အစိမ်းရောင်လမ်း
မြေကြီးထဲက ဖူးဗစ်အက်ဆစ်

မြေကြီးထဲက ဖူးဗစ်အက်ဆစ်

စိုက်ပျိုးရေးလုပ်ကြတဲ့ ဦးလေးကြီးတို့ တောင်သူဦးကြီးတွေအတွက် အရေးကြီးတဲ့ ဖူးဗစ်အက်ဆစ်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်ပါ။

စစချင်းကတော့ ဖူးဗစ်အက်ဆစ်ဆိုတာ ဘာလဲဆိုတော့ ကမ္ဘာမြေပြင်အလွှာရဲ့ အပင်တွေအတွက် အာဟာရပြည့်ဝတဲ့အလွှာကနေ ထွက်လာတဲ့ အဆွေးတွေမှာတွေ့ရတဲ့ ပစ္စည်းဖြစ်ပါတယ်။ မြေတွင်းမှာရှိနေတဲ့ အဆွေးပစ္စည်းတွေကို အဏုဇီဝသက်ရှိတွေရဲ့ အကူအညီနဲ့ အက်ဆစ်ဖြစ်အောင် ပြောင်းလဲပေးလိုက်ပါတယ်။ ဖူးဗစ်အက်ဆစ်မှာ အာဟာရတွေ (၇၀) ကျော်တောင်ပါပါတယ်။ အဲ့လိုကောင်းတဲ့ ဖူးဗစ်အက်ဆစ်တွေကို အပင်တွေက လွယ်လွယ်ကူကူ စုပ်ယူနိုင်ပြီးတော့ အပင်အစိတ်အပိုင်းတွေ ပြုလုပ်တဲ့နေရာမှာ သုံးပါတယ်။ 

အရာဝတ္ထုတိုင်းမှာ သူ့မော်လီကျုလာအလေးချိန်ဆိုတာ ရှိပါတယ်။ မော်လီကျုလာ အလေးချိန်နည်းရင် ဆဲလ်တွေထဲကို ဝင်ရောက်နိုင်အားက ပိုကောင်းပါတယ်။ ဖူးဗစ်အက်ဆစ်က မော်လီကျုလာအလေးချိန်နည်းတာကြောင့် ရေမှာလည်း လွယ်လွယ်ပျော်ဝင်နိုင်တယ်။ အပင်တွေထဲကို လွယ်လွယ်ဝင်ရောက်နိုင်ပါတယ်။ အဲ့လို အစွမ်းရှိတာကြောင့်  အော်ဂဲနစ်ပစ္စည်းတွေကိုလည်း ပျော်ဝင်နိုင်ဖို့ ကူညီပေးပါတယ်။ အဆ (၂၀) လောက်အထိ တိုးတက်လာစေတာပါ။ ဖူးဗစ်အက်ဆစ်ဟာဆိုရင် မြေထဲက မော်လီကျုလာအလေးချိန် များတဲ့ အော်ဂဲနစ်ပစ္စည်းတွေကိုလည်း ရေမှာပျော်ဝင်နေအောင် လုပ်ပေးပါတယ်။ ရေမှာ ပျော်ဝင်သွားတဲ့ အာဟာရတွေဆိုရင် အပင်တွေက စုပ်ယူနိုင်ပြီပေါ့။

ဦးလေးကြီးတို့ကို အကျိုးပြုတဲ့ ဘက်တီးရီးယားသန်းပေါင်းများစွာရဲ့ အကူအညီနဲ့မှ ဖူးဗစ်အက်ဆစ် နည်းနည်းထွက်တာဖြစ်ပါတယ်။ သူက ဦးလေးကြီးတို့ကို ဘာတွေကူညီလဲဆိုတော့ 

၁) အဆိပ်မရှိတဲ ပစ္စည်းဖြစ်ပါတယ်။

၂) အပင်တွေမှာ ဆဲလ်တွေကွဲပွားပြီး ကြီးထွားတဲ့ဖြစ်စဉ်ကို အားပေးပါတယ်။ 

၃) အပင်တွေကနေ အောက်စီဂျင်နဲ့ အာဟာရတွေ စုပ်ယူမှုတွေကို တိုးတက်ကောင်းမွန်စေပါတယ်။

၄) အပင်တွေရဲ့ အစာချက်လုပ်မှုကို ပိုမိုကောင်းစေပါတယ်။

၅) အပင်တွေ ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေပါသည်။

၆) မြေထဲက အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကိုလည်း အဆိပ်လျော့ချပေးပါတယ်။

၇) မျိုးစေ့တွေကို အပင်ပေါက်ကောင်းစေပါတယ်။

၈) အမြစ် အညွှန့်တွေကို အားပေးထောက်ကူပေးပါတယ်။ 

၉) မှိုရောဂါတွေ တိုက်ခိုက်တာတွေကို ခံနိုင်ရည်တိုးလာစေပါတယ်။ 

၁၀) ဆဲလ်နံရံတွေရဲ့ စိမ်ဝင်အားကို ကောင်းမွန်တိုးတက်စေပါသည်။

၁၁) အထွက်နှုန်းကို တိုးစေပါသည်။

အပေါ်ကပြောခဲ့တဲ့ အကြောင်းတွေကတော့ မြေထဲမှာရှိနေတဲ့ ဖူးဗစ်အက်ဆစ်တွေအကြောင်းပဲဖြစ်ပါတယ်။ ကိုယ့်မြေထဲမှာ အဲ့လိုအက်ဆစ်တွေ ရှိစေချင်တယ်ဆိုရင်တော့ မြေထဲမှာ အော်ဂဲနစ်ပစ္စည်းတွေနဲ့ ဆွေးမြေ့နိုင်တဲ့ပစ္စည်းတွေ၊ သစ်စိမ်းမြေသြဇာတွေ ထည့်ပေးရမှာဖြစ်ပြီးတော့ အဏုဇီဝသက်ရှိလေးတွေ တိုးပွားလာဖို့ဆိုရင် ဓာတုတွေ အများကြီး သုံးတာကို လျှော့ချရမှာပဲဖြစ်ပါတယ်။

ထွန်းဝင်းကျော်

https://www.victoriahealth.com/editorial/fulvic-acid-the-elixir-of-life

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Kyaw Aye • ဖြေကြားချက် 2 ခု

အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး

Ko Gyi Aung • ဖြေကြားချက် 1 ခု

ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ

bominthu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....