စိုက်ပျိုးရေးအတွက် ငှက်ပျောသီးအသုံးဝင်ပုံ
သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်၊ ဝက်မလွတ် ပွဲထဲက ငှက်ပျောသီးပါမကျန် သူ့အရသာလေးနဲ့ သူကောင်းလို့မွန်လို့ စားကြတယ်။ အိမ်နီးနားချင်းတွေကို ဝေကြတယ်။ အမယ်..ဦးရှင်ကြီးတင်လို့ စားရတဲ့ မုန့်ဆမ်းနဲ့ ငှက်ပျောသီးလေးဆို ကောင်းလွန်းလို့။ အသီးကပဲ စားကောင်းတာမဟုတ်ပါဘူး။ သူ့အခွံကလည်း အသုံးဝင်တယ်ဆိုတာ သိစေချင်ပါတယ်။
စားနေကြတဲ့ ငှက်ပျောသီးခွံကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုသုံးလို့ ရနေတယ် ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာမို့ ငှက်ပျောသီးကျွေးပြီးရင် အခွံလေးပြန်တောင်း ပြန်စုကြပါ။
(၁) ငှက်ပျောခွံ အရည်
မြေဆွေးအရည်လိုမျိုးပဲ ငှက်ပျောသီးအခွံနဲ့လုပ်ထားတဲ့ ငှက်ပျောခွံရည်ဆိုတာကို ရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးလို့ရပါတယ်။ အပင်တွေကို လောင်းပေးလို့ရပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာကျတော့ ရေနဲ့ (၂) ရက် (၄၈ နာရီ) ထားပြီးရင် အဲ့ငှက်ပျောခွံရည်နဲ့ အပင်တွေကို လောင်းပေးလို့ရပါတယ်။ အာဟာရတွေကို ပိုရလာအောင် ငှက်ပျောခွံတွေက ကူညီပေးပါတယ်။
(၂) အပိုင်းအစလေးတွေ မြေကြီးထဲ ထည့်ပေးလို့ရတယ်။
စုထားတဲ့ငှက်ပျောခွံတွေရှိတယ်ဆိုရင် ၅ ချက် ၆ ချက်လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ ခြံထဲ၊ ဥယျာဉ်ထဲကို တိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့ လိုအပ်ပါတယ်နော်။ တစ်ဖြည်းဖြည်း ဆွေးရင်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။
(၃) မြေဆွေးပုံရင် သုံးလို့ရတယ်။
အခင်းထဲ တိုက်ရိုက်မထည့်ချင်ဘူးဆိုရင် မြေဆွေးပုံပုံပြီးတော့ သုံးတဲ့နေရာမှာ ငှက်ပျောခွံတွေပါထည့်ပြီးတော့ မြေဆွေးပြုလုပ်လို့ရပါတယ်နော်။ ငှက်ပျောခွံနဲ့လုပ်ထားတဲ့ မြေဆွေးတွေ ကောင်းကောင်းဆွေးပြီဆိုရင် ပျိုးဘောင်လုပ်တဲ့အချိန်မျိုးမှာ၊ အပင်တွေပန်းပွင့်တဲ့အချိန်မျိုးတွေမှာ သုံးပေးလိုက်ရင် အပင်တွေက အာဟာရတွေ အများကြီးရလာမှာပါ။
(၄) ငှက်ပျောခွံမှုန့်မြေသြဇာ
ငှက်ပျောခွံတွေ အများကြီးရှိနေတယ်ဆို နေရောင်အောက်မှာ အခြောက်ခံလိုက်ပါ။ ကောင်းကောင်းခြောက်သွားရင် အမှုန့်ကြိတ်ပြီးတော့ မြေကြီးထဲကို ထည့်ပေးလို့ရပါတယ်။ သတိထားရမှာတစ်ချက်က အမြစ်ကိုမထိအောင် ထည့်ပေးပါ။ အိုးတွေမှာဆို ဖြူးထည့်လိုက်ရုံပါပဲ။
(၅) အစေ့စိုက်ရင် ထည့်ပေးလို့ရ
မျိုးစေ့စိုက်မယ်ဆို ငှက်ပျောခွံကို တိုက်ရိုက်သုံးပေးလို့ရပါတယ်။ မြောင်းလေးတူး၊ ငှက်ပျောခွံလေးတွေခင်း ပြီးတော့ အစေ့လေးတွေချ၊ မြေပြန်ဖုံးခဲ့။ အမြစ်လေးတွေ စထွက်တဲ့အချိန်၊ အပင်လေးတွေ ကြီးလာတဲ့အချိန်မျိုးတွေဆို သူက အာဟာရတွေ ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ မြေသြဇာကြီးအဖြစ်နဲ့ အသုံးတော်ခံလို့ပေါ့။
