သီးနှံဘေးထွက်ပစ္စည်းများနှင့် ဓာတ်ဆွေးမြေ ပြုလုပ်ကြရအောင်
သီးနှံဘေးထွက်ပစ္စည်းများ ဖြစ်သောကောက်ရိုး၊ နှမ်းရိုး၊ ပဲရိုး၊ နေကြာရိုး၊ ပြောင်းရိုး၊ ပဲစင်းငုံရိုးများကို အထက်မြန်မာပြည် အချို့သော တိုင်းများတွင် များပြားစွာ စုပုံပြီး အလေအလွင့် သဘောမျိုး ထားရှိကြကြောင်း တွေ့ရှိရပါသည်။ ကောက်ရိုး၊ ပဲရိုး၊ ပဲစင်းငုံရိုးများကို နွားစာအဖြစ်လည်းကောင်း၊ လောင်စာထင်းအဖြစ်လည်းကောင်း ပြန်လည် အသုံးပြုလေ့ ရှိသော်လည်း နှမ်းရိူး၊ နေကြာရိုးများကိုမူ အလေအလွင့် သဘောမျိုး စုပုံထားလေ့ ရှိပါသည်။ အထူးသဖြင့် နှမ်းရိုးနှင့် နွားစာအပြင် ပိုလျှံသော သီးနှံဘေးထွက်ပစ္စည်း အကျိုးအကြေများကို သီးနှံစိုက်မြေတွင် ထည့်သွင်းပေးခြင်းအားဖြင့်မြေတွင် ပိုတက်ဆီယမ်ဓာတ် ရရှိခြင်း သစ်ဆွေးဓာတ် ကြွယ်ဝလာ၍မြေသား အခြေအနေ တိုးတက်ကောင်းမွန်ကာ အပင်အတွက် အဓိက လိုအပ်သော အာဟာရဓာတ်များ ရရှိနိုင်ကြောင်းတွေ့ရှိရပါမည်။ တောင်သူလယ်သမားတိုင်း အလွယ်တကူ လုပ်ဆောင်နိုင်ပြီး ကုန်ကျစရိတ် သက်သာပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ သီးနှံဘေးထွက်ပစ္စည်းများ ရရှိနိုင်မည့်ဒေသတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သုံးစွဲနိုင်ပါသည်။
၁။ ပြုလုပ်နည်း
သီးနှံဘေးထွက်ပစ္စည်းများဖြစ်သော နှမ်းရိုးနှင့် နွားစာအပြင် ပိုလျှံသော ပဲရိုး၊ ကောက်ရိုး၊ နေကြာရိူး စသည်များကို နွားစာစဉ်းစက်ဖြင့် ၂-၃ လက်မ အရွယ်များ ပိုင်းဖြတ်ပါ။ ကျိုးကြေစေရန် အခြားသော နည်းလမ်း (ဥပမာ - နွား၊ ကျွဲတို့ဖြင့် နင်းချေပေးခြင်း၊ လမ်းများတွင် ခင်းပေးခြင်း) များဖြင့် ပြုလုပ်နိုင်ပါသည်။ မြေပြင်ချိန်တွင် ထယ်ထိုးထွန်မွှေပြီးမြေထဲ တိုက်ရိုက်ထည့်ပေး၍ဆွေးမြည့်ကြေပျက်စေရပါမည်။
၂။ သံုးစြဲမႈ
သီးထပ် မစိုက်ပါက ပဲ၊ နွေစပါး၊ နှမ်းရိုးပြတ်များကိုမြေတွင်းသို့ ထယ်ထိုးထွန်မွှေ၍ ထည့်ပေးပါ၊ နွေစပါး သီးထပ်စိုက်ပါက စပါးတန်းကြား၌ နှမ်းရိုးများ ထည့်သွင်းပေးနိုင်ပါသည်။ နှမ်းရိုးများသည်ခြောက်သွေ့ ကြွပ်ဆတ်နေသဖြင့် ထည့်သွင်းရ လွယ်ကူပါသည်။ ကောက်ရိုးနှင့် ရိုးပြတ်များကို စပါးရိတ်သိမ်းပြီးအောက်တိုဘာ၊ နိုဝင်ဘာလတွင်မြေတွင်း ၄-၅ လက်မ အနက်တွင်းသို့ ထယ်ထိုးမြေမြုပ်ပေးရပါမည်။
၃။ ရရှိမည့် အကျိုးကျေးဇူး
နှမ်းရိုးကိုမြေတွင်းသို့ ထည့်သွင်းပေးခြင်းအားဖြင့် ပိုတက်စီယမ်များ ရရှိစေနိုင်မည်။ ကောက်ရိုးများကို လယ်မြေတွင်းသို့ ထယ်ထိုးထွန်မွှေ၍ ပြန်လည်ထည့်ပေးခြင်းအားဖြင့် ယင်းမြေသည် ကောက်ရိုးရှိ ကာဗွန် ၃၅.၅၅% အထိကြေပျက်စေပြီး အပင်မှ စားသုံးနိုင်စေခြင်း။ ကောက်ရိုးတွင် ပါဝင်သော ပိုတက်စီယမ်နှင့် ဖော့စ်ဖရပ်စ်ဓာတ်များကို အပင်မှပြန်လည် အသုံးပြုနိုင်ခြင်း။ မြေတွင်း သစ်ဆွေးဓာတ်ပါဝင်မှု တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
ကိုးကား- မြေဆီလွှာအကျိုးပြု သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်း
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပိုတက်စီယမ်
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026