တီကျစ်ရည်ထုတ်နည်းနှင့် စတီးဗီယားတွင် တီကျစ်ရည်အသုံးပြုခြင်းအကျိုးကျေးဇူးများ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၃၆)
ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရောဂလိုက်ကိုဆိုဒ်နှင့် အာဟာရဓာတ်ပါဝင်မှု တိုးစေသော ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မှိုစာဟောင်း(SMS)နှင့် မြေဆွေးများ အသုံးပြုခြင်း (အပိုင်း၃)
စတီးဗီရားရွက်ချိုမှုန့်ပင်အထွက်ကောင်းရန် ကြီးထွားမီဒီယာတွင် ဇီဝနှိုးဆွတီမြေဆွေးစစ်ကျရည်ကို ဖြည့်စွက်သုံးသင့်သည်။
အသုံးပြုသင့်သော အကြောင်းရင်း
တီမြေဆွေးစစ်ကျရည် (တီကျစ်ရည်)သည် နိုက်ထရိုဂျင်၊ ပိုတက်စီယံ၊ ဖော့စပရပ်နှင့် ကယ်လ်ဆီယမ် စသည့် အာဟာရဓာတ်များ ပါဝင်မှုမြင့်သည်။ ရိုက်ဇိုဘက်တီးရီးယားလည်း ပါဝင်သည်၊။ အပင်ကြီးထွားမှု၊ အမြစ်ရှည်ထွက်မှုနှင့် အော်ဂဲနစ်မက်တာတိုးသည်။
တပိုင်တနိုင်အုတ်ကန်ဖြင့် ဗေဒါနှင့် နွားချေးအခြေခံ တီကောင်မြေသြဇာနှင့် တီကျစ်ရည်ပြုလုပ်နည်း (မြ ၂ဝ၂ဝ)

တီကျစ်ရည်ရရန် ပလတ်စတစ်ခင်းခြင်း

ပလတ်စတစ်ခင်းပေါ်မှာ တီကျစ်ရည်စုရန် ပိုက်တပ်ခြင်း၊ အုတ်နီခဲခင်းခြင်း

ဗေဒါခင်းခြင်း၊ ငှက်ပျောအူများ ထည့်ထားခြင်း

ငှက်ပျောအူများခုတ်ပိုင်းထည့်ပြီး ရေလောင်းခြင်း

ရေလုံစေရန် ရွှံ့မံခြင်း

ငှက်ပျောဖက်(သို့)စက္ကူအုပ်ပေးခြင်းဖြင့် နေနှင့်လေကိုကာကွယ်ပေးပြီး ရေငွေ့ပျံမှုကိုသက်သာစေကာ မြေဆွေးဖြစ်ပေါ်မှုကို အထူးသဖြင့် နွေရာသီမှာ အထောက်အကူ ဖြစ်စေပါသည်။
ငှက်ပျောဖက်(သို့)စက္ကူအုပ်ပေးခြင်း

နွားချေးအခြေခံ တီမြေဆွေးနှင့် တီကျစ်ရည်

တီကျစ်ရည်၏ အာဟာရဓာတ်ပါဝင်မှု

တီကျစ်ရည်နှင့် အင်အော်ဂဲနစ်မြေသြဇာ (၃း၁)သုံးခြင်း အကျိုးပြုမှုတွေ့ရှိချက်

တီကျစ်ရည်တမျိုးတည်းသုံးခြင်း အကျိုးပြုမှု

သုံးသပ်ချက်
စတီးဗီယားကြီးထွားမီဒီယာတွင် အင်အော်ဂဲနစ်မြေသြဇာအစားထိုး တီကျစ်ရည်ဖြည့်စွက်အသုံးပြုခြင်းသည် ကုန်ကျစရိတ်သက်သာသည်။ ပတ်ဝန်းကျင်မထိခိုက်ပါ။ ဂေဟမိတ်ဖက် ဖြစ်သည်။ တီကျစ်ရည် တစ်မျိုးတည်း ဖြည့်စွက်အသုံးပြုမှု (သို့မဟုတ်) တီကျစ်ရည်နှင့် အင်အော်ဂဲနစ်မြေသြဇာ (၃း၁) ထည့်ပြီး အသုံးပြုခြင်းသည် စတီးဗီယားစိုက်ပျိုးရေးအတွက် အလားအလာကောင်းသည်။
ကိုးကား
မြမြ ဒေါ် (၂ဝ၂ဝ) အိမ်နှင့်ကျောင်းဥယျာဥ်ခြံ တည်ထောင်ခြင်း နည်းပညာ လက်စွဲ
Bidabadi SS.et al., The effect of vermicompost leachate on morphological, physiological and biochemical indices of Stevia rebaudiana Bertoni in a soilless culture system. Int J Recycl Org Waste Agricult. Published 16 August 2016. DOI:10.1007/s40093-016-0135
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ULaDoi
လွန်ခဲ့သော ၃ နှစ် ကဗေဒါမရနှိင်သောဒေသများတွင်ဌက်ပျောအူတစ်မျိုးပဲထည့်ရင်ကောမရဘူးလားဆရာ
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024