ရွက်ဖျန်းအားဆေး (ရွက်ဖျန်းအာဟာရရည်များ) ရဲ့ ကောင်းကျိုးအာနိသင်များ
“အပင်တစ်သျှူးများရဲ့ ၉၆% ကို ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ ကာဗွန်နဲ့ ဖွဲ့စည်းထားပြီး ကျန် ၄% ကို N-P-K ပမာဏ ၂.၇ % နဲ့ အခြားသော အနည်းလို အာဟာရဒြပ်စင်များ ၁.၃% နဲ့ ဖွဲ့စည်းထားပါတယ်။”
ရွက်ဖျန်းအားဆေးဆိုတာ ဘာလဲ??
အပင်ကိုအာဟာရများရရှိအောင် အရည်ပုံစံနဲ့ ဖျန်းပက်ကျွေးရတဲ့ အရည်မှန်သမျှကို ရွက်ဖျန်း အပင်ကြီးထွားအားဆေးလို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ယနေ့ခေတ်မှာ တွင်ကျယ်စွာသုံးနေကြတဲ့ ရွက်ဖြန်းဆေးရည်ပြင်းများမှာတော့ N-P-K အာဟာရဓါတ်များကို လိုချင်တဲ့ အချိုးအစားနဲ့ အပင်က လျှင်မြန်စွာ စုပ်ယူနိုင်အောင် ခေတ်မီစွာ ဖော်စပ်ထားပြီးဖြစ်လို့ ရေနဲ့ရောစပ်ကာ အလွယ်တကူဖျန်းလိုက်ရုံပါပဲ။ မြေအတွင်း ကြဲပက်/ထည့်သွင်းကျွေးရတဲ့ မြေသြဇာအတုံးအခဲများလို အပင် မှ လွယ်ကူလျင်မြန်စွာ မစုပ်ယူနိုင်တဲ့ ပုံစံအဖြစ်နဲ့ရှိနေမှာ၊ သွင်းရေထုတ်ရေတို့နဲ့အတူ ပျော်ဝင် ဆုံးရှုံးသွားမှာလည်း ပူပန်စရာမလိုပါ။ N-P-K တို့အပြင် အပင်ကြီးထွား လှုံ့ဆော်ဟော်မုန်းများ နဲ့ ဗီတာမင်များ၊ အနည်းလိုအာဟာရဓါတ်များပါ ထည့်သွင်းပြီးဖြစ်တာမို့ အဖက်ဖက်က ပြည့်စုံ လှပါတယ်။ မိမိဖျန်းလိုတဲ့ အပင်ပေါ်မူတည်ပြီး အချိုးအစားမျိုးစုံနဲ့ ပုံစံမျိုးစုံ ရရှိနိုင်ပါတယ်။
အပင်ဖွံ့ဖြိုးကြီးထွားမှု အဆင့်အလိုက် အာဟာရလိုအပ်ချက် မတူညီတာကြောင့် မိမိဖျန်းလိုတဲ့ ပမာဏပေါ်လိုက်ပြီး မိမိနှစ်သက်သလို ဖော်စပ်လို့လည်း ရနိုင်ပါတယ်။ ဥပမာ - မိမိက အရွက် ကို ပိုမိုကြီးထွားစေလိုပါက P နဲ့ K တို့ထက် N ပမာဏကို တိုးမြှင့်ဖျော်စပ်နိုင်သလို အပွင့်အသီး အတွက် ရည်ရွယ်ဖျန်းလိုပါက N ပမာဏထက် P နဲ့ K တို့ရဲ့ပမာဏကို တိုးမြှင့်ဖျော်စပ် နိုင်ပါတယ်။ ဥပမာ - သင်္ဘောပင်စိုက်ခင်း တစ်ခုဆိုကြပါစို့၊ အပင်ငယ်စဉ် အရွက်ဖြစ်ပေါ်ချိန်မှာ အရွက်များ ကျန်းကျန်းမာမာနဲ့ ဝေဝေဆာဆာ ကြီးထွားနိုင်စေဖို့ N ကို ပမာဏပိုများတဲ့ အချိုး အစားနဲ့ ဖျန်းသင့်ပြီး အဖူးအပွင့်ဖြစ်ပေါ်တဲ့အဆင့်ကို ရောက်ပြီဆိုရင်တော့ အသီးအားကောင်း စေဖို့ P နဲ့ K ပမာဏ ပိုမိုအားသာတဲ့ ဖျော်စပ်ပုံအချိုးနဲ့ ကျွေးသင့်ပါတယ်။
ရွက်ဖျန်းဆေးနဲ့ သီးနှံအထွက်နှုန်း
သီးနှံပင်အထွက်ကို သိသိသာသာတိုးစေတဲ့ နည်းကတော့ ရွက်ဖျန်းအားဆေးများ ဖျန်း၊ ကျွေး ခြင်းပဲ ဖြစ်ပါတယ်။ မြေအတွင်း ထည့်ကျွေးခြင်းထက် ဖျန်းပက်ကျွေးခြင်းက အထွက်ကို ၁၂% မှ ၂၅%ထိ ပိုမိုကောင်းစေတယ်လို့ သုတေသနညွှန်းကိန်းများအရ သိရှိရပါတယ်။
မတူညီတဲ့ မြေအနေအထားနဲ့ ကွဲပြားတဲ့ ရာသီဥတုအခြေအနေတွေမှာ လေ့လာပြုလုပ်ခဲ့တဲ့ သုတေသန ရလဒ်များအရ
• မြေသြဇာကို ရွက်ဖျန်းရည်အနေနဲ့ အသုံးပြုပါက ဖျန်းလိုက်တဲ့ပမာဏရဲ့ ၉၀%အထိ အကျိုး ရှိစွာ စုပ်ယူအသုံးချနိုင်ပြီး မြေထဲကိုတိုက်ရိုက် ကျဲပက်ထည့်သွင်းခြင်းနည်းနဲ့ သုံးမယ်ဆိုရင် တော့ ပျမ်းမျှ ၁၀% သာလျှင် အပင်က စုပ်ယူအသုံးချလိုက်နိုင်ပါတယ်။ ကျန်၉၀%ခန့်သော ပမာဏများဟာ အငွေ့ပျံဆုံး ရှုံးခြင်း၊ မြေအတွင်းရှိ Clay minerals လို့ခေါ်တဲ့ ရွံ့လွှာများအ တွင်း ပိတ်မိသွားပြီးနောက် အပင်မှ ရယူစားသုံးရန် ခက်ခဲသွားခြင်း၊ သွင်းရေထုတ်ရေများနဲ့ အတူ ပျော်ဝင်စီးဆင်း/ စိမ့်ဆင်းကာ စိုက်ပျိုးမြေအတွင်းမှ ပျောက်ဆုံးသွားခြင်းများအပြင်၊ နောက်ဆက်တွဲ ပြသနာများအနေနဲ့ သဘာဝလေထု၊ ရေထု ညစ်ညမ်းခြင်းတို့ဖြစ်စေပါတယ်။
• သဲဆန်တဲ့မြေများမှာဆိုလျှင် မြေသြဇာအဖြစ် မြေထဲသို့မကျွေးဘဲ၊ ရွက်ဖျန်းအဖြစ် အပင်ကို တိုက်ရိုက်ပက် ဖြန်းခြင်းက အဆ၂၀ ပိုမိုထိရောက်စေပါတယ်။
• မြေအတွင်းအစိုဓါတ် နည်းနေချိန်မှာဆိုရင် အပင်မြစ်များက အာဟာရဓါတ်များကို အပြည့်အဝ မစုပ်ယူနိုင်သောကြောင့် ရွက်ဖျန်းအဖြစ် ပက်ဖြန်းခြင်းက ပိုမို အကျိုးရှိစေပါတယ်။
