အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,664
လွန်ခဲ့သော ၂၇ မိနစ် က · ချောက်

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

မြေဆီလွှာ ခရမ်းချဉ်
You
85
လွန်ခဲ့သော ၁ နာရီ က · စလင်း

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

အပင်အာဟာရ နှမ်း
346,360 လွန်ခဲ့သော ၄၃ မိနစ် က

ဆောင်းနှမ်းစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးစေရန် သက်တမ်းအလိုက် ရွက်ဖျန်းဆေးများကို စနစ်တကျ သုံးစွဲရပါမယ်။ အပင်ကြီးထွားမှုကာလ (သက်တမ်း ၂၀-၃၅ ရက်) တွင် အပင်သန်စွမ်းပြီး ကိုင်းဖြာအားကောင်းစေရန် နိုက်ထရိုဂျင်နှင့် အမိုင်နိုအက်ဆစ် မြင့်မားသော အရွက်ဖျန်းဆေးကို ပက်ဖျန်းရပါမယ်။ ပန်းပွင့်စပြုချိန်မှ ပန်းပွင့်စုံချိန် (သက်တမ်း ၃၅-၅၀ ရက်) တွင်မူ ပန်းပွင့်ကြွေခြင်းမှ ကာကွယ်ရန်နှင့် ဝတ်မှုန်ကူးအားကောင်းစေရန် ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ဘိုရွန်နှင့် ဇင့် (သွပ်) ဓာတ်ပါဝင်သော အပွင့်အားဆေးများကို (၂) ကြိမ်ခွဲ၍ ဖျန်းပေးသင့်တယ်။ နောက်ဆုံး အသီးတင်အစေ့အဆန်တည်ချိန် (သက်တမ်း ၅၀ ရက်နောက်ပိုင်း) တွင် အစေ့အဆန်ပြည့်ဝပြီး အလေးချိန်စီးကာ ဆီထွက်နှုန်းကောင်းမွန်စေရန် ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်သောအသီးတင်ဆေးကို ဖျန်းပေးရပါမယ်။ ဆေးဖျန်းရာတွင် နေပူချိန်ကိုရှောင်၍ နံနက်စောစော သို့မဟုတ် ညနေအေးချိန်တွင်သာ ဖျန်းပေးရန် လိုအပ်ပါတယ်။

You
9,887
လွန်ခဲ့သော ၂ နာရီ က · မအူပင်

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

ပိုးမွှားရောဂါ ဂန္ဓမာ
Post image
346,360 လွန်ခဲ့သော ၄၈ မိနစ် က

ဆေးတွေကတော့ကိုဖြိုးဝေစိုး ဖြေကြားပြီးပြီမို့ စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ညနေစောင်းအချိန်တွင် အရွက်အောက်မျက်နှာပြင်များအထိ သေချာစိမ့်ဝင်အောင် ဖြန်းပက်သုံးစွဲလေ့ရှိတယ်

23,490 လွန်ခဲ့သော ၂ နာရီ က

ငှက်ကြီးတောင် အန်တို ပန်ဒမ် အီမာလန်ဒါ အလန်း အဆင်ပြေရာဖြန်း

You
74
လွန်ခဲ့သော ၅ နာရီ က · ဇလွန်

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

ပိုးမွှားရောဂါ ကွမ်း
Post image
346,360 လွန်ခဲ့သော ၂ နာရီ က

အရင်ဦးဆုံး ရွှေဟိုင်းမက်ကို အပင်ခြေစိုရွှဲအောင်ဖျန်းပေးပြီးနောက် ၅ရက်အကြာမှာ Azoxystrobin ကို အပင်အပေါ်အပိုင်း တစ်ပင်လုံးနှံ့စပ်အောင်ဖျန်းပေးပါဗျ

