ဝက်ဆားအဆိပ်သင့်ခြင်း(သို့) ဝက်ရေငတ်ရောဂါ
ဝက်များဆားအဆိပ်သင့်ရောဂါ (Salt Poisoning) သည် ဝက် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။ အထူးသဖြင့် ဝက်သောက်ရေ ပြတ်လပ်ခြင်း၊ ဝက်များသယ်ဆောင်ရာတွင် ခရီးလမ်းကြာရှည်ကာ သောက်ရေပေးရန်ပျက်ကွက်ခြင်းနှင့်လည်း ဆက်စပ်နေသည်။

ဤရောဂါသည် ဆရာဝန်အများစု ပြောလေ့ပြောထနည်းသောကြောင့် အမေ့ခံရောဂါလည်းဖြစ်သည်။ ဝက်များ သောက်ရေလုံလောက်စွာ မရချိန်တွင်ဖြစ်တတ်သောကြောင့် ဝက်ရေငတ်ရောဂါ ( water deprivation ) ဟုလည်း ခေါ်ဆိုပါသေးသည်။
ဖြစ်ပွားရသောအကြောင်းရင်း
- ၁။ ပုံမှန်အားဖြင့်ဝက်စာအစာတွင် ဆား ဝ.၄-ဝ.၅ % ထည့်သွင်းစပ်ကြခြင်းသည် ပုံမှန်ဖြစ်သည်။ အဆိပ်အတောက်မဖြစ်ပါ။ သို့သော် ဝက်ကသောက်ရေပြတ်လတ်ခြင်းဖြစ်လျှင် ဆားအဆိပ်သင့်ပါသည်။ အချို့ဝက်မွေးတောင်သူတို့သည် ဝက်များ နာမကျန်းသည့်အသွင်တွေ့ရလျှင် ဆားကျွေးခြင်း၊ ဂျင်း ငရုတ် ဆားကျွေးခြင်းဖြင့် ကုသလေ့ရှိပြီး ယင်းကဲ့သို့ ကုသပြီး ရေတိုက်ကျွေးခြင်း မရှိပါကလည်း ဆားအဆိပ်သင့်နိုင်ပါသည်။
- ၂။ အစာစားနှုန်းကောင်းအောင် အစာတွင် ငါးပိထည့်ကျွေးခြင်း၊ သို့မဟုတ် စပ်စာတွင် ဆားအလွန်များခြင်း ၊ အငန်ဓာတ်များသော ငါးခြောက်တို့နှင့်ရောစပ်ကျွေးခြင်းတို့ကလည်း ဆားအဆိပ်သင့်ခြင်းကို ဖြစ်စေပါသည်။
- ၃။ Nipple ပိုက်ဖြင့် ရေတိုက်သောဝက်ခြံတွင် ရေပိုက်ပိတ်ဆို့ခြင်း၊ ကန်တွင်းရေကုန်သည်ကို မစစ်ဆေးခြင်းတို့ကလည်း ဤရောဂါဖြစ်ပွားမှုဆီ ဦးတည်စေနိုင်သည်။
ဆားအဆိပ်သင့်ခြင်းကြောင့်တွေ့ရသည့်လက္ခဏာများ
- အစောပိုင်းအဆင့်တွင် အစာစားပျက်ခြင်း
- ဝက်အုပ်လိုက် အစာလုံးဝမစားခြင်း
- Nipple ပိုက်ဖြင့်ရေတိုက်သော ခြံတွင် nipple ခေါင်းကို မကြာမကြာကိုက်ခြင်း
- လမ်းသွားလျှင် ဒယီးဒယိုင်ဖြစ်ခြင်း၊ အာရုံကြောလက္ခဏာများဖြစ်သည့် အသားတဆတ်ဆတ်တုန်ခြင်း
- မျက်မမြင်ကဲ့သို့ ဟိုဟိုဒီဒီ လျှောက်နေခြင်း
- အလွန်သိသာသည့် လက္ခဏာမှာ ခွေးကဲ့သို့ ဖင်ထိုင်ခြင်း
- ဦးနှောက်အမြှေးရောင်ခြင်း ( menigitis )
- သွက်ချာပါဒဖြစ်ခြင်း( လဲနေခြင်း၊ လျှာကိုကိုက်ဝါးခြင်း၊ သွားရည်ကျခြင်း)။
- နားရွက်ထိပ်နီခြင်း၊ ဝမ်းဗိုက်နီခြင်း (ထိုအခါ နားရွက်ပြာ၊ အာဖရိကန်ဝက်အပြင်းဖျားရောဂါတို့နှင့် ဆင်တူနေတတ်သည်)
ရံဖန်ရံခါ သေနှုန်းမြင့်မားတတ်ပါသည်။
ကာကွယ်ကုသခြင်း
ဤရောဂါအတွက် ဆေးကုသခြင်းသည် သိပ်မထိရောက်လှ၊ ကြိုတင်ကာကွယ်ခြင်းသည်သာ ထိရောက်သည်။
ရောဂါဖြစ်ပွားမှုကိုတွေ့ရှိပါက..
