အစိမ်းရောင်လမ်း
ရေမြောင်းများသည် အမှိုက်ပုံးမဟုတ်...

ရေမြောင်းများသည် အမှိုက်ပုံးမဟုတ်...

Shin Paing @ Piscey Wang
Shin Paing @ Piscey Wang 03/08/2023

သင်ပစ်လိုက်တဲ့အမှိုက်တစစီက လူသတ်နေတာသိပါသလား?

အောက်ပါပုံထဲက ဂေဟစနစ်ထဲမှာ ဘယ်လိုငါးမျိုး ရှင်မယ်ထင်လဲ ဖြေပေးကြပါဉီးဗျာ?

ပုံထဲကနေရာမှာ ရန်ကုန်မြိုရဲ့ မြို့ပြနေရာနဲ့ အလှမ်းဝေးတဲ့ ဆင်ခြေဖုံးနေရာဒေသတစ်ခုရဲ့ ရေမြောင်းတစ်ခုဖြစ်ပါတယ်။ မြို့ပြင်နီးပါးရောက်တဲ့နေရာမှာတောင် ရေမြောင်းက ဒီအနေအထားရောက်နေရင် မြို့ထဲနေရာတွေကို တွေးကြည့်စေချင်ပါတယ်။

ကျွန်တော်တို့ငယ်စဉ်က ရေမြောင်းတော်တော်များများက သန့်ရှင်းပြီး ရေစီးရေလာကောင်းသလို ရေထဲမှာလည်း ငါးအမျိုးအစား စုံလင်စွာနေထိုင်နိုင်ခဲ့ပါတယ်။ ငါးမော့တော့၊ ငါးဇင်ဇတ်၊ ငါးဇင်ရိုင်း၊ ငါးဖောင်ရိုး၊ ငါးရံ့ တို့မှအစ ပုစွန် အသေးအကြီးပါ နေထိုင်နိုင်ခဲ့တဲ့ ကျန်းမာသော ဂေဟစနစ်ကလေးတွေ ဖြစ်နေခဲ့ပါတယ်။

အခုချိန်မှာတော့ ဒါတွေဟာ လူကြီးတွေက လူငယ်တွေကို လက်ဆင့်ကမ်းစရာ စကားများအဖြစ်သာရှိပါတော့တယ်။

ကျွန်တော်တို့တွေဟာ ဂေဟနစ်အတွက် အကြောင်းပြုကာ ဘတ္ထရီရှော့တိုက်ငါးဖမ်းခြင်း၊ မိုင်းခွဲငါးဖမ်းခြင်း၊ Chemical (ဓာတုပစ္စည်းများ) အသုံးပြု၍ ငါးဖမ်းခြင်းတို့ကို ရပ်တန့်ဖို့ အသံကောင်းဟစ် လော်ဘီပေးနေကြပေမဲ့ တစ်ဖက်မှာတော့ ကိုယ့်ပတ်ဝန်းကျင်အနီးနားက ဂေဟနစ်တွေကို ကိုယ်ကိုယ်တိုင် အဆိပ်တွေခပ်နေဆဲပါ။

ကိုယ့်လက်ထဲကနေ ကိစ္စမရှိပါဘူးဆိုပြီး မြောင်းထဲပစ်လိုက်တဲ့ အမှိုက်တစ်စက ကိုယ့်လိုလူပေါင်းများစွာရှိလာတဲ့အခါ ကြီးမားတဲ့ညစ်ညမ်းမှုတွေ ဖြစ်လာပါတော့တယ်။ အမှိုက်တွေစုလာတဲ့အခါ ရေမြောင်းတွေပိတ်ဆို့မှုကြောင့် ရေစီးရေလာနည်းလာပြီး ရေတွေစတင် ပုပ်လာပါတယ်။

ငါးတွေ မနေထိုင်နိုင်တဲ့ ပုပ်ပွနေတဲ့ရေမြောင်းထဲမှာ ခြင်မျိုးစုံပေါက်ဖွားနိုင်တာ သိကြပါသလား။ ပိုးလောက်လန်းတွေကိုစားမယ့် ငါးတွေမရှိတော့တဲ့အခါမှာ ခြင်တွေ ထိန်းမနိုင်ဖြစ်လာပြီး သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ ဦးနှောက်အမှေးရောင် ရောဂါတွေဖြစ်လာနိုင်ပါတယ်။

ခြင်​အန္တရာယ်အပြင် ရေစီးရေလာမကောင်းမှုကြောင့် ရေကြီးရေလျှံရာကနေ ညစ်ညမ်းတဲ့ရေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါကလည်း ကလေးသူငယ်တွေအတွက် အသက်အန္တရာယ်အထိခြိမ်းခြောက်ပါသေးတယ်။ 

ငါးနဲ့ ဖြေရှင်းမရတဲ့အခါ ခြင်ဆေးဖြန်းကြသော်လည်း ခြင်ဆေးရဲ့ ခြင်များအပေါ်ထိရောက်မှုကိုအသာထား၊ လူတွေအားလုံးရဲ့ အဆုတ်အပေါ် သက်ရောက်တဲ့ ဆိုးကျိုးကတောင် ပိုများပါတယ်။ အခုလို ယန္တရားပုံမှန်လည်ပတ်ချိန်မဟုတ်တဲ့အခါမှာ ကျန်းမာရေးစောင့်ရှောက်မှုအလွန်အားနည်းနေချိန် လိုအပ်တဲ့ဆေးကုသမှုမရရှိနိုင်တာတွေ နဲ့ နှစ်စဉ်မြောင်းရှင်းဖို့ ကိုယ်ထူကိုယ်ထလုပ်ကြရတဲ့အခါ ကုန်ကျစရိတ်ကိုတော့ ဘယ်သူမှအကုန်မခံချင်ကြဘူးမလား?

ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ ဂေဟစနစ်ဟာ သူ့အလိုလို ဟန်ချက်ညီညီ လည်ပတ်နေပြီး လူသားတွေကသာ နည်းပေါင်းစုံနဲ့ ဟန်ချက်ပျက်စေတာပါ။ ကျွန်တော်တို့အားလုံးပြုလုပ်ခဲ့တဲ့ အကျိုးဆက်တွေကို အရင်ဆုံးခံစားရတာ သတ္တဝါတွေဖြစ်နေပေမဲ့ အဆုံးသတ်မှာ ကျွန်တော်တို့ဆီ ဆိုးကျိုးတွေရောက်လာမှာပါ။ 

လူတွေဟာ သတ္တဝါတွေကို မသနားရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ သနားကြတယ် မဟုတ်လား...

ဒါကြောင့် ပလတ်စတစ်အသုံးပြုမှုတွေကိုလျှော့ချပြီး၊ အလွန်ရုပ်ဆိုးအကြည်းတန်ဖွယ်ရာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို ရပ်တန့်သင့်ပါပြီ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
Aung Myo

Aung Myo

လွန်ခဲ့သော ၃ နှစ် က

👍🏻

You

ဆက်စပ်မေးခွန်းများ

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 0 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 1 ခု

ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ

အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု

ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်

ye • ဖြေကြားချက် 1 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....