အပင်တွေနဲ့ မိုက်ခရိုဒြပ်စင်
သေးသေးလေးဆိုပေမဲ့ အရေးပါလွန်းတယ်
လူတွေကလည်း တိုးလာတယ်။ တိုးလာတဲ့ လူတွေအတွက် စားနပ်ရိက္ခာတွေ ဖြည့်တင်းပေးဖို့ဆို သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွေဆိုတာကလည်း လိုက်ပြီးတော့ တိုးတက်ဖို့ လိုအပ်လာပြန်တယ်။ လုံလောက်ရုံနဲ့တင်မကပဲ ဟိုကြော်ငြာထဲကလိုမျိုး ပိုသီး ပိုကြီး ပိုကိတ်ဖို့က လိုလာပြန်တယ်။
အပင်တွေမှာ ရေ၊ လေ၊ အလင်းရောင်၊ အပူချိန်၊ နဲ့ အာဟာရဓာတ် (၁၆)မျိုးတောင် လိုအပ်တာပါ။ သူ့အသီးစားချင်ရင် သူလိုတာတော့ အရင်ဖြည့်ပေးရမှာပေါ့နော်။
အာဟာရ (၁၆)မျိုးတောင်
ဟုတ်ပါတယ်၊ နောက်ပိုင်း (၁)မျိုးထပ်ထည့်ရင် (၁၇)မျိုးတောင်လိုအပ်တာပါ။ အားရှိစရာတစ်ခုကတော့ လေထဲ ရေထဲကနေ အပင်တွေက ကာဘွန်၊ ဟိုက်ဒရိုဂျင် နဲ့ အောက်စီဂျင်ကို စုပ်ယူနိုင်ကြပါတယ်။ လိုတဲ့ နောက် (၁၄)မျိုးကတော့ ကိုယ်စိုက်ပျိုးတဲ့ မြေကြီးထဲက၊ ရေနဲ့စိုက်တယ်ဆိုလည်း ရေထဲက နေ ပြန်ပြီးတော့ ရယူတာပါ။
အဲ့ကျန်တဲ့ (၁၄)မျိုးကိုမှ ပြန်ပြီးတော့ ခွဲခြားကြတဲ့အခါ အုပ်စု (၂) စုခွဲပါတယ်။ အများလို အာဟာရနဲ့ အနည်းလို အာဟာရ ဆိုပြီးတော့ပါ။ အများလိုထဲမှာမှ အုပ်စုသေး (၂)မျိုး ပြန်ခွဲပါတယ်။ အဓိက အုပ်စုနဲ့ ဒုတိယ အုပ်စု ဆိုပြီးတော့ပါ။
အဓိကအုပ်စုထဲမှာ နိုက်ထရိုဂျင်၊ ပိုတက်စီယမ် နဲ့ ဖော့စဖောရပ်စ် တို့ပါဝင်ပါတယ်။
ဒုတိယ အုပ်စုမှာတော့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်ရယ်၊ ဆာလဖာ တို့ ပါဝင်ပါတယ်။ အဲ့လို အုပ်စုတွေခွဲထားတယ်။ မြေပြင်တဲ့အချိန်မှာ ကျောက်မှုန့်ထည့်ပေးရင် ကယ်လ်စီယမ်နဲ့ ဆာလဖာ တို့ရပါတယ်။ အဓိက အုပ်စုတွေဆို ဈေးကွက်ထဲမှာ ပုလဲ (နိုက်ထရိုဂျင်) နဲ့ ကွန်ပေါင်း (N:P:K) တို့ကို ထည့်ပေးရင် ရနိုင်ပါတယ်။
အနည်းလိုအာဟာရတွေ
အိုင်းယွန်း(Fe)၊ မဂ္ဂနိစ့် (Mn)၊ ကလိုရင်း (Cl)၊ ဆိုဒီယမ် (Na)၊ နီကယ် (Ni)၊ စီလီကွန် (Si)၊ ကိုဘော့ (Co)၊ ဆလယ်နီယမ် (Se) တို့ကျတော့ နည်းနည်းလေးပဲ လိုအပ်တဲ့ အနည်းလို အာဟာရတွေဖြစ်ပါတယ်။ ဇာတ်လိုက်ကျော်ကြီးတွေ လာပါပြီ။
ဘာလို့အရေးကြီးတာလဲ
၁၉၃၉ က ပညာရှင် (၂)ယောက်ဖြစ်တဲ့ Arnon နဲ့ Slout တို့က ဘယ်လိုရှာဖွေတွေ့ရှိထားလဲဆိုတော့
(၁) အပင်တစ်ပင်မှာ အာဟာရဓာတ် အားလုံးပြည့်စုံနေမှသာ ဘဝစက်ဝန်းကလည်း ပြည့်စုံမှာဖြစ်ပါတယ်။
(၂) အာဟာရတစ်မျိုးကို နောက်တစ်မျိုးနဲ့ ပြန်ပြီး အစားထိုးလို့ မရပါဘူး။
(၃) အာဟာရတစ်မျိုးချင်းစီက အပင်တွေရဲ့ ဖြစ်စဉ်မှာ တိုက်ရိုက်ပါဝင်နေပါတယ်။
အဲ့ (၃)ချက်နဲ့တင် တောင်သူဦးကြီးတွေ ကျွေးနေတဲ့ အာဟာရတွေဟာ အားလုံးအရေးပါနေတယ်ဆိုတာကို သိသာနေပါပြီ။ အောက်မှာ ထပ်ကြည့်လိုက်ပါဦး။


လိုအပ်တဲ့ ပမာဏတွေကိုရေးထားတာကတော့ ppm နဲ့ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အပုံ တစ်မီလီယမ်မှ ၁၀၀ ပုံ လိုတာမျိုး၊ အပုံ (၂၀) လိုတာမျိုး ဖြစ်ပါတယ်။
ကဲ အဲ့လောက်ဆိုရင် အနည်းလို အာဟာရတွေကလည်း အရေးကြီးတယ် ဆိုတာကိုသိနိုင်မှာဖြစ်ပြီးတော့ သုံးရင်း အကျိုးထူးကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
ထွန်းဝင်းကျော်
References
Eyal Ronan “Micro-elements in Agriculture”
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026