အပင်အကျိုးပြုအရည်အသွေးများ ပိုကောင်းအောင် နွားချေးကဲ့သို့သော မြေဆွေးများကို ပြုပြင်အသုံးချနည်း
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၉)
အော်ဂဲနစ်မြေသြဇာဖြစ်သော မြေဆွေးနှင့် ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေး တိုးစေသည် (၁)
ဘာကြောင့်အသုံးပြုသင့်သလဲ?
- ၁။၂၁ ရာစုတွင် အပင်များအတွက် ထိခိုက်မှုလျော့ကျစေသည့် ပတ်ဝန်းကျင်ဖြစ်စေသော နည်းပညာဖြစ်သည်။
- ၂။ အော်ဂဲနစ်မြေသြဇာတစ်ခုချင်းစီ၏ ကောင်းသောအရည်အသွေးများကို တိုးလာစေသည့် မြေသြဇာ များ ပူးတွဲသုံးခြင်းဖြစ်သည်။
အော်ဂဲနစ်မြေသြဇာအမျိုးမျိုး

အာဟာရဆိုင်ရာ အရည်အသွေးများ

ဘိုကာရှီ ကောက်ရိုးမြေဆွေးပုံ၏ ရက်အလိုက် စီအန်(C:N) အချိုးကျခြင်း

ဘိုကာရှီ ကောက်ရိုးမြေဆွေးပုံ၏ ရက်အလိုက် နိုက်ထရိုဂျင် % ပါဝင်မှု

အော်ဂဲနစ်မြေသြဇာတစ်မျိုးစီ၏ စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) တိုးစေခြင်း

တွေ့ရှိချက်
- ၁။ အော်ဂဲနစ်မြေသြဇာဖြစ်သော သိုးချေး ၊ ဘိုကာရှီ ၊ ကြက်ချေးတို့ကို သီးခြားစီသုံးခြင်းသည် စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) တိုးသည်။ ဘိုကာရှီမြေဆွေးသည် စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) အများဆုံးဖြစ်သည်။
- ၂။ အီးအမ်သုံးထားသော အကျိုးပြုသက်ရှိပါဝင်သည့် ရက် ၈၅ - ၉ဝ သား ဘိုကာရှီ ကောက်ရိုးမြေဆွေးတွင် စီအမ်အချိုး ကျလာသည်။ ရက် ၆ဝ - ၉ဝ ရက်သားတွင် နိုက်ထရိုဂျင်% အမြင့်ဆုံးဖြစ်သည်။
အော်ဂဲနစ်မြေသြဇာ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်
၂၁ ရာစုတွင် လိုအပ်နေသော ဂေဟစနစ်မိတ်ဖက်ဖြစ်စဥ်အဖြစ် အော်ဂဲနစ်မြေသြဇာများ၏ အပင် အတွက် အရည်အသွေးကောင်းခြင်းကို တစ်ခုစီခွဲခြားအသုံးချခြင်းထက် စုပေါင်းအသုံးချခြင်း (Integrated use) ကို ဆောင်ရွက်သင့်သည်။
- ၁။ တောင်သူများ၏ ကျွမ်းကျင်သော ပုံမှန်နည်းပညာအခြေခံများကို အသုံးချခြင်း။
- ၂။ ရေရှည်သုံးသင့်သော အော်ဂဲနစ်မြေသြဇာများကို ဇီဝမြေသြဇာများပူးတွဲပြီး အရည်အသွေးတိုးစေခြင်း။
- ၃။ ဖြည့်စွက်အာဟာရဓာတ်များပါဝင်သော အော်ဂဲနစ်မြေသြဇာများလည်း စျေးကွက်တွင်ရနိုင်ခြင်း။
- ၄။ အပင်အရည်အသွေးကောင်းရန် ကုန်ကျစရိတ်လျှော့ချနိုင်သောနည်းများနှင့်
- ၅။ ရာသီဥတုနှင့်လိုက်လျောညီထွေသောနည်းများဖြင့် စုပေါင်းဆောင်ရွက်သင့်သည်။
အော်ဂဲနစ်မြေသြဇာ အရည်အသွေးများ ပိုကောင်းအောင် ပြုပြင်သုံးစွဲပုံကို သီးနှံအလိုက်ဖော်ပြပါဦးမည်။
ကိုးကား
Jusoh et al. Composting of rice straw with effective microorganisms (EM) and its influence on
compost quality Iranian Journal of Environmental Health Sciences & Engineering 2013, 10:17
Lozano-Contreras, M.G., Ramírez-Jaramillo, G. and RamírezSilva, J.H. (2021) Interaction Effects between Organic Fertilizers and Biofertilizers on the Growth of Stevia rebaudiana Bertoni. Open Access Library Journal, 8: e8065. https://doi.org/10.4236/oalib.1108065
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မျိုးပိုင်ပိုင်
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုလုပ်ရမလဲ ဗျ
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....