သစ်ဆွေးမြေဩဇာပြုလုပ်နည်း
မြေဆွေးပုံပြုလုပ်ရာ၌ အသုံးပြုသော ပစ္စည်းများ ထိရောက်မှုရှိစေရန် လိုအပ်သော အခြေအနေများသည် အသင့်တော်ဆုံးဖြစ်ရန် အရေးကြီးပါသည်။
မြေဆွေးဖော်စပ်ရာ၌ ပါဝင်ပစ္စည်းများ
သစ်ဆွေးမြေဩဇာ ပြုလုပ်ရာတွင် ကာဗွန်နှင့် နိုက်ထရိုဂျင်ဓာတ်များပါဝင်သော ပစ္စည်းများကို အသုံးပြုရပါမည်။ အကောင်းဆုံးအချိုးအဆမှာ ကာဗွန်ပါပစ္စည်း ၆၀ အချိုးနှင့် နိုက်ထရိုဂျင်ပါပစ္စည်း ၄၀ အချိုး(၆၀း၄၀) ဖြစ်သည်။ သို့သော်၎င်းအချိုးအဆသည် အရေးကြီးသည့် အချက်မဟုတ်ပါ။

နိုက်ထရိုဂျင်အရင်းအမြစ်ပစ္စည်းအဖြစ် ကြက်၊ နွား၊ မြင်း၊ ယုန်တို့၏ အညစ်အကြေးများကိုလည်း အသုံးပြုနိုင်သည်။
သို့သော် ခွေး၊ ကြောင်နှင့် လူတို့၏ အညစ်အကြေးများ အသုံးမပြုသင့်ပါ။ ထို့နည်းတူ ပိုးမွှားကျရောက်တတ်သော အပင်များ၊ ဘေးဖြစ်စေသော ပေါင်းများ၊ အသားအပိုင်းအစများ၊ နို့ထွက်ပစ္စည်းများ၊ စားသုံးဆီနှင့် တိရစ္ဆာန်အဆီများ ကိုအသုံးမပြုသင့်ပါ။
သစ်ဆွေးမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်
(၁) လျှင်မြန်စွာ ကစော်ပေါက်ရန် ပါဝင်ပစ္စည်းများကို သေးငယ်သော အပိုင်းအစများ အဖြစ်ဖြတ်တောက်ခြင်း၊ လွှာခြင်း၊ တောက်တောက်ဆင်းခြင်းပြုလုပ်ပါ။
(၂) ကာဗွန်အရင်းအမြစ်နှင့် နိုက်ထရိုဂျင် အရင်းအမြစ်ပါပစ္စည်းများကို အလှည့်ကျတစ်လွှာစီ ပုံပေးပါ။
(၃) ၎င်းအပေါ်မှာ မြေသား သို့မဟုတ် သစ်ဆွေးမြေကို ထပ်မံထည့်ပါ။
(၄) အပေါ်မှရေလောင်းပေးပါ။
(၅) ထပ်မံ၍ အထက်ပါအတိုင်းအလွှာများပြုလုပ်ပါ။
(၆) အလျင်အမြန်ဆွေးမြေ့စေရန် မြေပုံများ အထက်အောက်လှန်ပေးပါ။
သစ်ဆွေးမြေဩဇာတစ်ပုံအကောင်းဆုံးရရှိရန်အတွက် မြေပုံထဲတွင်ရှိသော အနုဇီဝသက်ရှိများ သင့်တင့်စွာ အလုပ်လုပ်နိုင်ရန် မှန်ကန်သောအခြေအနေများကို ဖန်တီးပြုလုပ်ပေးရန် လိုအပ်ပါသည်။
၎င်းအခြေအနေမှာ

Ref; စိုက်ပျိုးရေးပညာပေးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှထုတ်ဝေတဲ့ သီးနှံ စိုက်ပျိုးနည်းစနစ်များစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Tin Tun
လွန်ခဲ့သော ၂ နှစ် ကမြေဆွေးပုံကို ဆန်ဆေးရည်လောင်းလို့ရပါသလား
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026