စပါးကိုအပင်အားအတွက်ဆေဖြန်းခြင်တာပါ ဘာဆေးဖြန်းရမလဲ မြေဩဇာလျော့သုံးခြင်လို့ပါ လမ်းညွန်ပေးပါအုံးဗျ
အီးအမ် အားဆေးဖြန်းပါ အရမ်းထိရောက်ပါတယ်
ဘာ EM သုံးရမှာလဲ
အများဆိုင်အဖွဲ့ • အဖွဲ့ဝင် 3,635 ဦး • ဆွေးနွေးမှု 113 ခု
စပါးကိုအပင်အားအတွက်ဆေဖြန်းခြင်တာပါ ဘာဆေးဖြန်းရမလဲ မြေဩဇာလျော့သုံးခြင်လို့ပါ လမ်းညွန်ပေးပါအုံးဗျ
အီးအမ် အားဆေးဖြန်းပါ အရမ်းထိရောက်ပါတယ်
ဘာ EM သုံးရမှာလဲ
ရခိုင် အမ်းမြို့ ထဲကို EM နဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ လိုချင်ပါတယ် ပို့ပေးနိုင်တဲ့သူ ရှိပါသလားခင်ဗျား
အီအမ်က ကျွန်တော်စီမှာ ရပါတယ်ဗျ 09968928080 မန္တလေးကနေ ပို့ပေးလို့ရတဲ့မြို့အားလုံး ရပါမယ်ဗျ
ဆရာတို့ရေ ၂နှစ်တာ ကြံပင်စိုက်ထားပြီး သုံးနှစ်မြောက်ကြံပင်အငုတ်တွေမှ ပြန်ထွက်နေတဲ့ ကြံပင်တွေရှိနေတဲ့မြေကို ဘယ်လိုပြုပြင်ရမလဲ ဘာတွေစိုက်ပျိုးသင့်လဲ။ လက်ရှိမှာ မြေဟာ PH : 5.0/5.5ရှိနေပါတယ်။
တန်ခြား ထာ်ထိုး ကြက်ချေးမြေဩဇာချ၊ရေသွင်းပါ
ငရုတ်၊ ခရမ်း၊ စပါးနဲ့ အခြားသီးနှံတွေမှာ အဖြစ်များတဲ့ အမြစ်ပုပ်၊ ပင်ခြေပုပ်၊ ညှိုးသေရောဂါတွေကြောင့် မှိုသတ်ဆေးဖိုးတွေ အလွန်အကျွံ ကုန်ကျနေပြီလား? ထရိုင်ကိုဒါးမားကို စနစ်တကျ အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်ကို ထက်ဝက်လျှော့ချပြီး အပင်ကို ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/5GI_3zPii6w
ရိုင်ကိုဒါးမား ကိုအပင်မစိုက်ခင်မြေကြီးထဲမှာကြိုဖြန်းလို့မရဘူးလား
မုံရွာကိုပို့ပေးလား
မြေသြဇာတွေ ဘယ်လောက်ပဲကျွေးကျွေး အပင်က မဖြစ်ထွန်းဘူးဆိုတာ ကြုံဖူးကြမှာပါ။ အဓိက တရားခံကတော့ 'မြေချဉ်ငံဓာတ် (pH)' မမျှတတာကြောင့် ဖြစ်နိုင်ပါတယ်။ မြေကြီးက အရမ်းချဉ်နေရင် ဒါမှမဟုတ် အရမ်းငံနေရင် အပင်က အာဟာရကို စုပ်ယူနိုင်စွမ်း မရှိတော့ပါဘူး။ ဒီဗီဒီယိုမှာတော့ ဈေးကြီးတဲ့ pH Meter စက်တွေ ဝယ်စရာမလိုဘဲ အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ တိုင်းတာနိုင်မယ့် နည်းလမ်း (၂) မျိုးကို တင်ပြပေးထားပါတယ်။ ✅ ဗီဒီယိုထဲမှာ ပါဝင်မယ့် အကြောင်းအရာများ နည်းလမ်း (၁) - ဂေါ်ဖီထုပ်ခရမ်းရောင်ဖြင့် တိုင်းတာခြင်း ဂေါ်ဖီထုပ်ကို နုပ်နုပ်စင်းပြီး ရလာတဲ့ ခရမ်းရောင်အရည်နဲ့ စမ်းသပ်နည်း။ အရောင်ပြောင်းလဲမှုအလိုက် အဖြေထုတ်ပုံ (ပန်းရောင်ပြောင်းလျှင် မြေချဉ်၊ အပြာ/အစိမ်းပြောင်းလျှင် မြေငန်)။ နည်းလမ်း (၂) - ရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါဖြင့် တိုင်းတာခြင်း အမြှုပ်ထွက်ခြင်း ရှိ/မရှိပေါ် မူတည်ပြီး မြေကြီးရဲ့ အခြေအနေကို အမြန်ဆုံး စစ်ဆေးနည်း။ https://www.youtube.com/watch?v=STGMnu1r4to
ကျေးဇူးပါဆရာ
pH meter နဲ့ရောတိုင်းလို့ရလားဆရာ
မြေဆွေးကို အရည်အဖြစ်ပြောင်းပြီးတော့ ရွက်ဖျန်းအားဆေးရည်အဖြစ်နဲ့ သုံးတာပဲဖြစ်ပါတယ်။ အဲ့လို ပြောင်းလဲလိုက်တဲ့အခါ နိုက်ထရိုဂျင် ပါဝင်မှုနည်းပေမဲ့ တစ်ခြားသော အနည်းလို အာဟာရဓာတ်တွေကို ပြည့်ဝစွာ ထည့်ထားပေးတဲ့ ရွက်ဖျန်းအားဆေးရည်တစ်ခုအနေနဲ့ အပင်ကို ပိုမို သန်မာလာစေပါတယ်။ အဲ့ ရွက်ဖျန်းအားဆေးရည်ကို ဘယ်လိုလုပ်မလဲဆိုတော့ ရေစိမ်ပြီး ပြန်ဖျန်းပေးတာပါပဲ။ အဆင့်လေးတွေ သိချင်တယ်ဆိုရင်တော့....... ရေးသားသူ - ထွန်းဝင်းကျော် #ရွက်ဖျန်းအားဆေးရည် #အစိမ်းရောင်လမ်း #Green_Way
ဇကာအိတ်အဖြစ် ရေစစ်ပိတ်စကို အိတ်ချုပ်လို့ရပါတယ်။
ဆေးခြောက်ပင်ကို ဘယ်လိုကြီးထွားအောင်စိုက်ပျိုးပေးရမလဲ ဘာမြေအောဇာတွေရော ကျွေးပေးရမလဲဗျ
အပင်ပေါက် ဘယ်မှာဝယ်လို့ရလဲဗျ
အပင်ပေါက်မဝယ်နဲ့ပစ္စည်းဝယ်သောက် ပို့ပေးမယ်
နွားနို့ 1လီတာ။ထန်းလျှက် 1ပိသာ။ဆန်ဆေးရည်1လီတာ။ရောစပ်ထားတဲ့အီးအမ်ကို ဆေးဖျန်းပုံးတစ်ပုံးမှာဘယ်လောက်စီစီထည့်ဖျန်းသင့်ပါသလဲ
အဲဒါတွေရော လို့EM ဖြစ်ပီလား
