အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြည်ပနိုင်ငံတစ်ချို့မှ ငရုတ်သီးအမှည့်အစို Order မှာယူမှုများရှိသဖြင့် ဈေးနှုန်းများတစ်ဟုန်ထိုးမြင့်တက်လာ

ပြည်ပနိုင်ငံတစ်ချို့မှ ငရုတ်သီးအမှည့်အစို Order မှာယူမှုများရှိသဖြင့် ဈေးနှုန်းများတစ်ဟုန်ထိုးမြင့်တက်လာ

    ပြည်ပနိုင်ငံတစ်ချို့မှ ငရုတ်သီးအမှည့်အစို Order မှာယူမှုများရှိသဖြင့် ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာကြောင်း ငရုတ်သီးဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

အခုရက်ပိုင်းအတွင်း ပြည်ပဝယ်လက်ရှိနေတော့ ငရုတ်သီးဈေးတွေ ထိုးတက်လာတယ်။ မလေးရှားနိုင်ငံကနေ အဓိကဝယ်နေတယ်။ ထိုင်းနိုင်ငံဘက်မှာလည်း ငရုတ်သီးလိုအပ်ချက်ရှိနေတယ်ကြားတယ်။ အခုလို ဝယ်လိုအားရှိလာတော့လည်း မြန်မာပြည်မှာက ငရုတ်သီးမရှိဘူး။ ကျွန်တော်တို့ဒေသကထွက်တဲ့ ငရုတ်သီးတွေကလည်း အခုချိန် မရှိသေးဘူးလေ။ ဧပြီလ၊ မေလလောက်တုန်းက စိုက်ထားခဲ့တဲ့အခင်းတစ်ချို့ကလည်း ပျက်ကုန်တယ်။ မိုးတအားများလို့ အပင်ရောဂါတွေ ကျရောက်ကုန်တာကြောင့်ပါ။ အခု အသီးကျန်မယ်ဆိုလည်း မအူပင်ဘက်တော့ နည်းနည်းကျန်လောက်မယ်။ ဒါတောင် အသီးတွေက သိပ်မကြီးလောက်သေးဘူး။

ဟု  မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေသူ ကိုမြင့်ထွန်းဦးက ပြောသည်။

    ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်ဝန်းကျင်က ငရုတ်သီးအစိမ်း လက်ကားဈေးတစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ ငရုတ်သီးအမှည့်အစို လက်ကားဈေး တစ်ပိဿာလျှင် ၁၂၀၀/၁၃၀၀ ကျပ် ဈေးနှုန်းရှိခဲ့သော်လည်း၊ ယခုတစ်ပတ်အတွင်း ငရုတ်သီးအစိမ်း လက်ကားဈေး တစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်ဝန်းကျင်၊ ငရုတ်သီးအမှည့်အစို လက်ကားဈေး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဝန်းကျင်အထိ ဈေးနှုန်းများမြင့်တက်နေသည်။

ဒီနှစ် ဇူလိုင်လလောက်ကစိုက်ထားတဲ့ အသီးတွေလောက်ပဲ ဈေးကောင်းနဲ့မိနိုင်မယ်။ တောင်သူတွေကလည်း နောက်ထပ် ထပ်ပြီးစိုက်ပျိုးဖို့က မဖြစ်နိုင်သေးဘူး။ အခုနှစ်မှာ စိုက်ပျိုးစရိတ်တွေဈေးကြီးတာအပြင် အဓိကက ငရုတ်သီးဈေးကွက် မခိုင်မာမသေချာတာကြောင့်ပေါ့။ ဘယ်အချိန်ထပြီး ဈေးတက်မယ်ဆိုတာ ကြိုမသိနိုင်တဲ့အပြင် စိုက်ထားပြီးမှဈေးကောင်းနဲ့မကြုံရတာမျိုးတွေလည်း ရှိပါတယ်။ တောင်သူတွေအနေနဲ့က သုံးနှစ်မှာ တစ်နှစ်လောက် ဈေးကောင်းကြုံရင်တောင် တော်သေးတယ်။ အခုက ဈေးကွက်ပိုင်း သေချာမှု အားနည်းနေပါတယ်။

ဟု ငရုတ်သီးစိုက်တောင်သူတစ်ဦးက ဆိုသည်။

     မြန်မာနိုင်ငံတွင် ငရုတ်သီးကို မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ မြစ်သားဒေသအနီးတစ်ဝိုက်၊ မကွေးတိုင်းဒေသကြီး နတ်မောက်အနီးတစ်ဝိုက်၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ ညောင်တုန်း အနီးတစ်ဝိုက်ဒေသများတွင် အဓိကစိုက်ပျိုးထုတ်လုပ်နေကြောင်း သိရသည်။

1
ကိုဇင်မင်းသူ

ကိုဇင်မင်းသူ

လွန်ခဲ့သော ၄ နှစ် က

စပါကောင်အောင်မြေသြစ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။