ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့ကိုတော်လှန်ခဲ့ကြတဲ့ သူရဲကောင်းမိကျောင်းကြီးတို့အကြောင်း
ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံဟာ ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်ခဲ့ကြရာမှာ မြန်မာ့လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ် အင်္ဂလိပ်အမေရိကန်တပ်တွေတင်မဟုတ်ဘဲ မြန်မာနိုင်ငံမှာနေထိုင်ခဲ့တဲ့ ဌာနေမျိုးရင်း ရေငန်မိကျောင်းကြီးတွေပါ ပါခဲ့တယ်ဆိုတာ မသိကြဘူးဟုတ်..?
ဒီဖြစ်ရပ်မှန်ဟာ တစ်ကယ်ဖြစ်ခဲ့ပြီး ကမ္ဘာပေါ်ရှိလူနဲ့တိရစ္ဆာန်တို့ရဲ့ အကြီးမားဆုံးတိုက်ပွဲတွေထဲကတစ်ခုအဖြစ် သမိုင်းဝင်မှတ်တမ်းတင်ခဲ့ပါသေးတယ်။
ဖြစ်စဥ်ကတော့ဒီလိုပါ...
၁၉၄၅ ခုနှစ်အတွင်းမှာ ဂျပန်စစ်တပ်ဟာ မြန်မာပြည် အောက်ပိုင်းအတွင်းစစ်ဆင်ရေးပြုလုပ်နေချိန်မှာ မဟာမိတ်တပ်ဖွဲ့များဆီကနေ အဖက်ဖက်ကပိတ်ခံရပြီး အရေးနိမ့်နေခဲ့တဲ့အတွက် ဂျပန်စစ်သားအယောက် ၁၀၀၀ နီးပါး ရှိတဲ့တပ်ဖွဲ့ကြီးဟာ အသေခံမလား ဒါမှမဟုတ် ၁၀ မိုင်ခန့်အကွာအဝေးရှိတဲ့ ဒီရေတောရေဝပ်တဲ့ ရေအိုင်တောကြီးကိုဖြတ်မလားဆိုတဲ့ အကျပ်ရိုက်မှုတွေရှိခဲ့ပါတယ်။ အညံ့ခံမယ့်အစား ခက်ခဲတဲ့လမ်းကိုရွေးချယ်မယ်ဆိုပြီး ရေမကူးတတ်တဲ့ဂျပန်တွေဟာ ရေအိုင်ထဲခြေလျင်ဖြတ်ကျော်ရပါတော့တယ်။
ဒီရေတောကြီးထဲမှာ ဂျပန်စစ်သားတွေဟာ အိမ်ရှင်ရေငန်မိကျောင်းကြီးတွေနဲ့ တွေ့ဆုံခဲ့ကြရပါတယ်။ မိကျောင်းတို့ရဲ့ သားရဲတွင်းထဲရောက်နေတဲ့အတွက် ဆာလောင်မွတ်သိပ်နေတဲ့ မိကျောင်းကြီးတွေရဲ့အမဲလိုက်ခြင်းကိုခံရပါတော့တယ်။ ရေငန်မိကျောင်းကြီးတွေဟာ ၁၆ ပေ အထိကြီးနိုင်ကြတဲ့ ဧရာမမိကျောင်းကြီးတွေပါ။ နာရီပေါင်းများစွာကြာတဲ့အထိ ဂျပန်စစ်သားတွေရဲ မိကျောင်းတွေနဲ့လုံးထွေးသံ၊ ရိုင်ဖယ်သေနတ် ပစ်ဖောက်တိုက်ခိုက်ရတဲ့အသံ၊ ဒဏ်ရာရနေတဲ့စစ်သားတွေရဲ့ အားပြင်းလှတဲ့မိကျောင်းကြီးတွေရဲ့ပါးစပ်တွေကြား ခြေလက်တွေကိုက်ဖြတ်ခံရလို့ နာကျင်စွာအော်ဟစ်နေတဲ့အသံတွေပြည့်နှက်နေခဲ့ပါတယ်။ သားကောင်ကိုကိုက်ခဲပြီး ခန္ဓာကိုယ်ကိုလှိမ့်ပတ်လူးလိမ့်ကာ အသားတွေဆွဲဖဲ့တဲ့မိကျောင်းကြီးတွေရဲ့မြင်ကွင်းနဲ့အတူ ဒီရေတောထဲကရေအိုင်ကြီးဟာ သွေးရောင်တွေနဲ့ ဖုံးလွှမ်းသွားပါတော့တယ်။ ကံကောင်းတဲ့စစ်သားအနည်းငယ်ကသာ သစ်ပင်တွေပေါ်တွယ်တက်ပြီးရှင်ကျန်ခဲ့ပါတယ်။