ရွက်ဖျန်းဆေးနဲ့ အပင်ရဲ့အသုံးချမှုစွမ်းရည်
ရွက်ဖျန်းမြေသြဇာကို အပင်တစ်ပင် မည်မျှအကျိုးရှိစွာ အသုံးချနိုင်သလဲဆိုတဲ့အချက်ဟာ
• ယင်းအပင်ရဲ့ အရွက်မျက်နှာပြင်အကြီးအသေး၊
• အရွက်ကိုဖုံးအုပ်ထားတဲ့ အရေပြားဖယောင်းလွာလေးရဲ့ ကျန်းမာမှု၊
• ဖျန်းလိုက်တဲ့ဆေးရဲ့ အာနိသင်ဟာ အရွက်မျက်နှာပြင်မှာ မည်မျှ အချိန်ကြာကြာ အာနိသင် မပျက်ပြယ်ဘဲ တည်ရှိနေနိုင်သလဲဆိုတဲ့ အချက်၊
• ဆေးရည်ရဲ့ အပင်ဆဲလ်များအတွင်းသို့ ပျံ့ရောလွယ်ခြင်း၊ မလွယ်ခြင်းဆိုတဲ့ အချက် (ဆေးရည် ဟာ ပြင်းအားများရာကနေ နည်းရာကို ပျံ့ရောတဲ့ သဘောအာနိသင်ရှိပါတယ်။ ဥပမာ - အရွက် တစ်ခုကို ဆားရည်စိမ်ပါက ဆားရည်ရဲ့ ပြင်းဆဟာ အရွက်ထဲက ရေဓါတ်ရဲ့ ပြင်းဆထက် များ တာကြောင့် အရွက်ထဲက ရေဓါတ်ဟာ ဆားရည်ထဲကို စိမ့်ထွက်လာပြီး အရွက်ဟာ ညိုးရောသွား ပါမယ်) နဲ့
• ဖျောစပ်မှု ပုံစံများ စသည်တို့ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
ဒါကြောင့် ရွက်ဖျန်းဆေးရည်အနေနဲ့ သုံးတော့မယ်ဆိုရင် ရေမှာမပျော်ဝင်နိုင်တဲ့ ဆေးမှုန့်များ၊ အဆီသဘောသဘာဝရှိတဲ့ ဆေးများထက် ရေမှာပျော်ဝင်လွယ်တဲ့ ဆေးများကို ရွေးချယ်သုံးကြဖို့ တိုက်တွန်းလိုပါတယ်။ ဖျန်းတဲ့အခါမှာလဲ အမှုန်ရဲ့အရွယ်အစား အသေးဆုံးဖြစ်စေမယ့် နော် ဇယ်လ်ခေါင်းများကို ရွေးချယ်သင့်ပါတယ်။ ဆေးမှုန်များ ထွက်ရာအရပ်ဟာ အပင်နဲ့ ၉၀ ဒီဂရီ ထောင့်ချိုးအတိုင်း ရှိနေသင့်ပါတယ်။
Source - မိုးအိမ် (Bag 2008’)
BhaiBhai
လွန်ခဲ့သော ၂ နှစ် ကပြောင်းဖူးခင်းထဲမာပုလဲကျွေးရင် အရည်ဖျော်ပတ်ဖျတ်ရင်းကောရလားဗျ
ဦးညီဆွေ
လွန်ခဲ့သော ၂ နှစ် ကKno3ရွက်ဖြန်းမြေဩဇာအကြောင်းသိ့ချင်ပါတယ်
ဦးညီဆွေ
လွန်ခဲ့သော ၂ နှစ် ကKno3ရွက်ဖြန်းမြေဩဇာအကြောင်းသိ့ချင်ပါတယ်
ကိုချမ်း
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါခင်ဗျာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....