သွန်ပစ်တဲ့ ဆန်ဆေးရည်ထဲမှာ အာဟာရဓာတ်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပါတယ်။ 🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾 အစိမ်းရောင်လမ်း အမေးအဖြေကဏ္ဍမှာ တောင်သူတဦးက မေးလာပါတယ်။ ဆန်ဆေးရည်ကို အပင်အားဆေးအဖြစ် မြေကြီးကိုဖျန်းပေးရင် ဘယ်လို အကျိုးအာနိသင်တွေ ရနိုင်ပါသလဲတဲ့။ ဒီမေးခွန်းမေးပေးတဲ့ ဖြူးမြို့က မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။ မေးလည်း မေးသင့်ပါတယ်။ အမှန်တကယ်လည်း မြန်မာနိုင်ငံမှာ အိမ်ထောင်စု သန်းပေါင်းများစွာဟာ ဆန်ကို ထမင်းအဖြစ် နေ့စဥ် ချက်ပြုတ်နေပေမယ့်ဆန်ဆေးရည်ကိုတော့ သွန်ပစ်ကြတာများပါတယ်။ အဲ့ဒီလို သွန်ပစ်တဲ့ ဆန်ဆေးရည်ထဲမှာ အာဟာရဓာတ်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပါတယ်။ ဆန်ဆေးရည်ကို.. - အသားအရေ လှပချောမွေ့ဖို့ မျက်နှာသစ်ရာမှာအသုံးပြုခြင်း။ - ဆံကေသာနက်မှောင်ဖို့ ခေါင်းလျှော်ရာမှာ အသုံးပြုခြင်း။ - ဟင်းသီးဟင်းရွက်များ အဆိပ်အတောက်၊ အနံ့အသက်များ ဖယ်ရှားဖို့ အသုံးပြုခြင်းတွေအတွက်လောက်သာ လူသိများကြပါတယ်။ အပင်တွေအတွက် အကျိုးရှိထိရောက်တဲ့ အော်ဂဲနစ် မြေသြဇာအဖြစ် အသုံးပြုနိုင်တာကိုတော့ သိရှိသူနည်းပါလိမ့်မယ်။ *စိုက်ပျိုး မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ* ဒါကြောင့်လည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ ရေးသားတင်ပြလိုက်ပါတယ်။ ☘️ပါဝင်သော အာဟာရဓာတ်များ - နိုက်ထရိုဂျင်(N) - ဖော့စဖရပ်(P) - ပိုတက်စီယံ(K) - ဗိုက်တာမင် (Vitamins) - အမျှင်ဓာတ် (Fibres) - အမိုင်နိုအက်ဆစ် (Amino Acids) - ပရိုတိန်း (Proteins) - သံဓါတ် (Iron) - ဇင့် (Zinc) - ကယ်လ်စီယံ (Calcium) စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေဟာ အိမ်ခြံဝန်းနဲ့ အိမ်တွင်း အလှစိုက်ပင်တွေအတွက် လုံလောက်တဲ့ ၊ အော်ဂဲနစ် မြေသြဇာဖြစ်ပါတယ်။ 🌿အပင်များအတွက် ဆန်ဆေးရည်ရဲ့ အကျိုးအာနိသင်များ (Benefit of rice water for plants) ----------------- - ကာဘိုဟိုက်ဒြိတ်များစွာပါဝင်လို့ အပင်အတွက် ကာဗွန်၊ နိုက်ထြိုဂျင်၊ အောက်ဆီဂျင်၊ ဟိုက်ဒြိုဂျင်ဓါတ်တွေ ပေးစွမ်းနိုင်လို့ အပင်ကြီးထွားမြန်စေပါတယ်။ - မြေကြီးထဲမှာ ရှိနှင့်ပြီးသော အကျိုးပြုဘက်တီးရီးယားတွေကို ပိုမို တိုးတက်ပွားများ စေလို့၊ အပင်အမြစ်တွေ အစာစုပ်ယူမှု အားကောင်းစေပါတယ်။ ( မြေဆီလွှာ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေပါတယ်) - အပင်ကို ဖျန်းပေးခြင်းဖြင့် စုပ်စားပိုးများ မလာအောင် တားဆီးကာကွယ်ပေးပါတယ်။ - မြေထဲမှာN,P,K အာဟာရဓာတ်တွေ ပိုမို တိုးတက်စေပါတယ်။ - အပင်တွေအတွက် ပိုးမွှားရောဂါ ခံနိုင်ရည်ရှိပြီးကြီးထွားသန်မာ၊ အပွင့်အသီးလှပ စေပါတယ်။ 🌿ဆန် ဆေးရည်(အစိမ်း) ရယူခြင်း (rice water from washing) - ဆန်ဆေးရာမှာ ၂-၃မိနစ်ခန့် ရေနောက်ကျိသည်အထိ မွှေပေးပါ။ - အပင်အတွက် အသုံးပြုရန် ဆန်ဆေးတဲ့အခါ ပထမဆုံးအကြိမ် ဦးရည်ကို သီးသန့်ခွက်ထဲမှာ ယူထားပါ။ 🌿ဆန်ဆေးရည် (အကျက်)ရယူခြင်း (rice water from boiling) - ထမင်းချက်ရာမှာ ရေကို ပိုများထည့်ပြီး ရေနွေးပွက်လာတာနဲ့ သီးသန့်ခွက်ထဲမှာ အအေးခံပြီးရယူပါ။ (ယူမည့် ရေပမာဏ ကြိုတင်ချိန်ဆပါ) 🌿အချဥ်ဖောက်ပြီး အသုံးပြုခြင်း (Fermemtation) - ဆန်ဆေးရည် တလီတာ ရယူပါ။ - သီးသန့်ဗူးအလွတ်ထဲသို့ ဆန်ဆေးရည် ၄ပုံ၊ ၃ပုံခန့် ထည့်ပါ။ - ထို့နောက် သကြား ၅-ဂရမ်(လက်ဖက်ရည်ဇွန်းတဇွန်း) သို့မဟုတ် တင်လဲရည်/သကာရည် ၂ဇွန်းထည့်ပါ။ - နွားနို့ သို့မဟုတ် ဒိန်ချဥ် (လဘက်ရည်ဇွန်း-၄ဇွန်း)ထည့်ပါ။ - အဖုံးပိတ်ပြီး သမအောင် လှုပ်ပေးပါ။ - အရိပ်အောက်မှာ ၃-၄ ရက်ထားပြီးရင် အသုံးပြုလို့ရပါပြီ။ 🌿သုံးစွဲနည်းစနစ် (Application methods) - ဆန်ဆေးရည်တဆကို ရေ ၁၀ ဆ ရောပြီး အပင်ခြေကို မနက် သို့မဟုတ် ညနေအချိန် လောင်းပေးနိုင်ပါတယ်။ - ဥယျာဥ်ခြံ သီးနှံများ၊ အိမ်တွင်းအလှစိုက်ပင်များမှာလည်း အသုံးပြုနိုင်ပါတယ်။ - အပင်အမျိုးအစားပေါ်မူတည်ပြီး နှုန်းထားကို ချိန်ဆလောင်းပါ(များလွန်းရင် ဆိုးကျိုးရှိနိုင်ပါတယ်) - အချဥ်ဖောက်ရည်ကို ပိုးမွှားကာကွယ်ဆေးအဖြစ် အရွက်ဖျန်းပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ ( ရေတလီတာ လက်ဖက်ရည်တဇွန်း) - succulents (ကန္တာရပင်) ပင်များအတွက်လည်း ဖျန်းဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ရေးသားသူ - #ဒို့ဦးလေး
ဖွဲနုကို ရေဖျော်သုံးတာက ဆန်ဆေးရေထက်ပမာဏပိုရပါတယ်
ကျေးဇူတင်ပါတယ် အခုကစပြီးသုံးကြည့်မယ်
ကျွဲချေးကို စပါးခင်းတွေမှာသုံးလို့ရအောင် ဘယ်လုပ်ရမလဲဗျာ သဘာဝမြေဩစာအဖြစ် ဘာတွေ ရောစပ်ဖို့လိုသေးလဲဗျ
