U Thein Su
၁၉၆၆ ခုနှစ်တွင် မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့ ရရှိခဲ့ပြီး စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ကို ၁၉၈၄ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ သရုပ်ပြဆရာ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ ရာထူးများဖြင့် စိုက်ပျိုးရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၈ မှ ၂၀၁၅ ခုနှစ်ထိ ကုလသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်း၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများတွင် စီမံကိန်းမန်နေဂျာနှင့် စိုက်ပျိုးရေးပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိတွင် သင်တန်းများပေးခြင်း၊ ဟောပြောပွဲများတွင် နည်းပညာပိုင်းဆိုင်ရာ ဟောပြောခြင်း၊ စာရေးသားခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
ဆောင်းပါး 9 ပုဒ်နောက်ဆုံးရေးသားထားသော U Thein Su ၏ ဆောင်းပါးများ
စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ်၏အခြေခံမူများ
ရွေ့ပြောင်းတောင်ယာစနစ် ပပျောက်ဖို့မရှို့-မထွန်နည်းဖြင့် စိုက်ကြစို့
ဥတုရာသီ ဖေါက်ပြန်မှုကို တစ်ဖက်တစ်လမ်း မှ လျော့နည်း သက်သာ စေမည့် စိုက်ပျိုး နည်းစနစ်
သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး