ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
မတ်ပဲကြဲပက်ပြီးနောက် အပင်သက်တမ်းအလိုက် ရွက်ဖျန်းအားဆေးကို အဆင့် (၃) ဆင့် ခွဲခြား၍ စနစ်တကျ ပက်ဖြန်းပေးရပါမယ်။ ပဲပင်ငယ်စဉ် အရွက်နုချိန်တွင် ဆေးလောင်နိုင်သဖြင့် ကြဲပက်ပြီး သက်တမ်း ၁၅ ရက် မပြည့်မချင်း ရွက်ဖျန်းအားဆေး လုံးဝ (လုံးဝ) မဖျန်းရပါဘူး။ အပင်သန်မာစေရန် အပင်သက်တမ်း ၁၅ - ၂၅ ရက်တွင် နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်မြင့်မားသော NPK (ဥပမာ - ၂၀-၂၀-၂၀) ကို လည်းကောင်း၊ အပွင့်ဝေဆာစေရန် သက်တမ်း ၃၀ - ၃၅ ရက်တွင် ဖော့စ်ဖရပ်နှင့် ဘိုရွန်ဓာတ်ကို လည်းကောင်း၊ ပဲတောင့်အောင်ပြီး အစေ့အဆန်တည်စေရန် သက်တမ်း ၄၅ - ၅၀ ရက်တွင် ပိုတက်စီယမ်မြင့်မားသော အားဆေးကို လည်းကောင်း အချိန်ကိုက် ပက်ဖြန်းပေးရပါမယ်။ပိုးရေဂါကျမကျအမြဲစောင့်ကြည့်ပေးပါ