- ပါးစပ်မှ ဓာတ်ဆားရေတိုက်ပါ။ ပိုက်ပျော့ဖြင့်လည်း ပါးစပ်မှ တိုက်နိုင်သည်။ ပြင်းထန်ပါက အစက်ချတိုက်ပါ။ ချိုငန် အကြောဆေးအရည်( 5 % ) အကြောဆေးပေးနိုင်သည်။
- Corticosteroid ထိုးဆေးပေးခြင်းကလည်း အကူအညီ ဖြစ်စေပါသည်။
- သောက်ရေစံနစ်တစ်လျှောက်လုံး စစ်ဆေးပါ။ ပိုက်များပိတ်ဆို့နေပါက အမြန်ပြုပြင်ပါ။
- သောက်ရေပေးစံနစ်ကို ပုံမှန် နေ့စဉ်စစ်ဆေးသင့်သည်။
- ခရီးရှည်သွားလျှင် အနားပေး၍ ရေတိုက်ပါ။
ယခုအချိန်လို အစာဈေးကြီးပြီး ဝက်ဈေးကောင်းချိန်တွင် မွေးမြူရေးတောင်သူများအနေဖြင့် သာမန်ဂရုစိုက်မှုထားရုံဖြင့် ကာကွယ်နိုင်သည့် ဒီဆားအဆိပ်သင့်ရောဂါကြောင့် ပျက်စီးဆုံးရှုံးမှု မကြုံစေရန် တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
Dr. ညွှန့်ရွှေ ( မွေးမြူဆေးကု )
Reference: The Pigsites
Salt intoxication
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်စိုး
လွန်ခဲ့သော ၁ လ ကသားပေါက်ဝက်မနိုထွက်နည်းနေလို့ ဘယ်လို ဆောင်ရွက်ရမလဲ
Min Zaw Oo
လွန်ခဲ့သော ၃ နှစ် ကဝက်တုပ်ကွေးရောဂါအကြောင့းနှင့် ကုသရမည့်ဆေးဝါးမှားအကြောင်းပြောပြပေးပါ
သိန်းထိုက်အောင်
လွန်ခဲ့သော ၃ နှစ် ကမျက်လုံးတွေနီလာပြီးဂုတ်နားတဝိုက်နဲ့တင်ပါးတွေမှာနီရောင်သန်းလာပြီးတော့အစာမစား တော့ဘဲ၂ရက်၃ရက်ဆိုသေဆုံးသွားတာကိုဘယ်လိုထင်မြင်ယူဆပါသလည်းခင်ဗျာ ဘယ်လိုဆေးဝါးတွေထိုးပေးသင့်တယ်ဆိုတာသိချင်ပါတယ်ခင်ဗျာ ကျနော်ကတနိင်တပိုင်မွေးမြူသူတစ်ယောက်ပါ သေဆုံးနှန်းများလာတဲ့အတွက်မေးမြန်းတာမို့ကျေးဇူးပြုပြီးဖြေကြာပေးစေလိုပါတယ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Dr.ညွန့်ရွှေ(မွေးမြူဆေးကု)
အားလုံး
ကြက်နှလုံးဖုံးမြှေးအတွင်း အရည်စုခြင်းရောဂါ (Hydropericardial Syndrome in Chicken)
12/09/2022
ဝက်ဝမ်းလျှောသေဆုံးရခြင်းအကြောင်းများနှင့် ကာကွယ်ကုသနည်းများ
15/08/2022
အသားစားကြက်များကို ရုတ်တရက်သေဆုံးစေသည့် SMS ရောဂါကို ကာကွယ်ကုသနည်း
28/07/2022
မိုးရာသီတွင် အဖြစ်များသည့် ကြက်သွေးဝမ်းရောဂါ ကာကွယ်ကုသနည်း
22/07/2022
သေဆုံး၊ ထိခိုက်မှု မြင့်မားသည့် ကြက်ကိုယ်တွင်းအင်္ဂါ ဂေါက်ရောဂါ
15/07/2022