တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမစင်များဖြင့် မြေဩဇာဖျော်ရည် ပြုလုပ်သုံးစွဲနည်း
တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမစင်များဖြင့် ပြုလုပ်ထားသော မြေဩဇာဖျော်ရည်သည် စိုက်ပျိုးရာသီအတွင်း အပင်များအတွက်လိုအပ်သော အာဟာရဓာတ်များကို လျှင်မြန်စွာ ထောက်ပံ့ပေးနိုင်သော သဘာဝမှရသည့် အပင်အာဟာရဓာတ် ရင်းမြစ်တစ်ခု (Natural plant food) ဖြစ်ပါသည်။ သဘာဝ မြေဩဇာရည်သည် စနစ်တကျ အသုံးပြုပါက အပင်၏ အရွက်များပေါ်မှပင် ဖျန်းပက် အသုံးပြုနိုင်သည်။ အလွန်အကျိုး ကျေးဇူးများသော သဘာဝမြေဩဇာဖြစ်သည်။ ၎င်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည် သီးနှံပင်များအတွက် ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုနှင့် အသီးတင်မှုနှုန်းကို အားပေးပါသည်။ ၎င်းမြေဩဇာရည်ကို ဟင်းသီးဟင်းရွက်များ၊ ပြောင်းနှင့် အခြားနှံစားသီးနှံပင်များတွင် အသုံးပြုနိုင်ပါသည်။ ကိုင်တွယ်အသုံးပြုရ လွယ်ကူ၍ တိရစ္ဆာန်များကိုလည်း အန္တရာယ်မဖြစ်စေပါ။
သဘာဝ မြေဩဇာဖျော်ရည် အသုံးပြုရခြင်း၏ ကောင်းကျိုးများ
· နိုက်ထရိုဂျင်ဓာတ်ကို ထောက်ပံ့ရရှိစေသောကြောင့် အပင်အား ကျန်းမာသန်စွန်းစေပြီး အပင်၏သီးပွင့်နိုင်စွမ်းကို ကောင်းစေပါသည်။
· ဖျော်ရည်ပြုလုပ်အသုံးပြုရန် လွယ်ကူ၍ ကုန်ကျစရိတ် မများပါ။
· ပူပြင်းခြောက်သွေ့သောရာသီများတွင် သီးနှံပင်အား ရေရရှိမှု အစိုဓာတ်ကိုပါ ဖြစ်စေသည်။
· သဘာဝပစ္စည်းကိုသာ အသုံးပြုသဖြင့် ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိပေ။
သဘာဝ မြေဩဇာဖျော်ရည် အသုံးပြုရခြင်း၏ ဆိုးကျိုးများ
· မြေဧရိယာကျယ်ပါက ဖျော်ရည်ပြုလုပ် အသုံးပြုရန် ခက်ခဲနိုင်ပါသည်။
· ငွေကြေးမတတ်နိုင်သော လယ်သမားများအတွက် ဖျော်ရည်ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများအတွက် ကုန်ကျစရိတ်အခက်အခဲရှိနိုင်ပါသည်။
လိုအပ်သောပစ္စည်းများ
ကျွဲနွား၊ ကြက်ငှက်၊ ဆိတ်၊ ယုန် စသည့် အိမ်မွေးတိရစ္ဆာန်တို့မှရသော လတ်ဆတ်သည့် မစင်အညစ် အကြေးများ (၎င်းအညစ်အကြေးမစင်များ၏ မြေဩဇာဓာတ်ထက်သန်ကြွယ်ဝမှုသည်တိရစ္ဆာန်တို့အား ကျွေးခဲ့သော အစာအာဟာရပေါ် မူတည်ပါသည်။)
· ၂၀ဝ လီတာ (သို့) ၄၀ ဂါလံ ဝင်ဆန့်သော စည်ပိုင်း
· ခိုင်ခံ့သောအိတ် (သို့) ဂုန်နီအိတ် (အပေါက်ငယ်များပါသော နိုင်လွန်အိတ်ဖြစ်ပါကပိုသင့်တော်ပါသည်။)
· ခိုင်ခံသော တုတ်ချောင်း
· ႀကိဳး
· စည်ပိုင်းကို ဖုံးအုပ်ရန် ပလပ်စတစ် အစတို့ ဖြစ်သည်။
ဖျော်ရည်ဖျော်စပ်ခြင်း
· မစင်အညစ်အကြေးများကို ဂုန်နီအိတ် (သို့) နိုင်လွန်အိတ်ထဲသို့ ထည့်၍ ကြိုးနဲ့ချည်ပါ။ စည်ပိုင်း တစ်ပိုင်းစာအတွက် လိုအပ်သော တိရစ္ဆာန်မစင်အညစ်အကြေးပမာဏမှာ ၅၀ ကီလိုဂရမ် (၃၀ ပိသာ) ခန့် ဖြစ်သည်။
· စည်၏ ၄ ပုံ ၃ ပုံ အထိ ရေဖြည့်၍ မစင်အညစ်အကြေးအိတ်ကို စည်ပိုင်းအတွင်းမှ ရေတွင် နှစ်ထားရမည်။ (အိတ်ကို ပုံပါအတိုင်း တုတ်တွင် ချည်နှောင်၍ ရေတွင် တွဲလောင်း ခိုနေစေရမည်။)
