အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မေးကြ၊ ဖြေကြ...ဒေသလိုက်မိုးလေဝသ
မေးကြ၊ ဖြေကြ...ဒေသလိုက်မိုးလေဝသ

မေးကြ၊ ဖြေကြ...ဒေသလိုက်မိုးလေဝသ

အများဆိုင်အဖွဲ့ • အဖွဲ့ဝင် 1,136 ဦး • ဆွေးနွေးမှု 261 ခု

ဝင်းဇော်
ဝင်းဇော် 2,599
လွန်ခဲ့သော ၂ လ က · အင်္ဂပူ

မိုးလေဝသကတည်နေရာအတိအကြမပြဘူးတခြားနေရာတွေပြနေတာဘာကြောင့်လဲးရှင်းပြပေးပါကျေးဇူးပါ

U Win Zaw
U Win Zaw 300 လွန်ခဲ့သော ၁ နာရီ က

ကျနော်မှာလဲဒီအတိုင်းဘဲဗျအတိအကျမရ။

You
phyoWaiAung
phyoWaiAung 70
လွန်ခဲ့သော ၈ လ က · မင်းလှ

ဘူးဘယျလိုစိုကျရလဲ

bominthu
bominthu 9,867 လွန်ခဲ့သော ၃ ပတ် က

ပျိုးပင်အရင်ပျိုးပါ စိုက်နေရာကို နွားချေးဆွေး ကြက်ချေး ထည့်ပါ

You
Mg Tayzar Phyo
Mg Tayzar Phyo
လွန်ခဲ့သော ၈ လ က · ဒေးဒရဲ

ရက်၉၀ စပါးကို ဘယ်အချိန် မြေဆီကျွေးဘယ်အချိန်မာ ဘယ်ပိုးသတ်ဆေးကိုဖျန်းသင့်သလဲ တောင်သူဦးကြီးများ အကြံဉာဏ်လေးမျှဝေပေးကြအုံး စပါအထွက်တိုးဖိုု့ရော ဘယ်လိုအရာတွေ လုပ်ဆောင်သင့်ပါသလဲ

You
ကိုအောင်မျိုး
ကိုအောင်မျိုး 307
လွန်ခဲ့သော ၁ နှစ် က · လေးမျက်နှာ

2026ခုနစ် ရာသီဥတုဟာ လာနီညာ အယ်နီညို ဘယ်ရာသီဥတုဆိုတာ သိပါရစေ ပဲကျဲတော့မှာမို့ပါ

You
Thet Naing Linn
Thet Naing Linn 236
လွန်ခဲ့သော ၁ နှစ် က · ညောင်ရွှေ

🌊 ဩဂုတ်လ ၁၉ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်တွင်ရရှိသည့် ဒေတာများအရ ဩဂုတ်လ ၁၉ ရက် မှ နောက်လာမည့် ၁ ပတ်အတွင်း တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး အားပိုကောင်းလာကာ အနည်းဆုံး အပူပိုင်းမုန်တိုင်းအဆင့်(Tropical Storm - TS)အထိရောက်လာနိုင်ပါတယ်။ 🔸တောင်တရုတ်ပင်လယ်က မုန်တိုင်းဖြစ်လာတိုင်း ဘင်္ဂလားပင်လယ်အော်ဘက်မှာ A-B-C ဆက်စပ်မှုအရ လေဖိအားနည်းရပ်ဝန်းတခုက ဖြစ်လာနိုင်ပါတယ်။ 🔸မုန်တိုင်းဖြစ်လာနိုင်တဲ့ ကြိုတင်ခန့်မှန်းချက်များကို ECMWF နဲ့ ICON MODEL တွေရဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။ 🔸အောက်တိုဘာလ ၁၀ ရက် မိုးနှောင်းကာလကုန်ဆုံးသည်အထိ မုတ်သုံဆုတ်ခွာမှုမပြီးမချင်း မိုးက ဆက်နေမှာပါ။ မိုးနည်းတာနဲ့ မိုးများတာသာ ကွာခြားမှုရှိပါမယ်။ 🔸ရရှိပြီးကြိုတင်ခန့်မှန်းချက်တွေအရတော့ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ဘက်မှာ မိုးများနိုင်ပြီး၊ အလယ်ပိုင်း မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသတွေမှာလဲ မိုအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက် မှ ၁.၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။ ⚠️ ကြိုတင်ခန့်မှန်းချက်များဖြစ်တာကြောင့် ပြောင်းလဲဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေများကို နေ့စဉ် တင်ပေးနေပါ့မယ်။ . . . မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။