hi
ကျွဲချေး လတ်လတ်ဆတ်ဆတ် ဆိုရင် ကျွဲချေး ၄ ဆ ၊ ကျွဲသေး ၁ ဆ၊ တင်လဲရည်/ထန်းလျက်ရည် ၁ ဆ ၊ ပဲမှုန့်စိမ်း ၁ ဆ ၊ ဝါးရုံပင်အောက် မြေဆွေး ၅ ကျပ်သားခန့် ၊ ရေ အဆ ၂၀ တို့ကို အိုး/စည်ပိုင်းအတွင်း သမအောင် ရောထည့်မွှေပြီး နေရိပ်မှာ *ဆယ်ရက်ခန့်* ထားပါ။ >> နေ့စဉ
1️⃣ မိုးစပါးရာသီတစ်လျှောက် စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ သိရှိနားလည်မယ် 2️⃣ မိုးစပါးစိုက်ပျိုးနေစဉ်အတွင်း ပညာရှင်များ၏ အနီးကပ်ကြီးကြပ်အကြံပေးမှုတွေ ရရှိမယ် 3️⃣ မိုးစပါးစိုက်တောင်သူများအချင်းချင်း ကြုံတွေ့ရတဲ့ အတွေ့အကြုံအခက်အခဲတွေကို မျှဝေပြီး အတူကျော်လွှားနိုင်မယ် 4️⃣ မိုးစပါးစိုက်ရာသီတစ်လျှောက် လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ပြီး အရှုံးအမြတ်များ တွက်ချက်နိုင်တဲ့ စနစ်နဲ့ ကြီးကြပ်ခံခွင့်လည်းရမယ့်အပြင် 5️⃣ အစိမ်းရောင်လမ်းရဲ့ ဦးစားပေးတောင်သူ (ပရီမီယံ User) အဖြစ် တစ်နှစ်ခံစားခွင့်တို့ပါ ရရှိသွားမယ့် သင်တန်း+ ကြီးကြပ် ပရိုဂရမ်လေးဟာဆိုရင် မိုးစပါးစိုက်ပျိုးကြမယ့် ဦးကြီး၊ ဒေါ်ကြီးတို့ ရှေ့ကို ရောက်ရှိလာပါပြီ.... 📢 🌾🌾 သင်တန်းကာလဟာ မိုးစပါးစတင်စိုက်ပျိုးဖို့ ပြင်ဆင်သင့်ပြီဖြစ်တဲ့ မေလ ၃၁ ရက်ကနေ စပြီး ရိတ်သိမ်းချိန်ထိ ၄ လ ကြာမြင့်မှာပဲ ဖြစ်ပါတယ်။ အချိန်ကတော့ မြန်မာစံတော်ချိန် ည ၇ နာရီကနေ ၉ နာရီအထိဖြစ်ပြီးတော့ Zoom Platform ကိုအသုံးပြုသင်ကြားပေးသွားမှာပါ။ သင်ခန်းစာအပတ်စဉ် ၁ ခုအတွက် သင်တန်းကြေး ၂၂၀၀၀ ကျပ် ကျသင့်ပြီးတော့ မိုးစပါးစိုက်ပျိုးရာသီတစ်လျှောက်လုံး လုပ်သွားမယ့် သင်တန်းအားလုံး (စုစုပေါင်း ၇ကြိမ်) စာ တစ်ခါတည်းစာရင်းပေးမယ်ဆိုရင်တော့ ပုံမှန်ထက် ၂၂% ထိသက်သာတဲ့ဈေးနဲ့ ၁၂၀,၀၀၀ ပဲ ကျသင့်မှာဖြစ်ပါတယ်။ 💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက် Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်တင်ပေးသွားမှာမို့ မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ တိုက်ရိုက်ပြန်လည်မေးမြန်းနိုင်ပါတယ်နော် သင်တန်းသားဦးရေလည်း အကန့်အသတ်ရှိတာမို့လို့ အစိမ်းရောင်လမ်းနဲ့အတူ မိုးစပါးစိုက်ပျိုးကြမယ့် ဦးကြီးတို့က အခုပဲ စာရင်းပေးသွင်းဖို့အတွက် Page Messenger ကို မြန်မြန်လေးပြေးလာခဲ့လိုက်ကြတော့နော်... 👩🌾
မျက်မှောက်ခေတ်တွင် ရိုင်ဇိုဘီယမ် သို့မဟုတ် ပဲမြစ်ဖုဇီဝမြေဩဇာများကို ပြုလုပ်ရောင်းချ နေကြ သော်လည်း အမှန်တကယ်အားဖြင့် ယင်းတို့တွင် သီးသန့်လက်ခံပင်ရှိနေခြင်းနှင့် တာရှည်မခံခြင်း တို့ကြောင့် သုံးစွဲသူတောင်သူကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းသည်သာ အတန်ဆုံးဖြစ်သည်။ —--------------------- မြစ်ဖု မြေဩဇာ တစ်မျိုးသည် ပဲပင်တိုင်းတွင် အသုံးပြုနိုင်သည်ဆိုသည်မှာ မဖြစ်နိုင်သကဲ့သို့ လပေါင်း အတော်ကြာ သိုလှောင်ရောင်းဝယ်နေရသော မြစ်ဖုမြေဩဇာမှာလည်း ဩဇာသက်ရောက်မှု မရှိနိုင်တော့ပါ။ ထို့ကြောင့် စိုက်ပျိုးသူတိုင်း အလွယ်တကူပြုလုပ်အသုံးချနိုင်သော ရိုင်ဇိုဘီယမ်ဇီဝမြေဩဇာ ပြုလုပ်နည်းမှာ- ၁။ မျိုးပင်စိုက်ပျိုးခြင်း မိမိစိုက်ပျိုးလိုသော ပဲပင်မျိုးအတွက် ရိုင်ဇိုဘီယမ်မျိုးများကို ကြိုတင်စိုက်ပျိုးထားရန်လိုအပ်သည်။ ကြိုတင် စိုက်ပျိုးရမည့် ကာလမျာ ပဲတစ်မျိုးနှင့် တစ်မျိုး သက်တမ်းမတူ၍ ကွာခြားနိုင်ပေသည်။ ပဲကို အခင်းလိုက်စိုက်ရမည့်အချိန်ထက် ရိုင်ဇိုဘီယမ်ယူရန် ကြိုစိုက်သောပဲပင်များ ပွင့်ခါနီးအချိန် ဖြစ်နေ ရပေမည်။ သာမာန်ပဲအများမှာ (၃၅) မှ (၅၅) ရက်ခန့်သာရှိသော်လည်း အချို့အသက်ကြီးသော ပဲများမှာ ဤအချိန်ထက်ကြာတတ်ပေသည်။ ရိုင်ဇိုဘီယမ်မျိုးယူရန် စိုက်ပျိုးသောပဲများအတွက် အသုံးပြု သော မြေမှာလုံးဝခြောက်သွေ့မနေသော အပေါ်မြေဆီလွှာ၊ သစ်ဆွေးမြေများပါသော မြေမျိုးကို အသုံး ပြုသင့်သည်။ တစ်ဧကပဲခင်းအတွက် ရိုင်ဇိုဘီယမ်ယူရန် ပဲပင် (၂၀) မှ (၅၀) အထိစိုက်ပျိုးထားနိုင်သည်။ ၂။ ပဲပင်ငယ်များမှ စဖူးပြီးပွင့်ခါနီးအချိန်တွင်နှုတ်၍ အမြစ်များကိုရေဆေးပါ။ ရေသောက်မြစ်၏ အရင်းပိုင်း၌ အကြီးဆုံး၊ အရောင်အရင့်ဆုံး၊ အဖောင်းဆုံးမြစ်ဖုများကိုတွေ့နိုင်သည်။ ရေသောက်မြစ် အလယ်ပိုင်း၊ ဘေးမြစ်ကြီးများ၏ အရင်းပိုင်းတွင် ဒုတိယတန်းစားမြစ်ဖုများကို