စားအုန်းဆီဈေး တစ်ပိဿာကို ၁၈,၀၀၀ကျပ်နှုန်းခန့်အထိ မြင့်တက်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (ရန်ကုန်အထိုင်ဈေး) ကျဆင်းလာသော်လည်း ပြင်ပစားအုန်းဆီဈေးကွက်တွင်မူ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ နှုန်းခန့်အထိ မြင့်တက်လာနေကြောင်း သိရသည်။
ဇူလိုင်လ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ စားသုံးသူတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကြေညာထားသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇,၂၈၅ သာရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လပထမပတ်အတွင်း ရည်ညွှန်းဈေးနှုန်းအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇,၃၅၄ အထိ ရှိခဲ့သည့်အတွက် တစ်လကျော်ကာလအတွင်း စားအုန်းဆီရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၀ ဝန်းကျင် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရည်ညွှန်းဈေးနှုန်း ကျဆင်းသော်လည်း ပြင်ပဈေးကွက်တွင်မူ ယခင်ဇွန်လက စားအုန်းဆီ ၁၀ ပိဿာတစ်ပုံးလျှင် ကျပ် ၁၂၀,၀၀၀ ဝန်းကျင်ရှိရာမှ၊ လက်ရှိဇူလိုင်လတွင် ကျပ် ၁၇၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀အတွင်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။
"အစိုးရက စားအုန်းဆီခွဲတမ်း လျှော့ချလိုက်ပြီး ပြည်တွင်းမှာ ဆီပိုထုတ်နိုင်အောင် လုပ်နေတဲ့ စပ်ကူးမတ်ကူးကာလဆိုတော့ ဈေးက တက်နေတာပါ။ မကြာခင် ပြန်ကျနိုင်ပါတယ်။ ကျွန်တော်တို့လည်း ဆီတွေ ပိုထုတ်နိုင်အောင် လုပ်နေပါတယ်" ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချလိုက်သည့်အတွက် ပြည်တွင်းတွင်လည်း စားအုန်းဆီ ခွဲတမ်းဖြန့်ဖြူးမှု လျော့ကျသွားသဖြင့် စားအုန်းဆီ လိုအပ်ချက်ရှိလာပြီး ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
စားအုန်းဆီခွဲတမ်း ဖြန့်ဖြူးပေးမှု လျော့နည်းသွားခြင်းကြောင့် လက်ရှိပြင်ပဈေးကွက်တွင် စားအုန်းဆီ ဝယ်ယူရန် ခက်ခဲလာသည့်အပြင် ဈေးနှုန်းသည်လည်း နေရာဒေသအလိုက် အသီးသီး မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

"အစိုးရက စားအုန်းဆီကို ခွဲတမ်းလျှော့ချပြီး ဖြန့်တယ်ဆိုတာနဲ့ အပြင်ဈေးက ချက်ချင်းတက်တာ။ အခုဆို ကျပ် ၁၈,၀၀၀ လောက် ဈေးခေါ်ကြတယ်။ အခြေခံလူတန်းစားတွေအတွက်က အစိုးရရောင်းဈေးလေးနဲ့ ဝယ်လို့ရရင် နည်းနည်းတော့ ဖြေသာသေးတာပေါ့" ဟု စားသုံးသူ ပြည်သူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းစားသုံးဆီကဏ္ဍတွင် နှစ်စဉ်ဆီလိုအပ်ချက် ရှိနေသည့်အတွက် ပြည်ပနိုင်ငံများဖြစ်သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စားအုန်းဆီ တန်ချိန်သိန်းနှင့်ချီ၍ နှစ်စဉ်တင်သွင်းနေရဆဲ ဖြစ်သည်။
ဆီခွဲတမ်းများ ဖြန့်ဖြူးပေးရာတွင် စားသုံးသူတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် ပေါင်းစပ်ပြီး နှုန်းထားဖြင့် ပြည်သူနှင့် လုပ်ငန်းသုံးသမားများကို ခွဲဝေပေးခြင်းဖြစ်သော်လည်း လက်ရှိတွင်မူ ဆီခွဲတမ်းရရှိမှု လျော့ကျသွားသောကြောင့် ပြင်ပကနေ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် စားအုန်းဆီ တင်သွင်းမှုကို လျှော့ချလိုက်သည့်အတွက် လုပ်ငန်းသုံးသမားများလည်း စားအုန်းဆီ ရရှိမှုနည်းသွားပြီး ပြည်သူများလည်း ပြင်ပမှ ဝယ်ယူသုံးစွဲနေကြရကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 0 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 1 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....