Post image
You
Thet Naing Linn
Thet Naing Linn 236
လွန်ခဲ့သော ၁ နှစ် က · ညောင်ရွှေ

ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာ တိမ်အနိမ့်တွေဝင်လာတာနဲ့ မိုးက တန်းရွာနေဦးမှာဆိုတော့ ... ဆက်ပြီး သတိထားကြရမယ်။ ကြိုတင်ရွှေ့ပြောင်းဖို့လိုတဲ့နေရာတွေ ရွှေ့ကြရပါမယ်။ ============== ပင်လယ်ပြင်တွေမှာ ဖြစ်နေတဲ့ မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေ(အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့၊ တောင်တရုတ်ပင်လယ်)လေ့လာကြည့်တဲ့အခါ - တရုတ်ပြည်မထဲရောက်သွားတဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်တွေက ဩဂုတ် ၁၅ ရက်နေ့နောက်ပိုင်းမှာ မရှိတော့ဘူး၊ မြန်မာပြည်ဘက်ကိုလဲ မလာတော့ဘူးဆိုတာတွေ့ရပါတယ်။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းက လေဖိအားနည်းရပ်ဝန်းက WELL-MARKED LPA ဖြ်လာပြီး အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းနားမှာ "ခွေ"နေတဲ့အချိန် တောင်တရုတ်ပင်လယ် ဗီယက်နမ်တောင်ပိုင်းကမ်းနီးပင်လယမှာ လေပွေလှိုင်း(UACC)တခုဖြစ်လာတယ်။ အီကွေတာတောင်ဘက်ခြမ်းမှာလဲ လေပွေလှိုင်းတွေဖြစ်နေတာက အနောက်တောင်မုတ်သုံလေကို ပိုမိုအားကောင်းစေတာတွေ့ရပါတယ်။ အာရေဗျပင်လယ်ဘက်က အားအလွန်ကောင်းနေတဲ့ မုတ်သုံလေစီးကြောင်းရယ်၊ တောင်တရုတ်ပင်လယ်က လေဖိအားနည်းရပ်ဝန်းရယ်ဆက်စပ်ပြီး(A-B-C effect တွေဖြစ်ပြီး)တဲ့နောက် ဩဂုတ်လ ၁၇ ရက်နေ့မှာ - 🔸ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းက WELL-MARKED LPA က အားပိုကောင်းလာပြီး DEPRESSION ဖြစ်လာနိုင်တယ်။ 🔸တောင်တရုတ်ပင်လယ်က လေဖိအားနည်းရပ်ဝန်းက အပူပိုင်းမုန်တိုင်းဖြစ်လာနိုင်တယ်။ ဒါတွေဖြစ်လာပြီးရင် - မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးပိုလာနိုင်တယ်။ ⚠️လတ်တလောအချိန်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသနဲ့ စစ်တောင်းမြစ်ဝှမ်းတလျှောက်က စိုးရိမ်ရေမှတ်ရောက်နေတဲ့ မြို့နယ်တွေမှာ မိုးရွာတာများလာနိုင်တဲ့အခြေအနေကို ဩဂုတ် ၁၇/၁၈ နဲ့ ၁၉ ရက်တွေမှာ ဘယ်လိုဖြစ်လာမလဲ .. စောင့်ကြည့်ကြရပါဦးမယ်။ ⚠️Sounding Forecast အရ - ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာ တိမ်အနိမ့်တွေဝင်လာတာနဲ့ မိုးက တန်းရွာနေဦးမှာဆိုတော့ ... ဆက်ပြီး သတိထားကြရမယ်၊ ကြိုတင်ရွှေ့ပြောင်းဖို့လိုတဲ့နေရာတွေ ရွှေ့ကြရပါမယ်။ ရေးသားသူ - ဦးဝင်းနိုင် မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။

Post image
You
ကျော်မင်းထွဠ်
ကျော်မင်းထွဠ် 117
လွန်ခဲ့သော ၁ နှစ် က · မော်လမြိုင်ကျွန်း

