သဘာဝကပေးတဲ့ နိုက်ထရိုဂျင်လက်ဆောင်တွေ ယူကြမလား
ကုန်ဈေးနှုန်းတွေကလည်း တက်တယ်နော်။ သတင်းတွေကြားလိုက်ပါရဲ့။ ကျေးဇူးရှင် တောင်သူဦးကြီးတွေအတွက်လည်း စိတ်ပူမိပါရဲ့။ ဘာများလုပ်လို့ရနိုင်မလဲလို့ တွေးကြည့်မိတော့ သဘာဝကပေးထားတဲ့ လက်ဆောင်တွေနဲ့ ကိုယ့်မြေကြီး ပြုပြင်ကြနိုင်မဲ့နည်းလမ်းတစ်ခုကိုတွေ့လို့ ပြန်ပြီးဖောက်သည်ချလိုက်ပါတယ်။ ဝေမျှပေးကြပါဦးနော်.
အမြဲတမ်းစိုက်ပျိုးလာတဲ့မြေကြီးတွေက ထုတ်ယူသုံးတာတွေများလို့ အရင်လို မျိုးစေ့ချ အပင်ပေါက် သီးပွင့်ဆိုတဲ့ခေတ်ကနေ ခုချိန်မှာတော့ လူလုပ်ဓာတုမြေသြဇာတွေကို သုံးလာကြရတယ်။ အများဆုံးဝယ်သုံးတာ ဘာတွေဖြစ်မလဲဆိုတော့ နိုက်ထရိုဂျင်မြေသြဇာ၊ ပိုတက်စီယမ်မြေသြဇာနဲ့ ဖော့စဖောရပ်မြေသြဇာတွေရယ် နောက် သူတို့ (၃)မျိုးရောထားတဲ့ ကွန်ပေါင်းမြေသြဇာတွေပါပဲ၊ ပုလဲဆိုတဲ့ နိုက်ထရိုဂျင်ကိုဖြည့်တင်းပေးနိုင်တဲ့ မြေသြဇာပဲဖြစ်ပါတယ်။ ခုပြောပြမဲ့နည်းလမ်းက ပုလဲမှာပါတဲ့ နိုက်ထရိုဂျင်ဆိုတာကို မြေကြီးထဲကို သဘာဝလက်ဆောင်တွေနဲ့ ဘယ်လိုဖြည့်တင်းမလဲဆိုတာပါ။
(၁) သဘာဝမြေဆွေးထည့်မယ်
တိရိစ္ဆာန်ကနေရတဲ့ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ နွားချေး ကြက်ချေး စတာတွေမှာ နိုင်ထရိုဂျင်တွေအများကြီးပါပေမဲ့လို့ တိုက်ရိုက်ထည့်လိုက်ရင် အပင်တွေကိုလောင်စေတတ်ပါတယ်။ ကိုယ်က အချိန် (၆) လလောက်များရတယ်ဆိုရင်တော့ တိုက်ရိုက်ထည့်လို့ရပါတယ်။ တိုက်ရိုက်ထည့်လို့မရဘူးဆိုရင် ဘယ်လိုထည့်ကြမလဲဆိုတော့ ကိုယ်စိုက်တဲ့သီးနှံအကြွင်းအကျန်လေးတွေရယ်၊ အိမ်ကထွက်တဲ့ ဆွေးမြေ့နိုင်တဲ့ပစ္စည်းတွေနဲ့ မြေဆွေးပုံပြီးထည့်ပေးနိုင်ပါတယ်။ မြေဆွေးပုံနည်းတွေကလည်း တောင်သူတိုင်းက သိလောက်ပြီးပြီထင်ပါတယ်။ မြေဆွေးကောင်းကောင်းရဖို့ အချိန်ပေးရပေမဲ့လို့ တစ်နှစ်လောက်များ အချိန်ပေးနိုင်ရင် မြေဆွေးပုံ မြေဆွေးထည့်တဲ့ လုပ်ငန်းစဉ်က ကောင်းကောင်းကိုလည်ပတ်နိုင်မှာပါ။ ဒီလိုမျိုး မြေကြီးထဲကို တိရိစ္ဆာန်အညစ်အကြေးပါတဲ့ မြေဆွေးတွေထည့်ပေးတာမျိုးက အကောင်းဆုံးနည်းလမ်းဖြစ်ပြီးတော့ နောင်မျိုးရိုးစဉ်ဆက်အတွက်လည်း စိတ်ချရတဲ့နည်းလေးဖြစ်ပါတယ်။
(၂) သစ်စိမ်းမြေသြဇာထည့်ပါ
