အစိမ်းရောင်လမ်း
ရွက်ချိုမှုန့်ပင်မှာ အချိုဓာတ်နဲ့ ကျန်းမာရေးအာဟာရဓာတ်တိုးစေတဲ့ အေအမ်အက်ဖ်

ရွက်ချိုမှုန့်ပင်မှာ အချိုဓာတ်နဲ့ ကျန်းမာရေးအာဟာရဓာတ်တိုးစေတဲ့ အေအမ်အက်ဖ်

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၃၃)

စတီးဗီရားရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရိုဆိုက်(စတီးဗီရောဂလိုက်ကိုဆိုဒ်)နှင့် အာဟာရဓာတ် ပါဝင်မှုတိုးစေသည့် ဇီဝနှိုးဆွအေအမ်အက်မှို

စတီးဗီးရားရွက်ချိုမှုန့် ဆေးဖက်ဝင်အပင်သည် နှစ်ရှည်ပင်ဖြစ်သည်။ နေကြာမျိုးရင်းတွင်ပါဝင်သည်။ ပါရာဂွေးနှင့် ဘရာဇီး ဒေသမျိုးဖြစ်သည်။ အရွက်များသည် စတီးဗီရောဂလိုက်ကိုဆိုဒ် ကြွယ်ဝသည်။ စတီးဗီရောဂလိုက်ကိုဆိုဒ် ပါဝင်သဖြင့် စူးခရိုးစ် သကြားရည်ထက် အဆ ၃ဝဝ ပိုချိုသည်။

ရွက်ချိုမှုန့်ပင်၏ ဆေးဖက်ဝင်အရည်အသွေးများ

ရွက်ချိုမှုန့်ပင် Sweetleaf/ sugar leaf   

Stevia rebaudiana

  • ရွက်ချိုမှုန့်ပင်၏ ချိုသောအရသာတွင် စတီးဗီရော ဂလိုက်ကိုဆိုဒ်များပါဝင်သည်။
  • သကြားထက် အဆ ၃ဝ မှ ၁၅ဝ အထိချိုသည်။
  • ကယ်လိုရီ လုံးဝမပေးပါ။
  • သကြားအစားထိုး အချိုပစ္စည်းအဖြစ် သုံးစွဲသော အိမ်သုံးပစ္စည်းဖြစ်သည်။
  • အပူဒဏ်ခံနိုင်ခြင်း၊ ပီအိပ်ချ်အပြောင်းအလဲဒဏ်ခံနိုင်ခြင်းနှင့် ဓာတ်ပြောင်းလဲမှုမရှိခြင်းကြောင့် ကြာရှည်အထားခံသော ဓာတ်ပစ္စည်းဖြစ်သည်။

ကိုးကား ဒေါက်တာခင်မောင်လွင် FAME 6.12.2022

စတီးဗီရားရွက်ချိုမှုန့်ပင်တွင် သဘာဝဇီဝနှိုးဆွ သက်ရှိအေအမ်အက်ဖ်မှိုထိုးသွင်းခြင်း

အေအမ်အက်ဖ်မှိုထိုးသွင်းခြင်း အကျိုးပြုမှု

ရွက်ချိုမှုန့်ပင်တွင် အေအမ်အက်ဖ်နှင့်အတူ ဖော့စဖောရပ် ဖြည့်စွက်ထည့်ပေးခြင်း

ရွက်ချိုမှုန့်ပင်တွင် အေအမ်အက်ထိုးသွင်းခြင်းသည် ကျန်းမာရေးကောင်းစေသော ဘိုင်အိုအက်တစ်ကွန်ပေါင်းများတိုးလာခြင်း

အသုံးပြုသော အေအမ်အက်မှို Rhizophagus irregularis 

တွေ့ရှိချက်

  1. အေအမ်အက် ထိုးသွင်းခြင်းသည် စတီးဗီရား ရွက်ချိုမှုန့်ပင်၏ ဒုတိယအစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းတိုးလာသည်။
  2. အေအမ်အက် သဟဇီဝနဖြစ်စဥ်သည် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရိုဂလိုက်ကိုဆိုက်(SV glys)၊ ရီဘောင်ဒီရိုဆိုက်များပါဝင်မှုတိုးစေသည်။
  3. ဖော့စဖောရပ် ဖြည့်စွက်ခြင်းသည် အရွက်ကြီးထွားကာလတွင် အန်တီအောက်ဆီးဒန့် နှင့်အတူ ဖီနောနှင့် ဖလေဗိုနွိုက် စုစုပေါင်း အမြင့်ဆုံးဖြစ်လာသည်။
  4. ဖြည့်စွက်ဖော့စဖောရပ် နှုန်းအနိမ့် ၂ဝ-၂ဝဝ μM KH2PO4 တွင် အေအမ်အက် စွဲကပ်မှုကောင်းပြီး၊ သဟဇီဝန ဖြစ်စဥ်ကောင်းသည်။ အပင်ကြီးထွားမှု အားပေးသည်။ အရွက်အပြည့်အစုံထွက်ချိန်သည် ရိတ်သိမ်းချိန်ဖြစ်သည်။ မှန်ကန်သောရိတ်သိမ်းချိန်ဖြစ်ရန်လိုအပ်သည်။ အသင့်လျော်ဆုံးအချိန်တွင် ရိတ်သိမ်းပါက ဆေးဖက်ဆိုင်ရာ တန်ဖိုးများသော ကုန်ကြမ်းတိုးလာသည်။ တစ်ဆက်တည်း အစားအစာ၊ ဓာတ်စာနှင့် ကော်စမက်တစ်(အလှကုန်ပစ္စည်း)များအတွက်ဖြည့်စွက်ပစ္စည်းများ ရနိုင်မည်ဖြစ်သည်။ Tavarini S. et al.,2020?

ကိုးကား

Sarmiento-López LG et al. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different

phosphate concentrations. PeerJ 8: 2020 e10173 http://doi.org/10.7717/peerj.10173

Sarmiento-López L.,et al Arbuscular mycorrhizal symbiosis in Stevia rebaudiana increases trichome development, flavonoid and phenolic compound accumulation. Biocatalysis and Agricultural Biotechnology. Volume 31, January 2021, 101889

Tavarini S. et al., Health-Promoting Compounds in Stevia: The Effect of Mycorrhizal Symbiosis, Phosphorus Supply and Harvest Time. Molecules 2020, 25(22), 5399; https://doi.org/10.3390/molecules25225399

ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
U Kyi Myint

U Kyi Myint

လွန်ခဲ့သော ၃ နှစ် က

မျိုးစေ့ဝယ်လို့ရပါသလားဘယ်မှာဝယ်ရမလဲ

You

ဆက်စပ်မေးခွန်းများ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Kyaw Aye • ဖြေကြားချက် 2 ခု

အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး

Ko Gyi Aung • ဖြေကြားချက် 1 ခု

ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ

bominthu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....