာအခန်းကဏ္ဍများ အပိုင်း - ၂
အေအမ်မှိုမျိုးကွဲများစွာသည် အပေါ်မြေလွှာတွင် ပွားများကြောင်းသာမက အမြစ်မွှေးရှည်လျား မြေနက်ဆင်း (deep rooting) အပင်များ မှီခိုအကျိုးပြုသည့် အောက်မြေလွှာအေအမ်မှိုမျိုးများ၏ ဆောင်ရွက်ချက်များကိုလည်း ၂၁ ရာစုအတွင်း လေ့လာနေကြပြီ ဖြစ်သည်။
မြေနက်ဆင်း အမြစ်မွှေးရှည်အပင်များကို အလှည့်ကျစိုက်ပျိုးရေးတွင် ထည်သွင်းစိုက်ခြင်းဖြင့် အောက်မြေလွှာမှိုမျိုးကွဲများ တိုးလာပါမည်။
ဒါကလည်း အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို၏ သဟဇီဝနပြောင်းလဲမှုဖြစ်စဉ်တခုဖြစ်ပြီး အာဘာစကူလာမိုက်ကိုရိုက်ဇာ (အေအမ်အက်ဖ်) မှို ပညာပေးလုပ်ငန်းတွင်အသုံးဝင်ပါသည်။ ယင်းကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများ ကိုယ်တိုင်လည်းနားလည်စေရန် ဖေါ်ပြလိုက်ပါသည်။
၂.၁ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးအတွက် အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို


၂.၂ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးအတွက် အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို
အောက်မြေလွှာဆိုသည်မှာ -
- ထွန်ယက်စိုက်ပျိုးပြီးမြေလွှာအောက်တွင်ရှိသောမြေသည် အောက်မြေလွှာဖြစ်သည်။ စိုက်ပျိုးရန်ထွန်ယက်မြေသည် အနက် ၂၀-၃၀ စင်တီမီတာထိ ရှိသည်။
- အောက်မြေလွှာသည် အာဟာရဓာတ် ၁၀ - ၈၀ % ထိ ဖြန့်ဝေပေးနိုင်သည်၊ အပေါ်မြေလွှာတွင် ခြောက်သွေ့ခြင်း၊ အာဟာရဓာတ်ကုန်ခမ်းခြင်းဖြစ်ပါက အောက်မြေလွှာက အာဟာရဓာတ်ကို ပို၍ ပံ့ပိုးပေးနိုင်သည်။
- အောက်မြေလွှာသည် ဇီဝသက်ရှိမျိုးကွဲများကို လက်ခံထားသော မြေလွှာဖြစ်သည်၊ သို့ဖြစ်၍ ပတ်ဝန်းကျင်ပြောင်းလဲမှု မတည်ငြိမ်သောအနေအထားတွင် အောက်မြေလွှာ၏ ဂေဟစနစ် လုပ်ငန်းများတည် တည်ငြိမ်သည်၊ ဇီဝသက်ရှိမျိုးကွဲများက ဂေဟစနစ်၏ ထုတ်လုပ်စွမ်းအား ခိုင်မာမှုကို ထောက်ကူပေးခြင်းကြောင့် ဖြစ်သည်။
- အပေါ်မြေလွှာမှ မြေအနက်တိုးလာသည်နှင့်အမျှ အဏုဇီဝသက်ရှိများ လျော့ကျလာမည်ဖြစ်သော်လည်း အေအမ်အက်ဖ်မှို ဘိုင်အိုမတ်စ်တွင်မူ ၅၀% ကို မြေဆီလွှာအနက် ၃၀ စင်တီမီတာအောက်တွင်တွေ့ရပြီး အေအမ်အက်ဖ်မှိုစွဲကပ်အမြစ်နှင့်အတူ မှိုမျှင်များသည် မြေအနက် ၈ မီတာအထိ ဆင်းနိုင်ပါသည်။
အောက်မြေလွှာ ၃၀ စင်တီမီတာအောက်ရှိ အေအမ်အက်ဖ်မှိုကွန်မြူနတီများကို စပိုး၏ရုပ်သွင်ပြင်လက္ခဏာ အခြေခံလေ့လာမှုနှင့် အချို့ပက်သိုတိုက်များ၏ sequencing studies အရ လေ့လာမှုတွင် အပေါ်မြေလွှာ အေအမ်အက်ဖ်မှိုနှင့် ကွဲပြားသည်၊ ထယ်ထိုးလွှာ၏ အောက်မြေလွှာတွင်ရှိသော အေအမ်အက်ဖ်မှို ကွန်မြူနတီများ၏ အမြစ်စွဲကပ်မှုသည် အောက်မြေလွှာ (၁၅ - ၄၅ စင်တီမီတာ)တိုင်အောင် ဆင်းသဖြင့် စိုက်ပျိုးရေးဂေဟစနစ်တွင် အကျိုးရှိသော လမ်းကြောင်းကွဲ အစိတ်အပိုင်းတခုအဖြစ် အံဝင်ဂွင်ကျ ဖြစ်လာသည်။ စိုက်ပျိုးရေး အလေ့အကျင့် ကောင်းများဖြင် ၎င်းမှိုကို ထိရောက်စွာ ထိန်းထားနိုင်သည်။
အောက်မြေလွှာတွင် အဏုဇီဝသက်ရှိများ စုစည်းလာသဖြင့် အဏုဇီဝသက်ရှိမျိုးကွဲများသိုလှောင်ကန်လိုလည်း ဖြစ်နေနိုင်ပါသည်။
အောက်မြေလွှာက အဏုဇီဝသက်ရှိမျိုးကွဲများ သိုလှောင်ကန်အနေဖြင့် အဏုဇီဝသက်ရှိများကြွယ်ဝကြောင်း ခိုင်မာစေသော တွေ့ရှိချက်
မြက်ခင်းများနှင့်ပြောင်းခင်းများ၏အောက်မြေလွှာတွင် အေအမ်အက်ဖ်မှိုကြွယ်ဝမှု တွေ့ရှိချက်
မြက်ခင်းများနှင့် ပြောင်းခင်းများ၏ အောက်မြေလွှာ (၃၅ - ၅၀ စင်တီမီတာ) အနက်တွင် အေအမ်အက်ဖ်မှိုမျိုးစိတ် ကြွယ်ဝသည်။
ပြောင်းခင်းများတွင် ထယ်ထိုးလွှာအောက် (၃၀-၄၅ စင်တီမီတာ)တွင် အေအမ်အက်ဖ်မှို မျိုးစိတ်/မျိုးကွဲကြွယ်ဝမှု ကောင်းသည်။

ပုံ ၂.၃ မြက်ခင်းများနှင့် ပြောင်းခင်းများ၏ မြေအနက်အမျိုးမျိုးတွင် အေအမ်အက်ဖ်မှို မျိုးစိတ်ကြွယ်ဝမှု (Oehl et al 2019)
ကိုးကား
Oehl F. et al.Community structure of arbuscular mycorrhizal fungi at different soil depths in extensively and intensively managed agroecosystems. 09 December 2004
https://doi.org/10.1111/j.1469-8137.2004.01235.x Sosa-Hernández MA, Leifheit EF, Ingraffia R and Rillig MC Subsoil Arbuscular Mycorrhizal Fungi for Sustainability and Climate-Smart Agriculture: A Solution Right Under Our Feet? Front. Microbiol. 10:744 (2019). doi: 10.3389/fmicb.2019.00744
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
Arbuscular Mycorrhizal Fungi
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024