လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း၊ သပြေပင်စိုက်ကြမယ်..…
ဘုရားပန်းတင်တဲ့အခါ အောင်သပြေပန်းက မပါမဖြစ်ပါ။ အခုဆိုရင် ပန်းစျေးကွက်မှာ မြန်မာသပြေ လို့ခေါ်တဲ့ အောင်သပြေညွန့်အပြင်၊ အဲ့ဒီအောင်သပြေကိုမှ ငုတ်လေးတွေ တူးရောင်းတဲ့ သပြေငုတ်၊ အညွှန့်လေးတွေ ရဲရဲတောက်နေအောင် လှတဲ့ အာဆီယံသပြေ စတဲ့ သပြေပန်းမျိုးစုံကလည်း သူ့စျေးကွက်နဲ့သူ နေရာယူလို့ နေပါတယ်။
ဒို့ အမရပူရနယ်မှာတော့ လယ်ကန်သင်းရိုးမှာ သရက်ပင်တစ်ပင်နဲ့တစ်ပင် ကြားထဲမှာ သပြေပင်စိုက်တယ်။ စပါးလည်းရတယ်။ သရက်သီးပေါ်ချိန်ဆို သရက်သီးလည်းရတယ်။ သပြေပန်းလည်း ခူးရောင်းလို့ရတယ်။ လယ်အဓိကစိုက်တဲ့ လယ်သမားတွေရဲ့စုဗူးကတော့ သရက်နဲ့သပြေပါ။
လို့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်က သပြေမျိုးစုံ စိုက်ပျိုးရောင်းချနေသူ ကိုရဲနိုင်၀င်းက ပြောပါတယ်။
သပြေပင်ကို ဘယ်အချိန်မှာ စိုက်ပျိုးရလဲ
သပြေပင်ကို ရာသီမရွေး စိုက်ပျိုးနိုင်ပါတယ်။ ရေကြိုက်တဲ့ အပင်အမျိုးအစား ဖြစ်တာကိုတော့ သတိပြုရမှာမို့၊ သပြေပင်စိုက်တော့မယ်ဆိုရင် ရေရရှိတဲ့ အရပ်ဒေသ၊ ရေသွယ်ယူလို့ လွယ်ကူတဲ့ နေရာမျိုးတော့ ဖြစ်ရပါမယ်။ သပြေပင်က နှစ်ရှည်ပင် အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။
ရေဘယ်အချိန်တွေပေးရမလဲ
တစ်နှစ်ပတ်လည်လုံး စပါးစိုက်တဲ့တောင်သူတွေအတွက်တော့ စပါးနဲ့သပြေပင် တွဲဖက်စိုက်ပျိုးတယ်ဆိုရင် ရေအတွက် အထူးပူစရာမရှိပေမယ့်၊ ဧကပြတ်လိုက် သပြေစီးပွားဖြစ် စိုက်တဲ့သူတွေကတော့ မနက် တစ်ရေ၊ ညနေ တစ်ရေ နှုန်းနဲ့၊ တစ်နေ့ကို ရေ(၂)ကြိမ် ပေးသင့်ပါတယ်။ သပြေပင်က အမြစ်ရှည်တဲ့အမျိုးဖြစ်ပြီး၊ ရေကြိုက်တဲ့ အပင်ဖြစ်လို့ပါ။
သပြေစိုက်ဖို့၊ မြေရွေးချယ်မယ်ဆိုရင်…
မြေချဉ်ငံကိန်း ၅.၈ ကနေ ၈.၅ ကြားက သပြေစိုက်ပျိုးလို့ အကောင်းဆုံးအနေအထား ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ အာဆီယံသပြေ စီးပွားဖြစ်စိုက်ပျိုးနေတဲ့ ခြံတွေကို သွားရောက် လေ့လာကြည့်တော့၊ ပင်ရေစိပ်စိပ်နဲ့ စိုက်ကြတာကို တွေ့ရပါတယ်။ တန်းကြားကိုတော့ လူ၀င်ထွက်လို့ရအောင်၊ သပြေညွှန့်ခူးလို့လွယ်အောင် ထားကြတယ်။ ပင်ကြားကိုတော့ (၁၈)လက်မလောက် ထားကြတယ်။ အာဆီယံသပြေမျိုး တင်မက၊ သပြေငုတ်မျိုး စိုက်မယ်ဆိုရင်လည်း အပင်ရေကို ခပ်စိပ်စိပ်ပဲ ထားကြပါတယ်။
