နွားမများ သားစပ်ရာတွင် ဘာကြောင့်သားမအောင်ရသလဲ
နွားမွေးမြူရေးမှာ ထုတ်လုပ်မှုအမြင့်ဆုံးရရှိအောင် မျိုးဗီဇကောင်းဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရာသီဥတု၊ ရေမြေသဘာဝ၊ စီမံခန့်ခွဲမှုစတဲ့ ပတ်ဝန်းကျင်အခြေအနေကောင်းတွေ ရှိဖို့လည်း လိုအပ်ပါတယ်။ မျိုးဗီဇကောင်းအောင် ဆောင်ရွက်မပေးနိုင်ရင် အမြင့်ဆုံးအထိ ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ထုတ်လုပ်မှုကောင်းစေဖို့ မျိုးဗီဇတိုးတက်ရေးအတွက် မျိုးမြင့်တင်သားစပ်ခြင်းကို ဆောင်ရွက်ပေးနိုင်ပါတယ်။
မေထုန်မဲ့နည်းနဲ့သားစပ်ရာမှာဖြစ်ဖြစ် သဘာဝသားစပ်ခြင်းပဲဖြစ်ဖြစ် သားစပ်မျိုးနွားသိုးတွေရရှိဖို့ နွားထီးငယ်များ မွေးထုတ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ နွားသိုးတစ်ကောင်ကို သဘာဝသားစပ်ရင်တစ်နှစ်ကို နွားမကောင်ရေ ၅၀ အတွင်းသာ စပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒီထက်ပိုသားစပ်ပါက နွားသိုးရဲ့ မျိုးဗီဇအမြင့်ကို နွားမတွေအားလုံး မရရှိနိုင်တော့တဲ့အတွက် မျိုးအောင်မြင်မှုလည်း ကျဆင်းသွားနိုင်ပါတယ်။ နွားသိုးတစ်ကောင်ကို သဘာဝသားစပ်ဖို့ သုံးနှစ်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။
သားမအောင်ရခြင်းအကြောင်းအရင်းတွင် အဓိကအဖြစ်များသည်မှာ သားလျှောရောဂါကြောင့် သားအိမ်ပျက်စီးစေပြီး သားအောင်၊ သားမွေးခြင်း မဖြစ်နိုင်တော့ပါဘူး။ နောက်တစ်ချက်က မြိုင်လာသော်လည်း မျိုးဥမအောင်မြင်ခြင်း၊ မျိုးဥပြွန်ပိတ်နေခြင်း၊ သုတ်ပိုးများဟာ မျိုးဥများနဲ့ မထိတွေ့နိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နွားမများတွင် ၂၁ ရက်တစ်ကြိမ် မြိုင်ပေါ်တတ်ပါသည်။ သို့ရာတွင် တစ်ချို့သောနွားမများတွင် မြိုင်မမှန်မှုများ ဖြစ်ပေါ်တတ်ရာ၌လည်း မျိုးမအောင်နိုင်ချေ။ နွားမများပိန်လွန်းခြင်း၊ သားအိမ်အတွင်း ရောဂါပိုးဝင်ရောက်ခြင်းသည် သုတ်ပိုးများကို သေစေနိုင်သောကြာင့် သားမအောင်တတ်ချေ။
သားစပ်သော နွားမများ၏ အရွယ်ရောက်ချိန်ကို သိထားရန်လိုအပ်ပါသည်။ နို့စားနွားမမျိုးများသည် အသက်တစ်နှစ်ကျော်တွင် မြိုင်စတင်ပေါ်သည်။ ပျမ်းမျှ အသက်နှစ်နှစ်တွင် စတင်သားစပ်နိုင်သည်။ မြန်မာနွားများတွင် နှစ်နှစ်ခွဲ သုံးနှစ်ရှိမှသာ အရွယ်ရောက်ပြီး သားစပ်ရမည်။ နွားမများသားစပ်ရာတွင် နွားမများ၏ မြိုင်နှင့် မြိုင်သဘောသဘာဝ၊ မြိုင်လာသည့်လက္ခဏာ၊ သားတင်ရမည့်အချိန်တို့ကို သိထားရမည်။
