နွားမ၏ကျန်းမာရေးနှင့် မျိုးပွားခြင်း
နွားမတစ်ကောင်ဟာ သင့်တော်သောခန္ဓာကိုယ်အနေအထားရှိပြီး အစာလည်း လုံလောက်စွာ စားနေရပါသော်လည်း သားမတောင်းခြင်း (သို့) သားတောင်း၍ အချိန်မှန်သားတင်သော်လည်း ကိုယ်ဝန်မရဘဲဖြစ်နေပါက နွားမတွင် အခြားသော ကျန်းမာရေးနှင့်ပတ်သက်သောပြဿနာ ရှိနေသောကြောင့်ဖြစ်ပါသည်။
ဒီလိုဖြစ်လာရခြင်းမှာ အကြောင်းရင်းများစွာရှိနိုင်ပြီး တိရစ္ဆာန်ဆေးကုဆရာဝန်ထံမှ အကြံဉာဏ် တောင်းယူသင့်ပါသည်။ အဓိကအတွေ့ရများသော အကြောင်းရင်းများကို ဖော်ပြပေးထားပါတယ်။
🔹နွားမဟာ သားဥအိမ်မှ သားဥကြွေသော်လည်း အပြင်ဘက်တွင် မည်သည့်လက္ခဏာမှ မပြပေ။ တစ်ခါတရံတွင် ကျန်းမာရေးကောင်းမွန်နေသော နွားမများတွင်လည်း တွေ့ရတတ်သည်။ ဒီလိုအခြေအနေ မှာ နွားမဟာ ၂၁ ရက်ခြား ၁ ကြိမ် သားတင်ဖို့အဆင်သင့်ဖြစ်နေပေမဲ့ ပိုင်ရှင်မှ အချိန်မှန်သားတင်ဖို့ မသိနိုင်တော့ပါ။ အဓိကအားဖြင့် ကြိုးချည်၍ မွေးမြူထားသောနွားမများနှင့် ရာသီဥတုပူလွန်းသော ဒေသများတွင် တွေ့ရတတ်ပါသည်။ မိမိနွားမများကို သေချာစွာအနီးကပ် စောင့်ကြည့်ခြင်း(သို့) မိမိခြံတွင် နွားသိုးမွေးမြူထားခြင်းအားဖြင့် ၎င်းကဲ့သို့သော နွားမများ၏ သားတောင်းချိန်ကို သိနိုင်ဖို့ အထောက်အကူဖြစ်စေပါမည်။
🔹နွားမရဲ့ကျန်းမာရေးပြဿာနာများရှိနေပါက နွားမသည် သားဥမကြွေခြင်း (သို့) သားတင်သော်လည်း မအောင်ခြင်းကြုံရနိုင်ပါတယ်။ ဥပမာအားဖြင့် အချို့သော ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယားများသည် မျိုးအောင်မှုကို ကာလအပိုင်းအခြားတစ်ခုသော်လည်းကောင်း၊ ရေရှည်သော်လည်းကောင်း ထိခိုက်စေပါသည်။ နွားသိုးဖြင့် သားတင်သားစပ်ခြင်းကြောင့် မျိုးပွားလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်စေတတ်ပြီး အထူးသဖြင့် ကျေးရွာအတွင်းတွင် နွားသိုးတစ်ကောင်ကိုသာ လိုက်သိုးအဖြစ် စုပေါင်းအသုံးပြုနေခြင်းကြောင့် ဖြစ်နိုင်ချေပိုများသည်။ ထို့အပြင် ဇီဝကမ္မဆိုင်ရာရောဂါဖြစ်သည့် နို့ရှိန်ဖျားခြင်း၊ ကီတိုးဆစ် စသော ရောဂါများကြောင့်လည်း မျိုးအောင်မျိုးပွားခြင်းကို ထိခိုက်စေပါသည်။
🔹နို့အုံရောင်ရောဂါ၊ ခြေထောက်နာခြင်း စသည်တို့သည်လည်း နွား၏ကျန်းမာရေးနှင့် သက်တောင့်သက်သာရှိမှုတို့ကို သက်ရောက်စေပြီး မျိုးအောင်မျိုးပွားခြင်းကို ထိခိုက်စေပါသည်။ ဒါကြောင့် နွားမများကို အထက်ပါရောဂါများမဖြစ်စေရန်နှင့် ဖြစ်လာပါက လျင်မြန်စွာကုသပေးနိုင်ဖို့ အရေးကြီးပါတယ်။
🔹နောက်ထပ် သားတောင်းနောက်ကျခြင်းဖြစ်စေနိုင်တာကတော့ နွားမဟာ ပြီးခဲ့သောသားတွင် မွေးဖွားရခက်ခဲခဲ့ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ နွားမသည် အမွှာမွေးခြင်း၊ မွေးဖွားချိန်ကြာခြင်း၊ နွားကလေးအသေမွေးခြင်း၊ သားလျှောခြင်းစသောအကြောင်းများကြောင့် မျိုးပွားလမ်းကြောင်း ထိခိုက်စေနိုင်ပြီးသားတောင်းနောက်ကျခြင်းဖြစ်စေနိုင်ပါတယ်။
