ဒိုချက်ကင်နည်းကို အသုံးပြု၍ မြေတွင်းရှိ အဏုဇီဝများ ထုတ်လုပ်နည်း
လိုအပ်သောပစ္စည်း
- သစ်ဝါးတောအောက်ရှိ ၃x၃ပေဧရိယာရှိ အပေါ်ယံမြေဆီလွှာ
- ဖွဲနု၊ သကာရည်/သကြားကြမ်းဖျော်ရည်
- အစိုဓါတ် ၆၀%၊ ပလက်စတစ်စ၊ စပါးခွံ
- နွားချေး၊ ကောက်ရိုး၊ ငှက်ပျောရွက်
အချိုးဆ
- မြေ၂ဆ၊ ဖွဲနု ၁ဆ
ပြုလုပ်နည်း
ဒိုချက်ကင်နည်းကို သုံး၍ မြေတွင်းရှိအဏုဇီဝများ ထုတ်လုပ်နည်း
- သဘာဝသစ်တောရိပ်အောက်ရှိ ၃x၃ပေဧရိယာရှိ အပေါ်ယံမြေဆီလွှာကို စုဆောင်းပါ။
- ဖွဲနုနှင့် ရောပါ။
- သကာရည်/သကြားကြမ်းဖျော်ရည်ကို ရေနှင့်ရောပါ။ (လက်နှင့်ဆုပ်ကြည့်လျှင် လက်ကြားမှ ရေစိမ့်ကျသော အခြေအနေ) အစိုဓါတ်၆၀%ရရန်အထိ သမအောင်မွှေပါ။
- ပလတ်စတစ်နှင့်အုပ်ပါ။
- သုံးရက်စောင့်ပါ။
- စပါးခွံကို ၆ပေ ပတ်လည်ခန့်နှင့် ၆လက်မ အမြင့်ရှိအောင် မြေ ပေါ်ဖြန့်ခင်းပေးပါ။
- ဒိုချက်ကင်ကို လက်နှင့် ဆယ်ဆုပ်ခန့်ဖြူးပါ။
- နွားချေး၊ တိရိစ္ဆာန်ချေးများကို ၆လက်မထူခန့်ဖြန့်ခင်းပေးပါ။
- ဒိုချက်ကင်ကို လက်နှင့် ဆယ်ဆုပ်ခန့်ဖြူးပါ။
- ရေဖျန်းပေးပါ။
- ကောက်ရိုးများကို ဖြန့်ခင်းပေးပါ။
- လူဖြင့် နင်းပေးပါ။
- ရေဖျန်းပေးပါ။ ယင်း သုံးလွှာကို တစ်ထပ်ဟု ခေါ်သည်။
- ဤသို့ ၄.၅ ထပ်အမြင့် ၅ပေခွဲ၊ ၆ပေရောက်အောင် တစ်ထပ်စီတွင် ရေဖျန်းပေးရမည်။
- အထပ် ၄.၅ ထပ်ရှိ မြေဩဇာ တစ်ပုံပြီးသည်အထိ ရေသုံးပေပါခန့်လိုသည်။
- နွေရာသီတွင် သစ်ပင်ရိပ်အောက်၌ ပြုလုပ်ပေးရမည်။
- မိုးတွင်းတွင် မိုးရေမဝပ်အောင် ဖုံးအုပ်ထားရန် (သို့)အမိုးအောက်တွင် လုပ်ရန်လိုပါသည်။
- အပေါ်ဆုံးကို စပါးခွံနှင့် ဖုံးပြီး ရေဖျန်းရမည်။
- ပလပ်စတစ်(သို့)ငှက်ပျောရွက်များဖြင့် ဖုံးအုပ်ရမည်။
- ၃-၄ပတ်ကြာသည့်အခါ ပြောင်းပုံရမည်။

အသုံးဝင်ပုံ
- ၆-၈ပတ်ကြာသည့်အခါ အသုံးပြုရပြီဖြစ်သည်။
- ကွင်းထဲတွင် ထည့်သွင်းအသုံးပြုနိုင်သည်။
အရင်တစ်ပတ်ကတင်ထားသော "အချဥ်ဖောက်ထားသော အရွက်အရည် ပြုလုပ်နည်း " ကို စာတန်းကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်။
နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါ်မြမြရေးသားသော အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
san san
လွန်ခဲ့သော ၃ နှစ် ကဒိုချက်ကင်နည်းကိုစာအုပ်ထဲကိုဘယ်လိုထည့်မလဲ
ဖြိုးမောင်
လွန်ခဲ့သော ၅ နှစ် ကhh nmlllooh j n bhhhuuuvuvhvhfygygufhuutuguffDad
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....