သေဆုံး၊ ထိခိုက်မှု မြင့်မားသည့် ကြက်ကိုယ်တွင်းအင်္ဂါ ဂေါက်ရောဂါ
ကြက် သောက်ရေမကြာခဏပြတ်တောက်ရာမှဖြစ်သော ကြက်ရောဂါတစ်မျိုးဖြစ်သည့် ( visceral gout ) ကိုယ်တွင်းအင်္ဂါဂေါက်ရောဂါအကြောင်းတင်ပြချင်ပါသည်။
ဤရောဂါသည် ရေပိုက်များ nipple ခေါင်းများ အကြောင်းအမျိုးမျိုးကြောင့် ချေးပိတ်ခြင်း ရေဘားပိတ်ပြီးပြန်ဖွင့်ရန်မေ့လျော့ခြင်းတို့ကြောင့် မလိုအပ်ဘဲ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့လေ့ရှိသော ရောဂါလည်း ဖြစ်ပါသည်။
Gout (ဂေါက်ရောဂါ)
Urate ခေါ် ခန္ဓာကိုယ်မှ စွန့်ပစ်ရမည့် အညစ်အကြေးများသည် ကိုယ်တွင်းအင်္ဂါများ တစ်ရှူးများတွင် စုပုံနေသည့် လက္ခဏာကို gout ဟု ခေါ်ဆိုပါသည်။ urate သည် အသားဓာတ်များချေဖျက်ပြီး အာဟာရဓါတ် ပြိုကွဲရမှ ထွက်ပေါ်လာ သော end product ဖြစ်သည်။
Gout ရောဂါလက္ခဏာများ
သိသာထင်ရှားသောလက္ခဏာပြခြင်းမရှိ၊ ကြက်များကုပ်နေခြင်း၊ အစာစားလျော့ခြင်း၊ အမွေးစောင်းခြင်း၊ အရေပြား ခြောက်သွေ့ခြင်း၊ ပိန်ချုံးခြင်း၊ ကြက်၏ဖင်တွင်စိုစွတ်နေခြင်း၊ အူလမ်းကြောင်းရောင်ရမ်းခြင်းတို့ တွေ့ နိုင်ပါသည်။
Gout ရောဂါကို ( ၂ )မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ visceral gout ( ကိုယ်တွင်းအင်္ဂါဂေါက် ) နှင့် articular gout ( အဆစ်ရောင်ရမ်းကိုက်ခဲနာ )တို့ဖြစ်ပါသည်။
ဤဆောင်းပါးတွင်တော့ ကြက်များတွင် အဖြစ်များသော Visceral gout ကိုသာ တင်ပြသွားလိုပါသည်။
Visceral gout ဆိုသည်မှာ ကျောက်ကပ်ပျက်စီးခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများဖြစ်သော ဆီးပြွန်၊ နှလုံးမြှေး၊ အသည်း၊ အူထိန်းမြှေးများ၊ လေအိတ်များ၊ peritoneum ခေါ် ဝမ်းခေါင်းမြှေးတို့တွင် မြေဖြူမှုန့်ကဲ့သို့သော အမှုန်များကပ်လျှက် ၎င်းကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာကိုပါ ထိခိုက်ပျက်စီးစေသော ရောဂါဖြစ်ပါသည်။

Gout ဘာကြောင့်ဖြစ်
ပုံမှန်အားဖြင့် ကြက်တို့သည် စားလိုက်သောအစာ၏ အသားဓာတ်များဖြိုခွဲပြီးနောက် uric acid ထွက်လာကာ သွေးထဲသို့ရောက်သည်။ ထိုသွေးထဲရှိသော uric acid ကို ကျောက်ကပ်မှအညစ်အကြေးအဖြစ်စွန့် ထုတ်ပစ်လေ့ရှိသည်။ အကြောင်းကြောင်းကြောင့် ကျောက်ကပ်မှ စွန့်ထုတ်နိုင်သော ပမာဏထက်များလာပါက ကောင်းစွာ မစွန့်ထုတ်နိုင်ပဲ gout ရောဂါကိုခံစားစေရပါသည်။ ကြက်များတွင် Gout ဖြစ်စေရန် ဆက်နွှယ်သော အကြောင်းအရာများစွာ ရှိနေပါသည်။
၁။ အစာတွင် CALCIUM များပြားခြင်း
