အမြစ်ထွက်ဟော်မုန်းတွေကို ကိုယ်တိုင်လုပ်ဖို့ မခက်ပါဘူး
မျိုးကောင်းတွေ့ထားတယ်။ ကိုင်းကူးပြီးယူမယ် အိမ်မှာ ပြန်စိုက်ထားမယ်ဆိုပြီး စိတ်ကူးလေးတွေနဲ့ (၄) (၅) အိမ်ကျော်ကိုသွား ကိုင်းလေးကူးထား၊ အိမ်မှာစိုက်မယ်ဆိုပြီး ကိုင်းလေး ဖြတ်ယူလာ ဆိုတာမျိုးလုပ်ဖူးတယ်ဆိုရင်တော့ အောက်ကနည်းလမ်းလေးတွေက တကယ်ကို အသုံးဝင်မယ်ဆိုတာကို အာမခံပါတယ်နော်။
အမြစ်ထွက်စေတဲ့ဟော်မုန်းတွေကို ဘာလို့ အသုံးပြုရမလဲ
ကိုင်းကူးတဲ့အပင်တွေကနေ အပင်တွေအကုန်ထွက်တာ မဟုတ်ပါဘူး။ တစ်ချို့တစ်လေကတော့ သေကိုသေကြတာပဲ။ အဲ့တော့ (၁၀၀) စိုက်ရင် (၇၅) ပင်လောက်ရှင်ဖို့အတွက်ကို အမြစ်ထွက်ဟော်မုန်းတွေကို သုံးလာကြရပါတယ်။ အောက်မှာ ဆက်ပြောပြပေးမှာကတော့ နည်းလမ်း (၆)နည်းပါ။
နည်းလမ်း (၁)။ ။ တံတွေးစွတ်ပါ။
ကဲ ဘာလိုသေး၊ စမ်းကြည့်ပါနော်။ တံတွေးက သဘာဝကပေးတဲ့ အမြစ်ထွက်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဘယ်လိုအလုပ်လုပ်သလဲတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ လုပ်ကြည့်ပါ။ ကလေးတွေကို ခွက်တစ်လုံးထဲ တံတွေးထွေးခိုင်း၊ ကလေးထိန်းပြီးသားလည်းဖြစ်၊ ကိုယ့်အပင်တွေလည်း အမြစ်ထွက်ပြီးသားဖြစ် ဘယ်လောက်အဆင်ပြေလိုက်လဲဆိုတာ…
နည်းလမ်း (၂)။ ။ ပန်းသီးရှာလကာရည်ကိုသုံးပါ။
ပန်းသီးရှာလကာရည်မှာဆိုရင် အနည်းလိုအာဟာရဓာတ် (၃၀) ကျော်ပါဝင်ပြီးတော့ အပင်တွေကြီးထွားဖို့ အထောက်အကူ ပြုပါတယ်။ နည်းနည်းလေးပဲ သုံးဖို့အကြံပေးပါတယ်။ စကတည်းက ရှာလကာရည်က ပေါင်းသတ်ဆေးဖော်တဲ့နေရာမှာ သုံးတာပါ။ ရေတစ်ဂါလန်ကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၃) ထည့်ပြီးတော့ ကူးမဲ့ကိုင်းတွေကို စိမ်ပေးပြီးမှ ကိုင်းကူတာက ပိုကောင်းပါတယ်။
နည်းလမ်း (၃) ။ ။ မီးဖိုချောင်ထဲသွား၊ သစ်ကြပိုးခေါက်ကိုယူ။
သစ်ကြပိုးခေါက်က မှိုတွေနဲ့ ဘက်တီးရီးယားတွေကို တိုက်ခိုက်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အဲ့တော့ အမြစ်ထွက်တဲ့ချိန်မှာ ကာကွယ်ပေးနိုင်တာပေါ့။ အစွမ်းကို (၂) ဆ တင်ချင်ရင်တော့ တံတွေးလေးနဲ့ ရောလိုက်ပါ။ သစ်ကြပိုးခေါက်က အပင်တွေ နွမ်းတာကို ကာကွယ်ပေးနိုင်ပါတယ်။
နည်းလမ်း (၄)။ ။ ပျားရည်
ပျားရည်နဲ့ လုပ်တာကတော အဆင့် (၃) ဆင့်ရှိပါတယ်။ ရေ (၂) ခွက်ကို ပွက်အောင်တည်၊ ပျားရည် တစ်ဇွန်းထည့်၊ ပြီးတော့ လေလုံဘူးထဲ အအေးခံပြီး အလင်းရောင်မရှိတဲ့နေရာမှာ (၂) ပတ်လောက်ထားပြီးတော့မှ သုံးရမှာပါ။ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းလည်းရှိတာမို့ ကိုင်းတွေကို စိမ်ပြီးတော့ သုံးရမှာပါ။
နည်းလမ်း(၅)။ ။ အက်စပရင်ကို သုံးပေးပါ။
ဆေးဆိုင်ကနေဝယ်လာပြီး အမှုန့်ကြိတ် ရေဖျော်ပြီး သုံးပေးရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ ဆေးနဲ့ဆိုတော့ သဘာဝတော့ မဟုတ်တော့ဘူးပေါ့။
နည်းလမ်း(၆)။ ။ မိုးမခလက်ဖက်ရည်။
မိုးမခပင် ကိုင်းလေးတွေယူမှာဆိုတော့ အရွက်တွေကိုချွေထားပါ။ ၁ လက်မလောက်အပိုင်းလေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။ ဖန်ပုလင်းထဲကိုထည့်ပြီး ပွက်နေတဲ့ ရေနွေးလောင်းပေးပါ။ ရေက ၃ပုံ ၂ပုံ၊ ကိုင်းတွေ ၃ ပုံ ၁ ပုံထည့်ပေးပါ။ ၂၄ နာရီကြာရင် အရည်ကိုစစ်ယူပါ။ ပြီးတော့ သုံးလို့ရပါပြီ။ စိတ်တိုင်းကျဆို နေရောင်ထဲ (၃) ရက်လောက် လှန်းထားလို့လည်းရပါတယ်။
သုံးနည်းကတော့ ရေတစ်ဝက်၊ ခုဏက မိုးမခပင်လက်ဖက်ရည်တစ်ဝက် ထည့်ပြီးတော့ မစိုက်ခင်မှာ စိမ်ထားပေးရမှာဖြစ်ပါတယ်။ နာရီတော်တော်ကြာအောင် စိမ်ထားပေးမှ ကိုင်းထဲကို စိမ့်ဝင်မှာဖြစ်ပါတယ်။ စိုက်လိုက်ပြီဆိုရင်လည်း (၂) ခါလောက်တော့ မိုးမခပင်ရေ လောင်းပေးလိုက်ရင် အပင်မြန်မြန်ထွက်ပြီး သန်မာစေပါတယ်။
ကဲ ကိုင်းကူးကြမဲ့ ညီအကိုမောင်နှမများ အကျိုးထူးကြပါစေ။
ထွန်းဝင်းကျော်
Oo Hein Htet
လွန်ခဲ့သော ၂ လ က၉
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026