· မစင်များကို စည်ပိုင်းအတွင်း ၂-၃ ပတ် ကြာအောင် ထားပါ။ နိုက်ထရိုဂျင်ဓာတ်ငွေ့များပျောက်ကွယ် ဆုံးရှုံးမှုမရှိစေရန် စည်ပိုင်းအပေါ်မှ တစ်ခုခုဖြင့် ဖုံးအုပ် ပေးထားရမည်။
· အညစ်အကြေးအိတ်အားမ၍ ၃-၅ ရက်ခြားတစ်ကြိမ် တုတ်ဖြင့် အထက်အောက်မွှေပေးရမည်။
· ၂-၃ ပတ်ကြာသောအခါ စည်ပိုင်းထဲရှိရေသည် အညစ်အကြေးထဲရှိ အာဟာရဓာတ်များ ရေတွင်ပျော်ဝင် သွားပြီးဖြစ်သောကြောင့် မည်းနက်၍လာသည်။ ဖျော်ရည် မည်းနက်လေလေ ဖျော်ရည်၏ အာဟာရဓာတ် ပါဝင်မှု များလေလေဖြစ်သည်။ ဖျော်ရည်သည် အသုံးပြုရန် အသင့်အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်သောကြောင့် စည်အတွင်းမှ အညစ်အကြေးအိတ်အား ဖယ်ရှားပစ်ရမည်။
ဖျော်ရည်အား အသုံးပြုခြင်း
· ဖျော်ရည် တစ်ဆလျှင် ရေ ၂ ဆဖြင့် ရောစပ်အသုံးပြုပါ။ ဖျော်ရည်အရောင် အလွန်မည်းနက်ပါက ရေ ၃ ဆ အထိ ရောစပ်အသုံးပြုနိုင်ပါသည်။
· အပင်တစ်ပင်လျှင် ဖျော်ရည် ၂၅၀ မှ ၅၀ဝ စီစီ ခန့် လောင်းပေးပါ။ ဖျော်ရည်အား အရွက်မျက်နှာပြင်များပေါ်သို့ မကျစေဘဲ အပင်ခြေပတ်လည်တွင် တစ်ပတ်လျှင် ၂-၃ ကြိမ်ဖြင့် ၃-၄ ပတ်အထိကြာအောင် အသုံးပြုပေးရမည်။ (မှတ်ချက်။ ။ မူရင်းစာစောင်တွင် အပင်အမျိုးအစား၊ အပင်၏သက်တမ်း၊မြေအနေအထားအလိုက် လမ်းညွှန်ထောက်ခံထားသော နှုန်းထားများ ဖော်ပြမထားသောကြောင့် စမ်းသပ်အသုံးပြုချင်သူများအနေဖြင့်မိမိစိုက်ပျိုးထားသော အပင်အမျိုးအစားနှင့် အပင်သက်တမ်း ခံနိုင်ရည်အားပေါ် မူတည်ပြီးနှုန်းထားနည်းနည်းဖြင့်သာ စတင်အသုံးပြုသင့်ကြောင်း အကြံပြုလိုပါသည်။)
· ကြီးထွားမှုတုန့်နှေးပြီး အရွက်များဝါနေသော နိုက်ထရိုဂျင်ဓာတ်ချို့တဲ့မှုလက္ခဏာ ပြနေသည့် အပင်များတွင် အသုံးပြုက ပို၍ အကျိုးရှိစေသည်။ များသောအားဖြင့် ပဲမျိုးရင်းဝင်အပင်များ နှင့် အမြစ်စား၊ ဥစားအပင်များ (မုန်လာဥ၊ အာလူး၊ ကန်စွန်းဥ၊ ကြက်သွန်၊ သစ္စာပန်း စသည်) တွင် အပင်ပေါ်မှ ပက်ဖျန်းအသုံးပြုရန် မလိုအပ်ပေ။
ဆောင်ရန် ရှောင်ရန်များ
· အထူးသဖြင့် နိုက်ထရိုဂျင် ချို့တဲ့မှုပြနေသော အပင်များကိုသာ အပင်ပေါ်မှ ပက်ဖျန်း အသုံးပြုပေးရန်လိုအပ်ပါသည်။
· အပင်၏အရွက်များပေါ်တွင် ပက်ဖျန်း အသုံးမပြုရပေ။
· ဖျော်ရည်အား ရေနှင့် ရောစပ်ခြင်းမရှိဘဲ အသုံးမပြုရပေ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
22-8-2009 (4:30 PM)
(SustainableAgriculture Extension Manual ပါ “Manure Tea” အကြောင်းအား သင့်တော်သလို ဘာသာပြန်ရေးသားထားခြင်းဖြစ်ပါသည်။)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
နန္ဒကျော်
လွန်ခဲ့သော ၄ နှစ် ကကြက်မောက်.ဒူးရင်းရောထည့်လို့ရလားခင်ဗျာ
Mg Thet Moe Aung
လွန်ခဲ့သော ၅ နှစ် ကစပါးရွက်ဖြန်လို့ရလား ဦးကြီး
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from HanPhyoAung
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....