You
465
လွန်ခဲ့သော ၅ နာရီ က · ယင်းမာပင်

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

အပင်အာဟာရ ကြက်သွန်နီ
465 လွန်ခဲ့သော ၄ နာရီ က

@Thein Soe Min အဲနည်းနဲ့လည်း လုပ်ထားတယ် ခုက ကျောက်မှုန့် တဆေးတို့ထည့်ပြီး လုပ်ကြည့်ချင်တာပါ AI က ဖြေထားတာတော့ရှိပါတယ် ဆရာတို့လို ပညာရှင်စကားကို အတည်ပြုရယူချင်တာပါ ကျေးဇူးပါဆရာ

အတည်ပြုပြီး 323,942 လွန်ခဲ့သော ၅ နာရီ က

ဒီနည်း အသုံးလုပ်မယ်ဆိုရင် ကျောက်မှုန့်မလိုပါဘူးဗျ။ ဓာတ်မြေသြဇာစရိတ် သက်သာစေမည့် အိန္ဒိယနိုင်ငံကျော် "ဂျီဗာမရုသမ်" (Jeevamrutham) ပြုလုပ်အသုံးပြုနည်း ခေါင်းစဉ်ဖတ်ပြီး လိုက်လုပ်ကြည့်ပါဗျ။

You
199
လွန်ခဲ့သော ၆ နာရီ က · မအူပင်

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

စိုက်ပျိုးစီးပွား အိမ်တွင်းအလှစိုက်ပင်
Post image
199 လွန်ခဲ့သော ၅ နာရီ က

‌ဖြေကြားပေးတဲ့ ဆရာများကို။ အထူးပဲကျေးဇူးတင်ပါတယ်ရှင့်။

346,360 လွန်ခဲ့သော ၅ နာရီ က

နှင်းပန်းအဖူးများ ခါးမှပုပ်ပြီး ပုံပျက်သွားရခြင်းမှာ စိုစွတ်ဆွတ်ပြီး လေဝင်လေထွက် ညံ့ဖျင်းသော ပတ်ဝန်းကျင်ကြောင့် ဖြစ်ပွားတတ်သည့် ဘိုထရိုက်တစ် (Botrytis) သို့မဟုတ် ဖိုက်သော်သရာ (Phytophthora) မှိုရောဂါ ကြောင့် ဖြစ်တာပါ။ ရောဂါကို ထိရောက်စွာ ကုသနိုင်ရန်အတွက် ပုပ်နေသော အဖူးနှင့် အရွက်များကို ချက်ချင်း ဖြတ်တောက် ဖျက်ဆီးပစ်ရမည် ဖြစ်ပြီး၊ ကာဗင်ဒါဇင် (Carbendazim) သို့မဟုတ် သိုင်အိုဖနိတ်မီသိုင်း (Thiophanate-methyl) သို့မဟုတ် Azoxystrobin ကဲ့သို့သော ပင်လုံးပျံ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို (၅) ရက်မှ (၇) ရက်ခြား တစ်ကြိမ် နှံ့စပ်အောင် ပက်ဖျန်းပေးရပါမယ်။( အရွက်နှင့် အပင်ခြေအထိ သေချာနှံ့စပ်အောင် ပက်ဖျန်းပေးပါ။ ထို့ပြင် အစိုဓာတ်လွန်ကဲမှုကို လျှော့ချရန်အတွက် ရေလောင်းရာတွင် အပင်အပေါ်မှ ပက်မလောင်းဘဲ အပင်ခြေကိုသာ လောင်းပေးရပါမယ်။ ဆေးဖျန်းရာတွင် နေပူရှိန်ပြင်းသော အချိန်ကို ရှောင်ကြဉ်ပြီး ညနေစောင်း သို့မဟုတ် မနက်စောစောတွင် ဖျန်းပေးပါ။ညနေပိုင်း ရေလောင်းခြင်းကို ရှောင်ပါ (ညဘက် အစိုဓာတ်တင်ကျန်ပါက မှိုပွားလွယ်သည်)။ အပင်များကို စိပ်လွန်းစွာ မစိုက်ဘဲ လေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပေးပါ။ လုံလောက်သော နေရောင်ခြည် ရရှိပါစေ။