တွေ့ရမည်။ မြစ်ဖု အသေးများကိုကား အသုံးပြုရန်မလို။ အသုံးမပြုဘဲ နေနိုင်သည်။ ၃။ နွားနို့တစ်ပိဿာကိုဆူအောင်ကြိုပါ။ မလိုင်များကို ဖယ်ပစ်ပါ။ မျက်နှာပြင်ကျယ်သော ခွက် (သို့) ဇလုံတွင် အအေးခံပါ။ ကြက်သီးနွေး အပူချိန်သို့ ရောက်သောအခါ ရေဆေးထားသော ပဲမြစ်ဖုများကို ချေ ထည့်ပါ။ ၄။ မြစ်ဖုများအတွင်းရှိနေသာ ရိုင်ဇိုဘီယမ်များသည် နွားနို့ထဲတွင် ပွားသွားပေမည်။ ၃ ရက်မှ ၅ ရက်ကြာသောအခါ အသုံးပြုနိုင်ပြီဖြစ်သည်။ #သိုလှောင်နည်း ခဲမြေ (သို့) အုန်းခွံမှုန့်အဆွေး (သို့) လွှာစာမှုန့်အဆွေး (၅) ပြည်၊ တင်လဲရည် (သို့) ထန်းလျက်ရည် ၅၀ သား၊ မီးသွေးမှုန့် ၃ ပြည်နှင့် ရိုင်ဇိုဘီယမ်များ ကြိုပွားထားသော နွားနို့ကို ပလတ်စတစ်အခင်းပေါ်တွင် စုပုံပြီး သမအောင်ရောစပ်ပါ။ ဓာတ်ငွေ့အဝင်အထွက်ရှိနိုင်သော ပလတ်စတစ်အိတ်မျိုးတွင် တစ်ပေါင်စီ သို့မဟုတ် တစ်ကီလိုစီ အထုတ်ပြုလုပ်ပြီး အေး၍ နေရောင်ခြည် တိုက်ရိုက်မကျသောနေရာတွင် သိုလှောင်ထားပါ။ သတိပြုရန်မှာ ရိုင်ဇိုဘီယမ်၏ သာမာန်သက်တမ်းမှာ ၆ လသာဖြစ်၍ အစောဆုံး အသုံးပြုနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ *စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ* #အသုံးပြုနည်း ရိုင်ဇိုဘီယမ်ကို အဆင့် ၂ ဆင့်တွင် အသုံးပြုနိုင်သည်။ (၁) မျိုးစေ့အဆင့်တွင် အသုံးပြုခြင်း (၂) ပင်ပေါက်အဆင့်တွင် အသုံးပြုခြင်း ရိုင်ဇိုဘီယမ်များ ဖောက်ထားသော နို့ ၃ ရက်မှ ၅ ရက်ကာလတွင် အသုံးပြုမည့် ပဲမျိုးစေ့များတို့ကို နို့ချဉ်များတွင် လူးပေးခြင်းဖြင့် ထိုပဲစေ့မှ အပင်ပေါက်ပြီး စောစီးစွာရိုင်ဇိုဘီယမ်များ ဝင်ရောက်နိုင်ပြီး မြစ်ဖုများဖြစ်ပေါ်စေနိုင်သည်။ အကယ်၍ နို့ချဉ်မဟုတ်ဘဲ လွှစာမှုန့်များအတွင်း သိုလှောင်ထားသော ရိုင်ဇိုဘီယမ်ကို အသုံးပြုလျှင်လည်း ရနိုင်သည်။ ရိုင်ဇိုဘီယမ်များ ပဲမျိုးစေ့များတွင် စွဲကပ်နေစေရန် အချို့က ထမင်းရည်ကဲ့သို့သော ကော်ရည်တစ်မျိုးမျိုးကို အသုံးပြုကြသည်။ စိုက်ခင်းတွင်ပဲပင်များကို ပဲပင်၏ အခြေအနေကိုလေ့လာရာတွင်မြစ်ဖုဖြစ်ပေါ်မှု စိတ်ကြိုက်မရပါက နို့ချဉ်ကို ရေရောပြီး စိုက်ခင်းတွင် ပက်ဖျန်းခြင်းဖြင့်လည်းကောင်း၊ လွှာစာမှုန့်ဆွေးအတွင်း သိုလှောင်ထား သော ရိုင်ဇိုဘီယမ်များကိုလည်း ပက်ဖျန်းပေးခြင်းဖြင့်လည်းကောင်း ပြုလုပ်နိုင်သည်။ ဤအဆင့်မှာ ဒုတိယအဆင့်မြစ်ဖုဖြစ်ပေါ်အောင် ကြိုးစားခြင်းဖြစ်သည်။ ရိုင်ဇိုဘီယမ်များသည် သာမာန်အားဖြင့် ကြီးထွားနှုန်းမြန်သည်။ မိမိတို့နှစ်သက်သော အပူချိန် ၂၈ မှ ၃၀ စင်တီဂရိတ်တွင် ၂ မှ ၄ မီလီမီတာအချင်းရှိ ကိုလိုနီများအဖြစ်သို့ ၃ ရက်မှ ၅ ရက်အတွင်း ရောက်သွား နိုင်သည်။ သဘာဝအခြေအနေများတွင် ပဲပင်ပေါက်များအတွင်း ၁၀ ရက်မှ ၁၄ ရက်အတွင်း ဝင်ရောက်နိုင်ပြီး နောက်အကျဆုံး ၂၁ ရက်မှ ၂၈ ရက်အတွင်း မြစ်ဖုများကို သာမာန်မျက်စိဖြင့် မြင်တွေ့နိုင်သည်။ မြစ်ဖုများ ၏ ပုံသဏ္ဌာန်၊ အရွယ်၊ အရောင်၊ မျက်နှာပြင်အနေအထားနှင့် တည်နေရာပေါ်လိုက်ပြီး ကွာခြားမှုရှိသည်။ ( ဦးဖရတ်သိန်းဖေရေးသားသော စိုက်ပျိုးရေးစာစုများ စာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်) အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #ပဲမြစ်ဖုဇီဝမြေဩဇာ #ပဲ #စိုက်ပျိုးရေး #အစိမ်းရောင်လမ်း #Green_Way
သူက အပင်အတွက်ဘယ်လိုအကျိုးရှိတာလဲ ရှင်းပြပါအုံး
nitrogen fixation ( လေထဲက nitrogen N2 ကိုဖမ်းယူပေးပြီး အပင်စားသုံးနိုင်တဲ့ nitrogen form NH4 နဲ့ NO3 ပြောင်းပေးတာပါ။) ပဲမျိုးနွယ်ဝင်အပင်တွေနဲ့ မိတ်ဖက် ဘက်တီးရီးယားပါ။
🌾 ပုလဲမြေသြဇာဆိုတာ တောင်သူတွေအသုံးများကြတဲ့ နိုက်ထရိုဂျင် ဓာတ်မြေသြဇာတစ်ခုပါ။ ဒီကာလမှာ မြေသြဇာစျေးတွေ ခုန်ပျံတက်သွားခြင်းက ခုနှစ်စိုက်ပျိုးရာသီလယ်သမားတို့အတွက် အတော်လေး ဂယက်ရိုက်စေခဲ့ပါတယ်။ N46 လို့ ခေါ်ကြတဲ့ ပုလဲအစား ဘာသုံးရမလဲဆိုတဲ့ မေးခွန်းတွေလည်း တောင်သူတွေစီကနေထွက်လာခဲ့ပါတယ်။ နိုက်ထရိုဂျင် ၄၆ ရာခိုင်နှုန်းရဖို့ဆိုတာ ပုလဲသုံးမှမဟုတ်ပါဘူး။ သဘာဝမှာလည်း နိုက်ထရိုဂျင် ၄၆ ရာခိုင်းနှုန်း၊(သို့မဟုတ်)ပိုလို့တောင်ရနိုင်တာတွေရှိပါတယ်။ ၁။ သဘာဝမြေသြဇာတွေနဲ့ အစားထိုးမယ် သဘာဝမြေသြဇာတွေနဲ့ အစားထိုးသုံးတော့မယ်ဆိုရင် C:N