စုတ်စားပိုးကျတာဘာဆေးသုံးရမလဲ
ရှမ်းပြည်နယ် အမျိုးသမီးတောင်သူများအဖွဲ့
အများဆိုင်အဖွဲ့ • အဖွဲ့ဝင် 503 ဦး • ဆွေးနွေးမှု 77 ခု
🌱 တောင်သူဦးကြီးများအတွက် သီးနှံအားကောင်းစေမယ့် အပင်အာဟာရဖော်မြူလာ 🌱 💚 UNİCORN – Nito Finn & Nito Max 💚 “အပင်ကောင်းမှ… အသီးအနှံကောင်းမယ်” 🌿 🌱 Nito Finn – STEM CELL BIOSTIMULANTS အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး အပင်သန်မာစွာ ကြီးထွားနိုင်ရန် ကူညီပေးတဲ့ Biostimulant အမျိုးအစားဖြစ်ပါတယ်။ 🥬 Nito Max – BIOSTIMULANTS အပင်ရဲ့ အာဟာရအသုံးချနိုင်မှုနဲ့ သီးနှံဖွံ့ဖြိုးမှုကို အားပေးရန် ရည်ရွယ်ထားတဲ့ Biostimulant ဖြစ်ပါတယ်။ ✨ တောင်သူများအတွက် မျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ✅ အပင်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း ✅ အပင်သန်မာကျန်းမာစွာ ဖွံ့ဖြိုးရန် ကူညီခြင်း ✅ အပင်၏ အာဟာရအသုံးချနိုင်မှုကို အားပေးခြင်း ✅ အပွင့်၊ အသီး ဖွံ့ဖြိုးမှုကောင်းမွန်စေရန် အထောက်အကူပြုခြင်း ✅ သီးနှံအရည်အသွေးကောင်းမွန်စေရန် အထောက်အကူပြုခြင်း 🌾 စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် အပင်အခြေအနေအလိုက် အသုံးချနိုင်ပါသည်။ 💬 တောင်သူဦးကြီးတို့ရေ… သီးနှံကောင်းဖို့ မြေ၊ ရေ၊ အာဟာရနဲ့အတူ အပင်ရဲ့ သဘာဝကြီးထွားမှုကို အားပေးဖို့လည်း အရေးကြီးပါတယ်။ 🌱 Nito Finn + Nito Max — သီးနှံကောင်းဖို့ တောင်သူ့အဖော်ကောင်း! 🌱 🇲🇲☎️09787471142 ကိုထိုက်
အပင်ကြီးနှုန်းမြန်စေတဲ့ဓာမြေသြဇာသတ်သတ်ရှိပါသလားပဲသီးပင်မှာသုံးချင်လို့ပါညွှန်းကြပါအုန်းအပင်ကတိုင်ပေါ်တက်တအားနှေးနေပြီးသတ်မှထားတဲ့ရက်နဲ့အပင်ကြီးသာကမကိုယ်နေလို့ပါပဲသီးပင်ပါရှင့်တိုင်ရဲ့တဝက်ကြော်ကြော်လေးလောက်ရောက်ရမဲ့ဟာကိုတဝက်နားတောင်မရောက်သေးဘူးမြေကသဲမြေလည်းဖြစ်နေလို့ပါဘယ်လိုဆက်လုပ်ရမလဲရှင့်
အပင်အားကောင်းဖို့က နိုက်ထရိုဂျင်လိုတာ ပုလဲ ပန်းဖူး လိုမျိုးထည့်ပေးရမှာ နိုက်ထရိုဂျင်ပဲသီးသန့်ပါတဲ့မြေဩဇာထည့်ပေးပါ အများကြီးတော့မထည့်နဲ့ပေါ့ အစိုဓါတ်ရှိချိန်ပဲထည့်ဖို့လဲသတိထားပါ
နိုက်ထရိုဂျင်၄၆%ပါတဲ့မြေဩဇာသုံးဖို့အကြံပေးချင်ပါတယ် ဉပမာ မြင်းပျံမိုးသီး ပုလဲပန်းဖူး ဒို့တောင်သူပင်ကောင်း ဒို့တောင်သူပင်ကောင်းမိုးသီး စိပီမိုးသီး စီပီ30 5 5အပင်ထွား အာမို မိုးသီး စတာတွေကို မြေအစိုဓါတ်ရှိချိန်အနည်းငယ်စီ၇ရက်ခြား၂ခါလောက်ထည့်ပေးကြည့်ပါ့လား နေပူပြင်းချိန် တော့မထည့်မိပါစေနဲ့ဗျ
အံဒီမျိုးစေ့ရှိကြလားဘယ်မှာဝယ်လို့ရမလဲ
ဟုတ်ကဲ့ Hass ထောပတ်သီးဈေးကွက် အခြေနေလေးသိချင်လို့ပါခင်ဗျား
သီးနှံ ထွက်တိုး ပြုံးပျော်ဖို့ Transform 5T ကို သုံးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ...
