ရွက်ဖျန်းမြေသြဇာကို ဘယ်လိုကျွေးရင် အကောင်းဆုံးဖြစ်မလဲ
အပင်တွေကို မြေသြဇာကျွေးတဲ့ ပုံစံတွေက အမျိုးမျိုးရှိပါတယ်။ ကြဲပက်တာ၊ မြေခံ၊ ဖျန်းတာ ဘာညာ နည်းတွေက အများကြီးပါပဲ။ ဒီတစ်ခေါက် ရွက်ဖျန်းမြေသြဇာတွေကို ဘယ်လိုမျိုးသုံးပေးရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို ပြောပြပေးပါမယ်။
ရွက်ဖျန်းမြေသြဇာတွေ သုံးတယ်ဆိုတာက အာဟာရတွေကို အပင်တွေရဲ့ အရွက်တွေကနေတစ်ဆင့် ပြန်ပြီးတော့ ကျွေးပေးရမှာဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင်တော့ ရေပျော်အာဟာရတွေကို အပင်တွေပေါ် ပက်ဖျန်းခြင်းပေါ့။ အဲ့လို လုပ်ပေးခြင်းအားဖြင့်တော့ အာဟာရတွေ ရရှိနိုင်တာကြောင့် အထွက်ကိုလည်း တိုးစေတယ် ပြီးတော့ သီးနှံအရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ဆိုတော့ကာ ရွက်ဖျန်းမြေသြဇာကိုသုံးရင် ဘယ်လိုသုံးရမလဲဆိုတာကို တစ်ချက်လေ့လာကြည့်ကြရအောင်။
ဘယ်လို အခြေအနေမှာ ရွက်ဖျန်းမြေသြဇာတွေကို သုံးသင့်လဲ
ကန့်သတ်အခြေအနေ။ ။ အမြစ်ကနေ အာဟာရတွေကို မစုပ်ယူနိုင်တဲ့အခြေအနေတွေမှာ ရွက်ဖျန်းမြေသြဇာနဲ့ အပင်ကိုထောက်ပံ့ရပါတယ်။ မြေချဉ်လို့ ငန်နေလို့ အပင်အာဟာရတွေကို မရနိုင်တဲ့အခြေအနေ၊ အပူချိန်က ပူလွန်းအေးလွန်းနေလို့ အမြစ်က အာဟာရကို မစုပ်ယူနိုင်တဲ့အချိန်မျိုး၊ မြေတွင်း အစိုဓာတ်က နည်းလွန်း များလွန်းနေတဲ့အခြေအနေမျိုးတွေ၊ အမြစ်က ရောဂါဖြစ်နေလို့ သေးနေလို့ မစုပ်ယူနိုင်တဲ့အခြေအနေမျိုး၊ အပင်အာဟာရကိုစုပ်ယူနေတဲ့ တခြားဖျက်ပိုးတွေ ကျရောက်နေတဲ့အခြေအနေမျိုးနဲ့ မြေတွင်းအာဟာရတွေက မညီမမျှဖြစ်တဲ့အခါမျိုးဆိုရင် ရွက်ဖျန်းမြေသြဇာနဲ့ ကူပေးရပါတယ်။
အာဟာရချို့တဲ့အခြေအနေ။ ။ ရွက်ဖျန်းမြေသြဇာတွေ သုံးတဲ့အခါမှာဆိုရင်တော့ အပင်တွေက အာဟာရကို လျင်လျင်မြန်မြန်ရစေနိုင်ပါတယ်။ အဲ့အချက်ကြောင့် ကိုယ့်အပင်တွေမှာ အာဟာရချို့တဲ့တဲ့လက္ခဏာ ပြတဲ့အခါမှာ အပင်ကို ရွက်ဖျန်းမြေသြဇာတွေ ကျွေးပေးလို့ ရပါတယ်။ ကျွေးကြပါတယ်။
အပင်ကြီးထွားမှုအဆင့်အလိုက်။ ။ အစေ့ပေါက်ချိန်၊ မြစ်ပွားချိန်၊ ပင်ပွားစီးချိန်၊ ကြီးထွားချိန်၊ ပန်းပွင့်ချိန် စတဲ့ အဆင့်တွေအလိုက် အပင်တွေက အာဟာရလိုအပ်ပုံခြင်း မတူတော့ တစ်ဆင့်ချင်းစီအလိုက် အပင်တွေလိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးစေချင်တဲ့အတွက်မို့ ရွက်ဖျန်းမြေသြဇာကို သုံးကြပါတယ်။
ရွက်ဖျန်းမြေသြဇာတွေ သုံးရင်
အကန့်ရှိတယ်။ ။ တစ်ကြိမ်တစ်ခါဖျန်းလိုက်တာနဲ့တင် သူက ပြည့်စုံသွားတာမဟုတ်ပါဘူး။ လိုတော့ လိုအပ်နေတုန်းပါပဲ။
နေရောင်နဲ့ မတည့်။ ။ မတည့်ဘူးဆိုတာကတော့ တစ်ခါတစ်လေမှာ အရွက်တွေ လောင်တာတွေ ဖြစ်တတ်ပါတယ်။ နေရောင်ထွက်လာရင် ဖျန်းထားတဲ့ဆေးတွေထဲက ရေတွေက အငွေ့ပျံသွားပြီးတော့ ဆေးတွေက အရွက်တွေပေါ်မှာ ကျန်ခဲ့တာကြောင့်မို့ နေရောင်နဲ့ ပေါင်းပြီးတော့ အပင်ကို လောင်စေတတ်ပါတယ်။
