ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့၌ ရွှေပဲသီးပင်ဈေးကွက် အောင်မြင်ဖြစ်ထွန်းမှုရှိနေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့၌ ရွှေပဲသီးပင်ဈေးကွက် အောင်မြင်ဖြစ်ထွန်းမှုရှိနေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
"ရွှေပဲသီးပင်ကို စီးပွားဖြစ် စတင်စိုက်ဖြစ်တာတော့ ၂ နှစ်လောက်ရှိပါပြီ။ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်းရဲ့ ရာသီဥတုနဲ့ကိုက်ညီပြီး၊ ဈေးကွက်လည်း ပုံမှန်ရှိတာကြောင့် စိုက်ပျိုးဖြစ်ခဲ့တာပါ။ ဒီ ပင်းတယဒေသအနီးတစ်ဝိုက်မှာတော့ ရွှေပဲသီးပင် စီးပွားဖြစ်စိုက်ပျိုးသူ များပြားတယ်။ နှစ်စဉ် စိုက်ပျိုးချိန်ရောက်တိုင်း စိုက်ပျိုးကြပါတယ်။ ဈေးကွက်က ကျွန်တော်တို့ ရှမ်းတောင်မှာဆိုရင်တော့ အောင်ပန်းက ရွှေပဲသီးပွဲရုံကို တင်ပို့ရောင်းချပါတယ်။"
ဟု ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်မှ ရွှေပဲသီးပင်စိုက်ပျိုးသူ ကိုသက်လင်းဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများတွင် ရွှေပဲသီးပင်ကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ရက်(၆၀)ဝန်းကျင်အကြာ၊ ဒီဇင်ဘာလ၌ အသီးခူးဆွတ်ကြသည်။
"ဒီနှစ်မှာတော့ ရွှေပဲသီးပေါ်ခါစမှာ တစ်ပိဿာကို ၄၅၀၀ ကျပ် ပေါက်ဈေးရရှိပါတယ်။ နှစ်စဉ်လေ့လာကြည့်သလောက်ဆိုရင် ရွှေပဲသီးဝယ်ယူတဲ့ ပွဲရုံက ရွှေပဲသီးအဝင် အနည်းအများအပေါ် မူတည်ပြီး ဈေးဖြတ်ပေးတာကို တွေ့ရပါတယ်။ ရွှေပဲသီးအထွက်နှုန်း နည်းတဲ့အချိန်၊ စိုက်ပျိုးသူနည်းပါးတဲ့ အချိန်မှာဆိုရင် ဈေးပိုရတတ်ပါတယ်။ ဈေးကွက်တင်ပို့ရာမှာတော့ အခက်အခဲအများကြီး မရှိပါဘူး။ အောင်ပန်းကိုတင်ပို့တဲ့အခါ မိုးမလင်းခင် အရောက်ပို့ပေးရတယ် ခင်ဗျ။ အောင်ပန်းမှာက မနက် ၈နာရီ/၉နာရီဆိုရင် တစ်ချို့ဈေးကွက်တွေက မရှိတော့ဘူးဆိုတော့ အချိန်အခါကြည့်ပြီးတော့ မနက်ပိုင်းစောစော တင်ပို့ပေးနိုင်ရပါတယ်။"
ဟု ၎င်းက ဆက်လက်ပြောသည်။
မျိုးဖိုး၊ တိုင်ဖိုး၊ ပိုက်ဖိုး၊ ဆေးဖိုး၊ စက်ထယ်ခ စသည့် အထွေထွေစိုက်ပျိုးစရိတ်များကို ပျမ်းမျှတွက်ချက်ကြည့်ပါက ရွှေပဲသီးပင် တစ်ဧကစိုက်ပျိုးစရိတ်စုစုပေါင်းမှာ (၈)သိန်းကျပ်မှ (၁၀)သိန်းကျပ်ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ငြိမ်းချမ်း
လွန်ခဲ့သော ၃ နှစ် ကရွှေပဲက စင်တင်စိုက်ရတာလားဗျ
ဆက်စပ်မေးခွန်းများ
အင်ဇိုင်းအသိးအပွင့်အားဆေးကို.အခုပှစပြီးဖော်ထားခြင်လို့.ငှက်ပြောသိး.1.20သားသဘော်သီး.1.20.စပျစ်သိး.1.20.ထန်းလျက်.3.60သားထဲကို.ကြဥ.15လုံးလောက်ထည့်ရင်ကောင်းနိင်မလားဆရာတို့
သန်းထိုက်အောင် • ဖြေကြားချက် 0 ခု
ဥဖြစ်တာကဖြစ်.စွယ်ကထပ်ခြနေလို့..အရင်ဥထားတာကလေးတွေအဆံလေးဖြစ်နေပြီအောင်တော့မအောင်သေးဘူးပေါ့...အရင်ဥထားတာနဲ့နောက်ခြတဲ့အစွယ်ကမှိအောင်လို့.ဘာဆေးဖျန်းရမလဲဗျ...ကျွန်တော်တို့ဆိမှာတော့အဲဆေးဖျန်းကြပါတယ်...အဲဒိဆေးကနောက်အစွယ်ဥကြီးမြန်အောင်လုပ်ပေးတယ်စိုတာဟုတ်လားဆရာတို့..
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 1 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 2 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....