(၆) ငှက်ပျောခွံရွက်ဖျန်း မြေသြဇာ
ငှက်ပျောခွံမှုန့် (၄) ဇွန်း၊ ကြက်ဥခွံ (၃)ခုရဲ့ အမှုန့်ရယ်၊ အက်ပဆွန် ဆားတစ်ဇွန်းကို ရေသန့်ဘူးအရွယ်အစားထဲထည့်ပြီး ရေအပြည့်ဖြည့်ပြီး အပင်တွေကိုဖျန်းပေးလို့ရပါပြီ။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ ရွက်ဖျန်းမြေသြဇာပါပဲ။
(၇) အင်းဆက်တွေ ဖမ်းမယ်။
ပန်းသီးရှာလကာရည်ထဲကို ငှက်ပျောသီးခွံလေးထည့်ပြီး အင်းဆက်ထောင်ခြောက် လုပ်လို့ရပါတယ်။ ခြံထဲထည့်ထားရင် မှက်တွေကို အများကြီးလျော့ချနိုင်ပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတော့ အဖုံးပါတဲ့ ကော်ခွက်လေးတွေထဲကို ငှက်ပျောခွံနဲ့ ပန်းသီးရှာလကာရည်ထည့်၊ ဘေးပတ်ပတ်လည်မှာ အပေါက်လေးတွေ ဖောက်ထား။ အဖုံးလေးပြန်ပိတ်ထား။ အဲ့လိုဆို မှက်မျိုးနွယ်ဝင် အုပ်စုတွေက ထောင်ခြောက်မှာမိပြီး အပင်တွေကို ကာကွယ်နိုင်တာပေါ့။
(၈) ပျဆေး
အပင်ခြေရင်းမှာ ငှက်ပျောခွံအစတွေကို တင်ထားပေးရင် ပျတွေမတက်တော့ပဲ အပင်ကိုကာကွယ်ပြီးသားဖြစ်မှာပါ။ ငှက်ပျောခွံကို ပျတွေက မုန်းကြပါတယ်။
(၉) ပန်းပွင့်ဆေး
ငှက်ပျောခွံကို ရေနဲ့အချဉ်ဖောက်ပြီး ပန်းပွင့်တဲ့အပင်တွေကို ဖျန်းပေးရင် ပန်းပွင့်တွေ အများကြီး ကြီးကြီး လှလှ ပွင့်လာမှာပါ။
ဘယ်လိုလုပ်ရမလဲဆိုရင် ဖုံးလို့ရတဲ့ပုလင်းထဲ ငှက်ပျောခွံထည့်၊ ပြီးတော့ ရေမြုပ်နေအာင်ထည့်ပြီး အဝတ်ကလေးနဲ့ ပိတ်ထား၊ တစ်ပတ်လောက်စောင့်ရပါမယ်။ အမြုပ်ဖြူလေးတွေထလာရင် အဆင်ပြေပါတယ်။ အမြုပ်တွေက မဲနေမယ်။ မှိုတွေတက်လာတယ်ဆိုရင်တော့ လွှင့်ပစ်လိုက်ပါ။ အရည်ကိုလောင်းလို့ရပါတယ်။ အဖတ်တွေကိုကြိတ်ပြီးတော့ မြေကြီးထဲ ထည့်ပေးလို့ရပါတယ်။ ကဲ ဘာလိုသေးလဲ?
(၁၀) အက်ဆစ်ကြိုက်အပင်တွေ
စတော်ဘယ်ရီတို့လို အက်ဆစ်ကြိုက်တဲ့အပင်တွေ အချဉ်ဓာတ်လေးကြိုက်တဲ့ အပင်တွေကို ဖျန်းပေးရင် အရွက်ဖားဖားနဲ့ ပိုသန်စွမ်းလာမှာပဲဖြစ်ပါတယ်။
ငှက်ပျောခွံကို ရေနဲ့စိမ်ပြီးတော့ ငှက်ပျောခွံရှာလကာရည် လုပ်ရမှာပါ။ ရေနဲ့ စိမ်တာတူတူပါပဲ။ တစ်ပတ်ကြာရင် အဖတ်တွေဆယ်ပြီး ရေကိုပဲ (၄)ပတ်ကနေ (၆)ပတ်လောက် ထားရမှာပါ။ ရှာလကာရည်လို အနံ့လေးထွက်တယ်။ တူလာပြီဆိုရင် ရေနဲ့ ထပ်ရောပြီး အပင်လေးတွေကို လောင်းပေးပါ။
ထွန်းဝင်းကျော်
https://thefrugalchicken.com/10-ways-to-use-banana-peels-in-garden/
ဦးမင်းသော်
လွန်ခဲ့သော ၅ နှစ် ကနာနတ်သီးအခွန်တွေကိုသကြားနဲ့စိန်ထားနှင့်ပြီးပန်းသီးအပုတ်ငှက်ပြောသီးအခွန်တွေရောသမပြီးထားသည်.ဆိုးကျိုး..ကောင်းကျိုး.ပြောပြပေးပါ ခင်ဗျား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....