ချို့တဲ့ပြဿနာအဖြေမှာ အာဟာရဖြည့်ပေးပါ
အနည်းလိုအာဟာရ ချို့တဲ့သည့်အခြေအနေကိုသိရင် ပြဿနာရဲ့ အဖြေရှာတာ လွယ်ကူတယ်။ အာဟာရ တစ်ခုချင်းစီ ရဲ့ ပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဘိုရွန်(Boron)
ဘိုရွန်ကို မိုးများလွန်းရင် မြေကရေစိမ့်ဆင်းမှု (Leaching) များရင် အပင်ကရနိုင်မှု နည်းသွားတယ်။ ခြောက်သွေ့တဲ့ ရာသီဥတုက ချို့တဲ့မှုဖြစ်စေတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းသိမ်းနိုင်တဲ့ ဩဂဲနစ်ပစ္စည်းများကို သုံးစွဲဖို့လိုတယ်။ ဘိုရွန်လိုအပ်ချက်ဟာ သီးနှံအလိုက် ကွဲပြားခြားနားတယ်။ သုံးတာများသွားရင် အဆိပ်သင့်တယ်။ နည်းပြန်ရင်လည်း အာနိသင်မပြဘူး။ ဒီအခြေအနေ (၂) ခုကြား ကွာဟချက်(gap) ကလည်း ကျဉ်းလွန်းတယ်။ ဒီတော့ဘိုရွန်ပါတဲ့ မြေဩဇာ သုံးရာမှာ အထူးသတိပြုရပါမယ်။
၂။ ေကာပါး (Copper)
ဩဂဲနစ်များတဲ့မြေ၊ မြေတွေမှာ ဩဂဲနစ်က ကောပါးကို ထိန်းချုပ်ထားတဲ့အတွက် အပင်ကရနိုင်မှု နည်းသွားတယ်။ သဲဆန်မြေကျတော့လဲ အာဟာရထိန်းတာနည်းတော့ ကောပါးချို့တဲ့တယ်။ စနယ်မြေတွေမှာတော့ ကော့ပါးချို့တဲ့မှု နည်းတဲ့ အလားလာရှိပါတယ်။ မြေထဲမှာ ရှိတဲ့ဓာတ်တွေဖြစ်တဲ့ သံ၊ မင်းဂနိနဲ့ အလူမီနီယံတွေကလည်း ကောပါးနဲ့ မျှတစွာမပါရင်၊ ကောပါးရနိုင်မှု နည်းပါးတယ်။ ဒါကြောင့် ကောပါးပါတဲ့မြေဩဇာတွေ သုံးနိုင်ဖို့လိုပါတယ်။
Copper sulphate ကိုအများဆုံးသုံးပါတယ်။ ပျော်ဝင်မှုကောင်းလို့ မြေမှာထည့်ထည့်၊ အရွက်ကပေးပေး အဆင်ပြေပါတယ်၊ အကျိုးသက်ရောက်မှုများတာ ကုန်ကျစရိတ်သက်သာတာ၊ ကိုင်တွယ်ရာမှာ လွယ်ကူတာနဲ့ ရနိုင်မှု လွယ်ကူတာတွေက Sulphate ရဲ့ အားသာချက်ဖြစ်တယ်။ Oxide ပုံစံတွေက ပျော်ဝင်မှု sulfate လောက်မကောင်းပါ။ တစ်ယူနစ် တန်ဖိုးတွက်ရင်တော့ sulfate ထက်သာပါတယ်။ ကောပါးဟာ အခြားအနည်းလိုအာဟာရတွေလိုဘဲ သုံးတာများရင် လောင်တတ်ပါတယ်။ သုံးတာများရင် အပင်က သံဓာတ်ရနိုင်မှုကို လျော့နည်းစေပါတယ်။
၃။ သံဓာတ် (Iron)