You
676
လွန်ခဲ့သော ၇ နာရီ က · မအူပင်

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

စိုက်ပျိုးနည်း မတ်ပဲ
20 လွန်ခဲ့သော ၄၆ စက္ကန့် က

@သော်ဇင် Trichodermaကိုမျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုပြီး ဘယ်နရက်လောက်ခြားပြီးဓာတုဆေးတွေအသုံးပြုလို့ရပါသလဲဆရာ

346,360 လွန်ခဲ့သော ၆ နာရီ က

မတ်ပဲစိုက်ပျိုးရာတွင် ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှိုကို အဆင့်ဆင့် စနစ်တကျ အသုံးပြုခြင်းဖြင့် ပဲပင်ဝါးညှိုးသေခြင်းနှင့် အမြစ်ပုပ်/ပင်စည်ပုပ် ရောဂါများကို ကာကွယ်နိုင်ပါတယ်။ အသုံးပြုရာတွင် မြေပြင်ချိန်၌ သဘာဝမြေဩဇာနှင့်ရော၍ မြေခံထည့်ခြင်း၊ စိုက်ပျိုးခါနီးတွင် မျိုးစေ့လူးနယ်ခြင်းနှင့် အပင်ပေါက်ပြီး သက်တမ်းအလိုက် အပင်ခြေသို့ ရေဖြင့်‌ ရောစပ်ဖျန်းပေးခြင်းဟူ၍ အဆင့်ဆင့် ဆောင်ရွက်လို့ရပါတယ်။ ဤမှိုသည် ရောဂါမှိုများကို ရှာဖွေဖျက်ဆီးရုံသာမက အမြစ်စနစ်ကို အားကောင်းစေကာ ပဲအထွက်နှုန်းကို တိုးတက်စေပါတယ်။ သို့သော် ၎င်းသည် သက်ရှိမှိုဖြစ်၍ ဓာတုမှိုသတ်ဆေးများနှင့် တွဲဖက်သုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
521
လွန်ခဲ့သော ၈ နာရီ က · ပြည်

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

အပင်အာဟာရ စပါး
Post image
346,360 လွန်ခဲ့သော ၈ နာရီ က

ပုံပါ ကျောက်စိမ်းပဒေသာစပါးခင်းသည် နိုက်ထရိုဂျင် (အာဟာရ) ဓာတ် အလွန်အမင်း ချို့တဲ့နေပြီး အရွက်များ ဝါကြန့်နေခြင်း ဖြစ်ပါတယ်။ တောင်သူမေးမြန်းထားသော နွားသေး (နွားကျင်ငယ်ရေ) မှာ နိုက်ထရိုဂျင် ပါဝင်သော်လည်း ယခုကဲ့သို့ အပြင်းအထန် ချို့တဲ့နေချိန်တွင် အရွက်ဖြန်းရုံဖြင့် လုံလောက်သော အာဟာရကို ချက်ချင်းမရနိုင်ပါဘူး။ ထို့ကြောင့် အပင်များ အမြန်ဆုံး ပြန်လည်နာလန်ထူပြီး အစိမ်းရောင်တောက်လာစေရန်အတွက် တစ်ဧကလျှင် ယူရီးယား (ပုလဲ) မြေဩဇာ အိတ်ဝက် (၂၅ ကီလိုဂရမ်ခန့်) ကို မြေအစိုဓာတ်ရှိချိန်တွင် ချက်ချင်း ပက်ကျဲကျွေးရပါမယ်။ ၎င်းအပြင် အာဟာရစုပ်ယူမှု ပိုမိုမြန်ဆန်စေရန် ဇင့်ဆာလဖိတ် သို့မဟုတ် ပုလဲ မကျွေးချင်ပါကအမိုနီယမ်ဆာလဖိတ်ကို တွဲဖက်ကျွေးခြင်းခြင်းဖြင့် အရွက်များ ဝါခြင်းကို အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပုလဲနှင့်ကွန်ပေါင်းမြေဩဇာတစ်မျိုးမျိုးကိုထည့်သွင်းပေးပါခင်ဗျာ၊ ‌အဟာရချို့တံလွန်းရင် နောက်ဆိုမှိုရောဂါကျရောက်ခြင်းပါခံရပါလိမ့်မယ်ခင်ဗျာ၊ အရင်ကဘာမြေဩဇာတွေကျွေးပေးပြီးပြီလဲ၊ နောက်ဆုံးမြေဩဇာကျွေးပြီးတာရောရက်ပေါင်းဘယ်လောက်ကြာပြီလဲခင်ဗျာ

You
ဖြေလည်သော အဖြေရရှိပြီး
521
လွန်ခဲ့သော ၂၀ နာရီ က · ပြည်

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

အပင်အာဟာရ မြေပဲ
အတည်ပြုပြီး 1,115,977 လွန်ခဲ့သော ၁၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရက်20သားကို၊နွားသေး 2လီတာ/ဆေးတပုံး နုန်းဖျန်းရင်၊အပင်လောင်နိုင်ပါတယ်။ (ရာသီဥတု၊အပူချိန်မြင့်နေတဲ့ကာလ မို့၊ပိုဆိုးနိုင်ပါတယ်) ဆေးတပုံး ၅၀၀စီစီ ဖျန်းရင်သင့်တော်ပါတယ်။

346,360 လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

မြေပဲသက်တမ်း ၂၀ ရက်သားတွင် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသော နွားကျင်ငယ်ရေကို သဘာဝအားဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဆေးဖျန်းပုံးတစ်ပုံး (၁၆-၂၀ လီတာ) လျှင် နို့ဆီဘူး ၂ ဘူးမှ ၃ ဘူးခန့် (၂၅၀-၃၅၀ စီစီ) အချိုးအစားဖြင့် ရေနှင့်ရောစပ်၍ ဖျန်းပေးရပါမယ်။ နွားကျင်ငယ်ရေကို တိုက်ရိုက်မသုံးရဘဲ၊ လေလုံသောပုံးထဲတွင် အနည်းဆုံး ၇ ရက်မှ ၁၀ ရက်ခန့် အချဉ်ဖောက် သိုလှောင်ပြီးမှသာ အပေါ်အရည်ကြည်ကို စစ်ယူသုံးစွဲရပါမယ်။ နေပြင်းချိန်တွင် အရွက်လောင်တတ်သဖြင့် မနက်စောစော သို့မဟုတ် ညနေစောင်း နေအေးချိန်တွင်သာ ဖျန်းပေးရမှာပါ။ နှစ်လီတာထည့်ဖျန်းရင်အပင်လောင်မှာပါ။အနည်းဆုံးနို့ဆီဗူး၂ဗူးကစပြီး စမ်းသပ်ဖျန်းကြည့်ရမှာပါ

You
676
လွန်ခဲ့သော ၂၀ နာရီ က · မအူပင်

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

စိုက်ပျိုးနည်း ခရမ်းချဉ်
346,360 လွန်ခဲ့သော ၂၀ နာရီ က

ခရမ်းချဉ်စေ့များသည် ပုံမှန်အားဖြင့် အပင်ပေါက်ရန် အပူချိန်နှင့် စိုထိုင်းဆပေါ်မူတည်၍ ၅ ရက်မှ ၁၀ ရက်အထိ (အခြေအနေမပေးပါက ၁၄ ရက်အထိ) ကြာမြင့်တတ်သဖြင့် လက်ရှိ ၅ ရက်ဆိုသည့်ကာလမှာ စိတ်ပူရန်မလိုသေးဘဲ နောက်ထပ်ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းပေးရပါမယ်။ အပင်ပေါက်နှုန်း ကောင်းမွန်စေရန်အတွက် ပျိုးမြေကို ခြောက်မသွားစေဘဲ အမြဲစိုစွတ်နေအောင် ဂရုစိုက်ပေးရမည်ဖြစ်ပြီး၊ အစေ့ကို အလွန်နက်ရှိုင်းစွာ မြှုပ်နှံမိပါကလည်း အပင်ပေါက်ရန် ကြာမြင့်တတ်သဖြင့် အစေ့အထက်တွင် မြေသား ၀.၅ စင်တီမီတာခန့်သာ ဖုံးအုပ်ထားသင့်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
93
လွန်ခဲ့သော ၂၂ နာရီ က · မင်းလှ

