" အစွမ်းထက်သော စားဖိုပြာ "
မော်လမြိုင်ကျွန်း ဧရာဝတီတိုင်းဖက်က ရွာအတော်များများမှာ ထမင်းဟင်းချက်ပြုတ်ရာတွင်" ထင်း" ကိုသာ အသုံးပြုနေရပြီး မီးဖိုချောင်မှထွက်ရှိလာသော " စားဖိုပြာ " များကို ခြံတွင်းရှိ အပင်များခြေရင်းတွင် ပက်ဖျန်းပြီးထားကြောင်း သိရှိရသဖြင့် စားဖိုပြာ ကိုစနစ်တကျသုံးစွဲရန် စားဖိုပြာသည် တန်ဖိုးရှိပြီး စနစ်တကျသုံးစွဲတတ်လျှင် စိုက်ပျိုးရေးအတွက် အကျိုးရှိသော ဆေးကောင်းတစ်ခု ဖြစ်နိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာကြီး ဦးဌေးအံ့၏ စားဖိုပြာအသုံးပြုနည်းများအား ဖြန့်ဝေပေး ခဲ့ပါသည်။
ဆရာကြီး ဦးဌေးအံ့အား ဤပိုစ့်ဖြင့် ဂါရဝပြုအပ်ပါသည်။
*********
ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေးအတွက်အပင်များကိုသာမက စားဖိုပြာ၊ ထင်းပြာစသော ပြာအမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါသည်။
#အသုံးပြုနည်း
#နည်း(၁)
စဖိုပြာ------------(၁)ခွက်{နို့ဆီဗူး}
ထုံးမှုန့်-----------(၁)ခွက်{နို့ဆီဗူး}
ရေ--------------(၈)ပုလင်း{၈လီတာ}
စားဖိုပြာတစ်ခွက်၊ ထုံးမှုန့်တစ်ခွက်ကိုရေ(၈)လီတာတွင်ဖျော်စပ်ပါ။ ပြာမှုန့်များရေတွင်လုံးဝပျော်ဆင်းသွားသည်အထိ မွှေ၍သမပေးပါ။ ထုံးမှုန့်၊ပြာမှုန့်များကျေပျက်သည်အထိမွှေပြီးနောက် နာရီအနည်းငယ်ကြာထားပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့်စစ်ချ၍ အသုံးပြုနိုင်ပြီဖြစ်သည်။ လောက်ကောင်များ၊ကျိုင်းကောင်များကိုကာကွယ်နိုင်သည်။
#နည်း(၂)
စဖိုပြာ-------(၆၀)ကျပ်သား/(၁)ကီလိုဂရမ်
ရေနံဆီ----(၆)ဇွန်း-လက်ဖက်ရည်ဇွန်း/(၃၀)စီစီ
စားဖိုပြာ(၆၀)ကျပ်သားကိုရေနံဆီ(၆)ဇွန်းဖြင့်ရောမွှေ၍သမအောင်လုပ်ပေးပါ။ ပြာမှုန့်များအားလုံးရေနံဆီများစိမ့်ဝင်နိုင်ရန် ကောင်းကောင်းမွှေနောက်ချေမွပေးရပါသည်။ သီးနှံပင်များပေါ်တွင်ပက်ဖြူးပေးခြင်းဖြင့် စုပ်စားပိုးများကိုကာကွယ်နိုင်သည်။
ဤစနစ်သည်သီးနှံပင်ပေါ်များတွင် ကြာရှည်မတည်ရှိနိုင်သဖြင့်တစ်ပတ်နှစ်ကြိမ်ခန့် ပက်ဖြူးသင့်သည်။စုပ်စားပိုးများကို ကြိုတင်ကာကွယ်မှုအနေဖြင့်အသုံးပြုခြင်းဖြစ်သည်။
#နည်း(၃)
စဖိုပြာ---(၁)ဇွန်းမောက်မောက်-ထမင်းစားဇွန်း
ရေ----(၁)လီတာ
နို့ချဉ်----(၁)ခွက်-(၂၅၀)စီစီ
စားဖိုပြာတစ်ဇွန်းမောက်မောက်ကိုရေတစ်လီတာဖြင့် ရောမွှေသမ၍တစ်ညသိပ်စိမ်ထားပါ။ ထို့နောက် နို့ချဉ်(နို့ပျက်/ဒိန်ချဉ်) တစ်ခွက်နှင့်ရောမွှေ သမအောင်ရောမွှေပါ။ ပြီးလျှင်ပိတ်စိမ်းပါးဖြင့်စစ်ချယူ၍ စစ်ကျရေကို ရေသုံးဆရော၍ ပက်ဖျန်း အသုံးပြုနိုင်ပြီ ဖြစ်သည်။
#နည်း(၄)
စဖိုပြာ------------(၁)ခွက်/(၂၅၀ဂရမ်)
သံပုရာရည်-------(၁)ခွက်/(၂၅၀စီစီ)