အချို့ကြက်မွေးမြူသူတို့ 16 ပတ်အရွယ်ဥစမ်းကိုဝယ်ယူပြီးမွေးမြူရာ ဥ မဥသေးမီကပင် ဥစားစာကို ကျွေးသည်ကို တွေ့ဖူးပါသည်။ အမှန်မှာ PRE-LAYER FEED ခေါ်သော ဥစမ်းအရွယ် ကျွေးမွေးသောအစာကို ကျွေးသင့်သည်။ ဈေးကွက်တွင်ဝယ်ယူရနိုင်သော်လည်း သုံးစွဲသူနည်းပါးခြင်းကြောင့် အစာစက်ရုံများသို့ သီးခြားမှာရသည်လည်း ရှိပါသည်။ ထိုသို့မလုပ်ဘဲ အလွယ်တကူရနိုင်သော ဥကြက်မ အစာကျွေးရာ အစာတွင် CALCIUM ပါဝင်မှုများနေပြီး ကျောက်ကပ်ပျက်စီးတတ်ပါသည်။
၂။ High protein diet:( အစာတွင်အသားဓာတ်ပါဝင်မှုမြင့်မားခြင်း )
ကြက်စာတွင်အသားဓာတ်ကို - ကြက်များ၏အာဟာရလိုအပ်ချက်ထက်ကျော်လွန်စွာကျွေးမွေးခြင်းသည်လည်း ကောင်းကျိုးထက်ဆိုးကျိုးကိုရစေသည် ( > 30% C.P )။ အသားဓာတ်ချေဖျက်ပြိုကွဲရာမှထွက်လာသော Uric acid များလေဖြစ်ကာ သွေးထဲတွင်ပို လျှံစေပြီး Gout ကိုဖြစ်စေသည်။
၃။ Vitamin A deficiency ( ဗီတာမင်အေချို့တဲ့ခြင်း)
ကြက်တို့တွင် ဗီတာမင်အေသည် အလွန်အရေးကြီးသောအရာဖြစ်သည်။ ၎င်းသည်အပူကြောင့်လည်း ပျက်စီးနိုင်၊ အစာများ နေရောင်တွင်တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်း ပျက်စီးနိုင်သည်။ မလတ်ဆတ်သောအစာတွင် ဗီတာမင်အေ ဆုံးရှုံးလေ့ရှိသည်။ ရေရှည် ချို့တဲ့ကဆီးပြွန်၏ အတွင်းနံရံများပျက်စီးစေပြီး အညစ်အကြေးစွန့်ရန်ခက်ခဲကာ Gout ကို ဖြစ်စေပါသည်။
၄။ Low-Phosphorus diet (အစာတွင် Phosphorus လျော့နည်းခြင်း)
Phosphorus သည် ဆီးလမ်းကြောင်းအချဉ်ဓာတ်များခြင်း ( pH ကျစေသောအာနိသင် ) ဖြစ်ပါသည်။ ထိုအခါ ဆီးကျောက်တည်ခြင်းကို ကာကွယ်စေသည်။ ယင်းဓာတ် (phosphorus ) လျော့နည်းလျှင် ( < 0.6% ) ဆီးကျောက်တည်ခြင်းမှ ကာကွယ်နိုင်ခြင်းမရှိဘဲ Gout ဖြစ်ခြင်းကို အားပေးပါသည်။
၅။ High cholesterol diet: (အစာတွင် ကိုလက်စရောများခြင်း)
အစာ Cholesterol များခြင်းသည် ကျောက်ကပ်ရောဂါကို ဖြစ်စေပြီး Gout ဖြစ်ရန် အခွင့်အလမ်း ဖြစ်စေပါသည်။
၆။ Management-related ( စီမံခန့်ခွဲမှုလိုအပ်ချက် )
ကြက်များ သောက်ရေအလုံအလောက်ရအောင် အမြဲသတိပြုရန်လိုပါသည်။ nipple များချေးတက်ပိတ်စို့ခြင်း၊ ကြက်များသယ်ယူရာတွင် ခရီးဝေးလွန်းခြင်း၊ ကြက်များ ဝမ်းအလွန်အမင်းသွားခြင်းတို့က ( Dehydaration ) ရေဓာတ်ခန်းခြောက်ခြင်းကိုဖြစ်စေကာ ကျောက်ကပ်ပျက်စီးစေပြီး Gout ဖြစ်စေနိုင်ပါသည်။
၇။ Viral infections ( ဗိုင်းရပ်ကြောင့်ဖြစ်သောရောဂါများနှင့်ဆက်နွှယ်မှု)
ယနေ့အဖြစ်များသော IB ဗိုင်းရပ်ပိုးသည် ပိုးမျိုးကွဲအမျိုးမျိုးကိုပြောင်းလဲတတ်သော Infectious Brochitis ရောဂါဖြစ်စေသည့်ပိုး(nephrotropic strain virus )က ကျောက်ကပ်ကိုပျက်စီးစေပါသည်။