မြေကြီထဲမှာ ဖေါ့စ်ဖိတ် (P) များနေရင် ဒါမှမဟုတ် မြေချဉ်ငံကိန်းများနေရင် မြေပြုပြင်ရာမှ ထုံးထည့်တာများသွားရင် မြေကြီးထဲမှာ ဘိုင်ကာဘိုနိတ်တွေများနေရင် သံဓာတ်ချို့တဲ့မှုဖြစ်စေတယ်။ သံဓာတ်ကို အရွက်က ဒါမှမဟုတ် မြေကြီး က ထည့်ပေးနိုင်တယ်။ Iron sulphate ကဲ့သို့ ပျော်ဝင်နိုင်တဲ့အာဟာရကို မြေမှာထည့်ပေးတာတောင် မြေအခြေအနေ အရ အဆင်မပြေရင် ဓာတ်ပြိုကွဲပြီး အပင်ကမရနိုင်တဲ့သံဓာတ်ပုံစံ ဖြစ်သွားသေးတယ်။ ဒါကြောင့် သံဓာတ်ကို အရွက်ကပေးတာက ပိုအဆင်ပြေတယ်။ သစ်သီးသစ်ပင်တွေမှာ သံဓာတ်ချို့တဲ့ရင် ပင်စည်အကိုင်းအခက်ထဲကို သံဓာတ်ကို တိုက်ရိုက်ထိုးထည့်ပေး (Injectiion) လို့ရတယ်။ သီးနှံပင်ရဲ့ အမြစ်ဝန်းကျင် မြေချဉ်ငံကိန်း အခြေအနေကို သံဓာတ်ပျော်ဝင်ရရှိနိုင်တဲ့ အနေအထား ပြောင်းလဲပေးရင်လည်း သံဓာတ်ချို့တဲ့မှုကို ကုစားနိုင်ပါတယ်။ ကန့်ပါတဲ့ ပစ္စည်းတွေကို သီးနှံအမြစ်ဝန်းကျင်မှာ ထည့်ပေး(band) တာဟာ အပင်က သံဓာတ်ကို ပိုရစေပါတယ်။
၄။ မင်းဂနိ (Manganese)
ဩဂဲနစ်များတဲ့မြေ၊ မြေချဉ်ငံကိန်းမြင့်တဲ့ မြေတွေမှာ ချို့တဲ့တာများတယ်။ တခြားအာဟာရတွေ (သံ၊ မက်ဂနီစီယံ နဲ့ ကယ်လ်စီယံ) မျှမျှတတ မြေထဲမှာ မရှိရင် (Imbalace) ဖြစ်ပြီး အပင်ကရရှိမှု နည်းသွားပါတယ်။ အေးမြေစိုစွတ်တဲ့ ရာသီ၊ ရေဝပ်တဲ့မြေတွေမှာ မင်းဂနိချို့တဲ့မှုရှိပါတယ်။ မြေကပြန်ဖြန့်သွားရင် ရာသီက ပူနွေးတဲ့ဘက် ပြောင်းလာရင် မင်းဂနိရရှိနိုင်မှုက တိုးတက်လာပါတယ်။ မြေချဉ်ငံကိန်းကို (၆.၅) အောက် ရောက်အောင် ကန့်ပါတဲ့ ပစ္စည်းတွေ မြေထဲမှာထည့်ပေးရင် မင်းဂနိရရှိမှု ပိုလာပါတယ်။ ပဲပုတ်မှာ မင်းဂနိချို့တဲ့မှုရှိနေတာကို တစ်ဧက Mnso4 ၁၀ပေါင် နှုန်းနဲ့ spray လုပ်ပေးတာ အဆင်ပြေပါတယ်။ မြေချဉ်ငံကိန်း အလွန်နိမ့်သွားရင် (PH<5) မင်းဂနိအဆိပ်သင့်မှု ရရှိနိုင်တာ သတိထားရပါမယ်။
၅။ မိုလစ္ဒီနံ (Molybdenum)