ratio (စီအန်အချိုး) အကြောင်း အရင်သိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မြေကြီးထဲမှာ စီအန်အချိုး ၂၄:၁ ရှိမှ မြေအောင်း အကျိုးပြုပိုးတွေက အလုပ်လုပ်ပါတယ်။ ဒါမှ ထည့်သမျှကို အပင်ကစုပ်ယူနိုင်မှာပါ။ စီအန်အချိုးကို ဂရုမစိုက်ဘဲ ဝယ်ထည့်နေခြင်းက ဆုံးရှုံးမှုတွေများစေပါတယ်။ နိုက်ထရိုဂျင်များစွာပါဝင်တဲ့ သဘာဝမြေသြဇာလုပ်နည်းတွေဖြစ်တဲ့ စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၁) စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၂) စူပါဘိုကာရှီ(super bokashi) လွှစာဘိုကာရှီပြုလုပ်နည်းစတဲ့ ဒီသဘာဝမြေသြဇာတွေကတော့ စိုက်ပျိုးမြေထဲမှာ မြေသြဇာထုတ်စက်ရုံတွေ တည်ထားသလိုဖြစ်စေမယ့် နည်းတွေပါ။ ရေတိုမှာမသိသာပေမယ့် ရေရှည်မှာ အကျိုးများမှာမို့ ဒီမြေသြဇာတွေလုပ်သုံးပါ။ *စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ* ၂။ သစ်စိမ်းမြေသြဇာထည့်ခြင်း ဒီနည်းလမ်းကတော့ နိုက်ထရိုဂျင်ကို ပရိုကျကျလိုချင်တဲ့သူတွေ၊ မြေသြဇာမလုပ်ဘဲ မျိုးစေ့ကြဲထားရုံနဲ့ နိုက်ထရိုဂျင်တွေရမယ့်နည်းပါ။ စိုက်ပျိုးရာသီမစခင် ကြိုတင်လုပ်ဆောင်ဖို့လိုပါတယ်။ ပြီးတော့ ကိုယ်စိုက်ချင်တဲ့ ဝင်ငွေရသီးနှံတွေနဲ့ သီးလှည့်စိုက်ပေးရမှာပါ။ ရိုးရှင်းပြီး အကျိုးများတဲ့ နည်းလမ်းတစ်မျိုးပါ။ သစ်စိမ်းမြေသြဇာ သစ်စိမ်းမြေသြဇာ (၂) သစ်စိမ်းမြေသြဇာ (၃) မြေပြန့် ချယ်ရီပင် (gliricidia) အား သစ်စိမ်းမြေသြဇာ အနေဖြင့် အသုံးပြုခြင်း အစွန်းရောက်ရာသီဥတုနှင့် သစ်စိမ်းမြေသြဇာအပင်များစတဲ့ ဒီဆောင်းပါးတွေမှာ လေ့လာနိုင်ပါတယ်။ Link တွေကို Comment မှာ ပေးထားပါ့မယ်။ ၃။ လွယ်လွယ်နဲ့မြန်မြန်ရမယ့် သဘာဝရွက်ဖျန်းများ အပင်ပိုင်းကြီးထွားဖို့ အထောက်အကူပြုမယ့် နိုက်ထရိုဂျင်ထက် ပိုကောင်းတာတွေပါတဲ့ ရွက်ဖျန်းဆေးလုပ်နည်းတွေပါ။အချိန်သိပ်မပေးရဘဲ ကုန်ကြမ်းစုလို့လည်း လွယ်တဲ့နည်းတွေပါ။ Compost Tea (မြေဆွေး လက်ဖက်ရည်) ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) အချဉ်ဖောက်ထားသော အရွက်အရည်ပြုလုပ်နည်း ဒီနည်းတွေကတော့ အလျင်လိုနေပြီဆို သုံးလို့ရတဲ့ဆေးနည်းတွေပါ။ ပင်ပိုင်းအားကောင်းဖို့အတွက် N46 လို အာနိသင်မျိုးပေးနိုင်ပါတယ်။ လူတွေမှာ အကြောဆေးသွင်းသလိုဖြစ်တာကြောင့် နံပါတ်(၁)လို မြေသြဇာတွေကိုလည်း သုံးပေးပါ။ ရွက်ဖျန်းတစ်မျိုးကိုပဲ အားကိုးလို့မရကြောင်းလည်း သတိပေးပါရစေ။ ဒီလောက်ဆိုရင်တော့ N46တွေ မတတ်နိုင်ရင် ရွေးချယ်ရမယ့်နည်းလမ်းတွေကို သိကြပြီထင်ပါတယ်။ အဆင်ပြေကြပါစေရှင်။ ရေးသားသူ #သိမ့်ဇာ . . . ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #ပုလဲ #ယူရီးယား #နိုက်ထရိုဂျင်မြေဩဇာ #အစိမ်းရောင်လမ်း #Green_Way
အတာတွေဘယ်လို့လုပ်ကြမလဲပါတခါထဲထည့်ရေးသားသင့်ပါတယ့်
မှန်ပါတယ်ကျနော်တို့ကလေ့လာသင်ယူနေတာပါ
အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း ⭐2023 ခုနှစ်မှ စကာ နှစ်စဥ်နှစ်တိုင်း အစဥ်အလာကောင်းများနဲ့ She Innovates Program ဟာ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၈၀ ကျော်ကို အချင်းချင်း ပိုမိုကောင်းမွန်တဲ့ အချိတ်အဆက်များနဲ့ လက်တွဲကူညီနိုင်စေရန်၊ အဘက်ဘက်မှ တိုးတက်မှုများလက်တွေ့အကောင်အထည်ဖော်ရင်း စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ကြစေရန် စီးပွားရေး ကျွမ်းကျင်မှုနှင့် နည်းပညာများ ပံ့ပိုးကာ စုစည်းသင်ကြားပို့ချခဲ့ပါတယ်။ 🎯စိန်ခေါ်မှုအမျိုးမျိုးနှင့် ကြုံတွေ့နေရသော ယခုလို အခြေအနေမျိုးကို ကြံ့ကြံ့ခံရင်း လုပ်ငန်း စတင်နိုင်ရန် သို့မဟုတ် လက်ရှိစီးပွားရေးလုပ်ငန်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းနိုင်ရန် ပြောင်းလဲမှုရေစီးကြောင်းနဲ့ အမီ လိုက်ပါနိုင်ဖို့ လိုအပ်နေသူ အမျိုးသမီးစွန့်ဦးတီထွင်သူများ၊ 🎯 လုပ်ငန်းတိုးတက်မှုအတွက် နည်းစနစ်အသစ်၊ ဗျူဟာအသစ်တွေ သင်ယူလိုသူ၊ ဆန်းသစ်တီထွင် ဖန်တီးလိုသူများ၊ 🎯 လိုက်လျောညီထွေသော စီးပွားရေး မဟာဗျူဟာများကိုအသုံးချကာ စီးပွားရေးမှာ မလိုအပ်သောအရာများလျှော့ချပြီး ရှိပြီးသားအရင်းအမြစ်များဖြင့် ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်မယ့် စီးပွားရေးနည်းစနစ်နှင့် ဆုံးဖြတ်နိုင်စွမ်းများကို