မဂျလာပါဗြ

ကိုအောင်မျိုး
ကိုအောင်မျိုး 307 လွန်ခဲ့သော ၁ နှစ် က

2026ခုနစ်ရဲ့ခန့်မှန်းခြေ လာနီညာ သို့မဟုက်အယ်နီညိုကိုသိပါရစေ

You
သက်နိုင်လင်း
သက်နိုင်လင်း
လွန်ခဲ့သော ၁ နှစ် က · လွိုင်လင်

၂၀၂၅ ခုနှစ် မိုးဦးရာသီရဲ့ ထူးခြားချက် 🌧️🌧️🌧️🌧️🌧️🌧️🌧️🌧️🌧️🌧️🌧️🌧️ 🔸 ၂၀၂၅ ခုနှစ်မှာ၊ တောင်တရုတ်ပင်လယ်အတွင်း မုန်တိုင်းဖြစ်ပေါ်မှုတွေက ၂၀၂၄ ခုနှစ်နဲ့ မတူဘဲ စောစီးစွာဖြစ်ပေါ်လာတယ်၊ အနောက်တောင်မုတ်သုံလေကို မြန်မာနိုင်ငံထဲ စောစောဆွဲသွင်းတယ်၊ မုတ်သုံလေအားကောင်းနေအောင် ပံ့ပိုးထောက်ကူပေးတဲ့ လေစီးကြောင်းတွေကိုလဲ ဖြစ်ပေါ်စေတယ် ... ဆိုတာတွေက .. ဒီနှစ် ၂၀၂၅ ခုနှစ် မိုးဦးရာသီရဲ့ ထူးခြားချက်တွေပါဘဲ။ အခု တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်လာတဲ့ အပူပိုင်းမုန်တိုင်း WUTIP က ကျနော်တို့ပြောနေကျစကားနဲ့ပြောရရင် "အချိန်အခါမဟုတ်မုန်တိုင်း"လို့တောင် ပြောရမလိုပါပဲ။ 🔸 သူ့ရဲ့အရှိန်သက်ရောက်မှုက ပြီးခဲ့တဲ့ မုန်တိုင်းငယ် 01B လို ဧရာဝတီ+ချင်းတွင်းမြစ်ဖျားပိုင်းတွေမှာ မိုးမများစေဘဲ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မိုးများစေပြီး၊ မြစ်ကြီးများရဲ့အောက်ဘက် မြစ်ရိုးတွေတလျှောက်မှာတော့ မိုးအသင့်အတင့်သာ ရွာနေခဲ့တာကြောင့် ... ဒီနှစ် မိုးဦးရာသီအတွင်း မြစ်ရေကြီးနိုင်မဲ့ အခြေအနေလျော့နည်းသွားပြီး၊ လွတ်ကင်းနိုင်ပြီလို့တောင် ကောက်ချက်ချရတော့မှာပါ။ 🔸 မုန်တိုင်းတွေအစပျိုးဖြစ်ပေါ်မှုအခြေအနေအဆင့်ဆင့်ကို လေ့လာရန် ... လေပွေလှိုင်း/INVEST system တခုစတင်ဖြစ်ပေါ်ချိန်မှာ WIndy, Earthzoom, TropicalTitbits စ တဲ့ web application တွေမှာ စတင်တွေ့ရပါတယ်။ 🔸 လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းဖြစ်လာနိုင်ချေ % နဲ့ ဖြစ်လာပြီးတဲ့အခါ ရွေ့လျားနိုင်ချေနဲ့ မုန်တိုင်းအရှိန်သက်ရောက်မှုဖြစ်နိုင်ချေတွေကို အကောင်းဆုံးလေ့လာစောင့်ကြည့်နိုင်တာက ECMWF Chart, CIMSS, NRL စတဲ့ website တွေမှာ လေ့လာရပါတယ်။ Weather App တွေမှာတော့ Forecast Tools တွေပါတဲ့ Windy , Meteoblue စတဲ့ App တွေကို ကျွမ်းကျင်အောင် လေ့လာတာပါဘဲ။ (လေ့လာလိုသူများအတွက် site link button တွေကို MMWeather Knowledge website - home page မှာ ထည့်ပေးထားပါတယ်) ရေးသားသူ - #ဦးဝင်းနိုင် . . . ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #မိုးဦးရာသီ #Green_Way #အစိမ်းရောင်လမ်း