ဇီးမရှိသော နွားမတစ်ကောင်သည် ပုံမှန် မြိုင်သံသရာလည်ပတ်နေပါက အစောဆုံး ၁၈ ရက်နေ့ နောက်အကျဆုံး ၂၄ ရက်၊ ပျှမ်းမျှ ၂၁ ရက်ပြည့်လျှင် မြိုင်ပေါ်တာကို တွေ့မြင်နိုင်ပါသည်။ နွားမများမြိုင်ပေါ်လျှင် ဂနာမငြိမ်ဖြစ်မည်။ စားကျက်ရှိ တခြားနွားများနှင့်အတူ ရောနှောမနေဘဲ သီးခြားနေမည်။ မြိုင်ပေါ်ကာလသည် ၁၈ နာရီမှ နာရီ ၂၀ အထိ ကြာရှိသည်။ အချို့သောနွားမများတွင် မြိုင်ပေါ်နေချိန်၌ နွားသို့များသို့ ဆွဲဆောင်နိုင်ရန် အော်မြည်တတ်သည်။
မြိုင်လက္ခဏာရပ်များ
နွားမတန်ဆာဟာ အနီဖျော့ရောင်ရှိနေမည်။ အနည်းငယ်ရောင်ပြီး စိုစွတ်နူးညံ့နေသည်။ တန်ဆာမှ အရောင်မရှိသော ရေကဲ့သို့အချွဲရည်များ ကျနေမည်။ နောက်ပိုင်း၌ အဝါရောင်ပြောင်းပြီး အနည်းငယ်ခဲလာမည်။ နောက်ဆုံးတွင် အဖြူရောင်အကျိအချွဲအခဲများ ကျလာမည်။ အစာစားနှုန်းနည်းလာသောကြောင့် နို့ထွက်နှုန်းကျဆင်းမည်။ အော်မည်။ ဂနာမငြိမ်ဖြစ်မည်။ အနီးရှိ နွားတစ်ကောင်ပေါ် ကျော်ခွနေခြင်း၊ မေးတင်နေခြင်း ပြုလုပ်မည်။ အမြီးမြောက်နေမည်။ ကျောကို လက်နှစ်ဖက်ဖြင့် ဖိကြည့်လျှင် ကျောကော့ပြီး ငြိမ်နေမည်။ နားရွက်ထောင်နေမည်။
နွားမများကို မြိုင်မပေါ်ဘဲ သားစပ်ပါက သားအိမ်တွင် ရောဂါပိုးဝင်ရောက်နိုင်သည်။ ရောဂါပိုးရှိနေပါက သားမအောင်နိုင်ပါ။ ဇီးရှိလျှင် သားစပ်မိပါက သားလျှောတတ်သည်ကို သတိပြုရမည်။ သားစပ်ချိန် စောလွန်းလျှင် သုတ်ပိုးသည် မျိုးဥသို့မရောက်မီ ပျက်စီးသွားနိုင်ပါသည်။ ထို့ကြောင့် သားစပ်ချိန်စောလွန်းခြင်း၊ နောက်ကျခြင်းတိုသည် မျိုးအောင်မြင်မှုအတွက် အနှောက်အယှက် ဖြစ်စေနိုင်ပါသည်။
သားစပ်ရန်အကောင်းဆုံးအချိန်များသည် မနက်မြိုင်လာလျှင် ညနေစပ်၊ ညနေပိုင်းမြိုင်လာလျှင် မနက်စပ်လျှင် သားအောင်နိုင်ချေအများဆုံးဖြစ်သည်။ သားစပ်မယ့် နွားရဲ့ အသက်အပိုင်းအခြား၊ ကျန်းမာရေးကောင်းမွန်သော နွားမ၊ မြိုင်လက္ခဏာ၊ သားစပ်မည့်အချိန်တို့ကို သိရှိထားလျှင် မျိုးအောင်ရန် ရာနှုန်းပြည့်ဖြစ်သည်။
ဒို့ကျေးရွာဂျာနယ် - မွေးမြူရေးခြံပိုင်ရှင် ဦးစောလှမှ ဆရာထွန်းလှိုင်(မြိုင်) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ငြိမ်း) ထံ မေးမြန်းထားရှိမှုအပေါ် မွေးမြူရေးလုပ်ငန်းရှင်များ သိရှိအကျိုးရနိုင်ရန် ပြန်လည်ကောက်နုတ်ဖော်ပြထားပါသည်။
aung. Lay
လွန်ခဲ့သော ၁၁ လ ကနံနက်ခင်း၅နာရီလောက် ကစဆော့တယ်ညနေ၄နာရီလောက်မှ တင်ရင်အောင်နိုင်လားဆရာကြီးတို့
ဆက်စပ်ဆောင်းပါးများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • ဖြေကြားချက် 1 ခု
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • ဖြေကြားချက် 0 ခု
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • ဖြေကြားချက် 1 ခု
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • ဖြေကြားချက် 2 ခု
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026