သိရှိလေ့လာဖို့ စိတ်အားထက်သန်သူများအတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲများကို ဖြေလျှော့နိုင်ဖို့ "She Innovates Program” ကို တတိယအကြိမ်မြောက် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🤝အခုလိုအခက်အခဲများကြားမှာ အမျိုးသမီး ဦးဆောင်တဲ့ startup နဲ့ MSME များ ဆက်လက်ရပ်တည်နိုင်ဖို့နဲ့ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံဖြတ်ကျော်နိုင်ဖို့ ကူညီသွားရန် အဆင့်သင့်ရှိနေပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရရှိတဲ့ အမျိုးသမီးလုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးမှာ အလေအလွင့်များလျှော့ချပြီး ရှိပြီးသား အရင်းအမြစ်များဖြင့်သာ ပိုမိုထိရောက်အောင်၊ လုံလောက်စွာလည်ပတ်တိုးတက်နိုင်အောင် လုပ်ဆောင်နိုင်မဲ့ ဆန်းသစ်တဲ့ စီးပွားရေး မဟာဗျူဟာများ၊ စီးပွားရေးနည်းစနစ်များကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ စီးပွားရေးဆန်းသစ်ဖန်တီးမှုမှစလို့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများကို ဈေးကွက်နှင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်မွမ်းမံမှုများလည်း ပြုလုပ်ခွင့်ရမှာဖြစ်ပါတယ်။ ထို့အပြင် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးနယ်ပယ်များကို ထည့်သွင်းစဉ်းစားတတ်လာပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ချိန်ညှိခြင်းနည်းလမ်းများကိုလည်း လေ့လာရင်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ခိုင်မာစွာ ရပ်တည်နိုင်စေမှာပါ။ အစီအစဉ်တစ်လျှောက်တွင် သင်တန်းများ၊ အနီးကပ်လမ်းညွှန်မှုများဖြင့် 🔺 ဆန်းသစ်ခြင်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအဆင့်များကို နားလည်ခြင်း 🔺 စားသုံးသူဖွံ့ဖြိုးမှု 🔺 အလေအလွင့်နည်းသော စီးပွားရေးစီမံချက်များ ဖန်တီးခြင်း 🔺 ရေရှည်တည်တံ့သော ငွေကြေးပုံစံများ ရေးဆွဲခြင်း 🔺 အမျိုးသမီးတစ်ယောက်အနေဖြင့် ဦးဆောင်ခြင်းအား နားလည်သဘောပေါက်ခြင်း 🔺 စီးပွားရေးတင်ပြချက်များအား ကျွမ်းကျင်စေခြင်း အစရှိတဲ့ခေါင်းစဉ်များကို လေ့လာခွင့် ရမှာပဲဖြစ်ပါတယ်။ သင်တန်းများပြီးဆုံးချိန်မှာလည်း အမျိုးသမီးလုပ်ငန်းရှင်များမှ ကိုယ်တိုင်ရေးဆွဲထားတဲ့ အလေအလွင့်နည်းသော စီးပွားရေးစီမံချက် (Lean Business Plan) ကို Impact Hub Yangon နှင့် Fredich Naumann Foundation သို့တင်သွင်းကာ ပိုမိုကောင်းမွန်အောင် ကျွမ်းကျင်သူများမှ အကြံပြုချက်များဖြင့် အဆင့်မြှင့်နိုင်မှာပါ။ ကျွမ်းကျင်ဆရာ၊ ဆရာမများ၏ လမ်းညွှန်အကြံပေးခြင်းအစီအစဉ်များ၊ ကွန်ရက်ချိတ်ဆက်ပွဲများ ပြုလုပ်သွားမှာဖြစ်ပြီး ယခင်ပရိုဂရမ်ပြီးမြောက်သူ အမျိုးသမီးလုပ်ငန်းရှင်များနှင့် အချိတ်အဆက်ကောင်းများလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ✅ မိမိတို့စီးပွားရေးလုပ်ငန်းကို အလေအလွင့်အနည်းဆုံးနှင့် ရှိပြီးသားအရင်းအမြစ်များကို တန်ဖိုးမြှင့်ရင်း ထိရောက်စွာ စတင်နိုင်ဖို့၊ လည်ပတ်နိုင်ဖို့ တီထွင်မှုအားကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် အခုပဲ တတိယအကြိမ် "She Innovates Program” ကို အမြန်ဆုံးလျှောက်ထားလိုက်ပါ။ ✔️လျှောက်ထားရန်လင့်ခ် - https://forms.gle/Z9yW6BQdK3nHDujy7 ✔️နောက်ဆုံးထား လျှောက်ထားရမည့်ရက် - ၂၀၂၅ ခုနှစ်၊ မေလ ၁၄ရက် ( ဗုဒ္ဓဟူးနေ့ )။ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များကို yangon@impacthub.net သို့ [+959451024423] မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ [English] ⭐ Calling all women entrepreneurs and women business owners in Myanmar! Impact Hub Yangon and Friedrich Naumann Foundation are proud to present the She Innovates Program, building on continuous success since 2023 in empowering women entrepreneurs by fostering synergy and strength through innovative collaborations and complementary business solutions. 🎯 Do you think it is necessary to adapt to the changes for sustaining your startups or business amidst the political instability, economic challenges and recent crisis? 