မြေကြီးထဲကိုနိုက်ထရိုဂျင်ထည့်ပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သစ်စိမ်းမြေသြဇာကို ထည့်ပေးတာပဲဖြစ်ပါတယ်။ သစ်စိမ်းမြေသြဇာအဖြစ်စိုက်ပြီးတော့ အပင်တွေကြီးလာ၊ ပန်းပွင့်ချိန်ရောက်ခါနီးကျတော့ ထယ်ထိုးပစ်လိုက်ပြီး မြေကြီးနဲ့ သမလိုက်တာပါပဲ။ အချိန်ပေးရပေမဲ့ ကိုယ်မစိုက်ဖြစ်သေးတဲ့အကွက်တွေမှာ တစ်လှည့်စီလုပ်သွားရင်းနဲ့ လည်ပတ်သွားတဲ့အခါကျရင် ဈေးကြီးကြီးပေးဝယ်ရတဲ့ ဓာတုမြေသြဇာတွေကနေ လွတ်နိုင်ပါတယ်နော်။
(၃) နိုက်ထရိုဂျင်ဖမ်းပေးနိုင်တဲ့ သစ်စိမ်းမြေသြဇာတွေထည့်ပေးနိုင်ပါတယ်
ပဲမျိုးနွယ်ဝင်အုပ်စုတွေက သူတို့အမြစ်မှာ နိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်တဲ့ ဘက်တီးရီးယားလေးတွေနေထိုင်နိုင်ဖို့ လုပ်ပေးတာကြောင့် အဲ့လို ဘက်တီးရီးယားလေးတွေနေထိုင်ပြီးတော့ မြေကြီးထဲကို နိုက်ထရိုဂျင်တွေ ဖြည့်တင်းပေးနိုင်ပါတယ်။ မြေကြီးထဲကို နိုက်ထရိုဂျင်တွေရောက်သွားပြီဆိုရင် အပင်တွေကို သစ်စိမ်းမြေသြဇာလုပ်ပေးလိုက်ရုံပါပဲ။ ဆိုတော့ ဒီနည်းလမ်းကလည်း မြေကြီးထဲကို နိုက်ထရိုဂျင်တွေဖြည့်တင်းပေးမှာဆိုတာ သေချာပါတယ်။
(၅) ကော်ဖီကြမ်းထည့်ပေးလို့ရတယ်
ကော်ဖီပင်စိုက် ကော်ဖီထုတ်တဲ့ နေရာတွေနားနေတဲ့သူတွေပဲဖြစ်ဖြစ် အိမ်မှာ တစ်ပိုင်တစ်နိုင်လေး အပင်လေးတွေစိုက်တဲ့သူတွေပဲဖြစ်ဖြစ် ကော်ဖီနှပ်ပြီးကျန်တဲ့ အမှုန့်လေးတွေ၊ ကော်ဖီကြမ်းတွေကို မြေဆွေးပုံထဲထည့်တာဖြစ်ဖြစ် မြေကြီးထဲကိုတိုက်ရိုက်ထည့်တာဖြစ်ဖြစ် ထည့်ပေးလို့ရပါတယ်။ သူတို့က ပြိုကွဲဖို့ အချိန်နည်းနည်းယူပေမဲ့လို့ နိုက်ထရိုဂျင်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ အပိုဆုအနေနဲ့ကတော့ ကော်ဖီမှုန့်ကြမ်းကြမ်းလေးတွေက မြေကြီးကို မွမွလေးဖြစ်ပြီး ရေထုတ်ကောင်းနိုင်အောင်ကူညီပေးနိုင်တာပါပဲ။
(၆) ငါး
ဟုတ်ပါတယ် ငါးပါ။ ငါးအကျန်တွေ အရိုးပါအပါ ငါးဖယ်ရိုးလိုမျိုးကို တိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ ဒါမှမဟုတ်လည်း မြေဆွေးလုပ်တဲ့အချိန်မှာ ရောထည့်ပေးလို့ရပါတယ်။ တစ်ခြားနည်းလမ်းဆို ငါးအမိုင်နိုလုပ်ပြီးတော့လည်း သုံးလို့ရပါသေးတယ်။ ချက်စားလို့လည်း ယား၊ ငါးကန်ကိုလည်းဒုက္ခပေးတဲ့ စုပ်ခွက်ငါးတွေကို ဒီလိုနေရာမှာသုံးလို့ရပါတယ်။ အဲ့လိုထည့်ပေးရင် နိုက်ထရိုဂျင်အပြင်ကို တစ်ခြားဓာတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ကလိုရင်း၊ ဆာလဖာ၊ မဂ္ဂနီစီယမ်တွေလည်း အပင်တွေကို ပေးနိုင်ပါသေးတယ်။
(၇) မြက်ဖြတ်စတွေဖြန့်ပေးတာမျိုး