Post image
You
သက်နိုင်လင်း
သက်နိုင်လင်း
လွန်ခဲ့သော ၁ နှစ် က · လွိုင်လင်

⛈ မြန်မာတစ်နိုင်ငံလုံး ဇွန်လ ၁၃ မှ ၂၂ ရက်အထိ နေရာအနှံ့အပြားမိုးရွာနိုင် ================ Weather API များမှ ရရှိသည့် အချက်အလက်များအရ- တောင်တရုတ်ပင်လယ်မှ INVEST-92W တိုင်ဖွန်းမုန်တိုင်းအဆင့်ထိ ရောက်လာနိုင်ချေ ၁၀၀% ရှိနေပြီး ဇွန်လ ၁၄ ရက်နေ့ည ပိုင်းတွင် တရုတ်ပြည်မတောင်ဘက်ကမ်းခြေအား မကာအိုမြို့အနီးမှ တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။ 🔸 မုန်တိုင်းအကြွင်းးကျန်များသည် အရှေ့ဘက် တရုတ်နိုင်ငံအတွင်းသို့ဆက်လက်ရွေ့လျားပြီး အနောက်ဘက် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတည်ရှိရာ အနောက်ဘက်သို့ ရွေ့လျားမှုမရှိပါ။ *စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ* 🔸 ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဇွန်လ ၁၅ ရက်နေ့၌ ဖြစ်ပေါ်လာနိုင်သော လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း နှင့် တောင်တရုတ်ပင်လယ်မှ အားကောင်းလာမည့် INVEST-92W တို့၏ အရှိန်သက်ရောက်မှုကြောင့် 🔸 မြန်မာတနိုင်ငံလုံး ဇွန်လ ၁၃-၁၄-၁၅-၁၆ မှ ၂၂ ရက်အထိ နေရာ အနှံ့အပြားမိုးရွာနိုင်ပါတယ်။ 🔸 တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ဇွန််လ ၁၆ ရက် မှ ၂၂ ရက်အတွင်း မိုးများရာမှမိုးအလွန်များနိုင်ပြီး(၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မ အထက်) 🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက် မ ခွဲအောက်(မိုးအသင့်အတင့် ရွာနိုင်ကြောင်း တွေ့ရပါတယ်။ ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များ ကြည့်ရန် - https://www.mmweather.org/divisional-cities-weather ရေးသားသူ - #ဦးဝင်းနိုင် #မိုးလေဝသ #မိုး #ရာသီဥတု

Post image
You
သက်နိုင်လင်း
သက်နိုင်လင်း
လွန်ခဲ့သော ၁ နှစ် က · လွိုင်လင်

⛈ မေလ ၁၆ မှစကာ မိုးဦးကာလ စတင်တော့မည်.. မေလ ၁၅ ရက် မနက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာတပ်ဆင်ထားပြီး Weather Station တွေမှာတော့ မိုးပါးပါး နေရာကျဲကျဲဆက်ရွာနေတာတွေ့ရပါတယ်။ မိုးရွာတဲ့နှုန်း(Rain-Rate)မများတာကြောင့် မိုးသည်းတယ်လို့ ပြောလို့မရပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ အထက်လေပွေလှိုင်းက ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကို ဒီနေ့ည ၉ နာရီမှာရောက်ရှိနိုင်ကြောင်း ECMWF နဲ့ ICON model တွေကခန့်မှန်းထားပြီး GFS Model ခန့်မှန်းချက်ကတော့ ပျက်သွားတာတွေ့ရပါတယ်။ မေလ ၁၄ ရက် ညနေပိုင်းအထိ GFS Model ခန့်မှန်းချက်က UACC သည်အားပိုကောင်းလာပြီး ရခိုင်ပြည်နယ်ကမ်းခြေကိုဖြတ်ဝင်တော့မဲ့ပုံ ပြနေခဲ့တာပါ။ ဒီနေ့မနက် updated data တွေမှာတော့ အဲ့ဒီခန့်မှန်းချက် ပျက်သွားပြီဖြစ်ပါတယ်။ *စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ* မေလ ၁၆ ရက်နေ့မှာ စတင်တဲ့ မိုးဦးကာလဟာ ဇွန်လ ၃၀ ရက်နေ့အထိဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နဲ့ အာရေဗျပင်လယ်တွေဘက်က လေပွေလှိုင်းတွေ လေဖိအားနည်းရပ်ဝန်းတွေဖြစ်ပေါ်တာ ဆက်ရှိနေဦးမှာဖြစ်ပြီး မိုးဦးကာလတလျှောက် မြန်မာနိုင်ငံမှာ မုတ်သုံမိုးကလည်း ဆက်ပြီး ရွာနေဦးမှာဖြစ်ပါတယ်။ ပင်လယ်ပြင်က ထူးခြားတဲ့ မိုးလေဝသအခြေအနေဖြစ်ပေါ်မှုအပေါ်မူတည်ပြီး မိုးနည်းခြင်း/မိုးများခြင်းတွေရှိလာပါမယ်။ မိုးဦးကာလအတွင်း ရာသီဥတုဖြစ်နိုင်ချေအချက်အလက်များကို ဆက်လက်စုဆောင်းတင်ပြပေးသွားမှာဖြစ်တာကြောင့် ပြည်နယ်/တိုင်းများအလိုက် ၄ ရက်စာ မိုးလေဝသအခြေအနေ(မိုးများမယ်/မိုးနည်းမယ်/နေပူမယ်/မိုးရွာမယ်)ဆိုတာတွေကိုတော့ Weather Widget Page မှာ ကိုယ်တိုင်ကြည့်ကြပါ။ ကျေးဇူးတင်ပါတယ်။ https://www.mmweather.org/divisional-cities-weather ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ် ပါသည်။ ရေးသာသူ -#ဦးဝင်းနိုင် #မိုးလေဝသ #မိုးဦးကာလ #အစိမ်းရောင်လမ်း #Green_Way