👉 စာတွေဖတ်ပြီးရင် မေ့သွားတတ်တဲ့ မိတ်ဆွေတွေ 👉 ထပ်ခါထပ်ခါဖတ်ဖို ဖုန်းထဲသိမ်းထားချင်သူတွေ 👉 အင်တာနက်လိုင်းရှိတုန်းလေး စိုက်/မွေး/ရေနဲ့ ပတ်သက်တာတွေ ဖုန်းထဲသိမ်းထားချင်သူတွေအတွက် 📚အစိမ်းရောင်လမ်းမှာ စာအုပ်စင်ကဏ္ဍလေးရှိနေပါတယ်ရှင့် ❤️ ဒီကဏ္ဍမှာလေ ကိုယ့်ဖတ်ချင်တဲ့ စာအုပ်ကို လိုင်းရှိတဲ့အချိန်မှာ တစ်ခါ Down ထားလိုက်ရုံနဲ့ အမြဲတမ်း အချိန်မရွေး ဖတ်လိုရနိုင်မှာပဲ ဖြစ်ပါတယ်.. ဘယ်နားမှာလဲ..ဘယ်လို လုပ်ရတာလဲ ဘယ်လောက်ထိ အသုံးဝင်နေတာလဲဆိုတာကို သိချင်ရင်တော့ Video ကို အစအဆုံးကြည့်ပေးနော်😍 https://youtu.be/HKZbyD-lv9k?si=zSe90JTZkAV9KWb9
ဆေးဖက်ဝင် မုယားကြီးပင်ရဲ့ ကျန်းမာရေးကောင်းကျိုးများ အင်္ဂလိပ်အမည် - Malabar Nut သိပ္ပံအမည် - Adhatoda vasica မုယားကြီးပင် မုယားကြီးအရွက်ဆိုတာ အဆုတ်ရောဂါနဲ့ပတ်သက်တဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေတယ်ဆိုပြီး လူသိများတဲ့ ဆေးဖက်ဝင်အပင်ဖြစ်ပါတယ်။ အရွက်၊ အမြစ်၊ အပွင့်နဲ့ ပင်စည် စတဲ့ အပင်ရဲ့ အစိတ်အပိုင်းအားလုံးဟာ ဆေးဖက်ဝင်တာဖြစ်ပြီး တချို့ကတော့ မိုးလွှားရွက်ဆိုပြီးတော့လည်း ခေါ်ဆိုကြပါတယ်။ ဒီအရွက်ကို ချောင်းဆိုးပျောက်ဆေး ဖော်စပ်ရာမှာထည့်သွင်း အသုံးပြုကြလေ့ရှိပြီး အဆုတ်ရောဂါများအပြင် အခြားသော ရောဂါတွေကိုပါ သက်သာပျောက်ကင်းစေတယ်လို့ ဆိုကြပါတယ်။ အဆုတ်ရောဂါပြဿနာ ကြုံတွေ့ရပါက အရွက်ကို သုံးခွက် တစ်ခွက်တင် ကျိုပြီးတော့ သောက်သုံးနိုင်သလို အရွက်ကိုနေလှန်းအခြောက်ခံပြီးတော့လည်း ရေနွေးကြမ်း လက်ဖက်ခြောက်လိုမျိုး သောက်သုံးခြင်းဖြင့်လည်း သွေးတိုး၊ ဆီးချိုရောဂါတွေကိုပါ သက်သာပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ မုယားကြီးပင်ဟာ နှစ်ရှည်ပင် အမြဲစိမ်းချုံပုတ်ပင်ငယ်တစ်မျိုးဖြစ်ပြီး မူရင်းဒေသကတော့ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန် စတဲ့ဒေသတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အထက်ပိုင်းဒေသတွေမှာ တွေ့ရှိရတတ်ပြီး နေရာဒေသအနှံ့မှာလည်း သဘာဝအလျောက် ပေါက်ရောက်တတ်တဲ့အပင် ဖြစ်ပါတယ်။ အရွက်တွေဟာ တိုတောင်းလှတဲ့အညှာပေါ်မှာ လှံရှည်ပုံစံရှိကြပြီး ရွက်ဆိုင် (oppositely arranged) ထွက်ကာ ဘေးအနားသတ်တွေက ချောမွတ်တဲ့ ပုံစံမျိုးရှိကြပါတယ်။ ပင်စည်ကတော့ လုံး၀န်းချောမွတ်ပြီး အဆစ်တွေကတော့ ဖောင်းကြွနေလေ့ရှိပါတယ်။ ၎င်းကို အခြောက်လှန်းလိုက်တဲ့အခါမှာ စိမ်းညိုရောင်ဖြစ်လာပြီး ခပ်ပြင်းပြင်း လက်ဖက်ရည်နဲ့ အနံ့တူပြီး ခါးသက်တဲ့အရသာကို ခံစားရမှာဖြစ်ပါတယ်။ အပင်ကနေ ကြီးမားပြီးဆွဲဆောင်မှုရှိကာ အဖြူရောင် ပွင့်ချပ်ပါတဲ့ ပန်းပွင့်တွေပွင့်လေ့ရှိပြီး အပွင့်ရဲ့ အောက်ဘက်နှုတ်ခမ်းမှာတော့ ခရမ်းရောင်အစင်းကြောင်းလေးတွေ တွေ့ရမှာဖြစ်ပါတယ်။ နေရောင်ခြည် အပြည့်အဝရရှိပြီး ရေစိမ့်ဝင်မှုကောင်းတဲ့ မြေဆီလွှာမှာ သဘာဝအတိုင်းပေါက်ရောက်နိုင်ကာ အိုးနဲ့စိုက်ပျိုးရာမှာလည်း ကောင်းစွာဖြစ်ထွန်းနိုင်တဲ့ ဆေးဖက်ဝင်အပင် ဖြစ်ပါတယ်။ ပါဝင်သော ဂုဏ်သတ္တိများ မုယားကြီးအပင်မှာဆိုရင် Vasicine၊ Luteolin၊ Carotene၊ Vitamin C၊ Vasakin၊ quinazoline alkaloids နဲ့ မရှိမဖြစ်လိုအပ်သော အဆီများကဲ့သို့သော ဇီဝကမ္မဆိုင်ရာ အစိတ်အပိုင်းတွေ ကြွယ်ဝစွာ ပါဝင်နေတာဖြစ်ပါတယ်။ အရွက်တွေမှာဆိုရင်တော့ တန်နင်စ် (tannins)၊ ဆက်ပိုနင်စ် (saponins)၊ အယ်ကာလွိုက် (alkaloids)၊ ဖလေဗိုနွိုက် (flavonoids) နဲ့ ဖီနောလစ်စ် (phenolics) ကဲ့သို့ ဆေးဖက်ဝင် ဓာတ်ပစ္စည်း (phytochemical) တွေ ပေါများစွာ ပါဝင်နေတာဖြစ်ပါတယ်။ ထို့အပြင် ရောင်ရမ်းမှုကို ဆန့်ကျင်ပေးနိုင်တဲ့ဂုဏ်သတ္တိများနဲ့ ပိုးမွှားရောဂါတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိများလည်း ပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်း၊ တီဘီရောဂါ၊ နှလုံးပြဿနာ၊ ဝမ်းချုပ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်းနဲ့ သွေးလွန်တုပ်ကွေးကဲ့သို့သော ပြဿနာများအတွက်ပါ အသုံးဝင်တာ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ ဆေးဖက်ဝင် မုယားကြီးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ချောင်းဆိုး၊ အအေးမိခြင်းကို သက်သာစေခြင်း ထပ်တလဲလဲ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းအတွင်း ချွဲသလိပ်များပိတ်ဆို့ခြင်းတို့ဟာ လူကို မသက်မသာဖြစ်စေပြီး မောပန်းနွမ်းနယ်စေနိုင်ပါတယ်။ မုယားကြီးပင်မှာပါဝင်နေတဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်နိုင်သော ဂုဏ်သတ္တိများနဲ့ ပဋိဇီဝဂုဏ်သတ္တိများကြောင့် အအေးမိခြင်း၊ ချောင်းဆိုးခြင်းနဲ့ တုပ်ကွေးရောဂါများကို ကုသရာမှာ ထိရောက်စွာကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မုယားကြီးအရွက်ကို ရေနဲ့ရောကာ မီးဖိုပေါ်မှာ ပွက်ပွက်ဆူလာတဲ့အထိ တည်ရမှာဖြစ်ပါတယ်။ ဆူလာပါက ပျားရည်တစ်ဇွန်းထည့်ပြီး မွှေပေးရမှာဖြစ်ပါတယ်။ ပြီးလျှင် အအေးခံပြီးနောက် သောက်သုံးနိုင်ပြီဖြစ်ပါတယ်။ ထိုကဲ့သို့ သောက်သုံးပေးခြင်းဖြင့် ရင်ဘတ်နဲ့ နှာခေါင်းအတွင်း ပိတ်ဆို့တားဆီးမှုများကိုလည်း လျှော့ချပေးပြီး ပိုလျှံနေသော သလိပ်များကို ဖယ်ရှားပေးနိုင်ကာ နှာရည်ယိုခြင်းကိုလည်း ရပ်တန့်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်၊ လည်ချောင်းနာခြင်းနဲ့ အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကုသရာမှာလည်း အလွန်ထိရောက်မှုရှိတာ ဖြစ်ပါတယ်။ ၂။ အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေခြင်း မုယားကြီးပင်ဟာ အစွမ်းထက်သော