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

မြေဆီလွှာ မတ်ပဲ
အတည်ပြုပြီး 1,115,977 လွန်ခဲ့သော ၁၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

လစ်တမတ် စက္ကူကို အသုံးပြုတိုင်းနည်း။ မုန့်ဖုတ်ဆိုဒါ၊ဗီနီကာ များနှင့် တိုင်းနည်း။ ဂေါ်ဖီထုပ်အနီ ရောင် အရည်ဖြင့် တိုင်းတာ နည်းများ ရှိပါတယ်။

346,360 လွန်ခဲ့သော ၂၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

မြေဆီလွှာ၏ pH level (အချဉ်အငန်ဓာတ်) ကို တိုင်းတာရန် စက်မရှိပါက အိမ်သုံးပစ္စည်းများဖြစ်သော ဗာနီဂါရှာလကာရည် (Vinegar) နှင့် မုန့်ဖုတ်ဆိုဒါ (Baking Soda) တို့ကို အသုံးပြု၍ အကြမ်းဖျင်း စမ်းသပ်နိုင်ပါတယ်။ မြေနမူနာထဲသို့ ဗာနီဂါထည့်၍ အမြှုပ်ထလာပါက အယ်လ်ကာလီဓာတ်ကဲသောမြေ (Alkaline) မြေငံဖြစ်ပြီး၊ မုန့်ဖုတ်ဆိုဒါထည့်၍ အမြှုပ်ထလာပါက အချဉ်ဓာတ်ကဲသောမြေ (Acidic) မြေချဉ်ဖြစ်ကာ၊ တစ်ခုမှ အမြှုပ်ထမလာပါက သီးနှံအတွက် အကောင်းဆုံးဖြစ်သော ဓာတ်ပြယ်မြေ (Neutral) ဖြစ်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
66
လွန်ခဲ့သော ၂၃ နာရီ က · ရွာငံ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
Post image
346,360 လွန်ခဲ့သော ၂၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

မျှားနီ တောင်ပေါ်သား (၉၇၉) ခရမ်းချဉ် မျိုးစေ့သည် အထွက်နှုန်း အလွန်ကောင်းမွန်သော ပတ်ဝန်းကျင်ဒဏ်ခံ F1 Hybrid စပ်မျိုးဗီဇ ဖြစ်ပါတယ်။ မြေပြင်လက်တွေ့ စိုက်ပျိုးမှု အခြေအနေများအရ တစ်ပင်လျှင် ပျမ်းမျှ ၃ ပိဿာမှ ၅ ပိဿာ ထွက်ရှိလေ့ရှိပြီး၊ ရာသီဥတုပေး၍ မြေဩဇာကျွေးမွေးမှု၊ ကိုင်းချိုင်စင်တင်မှုနှင့် ရေသွင်းရေထုတ်ကို စနစ်တကျ အထူးဂရုစိုက် ထိန်းကျောင်းနိုင်ပါက အပင်တစ်ပင်၏ သက်တမ်းတစ်လျှောက် အမြင့်ဆုံး ၇ ပိဿာမှ ၁၀ ပိဿာအထိ စံချိန်တင် ထွက်ရှိနိုင်စွမ်း ရှိပါတယ်။ အိတ်ပါ အညွှန်းအရလည်း အပင်ပေါက်နှုန်း ၈၅% နှင့်အထက် ရှိ၍ အရည်အသွေး စိတ်ချရသော မျိုးကောင်းမျိုးသန့် ဖြစ်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
76
လွန်ခဲ့သော ၂၃ နာရီ က · ကျောင်းကုန်း

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

စိုက်ပျိုး ဗဟုသုတ မတ်ပဲ
346,360 လွန်ခဲ့သော ၂၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

