ဖရဲပင်တွေ အထွက်တိုးစေဖို့
ဘာလုပ်ကြမှာလဲ အူးလေးကြီးက ဖရဲသီးဆို ချိုမှ မွှေးမှ ကောင်းမှ အလုံးကြီးမှ(အသီး ကိုပြောတာပါနော်) ကြိုက်တာ (အဲ့လိုချေးများလို့လည်း လူပျိုကြီးဖြစ်တာပေါ့လေ)။ အဲ့တော့ ဖရဲစိုက်တဲ့ တောင်သူဦးကြီးတွေအတွက် အူးလေးကြီးက ဖရဲစိုက်တဲ့အချိန် လိုအပ်တဲ့ အာဟာရတွေကို တင်ဆက်ပေးမှာပါ။
အပင်မစိုက်ခင်အချိန်
နိုက်ထရိုဂျင် (N) နှင့် ပိုတက်စီယမ် (K) ။ ။ ဦးဆုံးကြီးထွားမှုကို ထောက်ခံ အားပေးပါတယ်။
ကယ်လ်ဆီယမ် (Ca) ။ ။ အမြစ်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေပါတယ်။
ဘိုရွန် (B) ဇင့် (Zn) မန်းဂနိစ့် (Mn) မိုလက်ဒီနမ် (Mo) ။ ။ သူတို့ကျတော့ အညွှန့့်ကို တိုးတက်ကောင်းမွန်စေလို့ မြေခံမှာထည့်ပေးဖို့လိုအပ်ပါတယ်။
ပင်ပိုင်းကြီးထွားတဲ့အဆင့်
နိုက်ထရိုဂျင် (N) နှင့် ဖော့စဖောရပ်စ်(P)။ ။ အပင်တွေ စဉ်ဆက်မပြတ်ကြီးထွားဖို့အတွက် လိုအပ်ပါတယ်။
ပိုတက်စီယမ် (K) နှင့် မဂ္ဂနီစီယမ် (Mg)။ ။ အရွက်တွေ ကြီးပြီး ပန်းပွင့်ဖို့ အားတွေပြည့်နေအောင်လို့ ထည့်ပေးရမှာပါ။
ကယ်လ်စီယမ် (Ca)။ ။ အပင်ကြီးထွားမှုကို အကောင်းဆုံးထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။
ဘိုရွန် (B)။ ။ ပန်းပွင့်ဖို့နဲ့ အသီးတင်ဖို့အတွက် လိုအပ်တဲ့ အာဟာရဖြစ်ပါတယ်။
ဆာလဖာ (S) ။ ။ ဖရဲရွက်လေးတွေအတွက် ပရိုတင်းချက်လုပ်ပေးတဲ့နေရာမှာ ပါဝင်တဲ့ အရေးကြီး အာဟာရဖြစ်ပါတယ်။
ပန်းပွင့်ချိန်
ပိုတက်စီယမ် (K) ။ ။ အပွင့်များစေဖို့နဲ့ ပုံမှန်ထောက်ပံ့မှုတွေအတွက် လိုအပ်တာပါ။
ဖော့စဖောရပ်(စ်) (P)။ ။ အသိးဖြစ်ပေါ်ဖို့အတွက် ထည့်ပေးရမှာပါ။
ကယ်လ်ဆီယမ် (Ca) ။ ။ ပင်ထဲက မျိုးပွားအင်္ဂါတွေကို တိုးတက်လာအောင်လုပ်ပေးပြီးတော့ အသီးစတင်ဖြစ်ပေါ်တဲ့ အချိန်မှာ လိုအပ်ပါတယ်။
ဘိုရွန် (B) နှင့် သွပ် (Zn) ။ ။ ပန်းပွင့်တွေကိုတိုးပွားစေတယ် တိုးတက်ကောင်းမွန်စေတယ်။ အသီးအားပေးပါတယ်။
မန်းဂနိစ့် (Mn) နှင့် မိုလက်ဒီနမ် (Mo) ။ ။ အပင်ကြီးထွားမှုကို ထပ်မံထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။
အသီးစတင်သီးချိန်
နိုက်ထရိုဂျင် (N) ။ ။ အသားတွေပြည့်တင်းဖို့ လိုအပ်တဲ့ ပမာဏရှိပေမဲ့ နည်းပါတယ်။
