အပင်အရည်အသွေးပိုကောင်းလာစေရန် နွားချေးမြေဩဇာတွင် ထရိုက်ကိုဒါးမားထည့်သွင်းအသုံးပြုခြင်း
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၂)
အော်ဂဲနစ်မြေသြဇာဖြစ်သော မြေဆွေးနှင့်ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေးတိုးစေသည် (၄)
နွားချေးမြေဆွေးများ၏ အပင်အကျိုးပြု အရည်အသွေးများ ပိုကောင်းစေရန် ထရိုက်ကိုဒါးမားမှိုထည့်ပြီး အသုံးချပါ
ဘာကြောင့်အသုံးပြုသင့်သလဲ?
- ၁။ ကောက်ရိုးနှင့် ထရိုက်ကိုဒါးမားအကျိုးပြုသက်ရှိပါဝင်သည့် လုံးဝဆွေးသော ရက် ၉ဝ သား မြေဆွေးတွင် ဆွေးမြည့်စေသော အင်ဇိုင်း၊ သဘာဝအခြေခံပစ္စည်းများ ပါဝင်မှုမြင့်လာသည်။ အပင်လိုအပ်သော အာဟာရများပါဝင်သည်။ နိုက်ထရိုဂျင် ၁.၉၇%၊ ဖော့စပရပ် ၀.၈၈%၊ ပိုတက်စီယံ ၂.ဝ၄% ပါဝင်သည်။ စီအန်အချိုး - C:N (၂.၈၂) ကျလာသည်။ (Sarangi S. et al.,2021)
- ၂။ အော်ဂဲနစ်မြေသြဇာတစ်ခုချင်းစီ၏ ကောင်းသောအရည်အသွေးများကို တိုးလာစေသည်။
- ၄။ သီးနှံအလေအလွင့်များ ဆွေးမြည့်အောင် ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်သည် (Sharma BL. et al.,2012)။
ဘယ်လိုဆွေးမြည့်စေသလဲ?


ကြံရိုး၊ ကောက်ရိုး၊ ဂျုံရိုးနှင့် ကြံမြှုပ်ချေးများပါဝင်သော မြေဆွေးပုံ၏ ရက်အလိုက် နိုက်ထရိုဂျင်%ပါဝင်မှု

ကြံရိုး၊ ကောက်ရိုး၊ ဂျုံရိုးနှင့်ကြံမြှုပ်ချေးပါဝင်သော မြေဆွေးပုံ၏ ရက်အလိုက် စီအန်အချိုး ကျဆင်းခြင်း

အော်ဂဲနစ်မြေသြဇာတစ်မျိုးစီနှင့် ထရိုက်ကိုဒါးမား (ဇီဝမြေသြဇာ) ပူးတွဲသုံးခြင်းသည် စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) တိုးစေခြင်း

အော်ဂဲနစ်မြေသြဇာ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက်လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှုဆက်စပ်သုံးသပ်ချက်
အော်ဂဲနစ်မြေသြဇာများ၏ အရည်အသွေးကောင်းများကို တစ်ခုစီခွဲခြားအသုံးချခြင်းထက် ဆွေးမြည့်ပျက်စီးစေသော သက်ရှိထရိုက်ကိုဒါးမားထည့်ပြီး ဘက်စုံအသုံးချခြင်းကို ဆောင်ရွက်သင့်သည်။
- ၁။ ထရိုက်ကိုဒါးမားကို ထည့်သွင်းအသုံးချခြင်းသည် အော်ဂဲနစ်မြေသြဇာများကို ဆွေးမြည့်မှုကောင်းစေခြင်းနှင့် အာဟာရဓာတ် ပါဝင်မှု အရည်အသွေးတိုးလာသည်။
- ၂။ ငရုတ်ချို အသီးထွက် ၆၉.၃ဝ% တိုးလာသည် (Hock et al., 2014) ၊ ထရိုက်ကိုဒါးမားဖြင့် ဆွေးမြည့်ထားသောကောက်ရိုးသည် စပါးပျိုးပင်စွမ်းအားအညွှန်းတိုးစေသည် (Sarangi et al., 2021)။
- ၃။ အပင်အရည်အသွေးကောင်းသည်။ ကုန်ကျစရိတ်လျှော့ချနိုင်သောနည်း ဖြစ်သည်။
- ၄။ ချေဖျက်ရန်ခက်သော စိုက်ပျိုးရေးအလေအလွင့်များကို စီမံခန့်ခွဲနိုင်ပြီး ရာသီဥတုနှင့်လိုက်လျောညီထွေသောနည်း ဖြစ်သည်။
ကိုးကား
Lozano-Contreras, M.G., Ramírez-Jaramillo, G. and RamírezSilva, J.H. (2021) Interaction Effects between Organic Fertilizers and Biofertilizers on the Growth of Stevia rebaudiana Bertoni. Open Access Library Journal, 8: e8065. https://doi.org/10.4236/oalib.1108065
Hock GO et al., Comparative study of Trichoderma –infused compost on growth and yield of cilli plants.
Asian Journal of Microbiology, Biotechnology and Environmental Sciences 17(4): 2015- 883.
Sarangi S. et al., Trichoderma-mediated rice straw compost promotes plant growth and imparts stress tolerance. Environmental Science and Pollution Research.2021. https://doi.org/10.1007/s11356-021-13701-3
Zin NA and NA. Badaluddin. Biological functions of Trichoderma spp. for agriculture applications. Annals of Agricultural Sciences.Volume 65, Issue 2, December 2020, Pages 168-178
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးအောင်မြင့်တင်
လွန်ခဲ့သော ၁ လ ကထရိုင်ကိုဒါးမားကဘယ်မှာဝယ်ရလဲ
မြင့်ဦး
လွန်ခဲ့သော ၁ နှစ် ကထရိုက်ကိုဒါးမား ဘယ်လိုရနိုင်မလည်း ဘယ်လိုအသုံးပြုရမလည်း
u Than Myint
လွန်ခဲ့သော ၂ နှစ် ကအသိတိုးပါသည်ကျေးဇူးအထူးတင်ပါသည်ဆက်လက်ဆွေးနွေးပါမည်
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024