ယူရီးယားဓာတ်မြေဩဇာက အပင်အတွက် ဘယ်လိုအလုပ်လုပ်တာလဲ?
တောင်သူဦးကြီးတို့အနေဖြင့် စိုက်ခင်းသို့ အသုံးပြုလိုက်သော ပုလဲခေါ် ယူရီးယား ဓာတ်မြေဩဇာကို အပင်၏အမြစ်မှတိုက်ရိုက်စုပ်ယူစားသုံးသည်ဟု ထင်မှတ်ခဲ့ကြဖူးပါလိမ့်မည်။ ထိုထင်မြင်ချက်သည် မမှန်ပါ။
ဆိုတော့ ဘယ်များရောက်သွားတာလဲ?
ထည့်လိုက်သော ယူရီးယားဓာတ်မြေဩဇာသည် ရေဖြင့် ဓာတ်ဖလှယ်ခြင်းပြုပြီးနောက် ဖြစ်ပေါ်လာသော နိုက်ထရိုဂျင်အိုင်ယွန်း (Nitrogen ion)ကိုသာ အပင်၏ အမြစ်မှတစ်ဆင့်စုပ်ယူစားသုံးနိုင်ပါသည်။ ဓာတ်ဖလှယ်ပြီးနောက် နိုက်ထရိုဂျင်အိုင်ယွန်းတစ်မျိုးတည်းဖြစ်ပေါ်လာသည်မျိုး မဟုတ်ဘဲ အပင်မှမစားသုံးနိုင်သော နိုက်ထရိုဂျင်ဓာတ်ငွေ့(N2)ကို လေထဲမှတစ်ဆင့်အငွေ့ပျံဆုံးရှုံးမှုအဖြစ်လည်းကောင်း၊အမိုးနီးယမ်းအိုင်းယွန်း(NH4+)ဓာတ်ကိုစီးဆင်းရေနှင့်အတူပါသွားပြီး ဆုံးရှုံးမှုအဖြစ်လည်းကောင်း၊ အမိုးနီးယားဓာတ်ငွေ့(NH3)အဖြစ်လေထဲသို့ အငွေ့ပျံဆုံးရှုံးမှုအဖြစ်လည်းကောင်း၄၀%ခန့် ဆုံးရှုံးမှုများဖြစ်စေသည်။ လယ်ထဲသို့ထည့်လိုက်သော ယူရီးယားဓာတ်မြေဩဇာပမာဏ၏ ၄၀ရာခိုင်နှုန်းကိုသာ အပင်မှရရှိပြီး၂၀ရာခိုင်နှုန်းကို မြေဆီလွှာမှ စုပ်ယူထားပြီး နောက်စိုက်သောသီးနှံပင်က စားသုံးနိုင်သည်။ကျန် ၄၀ ရာခိုင်နှုန်းခန့်သည် အပင်မှမရရှိဘဲ ဆုံးရှုံးမှုများဖြစ်စေနိုင်သည်။
ဆုံးရှုံးမှုပမာဏကိုဥပမာဖြင့်ပြောပြရမည်ဆိုလျှင် သီးနှံရာသီတစ်လျှောက်တွင် ယူရီးယားဓာတ်မြေဩဇာ ၂အိတ်ကို ဦးကြီးများ သုံးစွဲမည်ဆိုလျှင် တစ်အိတ်ခန့်သာအပင်မှရရှိနိုင်ပါသည်။ ထိုကဲ့သို့ဆုံးရှုံးမှု မဖြစ်ရလေအောင် ယူရီးယားပုလဲမြေဩဇာကို လယ်ထဲသို့ထည့်သွင်းအသုံးပြုရာတွင် စနစ်တကျအသုံးပြုသင့်ပါသည်။ စပါးပင်သက်တမ်းတစ်လျှောက်လုံးအတွက် ပုလဲမြေဩဇာတစ်အိတ်လျှင် သဘာဝမြေဩဇာ (နွားချေး/မြေဆွေး/အီးအမ်ဘိုကာရှီ/အမှိုက်ဆွေးစသည့်)၃ အိတ်ဖြင့် ၁: ၃ ရောစပ်ပက်ကျွေးခြင်းဖြင့် အာဟာရဆုံးရှုံးမှုကို သက်သာစေနိုင်ပါသည်။ မည်သည့်သီးနှံမဆိုမြေဩဇာကျွေးမည်ဆိုလျှင် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၃ ချိုး ၁ ချိုးကို အစိုဓာတ်မများလွန်းစေဘဲ လေလုံအောင်တစ်ညသိပ် နှပ်ထား၍ ရောစပ်အသုံးပြုခြင်းဖြင့် အာဟာရဆုံးရှုံးမှုနည်းစေနိုင်ပါသည်။ အကြောင်းမှာ မြေဆီလွှာတွင် မျက်စိဖြင့်မမြင်ရနိုင်သော အကျိုးပြုအဏုဇီဝပိုး(Soil Microbes) များက ယူရီယားမြေဩဇာကို စားသုံးပြီး လျင်မြန်စွာပွားများကြသည့်အတွက်ဖြစ်သည်။ ထိုအကောင်ငယ်များသေကြေပျက်စီးပြီးနောက်မှ အပင်မှ စားသုံးနိုင်သော အာဟာရဓာတ်များကိုအပင်မှရရှိနိုင်သည်။ ထို့နည်းတူ သဘာဝမြေဩဇာ /မြေဆွေးတွင်ပါဝင်သော အဏုဇီဝအကောင်ငယ်များသည် ကြားခံအဖြစ်ထိန်းထားပြီး အပင်မှဓာတ်ဖလှယ်သောနည်းဖြင့် ထည့်သွင်းထားသော ဓာတ်မြေဩဇာ၏ အာဟာရကို အချိန်ကြာရှည်စွာမဆုံးရှုံးအောင် ထိန်းသိမ်းပေးထားသည်။

မြေဆီကြဲပက်ချိန်ကို မိုးအုံ့ပါက နေ့လည်ပိုင်းတွင်ကြဲပက်နိုင်သော်လည်း နေပူပြင်းပါက ညနေ ၃ နာရီနောက်ပိုင်းမှသာ ကြဲပက်သင့်ပါသည်။
စပါးခင်းတွင် မြေဩဇာအရောကိုထည့်သွင်းပြီးနောက် တမန်းနှိုးကိရိယာအသုံးပြုပြီး တမန်းပြင်အောက်သို့ရောက်ရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပိုမိုထိရောက်ပြီး အဟာရဆုံးရှုံးမှုနည်းစေနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ယူရီးယား ပုလဲဓာတ်မြေသြဇာ
ကိုမောင်မောင်
လွန်ခဲ့သော ၆ လ ကကျေးဇူးပါတင်ပါတယ်
မောင်ကျော်
လွန်ခဲ့သော ၇ လ ကကျေးဇူးပါဗျာ
ကိုအောင်မြင့်မြတ်
လွန်ခဲ့သော ၉ လ ကမတ်ပဲမှာအသုံးပြုလို့ရလား ဘယ်အရွယ်မှာစတင်အသုံးပြုသင့်သလဲ ပါဝင်မူအချိုးလေးပါအသေးစိတ်ရှင်းပြပေးပါလားခဗျ
သော်ဇင်
လွန်ခဲ့သော ၁ နှစ် ကအားပေးဖတ်ရှု့ကျလို့ဝမ်းသာပါတယ်
မြတ်သူ
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ ခင်ဗျ
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from သော်ဇင်
အားလုံး
အသံ
အရည်အသွေးကောင်းတဲ့ ခရမ်းချဉ်ရဖို့ ဂရုစိုက်ရမည့်အချက်များ
06/08/2026
ကြက်သွန်နီဥကို အလေးချိန်စီးပြီး အထွက်နှုန်းများစေမယ့် အာဟာရဓာတ်များ
30/06/2026
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
03/06/2026
စပါးအတွက် အာဟာရလမ်းညွှန်
08/05/2026
ပီလောပီနံအတွက် အာဟာရလမ်းညွှန်
29/04/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....