လက်ရှိ မိုးနှောင်း/ဆောင်းအကြိုကာလသည် မတ်ပဲစိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်ပြီး မိမိဒေသ ရေမြေအခြေအနေပေါ်မူတည်၍ ပဲမျိုးများကို စနစ်တကျရွေးချယ်သင့်ပါတယ်။ ရွက်ပြောက်ဝါရောဂါဒဏ် ခံနိုင်ရည်ရှိပြီး သက်တမ်း ၈၅-၉၀ ရက်ရှိသော မတ်ပဲ (ရေဆင်း-၄)၊ TBL -9မျိုး ရွေးချယ်သင့်ပါတယ်။မြေအစိုဓာတ်ရှိစဉ် အောက်တိုဘာမှ နိုဝင်ဘာလလယ်အတွင်း အမြန်ဆုံးစိုက်ပျိုးရန် လိုအပ်ပြီး၊ မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်၍ စိုက်ပျိုးသင့်ပါတယ်။

346,360 လွန်ခဲ့သော ၂၂ နာရီ က
You
411
လွန်ခဲ့သော ၁ ရက် က · ပုသိမ်

GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။

စိုက်ပျိုးနည်း စပါး
346,360 လွန်ခဲ့သော ၁ ရက် က

GW 11 စပါးမျိုးကို ကြဲပက်စိုက်ပျိုးရာတွင် စိုက်ပျိုးသည့် စနစ်ပေါ်မူတည်၍ မျိုးစေ့နှုန်းထား ကွာခြားမှု ရှိပါတယ်။ တောင်သူအများစု သုံးစွဲကြသည့် တိုက်ရိုက်အစေ့ချစနစ် (သို့မဟုတ်) ကြဲပက်စိုက်ပျိုးခြင်း စနစ်အတွက် တစ်ဧကလျှင် မျိုးစေ့ ၁၈ ပြည် မှ ၂၀ ပြည်ခန့်စိုက်ပျိုးရန် အကောင်းဆုံး ဖြစ်ပါတယ်။ အကယ်၍ အထွက်နှုန်း ပိုမိုသေချာစေမည့် ပျိုးထောင်ကောက်စိုက်စနစ် ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကအတွက် ပျိုးထောင်ရန် မျိုးစေ့ ၅ ပြည် မှ ၇ ပြည်ခန့်သာ လုံလောက်စွာ လိုအပ်မည် ဖြစ်ပါတယ်။ မျိုးစေ့နှုန်းထားကို စနစ်တကျ သုံးစွဲခြင်းဖြင့် ပင်ပွားထွက်နှုန်းနှင့် အထွက်နှုန်းကို အမြင့်ဆုံး ရရှိစေနိုင်ပါတယ်။ပါးပါးကျဲရင် စပါးအထွက်နှုန်းနည်းတယ်" ဆိုသည့် အယူအဆမှာအပြည့်အဝ မမှန်ကန်ပါဘူး။ စပါးအထွက်နှုန်းသည် မျိုးစေ့အများကြီးကျဲခြင်းအပေါ် မူတည်သည်မဟုတ်ဘဲ သတ်မှတ်ထားသည့် အပင်ဦးရေသိပ်သည်းဆ မျှတမှုအပေါ်တွင်သာ မူတည်ပါတယ်။ မျိုးစေ့ကို အလွန်အကျွံ ထူထူကျဲပါက အပင်များ အာဟာရနှင့် နေရောင်ခြည် လုယူရသဖြင့် ပင်ပွားနည်းခြင်း၊ အပင်ယိုင်လဲခြင်းနှင့် ပိုးမွှားရောဂါကျရောက်ခြင်းတို့ ဖြစ်ကာ အထွက်နှုန်း ပိုမိုကျဆင်းစေတတ်ပါတယ်။ ဆန့်ကျင်ဘက်အနေဖြင့် စနစ်တကျ ပါးပါးနှင့် ညီညာစွာကျဲခြင်းကသာ အပင်တစ်ပင်ချင်းစီကို သန်မာစေပြီး၊ ပင်ပွားနှုန်းကောင်းကာ အောင်စေ့များပြားခြင်းကြောင့် အထွက်နှုန်းကို ပိုမိုမြင့်မားစေပါတယ်။အများကြီးပါးရင်တော့ အထွက်နှုန်းနည်းမှာပေါ့။