ပေါင်းသတ်ဆေးမသုံးထားတဲ့ မြက်ပင်တွေကို ဖြတ်ပြီးတော့ ဖြတ်စတွေကို မြေပြင်ပေါ်မှာ ဖြန့်ပေးတာဖြစ်ဖြစ်လုပ်ပေးရင် သူတို့လည်းအဆွေး မြေထဲကိုလည်း နိုက်ထရိုဂျင်ပြန်အပေးနဲ့ ကွက်တိပါပဲ။
ဒီနည်းလမ်းတွေကိုသုံးပြီးတော့ မြေကြီးထဲကို နိုင်ထရိုဂျင်ကို ပြန်ပြီးတော့ ဖြည့်ပေးလို့ရပါတယ်။ အချိန်လေးတွေပေးရတယ်ဆိုပေမဲ့လို့ သဘာဝနည်းလမ်းဟာ ကုန်ကျစရိတ်သက်သာပြီးတော့ အကောင်းဆုံးဖြစ်တာကြောင့် လုပ်ကြည့်စေချင်ပါတယ်။ ပြီးတော့ ဓာတုမြေသြဇာတွေကို သုံးတာက အချိန်နဲ့အမျှ မြေကြီးကိုဖျက်ဆီးနေတာပါပဲ။ ပြီးတော့ စီးပွားရေးအရလည်း တွက်ချေကိုက်အောင် ကြိုးစားနေကြရတဲ့ လုပ်ငန်းရှင်ကြီးတွေအတွက်လည်း နည်းလမ်းကောင်းတွေဖြစ်တာကြောင့်မို့ လုပ်ရင်း ကိုင်ရင်း အဆင်ပြေသွားကြဖို့ မျှော်လင့်မိပါတယ်။ တောင်သူဦးကြီးများ စီးပွားဥစ္စာ ဒီရေအလား တိုးတက်နိုင်ကြပါစေ။
Reference: https://www.gardeningchannel.com/add-nitrogen-garden-soil/
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကဟုပ်ကဲ့ပါကိုရဲကျော်စွာဝင်းရေ..ငါးအမိုင်နိုပြုလုပ်ပုံက...ငါးတစ်ဆ သကြားညိုတစ်ဆရောရပါမယ် ဥပမာ ပေပါပုံးတစ်ပုံးထဲမှာ ငါးက အချိန်တစ်ဆယ်ဆိုရင် သကြားကအချိန်တစ်ဆယ်ထည့်ရပါ့မယ် ငါးသေးငါးနှုတ်ဆိာပိုကောင်းပါတယ် .....ကိုယ်တတ်နိုင်သ၍လုပ်လို့ရပါတယ်....ပေပါပုံးနဲ့လုပ်နိုင်မယ်ဆိုရင် ငါးအချိန်တစ်ဆယ်ထားပါအုံး....ငါးတစ်ပိသာ သကြားတစ်ပိသာ ငါးတစ်ထပ် သကြားတစ်ထက်ထည့်ရပါ့မယ် ပြီးလျှင် ပေပါပုံးကို အပြည့်မထည့်ပါနဲ့ သုံးပုံတစ်ပုံခန့်ချန်ထားပါ ဆူတက်ပြီးဖိတ်မှာစိုးလို့ပါ.. သူ့ကိုထည့်ပြီးလျင် အဖုံးကိုရင်မဂင်နိုင်အောင်ပိတ်စပါးနဲ့ဖုံးပေးပါ တစ်ပတ်ကိုတစ်ခါမွှေပေးပါ လေးပတ်ကြားခြောက်ပတ်လောက်ဆိုသုံးလို့ရပါပြီ ... အသုံးပြုပုံက... ငါးအမိုင်နိုဆေးရည် 40 စီစီကို ရေလီတာနှစ်ဆယ်နဲ့ရောပြီးဖျန်းလို့ရပါပြီ
ဟိန်းသူ
လွန်ခဲ့သော ၄ နှစ် ကမြေဆွေးပြုလုပ်တဲအခါနွားချေကဘယ်အရွယ်အထိသေးပေးရမှာပါလည်းနွားချေးကိုမှန့်နေအောင်လုပ်ပြီးမှထည့်ရမှာလားဖြေပေးကြပါအုန်း
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကငါးအမိုင်နို ကိုစိုက်ပျိုးမြေပြုပြင်ချိန်ဖျန်းလို့ရလား ဖျန်းလို့ရလျှင် တစ်အတွက်ငါးအမိုင်နို+ရေ အချိုးအစား သိချင်ပါတယ်
Mr. Ye Kyaw Swar Win
လွန်ခဲ့သော ၅ နှစ် ကငါးအမိုင်နိုကဘယ်လိုအသုံးပြုရ ပါသလဲ?
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....