သပြေပျိုးပင်တွေကိုတော့ တစ်ပင်ကို (၂၀)ကျပ်ကနေ စျေးတအားမြင့်ချိန်ဆိုရင် ကျပ်(၈၀) စျေးတွေနဲ့ ၀ယ်ယူစိုက်ပျိုးလို့ရပါတယ်။ သပြေငုတ်ကို တောင်စောင်းတွေမှာ အစိုက်များပြီး၊ ဓာတ်မြေသြဇာကို အထူးအထွေ ကျွေးမွေးလေ့မရှိပဲ၊ တစ်နှစ်မှာ (၂)ကြိမ်နှုန်းနဲ့ ယူရီးယား လို့ခေါ်တဲ့ ပုလဲမြေသြဇာကို ကျွေးလေ့ရှိပါတယ်။ တချို့တောင်သူတွေကလည်း (၁၅)ပတ်လည် မြေသြဇာကျွေးကြပါတယ်။ သပြေပင်မှာ အဓိက သတိထားရမှာကတော့ မြေအောင်းပိုးဖြစ်ပါတယ်။
စိုက်ပျိုးပြီး ဘယ်လောက်ကြာရင် စျေးကွက်၀င်သလဲ
သပြေငုတ်တွေကိုတော့ စိုက်ပျိုးပြီး (၃)နှစ်ကနေ (၅)နှစ်အကြာမှာ ငုတ်တူးပြီးတော့ စျေးကွက်ပို့နိုင်ပါတယ်။ အာဆီယံသပြေကိုတော့ ပြုစုမှုကောင်းရင်ကောင်းသလို (၈)လကနေ တစ်နှစ်ခွဲကာလမှာ စျေးကွက် တင်ပို့နိုင်ပါပြီ။ နောက်ပိုင်းမှာတော့ (၁၅)ရက်တစ်ခါ ဖြတ်ရောင်းလို့ ရပါတယ်။
သပြေကို ဘယ်ဒေသတွေမှာ အဓိကစိုက်ပျိုးနေကြလဲ
မြန်မာနိုင်ငံမှာ သပြေပင်စိုက်ပျိုးရေးကို ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ တောင်ကြီး၊ ရွာငံဒေသတဝိုက်၊ ပဲခူးရိုးမအနီးမှာရှိတဲ့ ရေနီ၊ ရေတာရှည်၊ တောင်ငူ၊ မန္တလေးတိုင်းမှာရှိတဲ့ မန္တလေး၊ အမရပူရ၊ ဒဟပ်တော၊ ရေတံခွန်တောင်၊ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ တိုက်ကြီး၊ မှော်ဘီ၊ ညောင်နှစ်ပင် စတဲ့ဒေသတွေမှာ အများဆုံး စိုက်ပျိုးနေပါတယ်။
ပဲခူးဘက်က သပြေတွေကိုတော့ နေပြည်တော်စျေးကွက်ကို တင်ပို့တယ်။ အာဆီယံသပြေကတော့ မြို့ကြိုက် သပြေပါ။ သပြေငုတ်ကိုကျတော့ တာရှည်ခံတာကို ကြိုက်နှစ်သက်တဲ့သူတွေက အ၀ယ်များကြတယ်။ အာဆီယံသပြေကတော့ လှတယ်။ ရေရှည်တော့မခံဘူး။ သုံးရက်လောက်ဆို နွမ်းပါတယ်။
လို့ ကိုရဲနိုင်၀င်းက ဆက်လက်ပြောပါတယ်။
ရာသီမရွေး စိုက်ပျိုးနိုင်ပြီး၊ မြန်မာလူမျိုးတိုင်းလည်း ကြိုက်နှစ်သက်ကြတဲ့ သပြေပင်လေးတွေ စိုက်ပျိုးရင်း စီးပွားဖြစ်ထွန်းနိုင်ကြပါစေ။
နန်းထက်ထက်ချစ်
( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )
KNHK
လွန်ခဲ့သော ၃ နှစ် ကအိမ်မှာ သပြေပင်မစိုက်ကောင်းဘူးဆို
သိန်းထွန်းဦး
လွန်ခဲ့သော ၄ နှစ် ကဆီသပြေအပင်ပုံနှင့် အပင်၏အဂ်လိပ်လိုနှင့်ရုက္ခဗေဒအခေါ်သိရင်ပြောပေးကြပါ
san. min
လွန်ခဲ့သော ၄ နှစ် ကသပြေကအကိုင်းဖြတ်စိုက်လို့ရလားဗျ
Tun Tun Aung
လွန်ခဲ့သော ၅ နှစ် ကအရွက်တွေဝါpခြောက်ကုန်ရင်ဘာဖြစ်တာလည်းမသိဘူး ဘာဆေးကျွေးရမလည်းဗျ
Saw Htoo San
လွန်ခဲ့သော ၅ နှစ် ကဝ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022