🎯 Does your business require innovation and do you think it is necessary for you to learn the innovative strategies to grow your business? 🎯 Are you passionate about learning innovative business strategies and efficient methods to make your business leaner? This is your chance to ease all the challenges and obstacles that your business is facing in these difficult times! 🤝 Impact Hub Yangon and Friedrich Naumann Foundation are excited to bring a transformative program tailored for young women entrepreneurs and women business owners in Myanmar again in 2025. The Program aims to help the young women-led startups and MSMEs build a more resilient business and adapt to the challenges their businesses are facing today amidst the crisis. In the program, the participants will get to dive deep into innovative strategies and learn how to make their business leaner and more efficient. The participants will get hands-on experience with various aspects of business innovation, from validating the products and services to refining them until the products and services fit the perfect market. Moreover, the participants will get to learn how to balance economic, environmental, and social well-being for sustainable growth. What can you expect from this Program? What topics will you get to learn? 🔺 Understanding innovation and development stages. 🔺Customer development. 🔺 Creation of lean business models. 🔺 Crafting a sustainable financial model. 🔺 Understanding leadership as a woman. 🔺 Mastering the art of pitching. After the training sessions, the participants have to submit the lean business plan to Impact Hub Yangon alongside Friedrich Naumann Foundation, which will provide valuable feedback on each plan. Moreover, there will be mentoring sessions, grouping businesses by type for more focused guidance, and a physical networking event to meet and exchange ideas with stakeholders, experts and program alumnus. ✅ Join us on this empowering journey to thrive in the face of adversity! Apply today and lead your business to a more innovative and efficient way. ✔️Application Link: https://forms.gle/Z9yW6BQdK3nHDujy7 ✔️Apply latest by 14th May, 2025 (Wednesday) For more information about the Program, please contact us at yangon@impacthub.net or [+959451024423]. #ImpactHubYangon #SheInnovates #SME #WomenLed #WomenEntrepreneurs #WomenEmpowerment #WomenFounder
💦ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ဒေသတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရရှိမှုနဲ့ ပတ်သက်ပြီး အခက်အခဲကြုံနေရတယ်လို့ သိရတဲ့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအခက်အခဲကနေ အထိုက်အလျောက် ပြေလည်နိုင်မဲ့ နည်းလမ်းလေးတစ်ခုကို ကျနော့်ကိုယ်တွေ့လေးမို့ မျှဝေပေးလိုပါတယ်။ ၂၀၂၂ ခုနှစ် ကျနော် လူငယ်လယ်သမား အစီအစဉ်သင်တန်းကျောင်းမှာ တက်ရောက်စဉ် သင်ကြားအသုံးချခဲ့ရတဲ့ ရေသန့်စင်ပုံလေးပါ။ ကျောင်းမှာရှိတဲ့ ရေတွင်းတွေက ချောင်းနားဘေးကပ်နေပြီး သန့်စင်မှု နိမ့်ကျတာကြောင့် ကျနော်တို့ကိုယ်တိုင် ဒီနည်းအတိုင်း သန့်စင်ပြီး သောက်ခဲ့ပါတယ်။ ကျနော်တို့လုပ်ခဲ့တုန်းကတော့ ပုံးနှစ်ပုံးကို သုံးပြီး မီးသွေး၊ ကျောက်ခဲစ၊ ကျောက်စရစ်၊ သဲ၊ ပိတ်စနဲ့ PVC ပိုက်တွေကို သုံးပြီးလုပ်ခဲ့တာပါ။ ကျနော်တို့ လုပ်ခဲ့တဲ့ ပုံစံအတိုင်းကို လုပ်ဖို့က ပစ္စည်းလိုအပ်ချက်များပြီး လုပ်ရတာ နည်းနည်း လက်ဝင်တာမို့လို့ ကျနော်တို့ လုပ်ခဲ့တဲ့ နည်းလမ်းရယ် ပိုပြီး လွယ်လွယ်ကူကူ လုပ်လို့ရမဲ့ နည်းလမ်းရယ် နှစ်မျိုး ဖော်ပြပေးလိုက်ပါတယ်။ #ပထမနည်း (ရေပမာဏ များများသန့်စင်နိုင်) လိုအပ်သော ပစ္စည်းများ ကော်ရေပုံးကြီးကြီး (၄၀ လီတာဝင်နှင့်အထက်) PVC ပိုက်နှင့် ပိုက်ဆက်ခေါင်းများ ကျောက်ခဲစ ( ကြက်ဥအရွယ်ခန့်) ကျောက်စရစ်ခဲ (လောက်စာလုံးအရွယ်ခန့်) သဲနု၊ သဲကြမ်း ပိတ်စ #ပြုလုပ်ပုံအဆင့်ဆင့် ၁။ ပထမဆုံးအနေနဲ့ ပုံးရဲ့ အောက်ခြေကို အပေါက်ဖောက်လိုက်ပါ။ ပြီးရင် PVC ပိုက်မှာ လက်ညှိုးလောက်ရှိတဲ့ အပေါက်တွေ ဖောက်ပြီး အပေါက်မှတဆင့် ပုံးထဲ ထည့်လိုက်ပါ။ ရေစိမ့်မထွက်အောင် ပိုက်ဆက်များခံ၍ အပေါက်မှတဆင့် ရေပိုက်ခေါင်းကို ထုတ်ပါ။ ၂။ ပထမဆုံးအလွှာမှာ ကျောက်အပိုင်းအစလေးတွေကို ဆေးကြောပြီးပြီးထည့်ပါ။ ဒုတိယအလွှာမှာ ကျောက်စရစ်ခဲများထည့်ပါ။ ထို့နောက် ပိတ်စ ခံ ပါ။ သဲကြမ်းများထည့်ပါ။ ပိတ်စထပ်ခံပါ။ မီးသွေးခဲများကို ထုခြေ၍ ထည့်ပါ။ အပိုင်းအစလေးများ ဖြစ်သွားလျှင် အဆင်ပြေပါပြီ။ အမှုန့်ဖြစ်ရန် မလိုပါ။ ပိတ်စခံပါ။ သဲနုများထည့်ပါ။ ပိတ်စခံပါ။ အပေါ်ဆုံး အလွှာတွင် ကျောက်စများ ပြန်ထည့်တဲ့ နည်းအတိုင်းပြုလုပ်ပြီး စစ်လိုသော ရေထည့်ရန် အပေါ်ဆုံးအလွှာထက်တွင် အနည်းဆုံး ၆လက်မခန့် နေရာကျန်ပါစေ။ အလွှာ တလွှာချင်းစီကို ၃-၄ လက်မ ဝန်းကျင်ခန့် ထည့်ပေးပါ။ ပိတ်စမရှိလျှင် ရေစိမ့်နိုင်တဲ့ အဝတ်သန့်သန့် သုံးပေးလို့ ရပါတယ်။ ကနဦး ထွက်လာသော ရေများသည် ကြည်လင်အုံးမည်မဟုတ်ပါ။ ရေများကြည်လင်ရန် ၅နာရီနဲ့ အထက် စောင့်ရန် လိုပါတယ်။ ရေများ ကြည်လင်သွားလျှင် စတင်အသုံးပြုနိုင်ပါပြီ။ #ဒုတိယနည်း (လိုအပ်သော ပစ္စည်းများ) ၂၀ လီတာဆန့် ရေသန့်ဘူးအကြီး ကျောက်စရစ်ခဲ ကျောက်စများ (လက်မအရွယ်ခန့်) သဲနု မီးသွေး ပြုလုပ်ပုံအဆင့်ဆင့် ရေသန့်ဘူး အောက်ခြေကို ပိုင်းဖြတ်လိုက်ပါ။ အပေါ်ဖုံးကို ဖွင့်၍ ပိတ်စ သို့မဟုတ် ရေစိမ့်နိုင်သော အဝတ်သန့်သန့်နှင့် ပိတ်လိုက်ပါ။ ပထမဆုံးအလွှာတွင် ရေစိမ့်နိုင်သော အဝတ်သန့်သန့်ကို ခေါက်ထည့်ပါ။ ကျောက်စများ ထည့်ပါ။ သဲနုထည့်ပါ။ ကျောက်စရစ်ခဲများ ထည့်ပါ။ သဲကြမ်းထည့်ပါ။ မီးသွေးများ ကြိတ်ချေ၍ ထည့်ပါ။ ကျောက်စရစ်ခဲထည့်ပါ။ တစ်လွှာလျှင် ၂ လက်မခန့် ထူပါစေ။ ရေထည့်ရန် အနည်းဆုံး ၄လက်မခန့်ချန်ထားပါ။ အောက်တွင် ထည့်စရာပုံးခံ၍ စစ်နိုင်ပါပြီ။ ယခင်နည်းအတိုင်း ကနဦး ထွက်လာသော ရေများသည် ကြည်လင်အုံးမည်မဟုတ်ပါ။ ရေများကြည်လင်ရန် ၅နာရီနှင့် အထက် စောင့်ရန် လိုပါတယ်။ ရေများ ကြည်လင်သွားလျှင် စတင်အသုံးပြုနိုင်ပါပြီ။ #အကျိုးကျေးဇူးများ မီးသွေးဟာ မသန့်စင်တဲ့ ရေမှာ ပါဝင်နေတဲ့ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေ၊ ခဲလိုမျိုး အဆိပ်သင့်စေတဲ့ သတ္တုဓာတ်တွေ၊ မကောင်းတဲ့ အနံ့အသက်တွေကို စုပ်ယူပြီး ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သဲ၊ ကျောက်စရစ်ခဲ စတဲ့ အရာတွေကလဲ ရေထဲမှာပါလာတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးမှာမို့လို့ ကြည်လင်သန့်စင်တဲ့ ရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ တခုသတိပြုဖို့က ဒီနည်းလမ်းကို ရေကို အထိုက်အလျောက် သန့်စင်ပေးနိုင်တယ်ဆိုပေမဲ့ ၁၀၀ ရာခိုင်နှုန်း သန့်စင်ပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ရေထဲမှာ ပါလာတဲ့ ဘက်တီးရီးတွေ ဗိုင်းရပ်စ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် စစ်ထုတ်ပြီး ရလာတဲ့ ရေတွေကို ကျိုချက်ပြီး သောက်သုံးနိုင်ရင်တော့ ပိုပြီး အန္တရာယ်ကင်းနိုင်ပါတယ်။ ဒီနည်းလမ်းလေးက လက်တလော သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့ခက်ခဲနေတဲ့ ဒေသတွေမှာ အသုံးဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ဒီအခက်ခဲကြီးကနေ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပါစေ ခင်ဗျာ။ ရေးသားသူ - Thu Ra Nyi Nyi Reference link >>> https://youtu.be/aCtQooclWvo?si=HLAG5oNjnHh_vCGf . . . ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #ရေသန့်စင်နည်း #သောက်သုံးရေ #ငလျင်
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူ...
အများဆိုင်အဖွဲ့
အစိမ်းရောင်လမ်း အသုံးပြုသူ မည်သူမဆို အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။