ရေ-------------(၁၀)ပုလင်း/(၁၀လီတာ)
စားဖိုပြာတစ်ခွက်သံပုရာရည်တစ်ခွက်တို့ကိုရေ(၁၀)ပုလင်းတွင်ရောမွှေသမပေးပြီး ပြာမှုန့်များအနည်ကျသည်အထိထားပါ။
ထို့နောက်ပိတ်စိမ်းပါးဖြင့်စစ်ချ၍ သီးနှံပင်များကိုပက်ဖျန်းနိုင်သည်။ ဘူး၊ဖရုံ၊ကျိုင်းကောင်များကိုထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်သည်။
#နည်း(၅)
စားဖိုပြာကိုဇကာချ၍ပြာနုနုရယူကာ သီးနှံပင်များကိုပက်ဖြူးပေးခြင်းဖြင့် ပျများ၊စုပ်စားပိုးများ၊ ရွက်ထွင်းပိုးများကို ကာကွယ်နိုင်သည်။ ကောက်ပဲသီးနှံဘေးထွက်ပစ္စည်းဖြစ်သော ကောက်ရိုး၊ပြောင်းဖူးအူတိုင်များကို မီးရှို့၍ ရလာသော ပြာများကိုလည်း အသုံးပြုနိုင်သည်။ ယူကလစ်ရွက်ခြောက်ကိုပြာချ၍လည်းအသုံးပြုနိုင်သည်။ သတိပြုရန်တစ်ချက်မှာ အုန်းဆန်၊အုန်းခွံမှရသောပြာများသည် ဟင်းသီးဟင်းရွက်ပင်များ၏အရွက်ကို လောင်ကျွမ်းနိုင်သော အာနိသင်ရှိသဖြင့် ၎င်းပြာများကိုမသုံးသင့်ပါ။ သီးနှံပင်ခြေရင်းတွင်ပြာများဖြူးပေးထားခြင်းဖြင့် ပုရွက်ဆိတ်များကိုလည်းကာကွယ်နိုင်သည်။
သင်္ဘောပင်ခြေရင်းတွင်ပြာများများပုံပေးခြင်းဖြင့် သင်္ဘောပင်ပုပ်ရိသေဆုံးတတ်သည်ကိုမူသတိပြုရန်လိုသည်။
ရှမ်းပြည်တွင်အလေ့ကျပေါက်သော စိန်နားပန်(Lantana aculeata)ကိုပြာချ၍ ပက်ဖြူးပေးခြင်းဖြင့် ရွက်ထွင်းပိုးများကို ကာကွယ်နိုင်သည်။ ဟင်းသီးဟင်းရွက်ပျိုးခင်းများတွင် ပြာမှုန့်ဖြူးပေးထားခြင်းဖြင့်ပုရွက်ဆိတ်၊ပင်ဖြတ်ပိုးများကို ကာကွယ် နိုင်သည်။ ပိစပ်ပင်ကိုမီးရှို့၍ရလာသောပြာသည်လည်း ထိရောက်မှုရှိသည်။ ပိစပ်ပင်များသည်ပေါင်းပင်များ ဖြစ်သဖြင့် ပေါင်းရှင်းပြီးသားဖြစ်သကဲ့သို့ ပြာကိုလည်းအကျိုးရှိစွာအသုံးချနိုင်သည်။ ပိစပ်ပင်များကို ခုတ်စင်း၍ ပျိုးခင်းဘောင်၊ စိုက်ဘောင်များပေါ်တွင် နေလှန်းခြောက်သွေ့စေ၍မီးရှို့ပေးခြင်းဖြင့် ပျိုးပင်၊စိုက်ပင်များကိုပုရွက်ဆိတ်ရန်မှ ကင်းဝေးစေကာ ပင်ဖြတ်ပိုးများကိုလည်းကြိုတင်ကာကွယ်ပေးသည် စိုက်ခင်းများတွင် ပင်ကြွင်းပင်ကျန် များကို မီးရှို့ပေးခြင်းဖြင့် ပိုးများကို ကာကွယ်နိုင်သကဲ့သို့အပင်ရောဂါများကိုလည်း သုတ်သင်ပြီးသားဖြစ်ကာ မြေဆီလွှာ ကိုလည်း ကောင်းမွန်စေပါသည်။
ပြာမှုန့်များကိုစိုက်ခင်များတွင်ပက်ဖြူးမည်ဆိုပါကနည်း(၃)နည်းဖြင့်အသုံးပြုနိုင်သည်။
၁။ ပြာမှုန့်များကိုလက်တွင်ဆုပ်ယူ၍ အပင်များပေါ်သို့ပက်ဖြူးခြင်းဖြစ်သည်။
၂။ ပြာမှုန့်ကိုပိတ်စိမ်းပါးနှင့်ထုပ်ယူပြီးအပင်များပေါ်တွင် ခါချပေး၍ ပက်ဖြူးပေးနိုင်သည်။
၃။ ပြာမှုန့်ကိုပေါင်ဒါမှုန့်ဘူးခွံများတွင်ထည့်သွင်းပြီးအပင်များပေါ်သို့ပက်ဖြူးပေးနိုင်သည်။
Lu Gyan Gyi
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026