ဒေသကြက်များကို ကြက်စာ ကျွေးမွေးတတ်ပါစေ
ဒေသကြက်မွေးမြူရေးကို စိတ်ဝင်စားသူများပေမယ့် ‘‘ဘာအစာ ကျွေးရမလဲ မသိဘူး’’ ဆိုသူတွေအတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြန်မာအားမာန်ရှင် ကြက်မွေးမြူရေးလုပ်ငန်းကို ဆက်သွယ်မေးမြန်း၍ ရေးသားခြင်းဖြစ်ပါတယ်။
ဒေသကြက်အတွက် သုတေသနပြု စီမံထုတ်လုပ်ထားတဲ့ကြက်စာ မရှိသေးပါဘူး။ အိမ်ခြံဝန်းတွေမှာ ကျွေးချင်ရာ ချကျွေးထားလည်း အချိန်တန်မသေလို့ စျေးကွက်တင်ပို့ပြီး၊ အမြတ်ရစေတာ အကြမ်းခံတဲ့ မြန်မာ့ဒေသကြက်ပါ။ ဒီလိုဈေးကွက်ကောင်း အကြမ်းခံတဲ့ ဒေသကြက်ကို နားလည်ပြီး မွေးတတ်မယ်ဆိုရင် အင်မတန်အကျိုးအမြတ်များမှာပါ။
ဒေသကြက်မွေးမြူရေးမှာ အရေးအကြီးဆုံးက မွေးမြူပုံနဲ့ အစာကျွေးနည်းစနစ်ပါ။ ဒါတွေမတတ်ရင် အရှုံးနဲ့ရင်ဆိုင်ရမှာပါ။
မွေးမြူရေးအစာမှာ ဥစားကြက်အစာ၊ အသားတိုးကြက်အစာဆိုပြီး (၂) မျိုးရှိပါတယ်။ မြန်မာ့အိမ်မွေးကြက်သဘာဝနဲ့ မတူညီပါဘူး။ မြန်မာ့အိမ်မွေးကြက်တွေကတော့ အစာကျွေးလို့ မြန်မြန်အသားတိုး၊ မြန်မြန်ကြီးတာမျိုး မဟုတ်ပါဘူး။ ဥစားကြက်အစာကျွေးတိုင်းလည်း ဥအများကြီးမတင်သလို၊ ဥနှုန်းများတဲ့ ဥစားကြက်မျိုးဆိုတိုင်းလည်း တွေ့ကရာအစာ ကျွေးလို့မရပါဘူး။ (ဥနှုန်း နည်း၊ ဥရက်မမှန် ဖြစ်သွားနိုင်ပါတယ်။)
ဒေသကြက်မွေးတဲ့အခါ ဘာအစာကျွေးကျွေးရပေမယ့်၊ ကျွေးနေကြအစာကိုသာ မပြောင်းမလဲပဲ ကျွေးပါ။ ဒီလိုပုံမှန်အတိုင်း မပြောင်းလဲတဲ့အစာကို ကျွေးပေးမှသာ သူ့သက်တမ်းနဲ့သူ့မျိုးအလိုက် ရှိရမယ့်အလေးချိန် ရှိလာမှာဖြစ်ပါတယ်။ ဒါ ဘာမှထွေထွေထူးထူး မဟုတ်ပေမယ့် သတိပြုရမယ့်အချက်ပါ။ ဒေသကြက်စစ်စစ်တွေရဲ့ သဘာဝတည်ဆောက်ပုံက အဲ့ဒီလိုပါ။ ဒါလေး နားလည်သွားမယ်ဆို ဒေသကြက်မွေးပြီး စီးပွားဖြစ်နိုင်ပါပြီ။
ငယ်စဉ်အခါက အဟာရပြည့် စပ်စာတွေကျွေးပြီးမှ ကြက်ကြီးလာလို့ အစာဖိုးလည်းထိလာရော ဆန်ကွဲရောကျွေးတာ၊ တခြားအစာအသစ် ပြောင်းကျွေးတာမျိုး မလုပ်သင့်ပါဘူး။ ဒီလို အစာရုတ်တရတ်အပြောင်းအလဲကြောင့် ကြက်ကိုယ်ထဲက အာဟာရစုပ်ယူစနစ်ကို ထိခိုက်သွားနိုင်လို့ပါ။ အဲဒီအခါ အလေးချိန်ကျသွားနိုင်ပါတယ်။ အချွဲထ၊ မျက်လုံးပိတ်၊ မျက်ရည်စို၊ မျက်လုံးမှာ အဝါအဖတ်တွေပိတ် စတဲ့ ရောဂါလက္ခဏာတွေ ပြလာပြီး ကြက် သေဆုံးသည်အထိ ဖြစ်သွားတတ်ပါတယ်။
Naing Win
လွန်ခဲ့သော ၁ နှစ် ကကြက်က ပထမရက် ကုတ်ဒုတိယရက်သေ ရောအကို ဘာဆေးနဲ့ကုရမလဲအကို
ဦးလွမ်းဝေ
လွန်ခဲ့သော ၃ နှစ် ကအချွဲထဘာကြွေးရမလဲ
မနှင်းကလျာမွန်
လွန်ခဲ့သော ၃ နှစ် ကအချွဲထ မျက်ရည်စို အဲလိုဖြစ်လာရင် ကာကွယ်ကုသနည်းကိုသိချင်ပါတယ်ရှင့်
Ye Min Thu
လွန်ခဲ့သော ၅ နှစ် ကအစားကဘယ်လို့အစားမျိုးကျွေးရမှာလဲဗျာ။
ko soe soe
လွန်ခဲ့သော ၅ နှစ် ကဘယ်လို မွေးကမလဲ အစ်ကို
ဆက်စပ်ဆောင်းပါးများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022