Post image
You
သက်နိုင်လင်း
သက်နိုင်လင်း
လွန်ခဲ့သော ၁ နှစ် က · လွိုင်လင်

၁၇-၁၈-၁၉ ရက်များတွင် ရန်ကုန် မိုး၊ လေသည်းထန်နိုင် ⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️ ECMWF AIFS(AI Forecast System)က ဒီနေ့မနက် (၈.၅.၂၀၂၅)မှာ ရရှိတဲ့ အချက်အလက်တွေအရ - ၁၇ ရက်နေ့မှာ - သိသာထင်ရှားတဲ့လေဖိအားနည်းရပ်ဝန်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာဖြစ်လာနိုင်တယ်၊ မြောက်ဘက်ကို ဆက်ရွေ့ပါမယ်။ ၁၉ ရက်နေ့ - အိန္ဒိယနိုင်ငံ - အနောက်ဘင်္ဂလားပြည်နယ်ကို ဦးတည်ရွေ့လျားနိုင်ပါတယ်။ ၂၀ ရက်နေ့ - ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် မုန်တိုင်းအကြွင်ူအကျန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယအရှေ့မြောက်ပိုင်း-အာသံ မဏိပူရနယ်ကိုဖြတ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မုန်တိုင်းအကြွင်းအကျန်မိုးတွေ များစေနိုင်တယ်၊ ၂၀၂၄ ခုနှစ် ဆိုင်ကလုန်း REMAL ရွေ့လျားခဲ့တဲ့လမ်းကြောင်းအတိုင်းရွေ့လျားရင်တော့ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဖျားပိုင်းဒေသတွေမှာ မိုးများနိုင်မယ်၊ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တွေ ရေတက်လာနိုင်တယ်၊ စိုးရိမ်ရေမှတ်တွေကျော်လွန်ပြီး ရေကြီးနိုင်မယ်ဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ကြရပါမယ်။ ရန်ကုန်မိုးမများလို့ မိုးများမည့်အထဲမပါလို့ဆိုပြီး ပြီးခဲတဲ့ post မှာ comment တွေ ရေးထားကြတာဖတ်ရပါတယ်။ မိုးက တစ်ပြည်လုံးရွာနိုင်ပါတယ်။ မိုးများမှာ၊ မိုးမများမှာကတော့ ဝင်လာနိုင်တဲ့ မိုးတိမ်တွေ၊ သူတို့ရွေ့လျားရာလမ်းကြောင်းတွေအပေါ်မူတည်ပါတယ်။ ၁၇-၁၈-၁၉ ရက်တွေမှာ ရန်ကုန်လဲ မိုးထန်ထန်-လေထန်ထန် ဖြစ်နိုင်မှာပါ။ ၄ ရက်စာ ကြိုတင်ကြည့်လို့ရတဲ့ weather widget တွေ ကြည့်ကြ၊ ကြိုတင်ပြင်ဆင်ဖို့လိုတာတွေ လုပ်ကြပါ။ အထူးသတိထားကြစေချင်တာက ငလျင်ဒဏ်သင့်ဒေသတွေမှာ ဖြစ်ခဲ့တဲ့ Surface Rupture(မြေပြင်အက်ကွဲကြောင်းကြီးတွေ၊ ဘေးတိုက်အရွေ့တွေ)ဖြစ်ခဲ့တဲ့နေရာတွေမှာ မိုးများရင် မြေကျွံနိုင်တယ်။ မြေပြိုနိုင်တယ်။ အက်ကွဲကြောင်းကြီးတွေ ပြန်ပိတ်သွားတာလဲ ဖြစ်နိုင်တယ် - မြေပြင်အောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ပါ။ #tsbm_er77info team က မြေပြင်မှာ မှတ်တမ်းတင်ထားတာတွေ တည်နေရာတွေ တင်ပေးနေတာ ရှိပါတယ်။ 🔸 ငလျင်ဒဏ်ထိထားတဲ့ ဒေသတွေအားလုံးမှာတော့ အထူးသတိထားကြရမယ်လို့ပဲ မှာချင်ပါတယ်။ ရေးသားသူ - #ဦးဝင်းနိုင် . . . ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #မိုးလဝသခန့်မှန်းချက် #Green_Way #အစိမ်းရောင်လမ်း