You
ဖြေလည်သော အဖြေရရှိပြီး
107
လွန်ခဲ့သော ၁ ရက် က · ကော့မှုး

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

ပိုးမွှားရောဂါ ကွမ်း
Post image
Post image
Post image
Post image
Post image
346,360 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ကွမ်းရွက်အောက် မျက်နှာပြင်တွင် တွေ့ရသော အဖြူစက်နှင့် အမည်းစက်ငယ်များမှာ ရောဂါ သို့မဟုတ် ပိုးမွှားကြောင့် မဟုတ်ဘဲ အပင်၏ သဘာဝဖြစ်စဉ် (Physiological Exudates) သာ ဖြစ်ပါတယ်။ ကွမ်းပင်သည် ရေဓာတ်နှင့် အာဟာရဓာတ် စုပ်ယူမှု အလွန်ကောင်းမွန်သဖြင့် လေထုစိုထိုင်းဆ မြင့်မားချိန် (အထူးသဖြင့် ညပိုင်း) တွင် ပိုလျှံသော အပင်ရည်နှင့် သကြားဓာတ်များကို အရွက်အောက်ရှိ အပေါက်ငယ်များမှတစ်ဆင့် အပြင်သို့ စစ်ထုတ်ပေးလေ့ရှိတယ်။ ထိုအရည်စက်များ ခြောက်သွေ့သွားသောအခါ အဖြူစက်များအဖြစ် ကျန်ရစ်ခဲ့ပြီး၊ ၎င်းအပေါ်သို့ ဖုန်မှုန့်များ ကပ်ငြိသွားသည့်အခါ အမည်းစက်များအဖြစ် ပြောင်းလဲ မြင်တွေ့ရခြင်း ဖြစ်တယ်။ ၎င်းသည်အ ရွက်မျက်နှာပြင်ပေါ်တွင် သကြားပွင့်ကဲ့သို့ ကပ်နေခြင်းဖြစ်၍ လက်သည်းဖြင့် အသာခြစ်ကြည့်ရုံ သို့မဟုတ် ရေဖျန်းရုံဖြင့် လွယ်ကူစွာ ကွာကျသွားနိုင်ပြီး၊ မည်သည့် ပိုးသတ်ဆေး/မှိုသတ်ဆေးမျှ ဖျန်းပေးရန် မလိုအပ်ပါဘူး။

346,360 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

ယခုလို အစက်အပြောက်များ မဖြစ်စေရန်အတွက် အဓိကအားဖြင့် ကွမ်းခြံအတွင်း လေထုစိုထိုင်းဆနှင့် အပင်တွင်း ရေဖိအားကို ထိန်းညှိပေးရပါမယ်။ ကွမ်းခြံအတွင်း လေဝင်လေထွက်နှင့် အလင်းရောင် ကောင်းကောင်းရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် အရွက်များပေါ်တွင် စိုထိုင်းဆအောင်းနေခြင်းကို လျှော့ချနိုင်ပါတယ်။ ထို့အပြင် ညပိုင်းတွင် အပင်မှ ရေငွေ့ပျံခြင်း လုပ်ငန်းစဉ် နှေးကွေးသွားတတ်သဖြင့် ညနေခင်း ရေလောင်းခြင်းကို ရှောင်ကြဉ်ပြီး နံနက်စောစောတွင်သာ ရေလောင်းပေးသင့်တယ်။ အပင်အသား နူးညံ့ပြီး အရည်ထွက် ပိုများစေသည့် ယူရီးယား (နိုက်ထရိုဂျင်) ဓာတ်မြေဩဇာကို အလွန်အကျွံ ကျွေးခြင်းမှ ရှောင်ကြဉ်ကာ အပင်ကို သန်မာစေမည့် ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်ဓာတ်များကို မျှတစွာ ဖြည့်တင်းပေးခြင်းဖြင့် ယခုဖြစ်စဉ်ကို အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။