အစာခြေဖျက်ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ မုယားကြီးပင်ရဲ့ လေနိုင်သောဂုဏ်သတ္တိ (carminative) နဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ ဂုဏ်သတ္တိတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ အစာအမှုန်အမွှားများကို ချေဖျက်နိုင်ဖို့ အစာချေရည် ထုတ်လွှတ်မှုကို မြှင့်တင်ပေးနိုင်ပြီး အူလမ်းကြောင်းတစ်လျှောက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ စုပ်ယူမှုကိုလည်း တိုးမြင့်စေတာဖြစ်ပါတယ်။ ဝမ်းဗိုက်အတွင်းရှိ လေများကိုလည်းဖယ်ရှားပေးကာ ဝမ်းဗိုက်တင်းခြင်း၊ ဖောင်းပွခြင်းနဲ့ လေချဥ်တက်ခြင်းတို့ကိုပါ လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ အစာအိမ်ရောင်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာအိမ်နာနဲ့ အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာများကိုပါ အံ့သြဖွယ် ပျောက်ကင်းစေနိုင်တာ ဖြစ်ပါတယ်။ ၃။ သွေးသန့်စင်ပေးနိုင်ခြင်း မုယားကြီးပင်ဟာ နှလုံးရောဂါအတွက်လည်း အစွမ်းထက်တဲ့ ဆေးဖက်ဝင်အပင်ဖြစ်တာကြောင့် သွေးကိုသန့်စင်ပေးရာမှာအလွန်အရေးပါတဲ့ ဆေးဖက်ဝင်အပင်ဖြစ်ပါတယ်။ ၎င်းဟာ သွေးပမာဏကို ထိရောက်စွာတိုးတက်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးကာ နှလုံးခုန်နှုန်းချို့ယွင်းမှုများကိုပါ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ Anti-coagulant နဲ့ anti-fibrinolytic ဂုဏ်သတ္တိများ ပါဝင်နေခြင်းကြောင့် နှလုံးအတွင်းပိတ်ဆို့ခြင်းကို ဖြစ်ပေါ်စေနိုင်သော သွေးကြောများ ပိတ်ဆို့ခြင်းနဲ့ သွေးခဲခြင်းတို့ကိုလည်း တားဆီးပေးနိုင်တာ ဖြစ်ပါတယ်။ ၄။ ရောဂါပိုးမွှားများ ကာကွယ်ပေးနိုင်ခြင်း ပိုးမွှား၊ ဘက်တီးရီးယားနဲ့ ရောဂါများကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ကြွယ်ဝတာကြောင့် မုယားကြီးပင်ဟာ အမျိုးမျိုးသော ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ မုယားကြီးအပင်မှာရှိနေတဲ့ bio-active ပါဝင်ပစ္စည်းတွေဟာ ကိုယ်ခံစွမ်းအားကို တိုးမြှင့်စေပြီး ဘက်တီးရီးယားပိုးမွှားများ ဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ဖျားနာခြင်း၊ တီဘီရောဂါ၊ သွေးလွန်တုပ်ကွေးစသည့် ဘက်တီးရီးယားနဲ့ မှိုရောဂါများ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးရုံသာမက အရေပြားပေါ်ရှိ ဓာတ်မတည့်မှု အခြေအနေများကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ၅။ အနာများကို သက်သာစေခြင်း မုယားကြီးအရွက်ဟာ ပြည်တည်အနာတွေကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိကြောင့်လည်း နာမည်ကြီးပါတယ်။ ၎င်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးမှာရှိတဲ့ ပြည်တည်အနာများနဲ့ ပွန်းပဲ့ဒဏ်ရာ အနာများကို ကုသရာမှာ အရေးပါလှပါတယ်။ သွေးမတိတ်ရောဂါများကို ကုသရာမှာလည်း ကူညီပေးနိုင်ပြီး အစာအိမ်နဲ့ အူသိမ်အနာများအတွက်လည်အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။ ၆။ နာကျင်ရောင်ရမ်းခြင်းတို့ကို သက်သာစေခြင်း မုယားကြီးပင်မှာ ပါဝင်နေတဲ့ bio-active အစိတ်အပိုင်းများရဲ့ နာကျင် ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် အဆစ်အမြစ်များ နာကျင်မှုနဲ့ ရောင်ရမ်းခြင်းများကို ထိရောက်စွာ သက်သာစေနိုင်တာ ဖြစ်ပါတယ်။ သွေးထဲမှာ ယူရစ်အက်ဆစ် (uric acid) ပမာဏတိုးလာခြင်းဟာ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မုယားကြီးအမှုန့်ဟာဆိုရင် ယူရစ်အက်ဆစ်ပမာဏကို လျှော့ချပေးနိုင်တဲ့အပြင် ဒူလာ (gout) ရောဂါကြောင့် ဖြစ်တတ်သော နာကျင်မှုများကိုလည်း လျော့ပါးစေဖို့ ကောင်းစွာလုပ်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် သဘာဝ vasodilator အဖြစ်နဲ့လည်း လုပ်ဆောင်ပေးနိုင်တာကြောင့် အကြောဆွဲခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ အခြားသော ရောင်ရမ်းမှုပြဿနာများကို ကုသရာမှာလည်း ထိရောက်စွာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ၇။ ကျောက်ကပ် အလုပ်မလုပ်သောရောဂါ (Uremia) ကို ကာကွယ်နိုင်ခြင်း Uremia ရောဂါဆိုတာဟာ ပုံမှန်အားဖြင့် ကျောက်ကပ်ကနေ စွန့်ထုတ်လိုက်တဲ့ သွေးထဲမှာ ယူရီးယားနဲ့ အခြားသော နိုက်ထရိုဂျင် စွန့်ပစ်ဒြပ်ပေါင်းတွေ မြင့်မားလာခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ နာတာရှည်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဤအခြေအနေဟာ အဓိကအားဖြင့် ကျောက်ကပ်အလုပ်မလုပ်ခြင်း (သို့မဟုတ်) ကျောက်ကပ်ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။ မုယားကြီးပင်မှာ ပါဝင်နေတဲ့ bioactive ပါဝင်ပစ္စည်းတွေဟာ ဆီးမှတဆင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ဆီးလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်ချက်များကိုပါ မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ ဇင်ထူးနိုင် Ref: https://herbgarden.co.za/ https://m.netmeds.com/ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။
Please Admin Agriculture Techlogy Myanmar Co,Ltd တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအမြန်ခေါ်ယူလျှက်ရှိပါသည် 🙋♂️Sale Supervisor / Sale Man ရှမ်း /မန္တလေး /ပဲခူး/ ဧရာဝတီ တို့တွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည် ✔️ အသက် (၂၅ -၃၅ ) နှစ်ကြား ရှိသူဖြစ်ရမည် ✔️သက်ဆိုင်ရာနယ်မြေတွင် Sale supervisor and Sale Man