Post image
Win Ko Thu
Win Ko Thu 4,764 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

You
သက်နိုင်လင်း
သက်နိုင်လင်း
လွန်ခဲ့သော ၁ နှစ် က · လွိုင်လင်

ဧပြီ ၂၄ မှ ၃၀ ရက်အထိ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက် 🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️ ဧပြီလ ၂၃ ရက် ည ၉ နာရီတွင် ရရှိသည့်ဒေတာများအရ 🌤️ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့်တောင်တရုတ်ပင်လယ်များဘက်တွင် ထူးခြားမိုးလေဝသအခြေအနေမရှိပါ။ မြန်မာနိုင်ငံမြို့အများစု၏ နေ့အပူချိန်များသိသိသာတိုးလာသည်ကို တွေ့ရသည့်အချိန်တွင် အစွန်းရောက်ရာသီဥတုဖြစ်စဉ် လာနီညာလက်ကျန်ငွေ့ငွေ့ ကျန်ရှိနေသေးသဖြင့် ၂၀၂၄ ခုနှစ်ကဲ့သို့ ဆိုးရွားသောအပူချိန်များဆီသို့တွန်းပို့ခြင်း မပြုသည့် မိုးလေဝသအခြေအနေကို တွေ့နေရသည်။ ⛈️လာမည့် ၁ ပတ်အတွင်း မိုးတိမ်များဝင်ရောက်လာပြီးမိုးအုံ့လာကာ နေ့အပူချိန်များ မြင့်တက်နေရာက ပြန်လည်ကျဆင်းလာနိုင်သည်။ *စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ* ⛅ပင်လယ်ပြင်တွင် ရေမျက်နှာပြင်အပူချိန်မြင့်တက်နေသော်လည်း အနောက်-အနောက်တောင်လေ အားကောင်းကောင်းနှင့် မြန်မာ့ကမ်းရိုးတန်းဒေသများဆီသို့တိုက်ခတ်နေပြီးမုတ္တမကွေ့တွင် မြောက်ဘက်သို့ချိုးကွေ့တိုက်ခတ်လာသောပင်လယ်လေစီးကြောင်းက ပဲခူးရိုးမအရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းတို့မှတဆင့် အလယ်ပိုင်းမိုးနည်းရေရှားဒသများအထိ တိုးဝင်လျက်ရှိသည်။ 🌦️အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်မည့်ရက်သည် မေလ ၂၀ ရက်ကျော်မှသာ ပုံမှန်မုတ်သုံဝင်ရောက်ချိန်အတိုင်းဝင်ရောက်ဖွယ်ရှိနေသည်။ ဧပြီ ၂၈/၂၉ နေ့များတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် မိုးအနည်းငယ်ရွာနိုင်ပြီး တနင်္သာရီတိုင်းတောင်ပိုင်းတွင် မိုးအသင့်အတင့်မှ မိုးများနိုင်သည်။ ကချင်ပြည်နယ်အထက်ပိုင်း(ဆွန်ပရာဘုမ်နှင့်အထက်ပိုင်းဒေသများ)တွင် ဤရက်သတ္တပါတ် ၁ ပတ်အတွင်း မိုးများနိုင်သည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမည်။ ရေးသားသူ - #ဦးဝင်းနိုင် . . . နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသအခြေအနေများကို ပြည်တိုင်းမြို့များအလိုက်ကြည့်ရန် လင်ခ့် (Link)ကို ကွန်မန့်တွင် ထည့်ထားပေးပါသည်။ ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #မိုးလေဝသခန့်မှန်းချက် #အနောက်တောင်မုတ်သုံလေ #green_way #အစိမ်းရောင်လမ်း