မြေချဉ်ငံကိန်း (PH) မြင့်လာရင် မိုလစ်ဒီနံပိုရလာတယ်။ ချဉ်တဲ့မြေမှာ ရှိနိုင်မှုနည်းပါတယ်။ သဲဆန်တဲ့မြေမှာ စနယ်မြေထက် မိုလစ်ဒီနံရနိုင်တာနည်းတယ်။ ဖော့စဖိတ် များများသုံးတဲ့မြေတွေမှာ မိုလစ်ဒီနံရတာများနိုင်ပြီး ကန့် (S) သုံးတဲ့မြေတွေမှာ ရတာနည်းသွားတယ်။ အမိုနီယံ ဆာလ်ဖိတ်မြေဩဇာသုံးတာ များရင်တော့ မိုလစ်ဒီနံချို့တဲ့တာ ပိုဆိုးလာမှာဖြစ်တယ်။ မြေကအချဉ်ဘက်ယိုင်နေရင် မိုလစ်ဒီနံရတာ နည်းတယ်။ ဒါကြောင့် ချဉ်တဲ့မြေမှာ မိုလစ်ဒီနံ ရတာများဖို့ ထုံးထည့်မြေပြင်ပေးဖို့ လိုတယ်။ မိုလစ်ဒီနံ စားသုံးတာများရင် စားကျက် တိရစ္ဆာန်တွေမှာ ကျွဲ၊ နွားတွေ မှာ ဝမ်းပျက်ဝမ်းလျော ဝေဒနာခံစားရတယ်။ (Severe diarrhea) အပင်တွေမှာလဲ စားသုံးမှုများရင် အထွက်လျော့ တယ်။ မိုလစ်ဒီနံကို NPK နဲ့ရောသုံးတယ်။ ရွက်ဖြန်းအနေနဲ့သုံးတယ်။ မျိုးစေ့နဲ့ နယ်လူးစိုက်တယ်။
၆။ သွပ် (Zinc)
မြေငန်မှာ အပင်က ဇင့်ရနိုင်တာနည်းတယ်။ ဖော့စဖိတ်သုံးတာများတဲ့ မြေမှာဇင့်ချို့တဲ့တယ်။ ဩဂဲနစ်ပစ္စည်းကလည်း သွတ်ဓာတ်ကို ထိန်းထားတတ်တယ်။ တိရစ္ဆာန်အညစ်အကြေး ထည့်ထားများတဲ့ မြေမှာ ပိုမိုသိသာပါတယ်။
ရေပျော်နိုင်တဲ့ဇင့်ပါဝင်မှု ၄၀-၅၀% ရှိတဲ့ ဇင့်မြေဩဇာဟာ ဇင့်ချို့တဲ့တဲ့ပြဿနာဖြေရှင်းရာမှာ အကောင်းဆုံး ဖြစ်ပါ တယ်။
၇။ ကီလိတ် (Chelate) မြေဩဇာများ
ကီလိတ် (Chelate) က ဂရိဝေါဟာရ Chela လာတဲ့စကားလုံးဖြစ်တယ်။ အဓိပ္ပာယ်ကတော့ ညှပ် (Claw)လို့ ရပါတယ်။ အဲ့ဒီမြေဩဇာမှာ သံ၊ သွပ်၊ ကော့ပါးစတဲ့ သတ္တု အာဟာရတွေကို ကီလိတ်က ဝိုင်းရံပြီး ညှပ်ထားတဲ့ အတွက်မြေမှာ ထည့်တဲ့အခါ မြေနဲ့သတ္တုနဲ့ ဓာတ်ပြုပြိုကွဲသွားတာ မဖြစ်ဘူး။ ကီလိတ်က ထိန်းထားတယ်။ အပင်က လိုတဲ့အခါမှာ ကီလိတ်က ညှပ်ကိုလျော့လိုက်သလို ဖြစ်စေလို့ အပင်ကအာဟာရကို ကောင်းစွာရတယ်။ အများဆုံး သုံးတဲ့ ကီလိတ်ကတော့ EDTA ဖြစ်တယ်။ သူ့ထက်ကောင်းတာက EDDHA ဖြစ်တယ်။ ကီလိတ်က အသုံးတည့် ထိရောက်ပေမယ့် ဈေးကကြီးလို့ ဈေးကောင်းရတဲ့သီးနှံ၊ ပန်းမန်နဲ့သစ်သီးပင်တွေမှာ သုံးစွဲတာ များပါတယ်။
ဦးကျော်စိုး (Soil Scientist)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....