ပိုတက်စီယမ် (K) ။ ။ ဖရဲ အသီးပုံမမှန်တာတွေ မဖြစ်အောင်လို့ ုလိုအပ်ပါတယ်။
ကယ်လ်ဆီယမ် (Ca) ။ ။ အသီးကွဲတာလို အခွံမှာ အပျောက်တွေဖြစ်တာလိုမျိုး စတဲ့ မကောင်းတဲ့ အကျိုးဆက်တွေ မဖြစ်ပဲ
အသီး အခွံ အသား စတဲ့ အရာတွေကို ကောင်းမွန်အောင် ပြုပြင်ပေးပါတယ်။
မဂ္ဂနီစီယမ် (Mg) ။ ။ ဒီအချိန်မှာ မဂ္ဂနီစီယမ်ကို အများဆုံးလိုအပ်ပြီးတော့ အသီးအရည်အသွေးကို တိုးတက်ကောင်းမွန်စေတာ ဖြစ်ပါတယ်။
ဘိုရွန် (B)။ ။ အခွံလှဖို့ အရေးကြီးပါတယ်။
အသီးကြီးတဲ့အချိန်
နိုက်ထရိုဂျင် (N) ။ ။ နည်းနည်းလျော့ပြီးထည့်ရမှာပါ။ များသွားရင် ကြီးထွားမှုများပြီးတော့ ပုတ်တာတွေ အသီးမှာ အရာတွေ ထင်တာတွေဖြစ်တတ်လို့ပါနော်။
ပိုတက်စီယမ် (K) ။ ။ ပိုတက်စီယမ်ကတော့ အများဆုံးလိုတဲ့ အချိန်ပါပဲ။ အများကြီးထည့်ပေးမှ ပုံမမှန်တာတွေကနေ ကင်းဝေး စေမှာပါ။
ကယ်လ်စီယမ် (Ca) ။ ။ အသီးတွေ ခိုင်မာ သန်စွမ်းဖို့ကို ထည့်ပေးရမှာပါ။
ဘိုရွန် (B) ။ ။ အသီးမှည့်တဲ့အချိန် နဲ့ အသီးထဲကို ကယ်လ်စီယမ် သယ်ပို့ပေးတဲ့ နေရာမှာ အဓိက ပါဝင်ပါတယ်။
မဂ္ဂနီစီယမ် (Mg) ၊ သံဓာတ် (Fe) ။ ။ အသီးကျန်းမာဖို့အတွက် လုပ်ဆောင်ပေးပါတယ်။
ကဲ အဲ့ဒါတွေကတော့ ဖရဲ စိုက်ပျိုးတဲ့ တောင်သူဦးကြီးတွေအတွက်တော့ အသုံးဝင်ပြီးတော့ အဆင်ပြေမှာပါ။ အဆင်လည်း ပြေကြပါစေ။
https://www.yara.us/crop-nutrition/melon/role-of-nutrients-by-growth-stage/
Myo MinSoe
လွန်ခဲ့သော ၂ နှစ် ကစက်ဖွဲပြာက ကျွန်တော်လေ့လာမိသလောက်ဆို ကာဗွန်မိုနောက်ဆိုက် ပါ အမြစ်ိုးအားကိုကောင်းစေပါတယ် စနစ်ကျအောင်သာအသုံးပြုပါ ဆရာမဟုတ်ပါခဗျာသိသလောက်ပါ
Myo MinSoe
လွန်ခဲ့သော ၂ နှစ် ကဖရဲကို သက်တန်းအလိုက် ဘိုရွန်ကို မည်သို့အသုံးပြုရမည်က်ို ရှင်စေလိုပါသည်
မိုးကျော်
လွန်ခဲ့သော ၃ နှစ် ကဖရဲပင်မှာ ရက်၆၀သါးဆိုဘာလို့အရွက်တွေခြေက်လဲ
Aung Lay
လွန်ခဲ့သော ၄ နှစ် ကဖရဲမှာ စဖွဲပြာထည့်စိုက်လို့ရလားကောင်းကျိုးဆိုးကျိုးသိချင်ပါတယ်
Ko Myo
လွန်ခဲ့သော ၅ နှစ် ကအပင်တွေကြီးတာနှေးပြီးအရွက်တွေပြားနေတာတာဘာကြောင့်ပါလဲခင်ဗျ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....