ရာထူးဖြင့် လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ( ၂) နှစ်ရှိရမည် ✔️စိုက်ပျိုးရေးသုံးမြေဆီနှင့် ဆေးဝါးဖြန့်ဖြူးရောင်းချမူ့အပိုင်းတွင် အတွေ့အကြုံရှိသူဦးစားပေးမည် ✔️Sale Target အားပြည့်မှီအောင် ဆောင်ရွက်နိုင်ရမည် ✔️တောင်သူများအား မိမိတို Product အကြောင်း သေချာ ရှင်းလင်း ပြောဆိုနိုင်ရမည် ⏱ အလုပ်ချိန် ( မနက် ၈ နာရီ မှ ညနေ ၅း၀၀ ) အလုပ်ပိတ်ရက် 👉 ( စနေတစ်ပတ်ခြား / တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များ Company Direct Urgent Position 📞📞09-977835602/ Viber Phone Number-09420269512 သို့ CV Form ပေးဖို့ လျှောက်ထားနိုင်ပါသည်
စတေကာဖြင့် အကြောင်းပြန်ထားပါသည်။
အပိုင်း (၅) စီးပွားရေးလုပ်ငန်းအစီအစဉ်နှင့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာပြင်ဆင်ခြင်း အခန်း (၅) စီးပွားရေးလုပ်ငန်းအစီအစဉ်နှင့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာပြင်ဆင်ခြင်း အခန်း(၆) စိန်ခေါ်မှုများနှင့် ငွေကြေးဆိုင်ရာ ဆောင်ရွက်နေမှုများမှ သင်ခန်းစာများ https://youtu.be/syEpWTTqcjU
အပိုင်း(၄) ပွင့်လင်းမြင်သာသော စာရင်းအင်းစနစ်ထားရှိခြင်း https://youtu.be/MM3N_1DbsRk
အပိုင်း (၃) ထုတ်ကုန်တန်ဖိုးကွင်းဆက်တွင် ချေးငွေရရှိရန် စီစဉ်ဆောင်ရွက်ခြင်း အခန်း(၃) ထုတ်ကုန်တန်ဖိုးကွင်းဆက်တွင် ချေးငွေရရှိရန် စီစဉ်ဆောင်ရွက်ခြင်း အခန်း (၄) ပွင့်လင်းမြင်သာသော စာရင်းအင်းစနစ်ထားရှိခြင်း https://youtu.be/p3oCiHoVbZ8
ပိုက်ံကဘယ်လိုချေးရေမှာ
အပိုင်း (၂)။ ငွေစုငွေချေးခြင်းအလေ့အကျင့်များနှင့်ကျေးရွာလှည့်ပတ်ရန်ပုံငွေများ အခန်း၂ ငွေစုငွေချေးခြင်းအလေ့အကျင့်များနှင့်ကျေးရွာလှည့်ပတ်ရန်ပုံငွေများ https://youtu.be/MoCFpyCg29k
စတေကာဖြင့် အကြောင်းပြန်ထားပါသည်။
အပိုင်း(၁) စိုက်ပျိုးလုပ်ငန်းတွင်လိုအပ်သော ငွေကြေးရရှိရန်ဆောင်ရွက်ခြင်း https://youtu.be/dX7yaqO9mOI
အပိုင်း (၅)။ အစားအစာထုတ်လုပ်သူများအတွက် အရေးပါသောနည်းလမ်းကောင်းများ (အဆက်) အခန်း(၇) အစားအစာထုတ်လုပ်သူများအတွက် အရေးပါသောနည်းလမ်းကောင်းများ အစားအစာများကို ပြင်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း အစားအစာ ခြေရာခံစနစ် ထည့်သွင်းခြင်း အစားအစာ ခြေရာခံစနစ်၏ စားသုံးသူအတွက် အကျိုးကျေးဇူးများ သင်တန်းပေးခြင်း အခန်း(၈) အစားအစာ စားသုံးသူများအတွက် အလေ့အကျင့်ကောင်းများ https://youtu.be/JPKgmhma7J4
အဖွဲ့အကြောင်း
ရှမ်းပြည်နယ်အတွင်းရှိ စိုက်/မွေးတောင်သူအမျိုးသမီးများ တစ်စုတစ်စည်းတည်း တွေ့ဆုံစေနိုင်ပြီး စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ပညာရပ်များ၊ နည်းပညာမျ...
အများဆိုင်အဖွဲ့
အစိမ်းရောင်လမ်း အသုံးပြုသူ မည်သူမဆို အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။