အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျွဲ၊ နွား၊ သိုး၊ ဆိတ်များတွင် ဖြစ်တတ်တဲ့ အကျိတ်နာရောဂါကုသနည်း

ကျွဲ၊ နွား၊ သိုး၊ ဆိတ်များတွင် ဖြစ်တတ်တဲ့ အကျိတ်နာရောဂါကုသနည်း

သက်ခိုင်
သက်ခိုင် 13/09/2023

မွေးမြူရေးတိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်မှာ အကျိတ်နာရောဂါ ဘယ်လိုဖြစ်တတ်တယ်ဆိုတဲ့အကြောင်း ပြောပြပြီးသွားပြီဆိုတော့ ဒီအပိုင်းမှာ ကုသနည်းနဲ့ ကြိုတင်ကာကွယ်နည်းကို ပြောပြပေးပါ့မယ်။ မဖတ်ရသေးဘူးဆိုရင်တော့ ဒီ လင့်ခ်ကနေ ဖတ်ရှုပေးပါ။

https://greenwaymyanmar.com/posts/lumpy_skin_disease

ကုသနည်း

နားလည်တတ်ကျွမ်းတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသပေးသင့်ပါတယ်။ 

ရောဂါ ၃ မျိုးစလုံးဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာမို့ ပဋိဇီဝဆေးဝါးတွေနဲ့ ကုသလို့ မပျောက်ကင်းနိုင်ပါဘူး။ ဒါပေမဲ့ နောက်ဆက်တွဲ ဝင်ရောက်လာမယ့် ဘက်တီးရီးယားရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပဋိဇီဝဆေးဝါးများကို ထိုးနှံနိုင်ပါတယ်။ 

အဖျားကျဖို့နဲ့ နာကျင်မှုသက်သာစေဖို့အတွက် စတီးရွိုက်မပါတဲ့ အရောင်ကျဆေး (NSAID) တွေထိုးနှံပေးနိုင်ပါတယ်။ 

တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ် ထဲမှာရောက်ရှိနေတဲ့  ဗိုင်းရပ်စ်ပိုး ပမာဏကို လျှော့ချနိုင်ဖို့  မီသိုင်းလင်းဘလူး (Methylene Blue) ကို တိုက်ကျွေးနိုင်ပါတယ်။ အိန္ဒိယနိုင်ငံ ရေလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် နို့ထုတ်လုပ်‌ရေးဝန်ကြီးဌာန (Ministry of Fisheries, Animal Husbandry & Dairying) က မီသိုင်းလင်းဘလူး ၀.၁% (ရေ တစ်လီတာလျှင် Methylene Blue SP တစ်ဂရမ်နှုန်း) ဖျော်စပ်ပြီး အသုံးပြုဖို့ အကြံပြုထားပါတယ်။ နွားကြီးတစ်ကောင်(အ‌လေးချိန်၃၅၀ ကီလိုဂရမ်ခန့်) ကို တစ်ကြိမ်လျှင် ၃၀၀ မီလီမီတာနှုန်းဖြင့် ၈ နာရီခြားတစ်ကြိမ် လေးရက်ဆက်တိုက် တိုက်ကျွေးရမှာဖြစ်ပါတယ်။

မီသိုင်းလင်းဘလူး ဖျော်ရည်ကို တိုက်ကျွေးရုံသာမက ပေါက်ထွက်လာတဲ့အကျိတ်အနာတွေကို ဖြန်းပက်ပေးရမှာဖြစ်ပါတယ်။ 

*သတိထားရမှာက မီသိုင်းလင်းဘလူး အသုံးပြုကုသထားတဲ့ တိရစ္ဆာန်ရဲ့ နို့ကို ၉၆ နာရီအတွင်း နဲ့  အသားကို ၁၄ ရက်အတွင်း လူတွေ စားသုံးခြင်းမပြုသင့်ပါဘူး။ 

ရောဂါကို ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ။ 

ဘယ်လိုနည်းလဲတွေနဲ့လဲဆို - 

  • တိရစ္ဆာန်တွေ ကူးသန်းသွားလာတာ အနည်းဆုံးဖြစ်အောင် လျှော့ချသင့်ပါတယ်။ 
  • ရောဂါဖြစ်တဲ့ တိရစ္ဆာန်နဲ့ မိမိရဲ့ တိရစ္ဆာန် မထိတွေ့မိဖို့ ဂရုစိုက်ရပါမယ်။ ရောဂါရှိတဲ့ တိရစ္ဆာန်ကိုထိတွေ့ ကိုင်တွယ်ထားတဲ့ လူတွေ၊ ယာဉ်တွေ၊ အသုံးအဆောင်တွေနဲ့လည်း မိမိရဲ့ တိရစ္ဆာန်ကို မထိတွေ့မိစေဖို့ လိုပါတယ်။ 
  • ခြင်၊ ယင် နှိမ်နှင်းရေးနဲ့ ခြံသန့်ရှင်းရေး ဂရုစိုက်ရပါမယ်။ 
  • ကာကွယ်ဆေး ထိုးပြီး ကာကွယ်နိုင်ဖို့ ဆောင်ရွက်စင့်ပါတယ်။

အိန္ဒိယမှာ LSD ကို ကာကွယ်ဖို့ ဆိတ်ကျောက်ရောဂါကာကွယ်ဆေး (GTPV vaccine) ကို ကျွဲ၊ နွားတွေမှာ အသက် ၄ လသားအရွယ်က စတင်ပြီး အရေပြားအောက် ထိုးနှံပေးတာ တွေ့ရပါတယ်။

သိုး၊ ဆိတ်တွေကိုလည်း အလားတူ ထိုးနှံပြီး GP နဲ့ SP ကို ကာကွယ်နိုင်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

အကျိတ်နာရောဂါ

အကျိတ်နာရောဂါ

5
အောင်သူဟိန်း

အောင်သူဟိန်း

လွန်ခဲ့သော ၂ နှစ် က

ဘယ်မှာဝယ်ရလဲ

သန်းလွင်ဦး

သန်းလွင်ဦး

လွန်ခဲ့သော ၂ နှစ် က

ဘယ်မှာဝယ်လို့ရလဲ

သန်းလွင်ဦး

သန်းလွင်ဦး

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ

ဇော်မင်းသိန်း

ဇော်မင်းသိန်း

လွန်ခဲ့သော ၂ နှစ် က

ဆတ်လက်တင်ပေးပါ

ဖြိုးဝေအောင်

ဖြိုးဝေအောင်

လွန်ခဲ့သော ၃ နှစ် က

GTPV vaccine က တစ်ဗူး ဘယ်လောက်ရှိသလဲ ဘယ်နှစ်ကောင်စာပါဝင်လဲဗျ

You

ဆက်စပ်မေးခွန်းများ

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။