အဏုဇီဝအားဖြည့်စာများဖြင့် မြေဩဇာပြုလုပ်နည်းနှင့် ကြံမြုပ်ချေးအစွမ်းသတ္တိများ
မြေဆွေးပြုလုပ်ရာတွင် အဏုဇီဝများမရှိပါက အဏုဇီဝအားဖြည့်စာများ ထည့်ပေးခြင်းဖြင့် သဘာဝ အဏုဇီဝများကို ပိုမိုပွားများလာစေပြီး အရည်အသွေးကောင်းသော မြေဩဇာများ ထုတ်လုပ်နိုင်ပါသည်။
၎င်းတို့မှာ
- ဩဂဲနစ်ရှာလကာရည်
- စပါးခွံမီးသွေး
- ခိုင်တိုစန်
- စပီရူလိုင်းနားရေညှိ
- ကြံမြုပ်ချေး
- နို့ချဉ်ရည်
- ငါးအမိုင်နိုအက်စစ်
- သစ်သီးချဉ်ဖောက်ရည်
- ကုက္ကိုသီး
ME Technology သည် ယနေ့ခေတ်စားလာသော နည်းပညာတစ်ခုဖြစ်သည်။ အဏုဇီဝသက်ရှိများကို သိုလှောင်ရောင်းချရာတွင် သက်ရှိများကဲ့သို့ ထိန်းသိမ်းရသဖြင့် အခက်အခဲရှိသောကြောင့် အဏုဇီဝများ ကို တိုက်ရိုက်အသုံးမပြုဘဲ ၎င်းတို့ကို လျင်မြန်စွာပွားများစေသော ပစ္စည်းများကိုသာ ထုတ်လုပ် အသုံးပြုသော နည်းပညာဖြစ်သည်။

ကြံမြုပ်ချေး
ကြံမြုပ်ချေးသည် အပင်အာဟာရဓာတ်များစွာပါသော သဘာဝဩဂဲနစ်ပစ္စည်းဖြစ်သည်။ သကြားစက်ရုံ များမှ ဘေးထွက်ပစ္စည်းအဖြစ် အများအပြားထွက်ရှိပါသည်။ ၎င်းကို သဘာဝအတိုင်းဖြစ်စေ ဆွေးမြေ့ပြီးမှ ဖြစ်စေ ဩဂဲနစ်မြေဩဇာအဖြစ် ပြုလုပ်၍ဖြစ်စေ အသုံးပြုကြပါသည်။ ကြံမြုပ်ချေးဖြင့် ပြုလုပ်သော ဩဂဲနစ်မြေဩဇာများသည် အခြားဩဂဲနစ်မြေဩဇာများထက် ပိုကောင်းလေ့ရှိပါသည်။ မြေဆွေးပြုလုပ် ရာတွင် အလွှာတိုင်းတွင် အနည်းငယ်စီထည့်ပေးခြင်းဖြင့် ဆွေးမြေ့မှုမြန်စေပြီး အာနိသင် ပိုကောင်းစေ ပါသည်။
ကြံမြုပ်ချေးတွင် ပါဝင်သော အပင်အာဟာရဓာတ်များ
- နိုက်ထရိုဂျင် ၁.၆ %
- ဖော့စ်ဖရပ် ၄.၇ %
- ပိုတက်ဆီယမ် ၁.၂ %
- ကယ်လ်ဆီယမ် ၉.၄၇ %
- ဆာလ်ဖာ ၄.၅ %
- ဩဂဲနစ်ပစ္စည်း ၆၁ %
- ချဉ်ငံဓာတ် ၇.၀၇ %
ကြံမြုပ်ချေးသည် စေးသောမြေကို ဖွယ်စေသည်။ ဖွယ်သောမြေကို စေးစေပါသည်။ မြေအစိုဓာတ်နှင့် အပူချိန်ကို ထိန်းထားပေးနိုင်သည်။ မြေချဉ်ငံဓာတ်ကို သမစေသည်။ မြေတွင်း အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးမှုကို ထိန်းပေးနိုင်သည်။ ထို့ကြောင့် ဓာတ်မြေဩဇာများကို ကြံမြုပ်ချေးနှင့် ရောကျွေးပါက ဓာတ်မြေဩဇာ၏ အာနိသင်ကို တိုးစေပါသည်။
အရည်အသွေးကောင်းသော မြေဆွေးများ ပြုလုပ်သုံးစွဲခြင်း (FSWG) စာအုပ်တွင်ပါဝင်သော ဆောင်းပါးကောင်းများထဲမှ တစ်ပုဒ်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....