အဆုံးသတ်မှာ ဒီရေတောရေအိုင်ကြီးထဲ ခြေလျင်ဖြတ်ခဲ့တဲ့ ဂျပန်စစ်သား ၁၀၀၀ နီးပါးကနေ အယောက် ၂၀ သာ အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပါတယ်။ ဒီလက်ကျန် ၂၀ ကိုလည်း သူတို့ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ ရန်သူမဟာမိတ်တပ်ဖွဲ့တွေကပဲ ဖမ်းဆီးကယ်တင်ပေးခဲ့ရတာပါ။ ဒါကတော့ မဟာမိတ်ဘက်မှမှတ်တမ်ဖြစ်ပြီး တကယ့်စစ်သား ၂၀၀ - ၃၀၀ ခန့်သာ သားရဲတွင်းကနေရော ဖမ်းဆီးခံရတဲ့ဒဏ်ကနေလွတ်သွားတယ်လို့ ဂျပန်ဖက်ကမှတ်တမ်းမှာတွေ့ရပါတယ်။
ဒါကတော့ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကြီးခဲ့တဲ့ မြန်မာနိုင်ငံအတွင်းရှိဒီရေတောကြီးတွေကို ကြီးစိုးခဲ့တဲ့ သားရဲ ရေငန်မိကျောင်းကြီးတွေရဲ့ ရာဇဝင်ပဲဖြစ်ပါတယ်။
အခုချိန်မှာတော့ လူနေထူထပ်လာမှု၊ နယ်မြေချဲ့ထွင်မှုတွေကြောင့် တိမ်ကောလာတဲ့ ဒီရေတောတွေနဲ့အတူ ဒီရေတောအတွင်းနေထိုင်ကြတဲ့ သတ္တဝါမျိုးစိပ်ပေါင်းများစွာနဲ့ ရာဇဝင်မှာ တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းရေငန်မိကျောင်းများရဲ့အရေအတွက်ဟာလည်း နည်းပါးလာပြီဖြစ်ပါတယ်။
ဒီရေတောများဟာ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ကမ်းခြေဒေသများကို လေထုညစ်ညမ်းမှု၊ လှိုင်းကြီးရိုက်ခတ်မှု၊ ဒီရေနှင့် ကမ်းပါးရေတိုက်စားပြိုကျမှုများကနေ ကာကွယ်ပေးထားပါတယ်။ သဘာဝကဖန်ဆင်းပေးထားတဲ့ ရေကာတာတံတိုင်းကြီးတွေဖြစ်တဲ့အပြင် ဒီရေတောအတွင်းနေထိုင်တဲ့ သက်ရှိဇီဝမျိုးကွဲပေါင်းများစွာရဲ့နေထိုင်ရာအိမ်ကြီးတွေဖြစ်တဲ့အတွက် ဒီရေတောများမတိမ်ကောအောင် အားလုံးဝိုင်းဝန်း စောင့်ရှောက်သင့်ပါတယ်နော်။
Article By Shin Paing @ Piscey Wang
မူရင်းလင့်ခ် >>> https://m.facebook.com/story.php?story_fbid=pfbid02oeZPWbs8hc8XrS5brx9np1CHcHCSxtorPGNaBrEQjXN6NWZUoZGyF4TgaH9PV5Jgl&id=100063616784373&mibextid=Nif5oz
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဂေဟစနစ်
ဆက်စပ်မေးခွန်းများ
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 0 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 1 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from Shin Paing @ Piscey Wang
အားလုံး
ရေမြောင်းများသည် အမှိုက်ပုံးမဟုတ်...
03/08/2023
လူသိနည်းသေးသည့် ကျူးကျော်မျိုးစိတ်များရဲ့ အန္တရာယ်
26/07/2023
ဘုရားကန်ထဲပင် မရောက်သင့်သည့် 'လိပ်ပါးနီ'
12/07/2023
ငါးလွှတ်ကုသိုလ်ယူတယ်ဆိုပေမဲ့ အခြားတစ်ဘက်ခြမ်းမှာတော့...
10/07/2023
အင်းလျားကန် (သို့) အလှမွေးငါးမွေးကြသူများရဲ့ အကြီးဆုံးအမှိုက်ပုံကြီး
05/07/2023