ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင်းရှိ စပါးကွင်းတချို့တွင် ယခုနှစ်မိုးစပါးရာသီ၌ ရွှေခရုများစတင်ကျရောက်လျက်ရှိ
စပါးအဓိကဖျက်ပိုးတစ်မျိုးဖြစ်သော ရွှေခရုသည် မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြန့်နှံ့လာနေသည်။ အဓိကအားဖြင့် ဧရာဝတီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်တစ်ချို့နှင့် ထားဝယ်ဒေသတချို့တွင် ပြန့်နှံကျရောက်နေသည်။ ပဲခူးတိုင်းတွင် ပဲခူး၊ ဝေါ၊ ကဝ၊ သနပ်ပင်၊ အုတ်တွင်းမြို့နယ်တို့တွင် ယခင်နှစ်မိုးစပါးရာသီမှ စတင်ပြန့်နှံ့ကျရောက် လာသည်။ ယခုနှစ်မိုးစပါးရာသီတွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင်လည်း စတင်ကျရောက်လာပီဖြစ်သည်။
စပါးတွေကြဲထားတာ ကြာပြီကို အပင်တွေ အကွက်လိုက်မပေါက်လာဘူးဆိုပြီး စောင့်ကြည့်နေတာ။ ရေကလည်း တစ်မိုက်လောက်ကျော်တာကို။ ဒါနဲ့ သေချာဆင်းကြည့်တော့မှ ရေအောက်မှာ စပါးပင်ငုတ်တိုလေးတွေပဲကျန်တာ သွားတွေ့တာ။ ရေထုတ်လိုက်မှ ဘယ်နဲ ့..... ခရုတွေစားလို့ ငုတ်တိုပဲကျန်တာဆိုတာသိတော့တယ်။ အဘတို့ အသက် ၂၀ ကတည်းက ခုအသက် ၆၀ ကျော်ထိ လယ်လုပ်စားလာတာ တစ်ခါမှ ခရုစားလို့ စပါးပျက်တာ မကြုံဖူးဘူးလေ။ အစက တခြားလယ်သမားတွေရော ဘယ်ယုံကြမလဲ။ နောက်မှ ရေခမ်းလာပြီး ခရုတွေအများကြီးပေါ်လာမှ ယုံကြတာဗျာ..။ အဲ့တော့ စပါးခင်းလည်း ကုန်လုနီးပါးဖြစ်နေပြီလေ...။
ဟု ရေတာရှည်မြို့နယ် ဆွာမကွင်းမှ ဆွာရွာမကြီးကျေးရွာနေ တောင်သူ ဦးအောင်ကြီးမှ ပြောသည်။
စပါးကွင်းများ အားလုံးနီးပါးပျက်ဆီးသွားမှုကြောင့် မျိုးစေ့၊ မြေပြင်ခြင်း၊ လုပ်အားများထပ်မံရင်းနှီးစိုက်ထုတ်၍ ပြန်လည်စိုက်ပျိုးခဲ့ကြရသည်။
အဲ့ခရုတွေကို တချို့တော့ ကောက်ပြီးရောင်းကြတယ်။ ဒါပေမယ့် ကောက်ရောင်းတာနဲ့ ဘယ်ကုန်မလဲ။ အဘကေတာ့ ဆေးဖျန်းသေးတယ်။ နည်းနည်းတော့သေပြီး ရေပေါ်ပေါ်လာကြတယ်။ တချို့လယ်သမားတွေက ကောက်ပြီး မသတ်ပစ်ချင်လို့ ချောင်းထဲသွားလွှတ်ပစ်ကြတယ်ပြောတယ်။ နောက်တော့ မိုးပြတ်ပြီးရေခမ်းသွားတာနဲ့တိုးတော့ သေကုန်ကြတယ် သိပ်မရှိတော့ဘူး။ ဒါနဲ့ လယ်တွေပြန်ဖျက်၊ သမန်းပြန်လုပ်ပြီး ပျိုးထောင်ပြီးပဲ ပြန်စိုက်လိုက်တော့တာ။ ကုန်းကျတဲ့လယ်ကွက်မှာ ပျိုးထောင်ပြီး ပျိုးသက် ၁ လခွဲ ရင့်မှ စိုက်ရဲတော့တယ်။ စပါးပင်နုရင် ပြန်လာပြီးစားကြမှာစိုးလို့လေ။ ကောက်ပြန်စိုက်တော့ လယ်ကွင်းထဲမှာ ခရုတွေကကျန်နေသေးတော့ ကောက်စိုက်သမတွေကို လုပ်အားခပိုပေးပြီးမှ စိုက်ခိုင်းရတယ်။ ခြေထောက်တွေကို ထိုးခွဲတာကိုး ခရုခွံတွေက ဘယ်သူမှမဆင်းရဲကြဘူးလေ။ အဘတို့ မျိုးဖိုးလည်း နှစ်ဆကုန်၊ စိုက်ခလည်း ပိုကုန်၊ ထယ်ထိုးထွန်ယက်ခလည်း နှစ်ဆကုန်နဲ့ စပါးသိမ်းချိန်ကြရင် အရင်းတောင်ပြန်ရပါ့မလား မသိဘူး။
ဟု တောင်သူဦးအောင်ကြီးမှ ဆက်လက်ပြောသည်။
ယခင်က ရွှေခရုကျရောက်မှု မရှိဖူးသေးသောကြောင့် တောင်သူများ ရွှေခရု၏ ပြန့်နှံ့မှု၊ ဖျက်ဆီးမှုကို မထိန်းချုပ်နိုင်ခဲ့ပါ။ ထို့ပြင် နှိမ်နင်းရာတွင် စနစ်တကျစွန့်ပစ်သင့်သော ဗဟုသုတမရှိသောကြောင့် ချောင်း၊ မြောင်းများတွင် စွန့်ပစ်ခဲ့ကြသည်။ ၎င်းကို မြို့နယ် စိုက်ပျိုးရေးရုံးမှ တာဝန်ယူကွင်းဆင်း၍ ကာကွယ်နှိမ်နင်းနည်း စနစ်များ၊ စွန့်ပစ်နည်းစနစ်များကို ပညာပေးရန်လိုအပ်နေပီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
သိင်္ဂီလှိုင် (B.Agr.Sc)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်မေးခွန်းများ
စပါးဂုတ်ကျိုးရောဂါ.ဖြန်းတဲ့ဆေး ပိုနေလို့ မတ်ပဲမှာရောသုံးလို့ရလားဗျ ဘယ်လိုအခြေအနေမှာသုံးသင့်လဲခင်ဗျ
အေးကျော်ဖြိုး • ဖြေကြားချက် 1 ခု
ငရုတ်အရွက်နဲ့အညွန့်လေးတွေအဲ့လိုဖြစ်ဘာရောဂါဖြစ်/ဘာဆေးပတ်ရမလဲ/ဆရာတို့
ထက်သူ • ဖြေကြားချက် 4 ခု
ဆရာတို့ရေဘာရောဂါလဲဘာဆေးတွေဖြန်းရမလဲပြောပါဦသက်တန်း၂၈ရက်ဥကြီးဖို့ကယ်စီယမ်ဘိုရွန်နဲ့၅၂+၃၄ဖြန်ထားပါတယ့
aungkolatt • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်တောင်သူတစ်ယောက်ပါ.။အပင်ငယ်မှာအပေါက်ကောင်းပြီးအရွယ်ရောက်တဲ့အခါအပင်သေတွေအရမ်းများလို့နည်းလမ်းလေးများညွှန်ကြပါဦးခင်ဗျာ။
ထူးလွင် • ဖြေကြားချက် 1 ခု
ရေနာမိတဲ့ မတ်ပဲတွေဘာဆေးဖျန်းရမလဲ
ထက်ကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
အသီးမှည့်ခြင်းကို ထိန်းချုပ်နေတဲ့ မမြင်ရတဲ့ ဓာတ်ငွေ့ အီသိုင်လင်း
23/11/2026
အသံ
နိုဝင်ဘာ ၂၄ မှ ၃၀ ရက်နေ့အထိ တစ်ပတ်စာ မိုးလေဝသ သုံးသပ်ချက်
23/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၆-၂၀.၁၁.၂၀၂၆)
20/11/2026
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020