🔹အချင်းမကျခြင်း၊ သားအိမ်ရောင်ခြင်းများကြောင့်လည်း မျိုးပွားလမ်းကြောင်း ထိခိုက်စေနိုင်ပြီး အကျိုးဆက်အနေဖြင့် မျိုးပွားလမ်းကြောင်းတွင် ပိုးဝင်ရောက်စေနိုင်ပါသည်။ သတ္တုဓာတ်တစ်မျိုးဖြစ်သော (selenium) ချို့တဲ့ပါက အချင်းမကျခြင်း ဖြစ်စေနိုင်ပါသည်။ ခြံတွင် အချင်းမကျသော နွားမကောင်ရေများနေပါက တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်တိုင်ပင်၍ ထိုးဆေးအသုံးပြုသင့်ပါသည်။ ကြွင်းကျန်နေသော အချင်းအစအနများကို အားသုံး၍ ဆွဲထုတ်ခြင်း မပြုလုပ်သင့်ပါ။ အကယ်၍ ဆွဲထုတ်မိပါက နွားမ၏သားအိမ်ကို ထိခိုက်စေနိုင်သည်။ အချင်းကျနေစဉ်အတွင်း အပြင်သို့ရောက်နေပြီးသောအပိုင်းအစများကို ဖြတ်ခြင်း/ညှပ်ခြင်း မပြုလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအပြင်မှအပိုင်းအစများရဲ့အလေးချိန်ဟာ အတွင်းမှအပိုင်းစများ လွယ်ကူစွာကျလာစေဖို့ အထောက်အကူဖြစ်စေသည်။ ၁ ရက်ကို ၂ ကြိမ် ညင်သာစွာဆွဲပေးပြီး အချင်းကျလာစေဖို့ ဆောင်ရွက်နိုင်ပါသည်။ သို့သော် အားမပြင်းစေရန် အထူးဂရုပြုသင့်ပါသည်။ နွားမ၏ အနောက်ပိုင်းမှ အပုပ်နံ့ရနေပါက သားအိမ်ရောင်နေကြောင်း သိနိုင်ပါသည်။ နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်ခေါ်၍ အမြန်ဆုံးကုသပေးရန် လိုအပ်ပါသည်။ သားအိမ်တွင်းသို့ ပဋိဇီဝဆေးသွင်း၍ ကုသပေးနိုင်ပါသည်။
🔹သားဥအိမ် အရည်အိတ်တည်ခြင်းသည်လည်း နွားမမြိုင်မလာခြင်းရဲ့ တခြားအကြောင်းရင်းပါပဲ။ ဒီလိုနွားမတွေမှာ သားဥမကြွေတော့ပါ။ သားပြန်တောင်းလာစေရန် ဟော်မုန်းပေး၍ ကုသပေးနိုင်သည်။ နားလည်တတ်ကျွမ်းသောတိရစ္ဆာန်ဆေးကုဆရာဝန်ဖြင့် ကုသသင့်သည်။ နွားမတစ်ကောင် အသက်ကြီးလာချိန်တွင် မျိုးပွားလမ်းကြောင်းကျန်းမာမှု ချို့ယွင်းလာသည်။ ၎င်းနွားမများတွင် သားအောင်နှုန်းကျဆင်းလာသည့်အတွက် ထိုနွားမများကို ထုတ်ရောင်းသင့်ပါသည်။
🔹နွားမသည် ပုံမှန်အနေအထားရှိပြီး မြိုင်မလာဘဲဖြစ်နေပါက မြိုင်လာသည်ကိုလွတ်သွားခြင်း ဖြစ်နိုင်သောကြောင့် ဦးစွာ မြိုင်စစ်ဆေးခြင်းကို သေချာစောင့်ကြည့်သင့်ပါသည်။ နွားသိုးရှိပါက နွားသိုးသည် နွားမသားတောင်းသည်ကို အတိအကျသိနိုင်သည်။
နွားမကို အာဟာရပြည့်မီသောအစာကျွေးပြီး တိရစ္ဆာန်ဆေးကုဆရာဝန်ပြ၍ စစ်ဆေးသင့်သည်။ သို့သော် သားမတောင်းဘဲဖြစ်နေပါက ၎င်းနွားမကို ဆက်လက်မွေးမြူထားလျှင် ငွေကြေးဆုံးရှုံးလာမည်။ ထိုကဲ့သို့သောနွားမများကို ထုတ်ရောင်းရမည်။ အသက်ကြီးသောနွားမများတွင် ဤကဲ့သို့သော ပြဿနာများဖြစ်နိုင်ချေများသောကြောင့် သားမတောင်းပါက ပယ်ထုတ်ရောင်းချသင့်သည်။
MDEP
UThan Htike
လွန်ခဲ့သော ၃ နှစ် ကGonadonဆေးအသုံပြုပုံပြောပေးပါ
မောင်ဇေယျာထွန်း
လွန်ခဲ့သော ၄ နှစ် ကသားဆက်ပီးသား နွားမက ဒဆာက အလုံးကြီး ထွက်ထွက်လာတာ ဘညဖစ်တာလဲခမျ
ဇော်မျိုးနိုင်
လွန်ခဲ့သော ၅ နှစ် ကမဂ်လာပါ အညာမတမ်းမလေးကသားမပေါက်ရသေးဘူးဆေးထိုးသားပေါက်သားတင်လို့ရလား ဆေးထိုးသားပေါက်ကိုဘယ်အရွယ်မှာလုပ်သင့်သလဲပြန်လယ်ဝေမျှပေးပါ
mgpay
လွန်ခဲ့သော ၅ နှစ် ကaa
ဆက်စပ်ဆောင်းပါးများ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • ဖြေကြားချက် 1 ခု
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • ဖြေကြားချက် 0 ခု
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • ဖြေကြားချက် 1 ခု
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • ဖြေကြားချက် 2 ခု
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....