Post image
You
သက်နိုင်လင်း
သက်နိုင်လင်း
လွန်ခဲ့သော ၁ နှစ် က · လွိုင်လင်

"သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးနောက် ၄၈ နာရီအတွင်း မြောက်-အနောက်မြောက်နှင့် မြောက်-အရှေ့မြောက်ဘက်တို့သို့ ချိုးကွေ့ကာ ဖြည်းဖြည်းချင်းအားပျော့သွားနိုင်မည်ဟု အိန္ဒိယမိုးလေဝသဌာန ထုတ်ပြန်" ဧပြီ ၈ ရက်၊ နေ့လည် ၂ နာရီ ခွဲ model UPDATE အရ 🔸 သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်း ဖြစ်လာကြောင်း အိန္ဒိယ မိုးလေဝသ ထုတ်ပြန်ချက်တွင် ဖေါ်ပြလာသည့်အတွက် လေဖိအားနည်းရပ်ဝန်းသည် အားပိုကောင်းလာကြောင်း 🔸 သတင်းထုတ်ပြန်ချိန်မှ နောက် ၂၄ နာရီအတွင်း Well-marked LPA အဖြစ်၊ အနောက်-အနောက်မြောက်ဘက်သို့ ရွှေ့လျားပြီးနောက် မြောက်-အရှေ့မြောက်ဘက်သို့ချိုးကွေ့ရွေ့လျားပြီး ၂၄ နာရီအတွင်း တဖြည်းဖြည်းချင်းအားပျော့လာနိုင်မည် .. ဟု ဖော်ပြပါရှိပါသည်။ 🔸 ထို့ကြောင့် နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ LOW ဟု ဖော်ပြထားကြောင်းတွေ့ရပြီး၊ ထုတ်ပြန်ချက်မှ အသေးစိတ်ရှင်းလင်းချက်များကို ပုံများတွင်ဖော်ပြထားပါသည်။ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေလျားနိုင်ချေ လျောနည်းသွားသော်လည်း အနောက်တောင်ဘက်မှ လေစီးကြောင်းက သယ်ဆောင်လာမည့် မိုးတိမ်များနှင့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်သက်ရောက်မှုကြောင့် ဧပြီလ ၉ ရက် မှ ၁၄ ရက် အတွင်း - 💦 ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း တို့တွင် နေရာကွက်ကြားမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး လေပြင်း(တစ်နာရီ ၁၅ မိုင် မှ ၂၈ မိုင်အထိ) တိုက်နိုင်ပါသည်။ 💨 မိုးတိမ်တောင်ကြီးများမှ စိုက်ဆင်းလေပြင်းဖြစ်ပေါ်တိုက်ခတ်နိုင်ချေလည်း ရှိသဖြင့် မိုးကြိုကာလ(ဧပြီ ၁၆ ရက်မှ မေလ ၁၅ ရက်အထိ)မရောက်မီ ရုတ်တရက်ဖြစ်ပေါ်လာသည့် ထူးခြားသော မိုးလေဝသအခြေကို သတိထားနိုင်ကြပါရန် တင်ပြလိုက်ပါသည်။ ရေးသားသူ - ဦးဝင်းနိုင် #Photo Crd

Post image
Win Ko Thu
Win Ko Thu 4,764 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

You
Thet Naing Linn
Thet Naing Linn 236
လွန်ခဲ့သော ၁ နှစ် က · ညောင်ရွှေ

🙏အထက်ဘက် ငလျင်လှုပ်ထားသည့် ဒေသများမှာ မိုးရွာနိုင်ချေအလွန်နည်းနိုင်တော့မည်.... ================ ဧပြီလ ၂ ရက်၊ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်တွင် ရရှိသည့်ဒေတာများအရ ဧပြီလ ၆ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀% အထိ လျော့ကျလာကြောင်းတွေ့ရပါတယ်။ WINDY မှာတော့ ECMWF, GFS နဲ့ ICON model များက ဧပြီလ ၄ ရက်နေ့မှာ အားပျော့သော လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာနိုင်ကြောင်းပြပါတယ်။ တကယ်ဖြစ်လာနိုင်မဲ့ ဧပြီ ၄ ရက်အထိတော့ အခြေအနေကို စောင့်ကြည့်ရပါဦးမယ်။ ဧပြီ ၅ ရက် - နံနက် ၁ နာရီမှ ၆ ရက် နံနက် ၁ နာရီအထိ (၂၄ နာရီ) အတွင်း မိုးရွာနိုင်မဲ့အခြေအနေက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာသာ မိုးအနည်းငယ်(၂၄ နာရီအတွင်း ၁၆ မီလီမီတာခန့်(၀.၆၃ လက်မ ခန့်)ရွာနိုင်ကြောင်းတွေ့ရပါတယ်။ အထက်ဘက် ငလျင်လှုပ်ထားသည့် ဒေသများမှာ မိုးရွာနိုင်ချေအလွန်နည်းနိုင်မည်ဖြစ်ကြောင်း တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်၊ ၁၂ နာရီ ၅၀ မိနစ် ၅၂ စက္ကန့် မှာ လှုပ်ခတ်သွားတဲ့ အင်အားပြင်းထန် ငလျင်ကြီးရဲ့ ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ "ရေခါးအင်း"လို့သာ google မှာပေါ်တဲ့ "ရေမျက်ကြီးအင်း"မှာ USGS က ပြင်းအား ၇.၇ ( ထိုင်းမိုးလေဝသဌာန(TMMD)က ပြင်းအား ၈.၂ )ဟု ဖော်ပြသည့် ငလျင်လှုပ်ခတ်ပြီးနောက် ငလျင်အကြိမ်ရေ ၂၅၂ ကြိမ် ရှိပြီဖြစ်ပါတယ်။ #ငလျင်ပြင်းအားအလိုက် အကြိမ်အရေအတွက်များ 1.0 to 2.9 = 73 3.0 to 3.9 = 114 4.0 to 4.9 = 56 5.0 to 5.9 = 8 6.0 to 6.9 = 0 7.0 = 1 ရေးသားသူ - ဦးဝင်းနိုင် . . . ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #ငလျင် #မိုးလေဝသ #မုန်တိုင်း #မိုး #အစိမ်းရောင်လမ်း #Green_Way