ကုန်ကျစရိတ်များ။ ။ အကန့်ရှိတာနဲ့ နေရောင်မတည့်တာကြောင့် နည်းနည်းနဲ့ ခဏခဏ ဖျန်းပေးရတဲ့အတွက်ကြောင့်မို့ပဲ ကုန်ကျစရိတ်ကလည်း တက်လာပါတယ်။
ဒါဆို အကျိုးရှိအောင် ဘယ်လို ဖျန်းပေးရမလဲ
မြေချဉ်ငံကိန်း။ ။ မြေချဉ်ငံကိန်းက ညီမျှ မျှတနေမှ ရွက်ဖျန်းမြေသြဇာက စိမ့်ဝင်အား ပိုကောင်းတာဖြစ်ပါတယ်။ မြေချဉ်ငံကိန်းက ရွက်ဖျန်းမြေသြဇာကို ဘယ်လို သက်ရောက်မှု ရှိလဲဆိုတော့
(၁) အရွက်မျက်နှာပြင်ပေါ်က ဖယောင်းလွှာကို သက်ရောက်ပါတယ်။
(၂) မြေချဉ်ငံကိန်းက အာဟာရ အိုင်းယွန်းပျော်ဝင်မှုတွေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ စိမ့်ဝင်နိုင်အားကို လျှော့ချပေးနိုင်ပါတယ်။
(၃) မြေချဉ်ငံကိန်းဟာ ဆေးလောင်တာကိုလည်း ဆုံးဖြတ်ပေးနိုင်ပါတယ်။
စွဲကပ်ဆေး။ ။ ခုတော့ဆိုင်တော်တော်များများမှာ ရနေပါပြီ။ ဆပ်ပြာရည်ကိုလည်း စွဲကပ်ဆေး အနေနဲ့ သုံးလို့ရပါတယ်။ အဲ့လို စွဲကပ်ဆေး သုံးထားတော့ အပင်တွေမှာ ပိုပြီးတော့ ကပ်ပေးထားပြီးတော့ ဆေးဝင်အားကို ပိုကောင်းစေပါတယ်။
အချိန်။ ။ ဆေးသုံးဖို့ အကောင်းဆုံးအချိန်ကတော့ မနက်ပိုင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အပင်ရဲ့ အရွက်မျက်နှာပြင်တွေမှာရှိတဲ့ စတိုမာတာဆိုတဲ့ လေဝင်လေထွက်ပေါက် ရေဝင်ရေထွက်ပေါက်လေးတွေ ပွင့်တဲ့အချိန်ဖြစ်လို့ပါ။ ရွက်ဖျန်းမြေသြဇာတွေကို အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက် (၂၇ ဒီဂရီ ဆဲလ်စီးယပ်) ကျော်ရင် မဖျန်းသင့်ကြောင်းကို အကြံပေးထားပါတယ်။
ဆေးရည်အရွယ်အစား။ ။ ဒါကတော့ ဘယ်သူကမှ သိပ်ထည့်မတွက်ကြတဲ့ အထဲမှာပါပါတယ်။ အပေါက်မပိတ်အောင် အဆင်ပြေတဲ့ခေါင်းနဲ့ ဆေးဖျန်းနေကြရတာ များပါတယ်။ ဆေးမှုန်လေးတွေသေးလေးလေ ကားထွက်ပြီး များများကိုရောက်လေလေပါပဲ။ ဒါပေမဲ့ အငွေ့လိုလို ဖြစ်သွားလောက်တဲ့အထိတော့ သေးဖို့မသင့်ပါဘူး။
ပမာဏ။ ။ ဘယ်လောက်ထိ သုံးရမလဲဆိုတော့ အပင်တွေရဲ့ မြေပေါ်ပိုင်း ဧရိယာကို စိုစွတ်ရုံလောက်ဆို ရပါပြီ။ ဒီထက်များသွားတဲ့အခါ ရေစက်လေးတွေဖြစ်ပြီးတော့ အပင်ပေါ်ကနေ မြေပေါ်ကိုကျသွားမှာဖြစ်ပါတယ်။
ကဲ ဒါဆိုရင်တော့ ရွက်ဖျန်းမြေသြဇာကို သုံးတော့မယ်ဆိုရင် ဘာတွေလိုလဲ ဘယ်လိုဖျန်းသင့်လဲဆိုတာကို သိသွားလောက်ပြီဆိုရင်တော့ လိုက်လုပ်ကြည့်ပြီး အကျိုးများထူးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ထွန်းဝင်းကျော်
https://www.smart-fertilizer.com/articles/foliar-feeding
မင်းမြတ်ဇော်
လွန်ခဲ့သော ၅ နှစ် ကတပတ်ကို ဘယ်နှကြိမ်လောက် သုံးသင့်ပါသလဲ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....