၈။ Toxic substances to the kidneys (ကျောက်ကပ်ကိုထိခိုက်သော အဆိပ်အတောက်များ)
ကြက်စာများ၊ ကြက်ငယ်စဉ်ခင်းပေးသော ဖွဲခင်းများ၊ အလုံပိတ်စနစ်ဖြင့်မွေးမြူသော ခြံရှိအခင်းများတွင် မှိုများတွယ်ကပ်တတ်ပါသည်။ ကြက်က ထိုမှိုပါသောအစာ ဖွဲခင်းတို့ကို စားမိက မှိုဆိပ်သင့်ခြင်း ခံစားရပြီး ကျောက်ကပ်ပျက်စီးစေပါသည်။
၉။ Sulfa and Aminoglycoside Antibiotics:(ဆာလ်ဖာနှင့် Aminoglycoside အုပ်စုဝင်ပဋိဇီဝဆေးများ)
ဆာလ်ဖာနှင် Aminoglycoside အုပ်စုဝင်ဆေးများ ပဋိဇီဝဆေးများ ( ဥပမာ Sulfamethioxine,Gentamycin, Neomycin, Doxycycline, Streptomycin ,Tetracycline ) ကို ခန္ဓာကိုယ်က ဖယ်ထုတ်ရာတွင် ကျောက်ကပ်မှ စွန့်ထုတ်ရတဲ့အခါ ကျောက်ကပ် ရောင်ရမ်းပျက်စီးစေပါသည်။ အထူးသဖြင့်ကြက်က ၎င်းဆေးများပေးချိန် ရေသောက် နည်းပါက ကျောက်ကပ်ပျက်စီးမှု ပိုဆိုးစေသည်။ အခြားပဋိဇီဝဆေးများ ဆေးချိန်ပိုသုံးပါက (over doses )ကျောက်ကပ်ထိခိုက်စေပါသည်။

မွေးမြူရေးခြံများမှ ကြက်များသေဆုံးသောအခါ အထူးသဖြင့်ကျောက်ကပ်ရောင်ရမ်းပျက်စီးခြင်းကို အမြဲလိုလို တွေ့လေ့ရှိပါသည်။ ထိုကဲ့သို့ ကျောက်ကပ်ရောင်ရမ်းပျက်စီးခြင်းသည် Gout ရောဂါဖြစ်နိုင်ပါသည်။
Visceral gout ရောဂါသည် ထင်ရှားသော လက္ခဏာမပြဘဲ သေနှုန်း 2-4 % ထိ ရှိနိင်ပါသည်။ ထို့ပြင်ကြီးထွားနှုန်းကျခြင်း အစာစားနှုန်းကျ၍ ဥနှုန်းကျခြင်းတို့ကြောင့် မွေးမြူရေးလုပ်ငန်းတွင် ထိခိုက်လာနိုင်သည့်အတွက် ဆင်ခြင်သတိပြုကာကွယ်နိုင်ပါရန် တင်ပြလိုက်ရပါသည်။
Dr.ညွန့်ရွှေ ( မွေးမြူ/ဆေးကု )
Reference:
Hy-line International. Avian Urolithiasis (Gout) Redbook (2016)
Zmuda MJ, Quebbemann AJ.. Localization of renal tubular uric acid transport defect in gouty chickens American Journal of Physiology (1975)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from Dr.ညွန့်ရွှေ(မွေးမြူဆေးကု)
အားလုံး
ကြက်နှလုံးဖုံးမြှေးအတွင်း အရည်စုခြင်းရောဂါ (Hydropericardial Syndrome in Chicken)
12/09/2022
ဝက်ဝမ်းလျှောသေဆုံးရခြင်းအကြောင်းများနှင့် ကာကွယ်ကုသနည်းများ
15/08/2022
ဝက်ဆားအဆိပ်သင့်ခြင်း(သို့) ဝက်ရေငတ်ရောဂါ
03/08/2022
အသားစားကြက်များကို ရုတ်တရက်သေဆုံးစေသည့် SMS ရောဂါကို ကာကွယ်ကုသနည်း
28/07/2022
မိုးရာသီတွင် အဖြစ်များသည့် ကြက်သွေးဝမ်းရောဂါ ကာကွယ်ကုသနည်း
22/07/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....