Post image
You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
Thet Naing Linn
Thet Naing Linn 236
လွန်ခဲ့သော ၁ နှစ် က · ညောင်ရွှေ

နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လာနိုင်ကြောင်း ဆရာဦးဝင်းနိုင် သတိပေး ====== နောက်ဆက်တွဲအနေဖြင့် အင်အား ၆.၄ ရှိတဲ့ ပြင်းအားက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)အနီး ကို ဇဟိုပြုနေကြောင်း တွေ့ရပါတယ်လို့ အခုလိုပဲ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဆိုတော့ အရေးကြီးစာရွက်စာတမ်းတွေကို လုံလုံခြုံခြုံနဲ့ယူရလွယ်အောင်ထုတ်ပိုးပြင်ဆင်ထားတာ မိသားစုတွေ လူစုကွဲသွားရင်၊ အဆက်အသွယ်ပြတ်သွားရင် ပြန်ဆုံနိုင်မယ့် "ဆုံရပ်" ၂ နေရာ ၃ နေရာလောက် သတ်မှတ်အသိပေးထားတာ ညအချိန်မတော် သဘာဝဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံလာရင် မြင်ရအောင် ဓါတ်မီး၊ ဘက်ထရီမီးချောင်းစသည်ဖြင့် အားသွင်းပြင်ဆင်ထားတာ အပေါ်က ပြုတ်ကျလာနိုင်တဲ့ပစ္စည်းတွေကြောင့် အန္တရာယ်မဖြစ်အောင် နေရာရွှေ့ထားတာ အဆောက်အဦနံရံတွေနဲ့ အုတ်စည်းရိုးတွေ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးတာ အရေးပေါ်ဝင်ပုန်းလို့ရမယ့် ခိုင်ခန့်တဲ့ ခုံ/ခုတင်တို့လိုပစ္စည်းမျိုးတွေအောက်ကို လွယ်လွယ်ဝင်လို့ ရအောင်ရှင်းလင်းထားတာစသည်ဖြင့် ကိုယ့်စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လိုအပ်မယ်ထင်တာကိုပြင်ဆင်ထားတာတော့ မမှားပါဘူး။ စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလို့လည်း မရပါ။ ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလို့လည်း မရပါ။ သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရင် သတိလွတ်မသွားအောင် ထိန်းသိမ်းရင်း တစ်ခုတော့မှတ်ထား​ပါ။ "အသက်ကို ဉာဏ်စောင့်ပါတယ်" အစိမ်းရောင်လမ်းက မိတ်ဆွေများ သဘာဝဘေးရန်မှ ကင်းရှင်းကြပါစေ 🙏 Crd# ဆရာဦးဝင်းနိုင်

Post image
Win Ko Thu
Win Ko Thu 4,764 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

You

အဖွဲ့အကြောင်း

မိမိသက်ဆိုင်ရာဒေသအလိုက် မိုးလေဝသအခြေအနေများကို အတိအကျသိရှိလိုသူများအတွက် မိုးလေဝသပညာရှင်နှင့် တိုက်ရိုက်မေးမြန်းဖြေကြားမှုများ ပြုလုပ်နိုင်ရ...

အများဆိုင်အဖွဲ့
အစိမ်းရောင်လမ်း အသုံးပြုသူ မည်သူမဆို အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။