အစိမ်းရောင်လမ်း
သဘာဝပတ်ဝန်းကျင်ကြီး စိတ်ဆိုးနေတယ်..

သဘာဝပတ်ဝန်းကျင်ကြီး စိတ်ဆိုးနေတယ်..

ရာသီဥတုပြောင်းလဲခြင်းနဲ့ သစ်တောပြုန်းတီးမှုများရဲ့ အကျိုးဆက်ကို ကျနော်တို့ စတင်ထိတွေ့ခံစားနေရတာ ဆယ်စုနှစ်တခုစာမက ကြာခဲ့ပါပြီ။

မိုးခေါင်လာတာ၊ မုန်တိုင်းတွေနဲ့ ရေနဲ့ပတ်သက်တဲ့သဘာဝဘေးတွေ အဖြစ်များလာတာစသည်ဖြင့် သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်မှုနည်းပါးတာကြောင့် သဘာဝပတ်ဝန်းကျင်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ပြင်းပြင်းထန်ထန်ခံလာကြရတာက အခုရေကြီးတာက သက်သေပါပဲ။

Global Forest Watch မှာ တွေ့ရတဲ့ ၂၀၂၃ ခုနှစ်က မီးလောင်ခြင်း၊ မီးရှို့ခြင်း၊ ခုတ်ထွင်ခြင်း စသည်တို့ကြောင့် သစ်တောပြုန်းတီးခြင်းအခြေအနေတွေကို လေ့လာကြည့်တဲ့အခါ ...

လူတို့နေထိုင်ရန်မြေကွက်များအတွက် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာလုပ်ငန်းချဲ့ထွင်ရန် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ သဘာဝအတိုင်းသစ်တောမီးလောင်ခြင်းနှင့် သဘာဝအတိုင်းသစ်တောများမီးလောင်မှုဖြစ်ခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ၏ သစ်တောဧရိယာဆုံးရှုံးမှု ပမာဏသည် ၂၀၂၃ ခုနှစ်အတွင်း ဟက်တာ ၃ သိန်းကျော်ရှိခဲ့ကြောင်း Global Forest Watch တွင်တွေ့ရပါတယ်။

၂၀၁၈ ခုနှစ်မှ ၂၀၂၁ အထိ အထက်ပါအကြောင်းများကြောင့် သစ်တောဧရိယာဆုံးရှုံးမှုများမြင့်တက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် အနည်းငယ်ပြန်လည်လျော့ကျခဲ့ကြောင်းလည်းတွေ့ရပါသည်။ ၂၀၂၃ ခုနှစ်တွင် ပြန်လည်မြင့်တက်ခဲ့ရာ သစ်တောဆုံးရှုံးမှုပမာဏ ဟက်တာ ၃ သိန်း(ဧက ၇ သိန်းလေးသောင်းကျော်)ရှိခဲ့ကြောင်းတွေ့ရပါတယ်။

ပြည်နယ်တိုင်းများအလိုက်လေ့လာရာတွင် ရှမ်းပြည်နယ်သည်အများဆုံးဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ဟက်တာ ၁၀၃ သိန်းကျော်(ဧက ၂ သိန်း ၅ သောင်း ၄ ထောင်ကျော်)ရှိခဲ့ကြောင်းတွေ့ရပါတယ်။ အခြားပြည်နယ်တိုင်းများမှ သစ်တောပြုန်းတီးမှုများသည် ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်လောက်မများပါ။

"အရင်းစစ်တော့ အမြစ်မြေက" ဆိုသလို ဒီနေ့ ကျနော်တို့ တွေ့ကြုံခံစားနေကြရတဲ့ မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်ကြီးကြီးမားမားတွေဟာ ကျနော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ပြုစုမှု၊ ထိန်သိမ်းစောင့်ရှောက်မှုတွေအားနည်းပြီး ပျက်စီးဆုံးရှုံးစေခြင်းတွေကများနေလို့ ဖြစ်လာတာပါ။

ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေ သဘာဝပတ်ဝန်းကျင်ကောင်းကောင်းအောက်မှာ အေးချမ်းဖို့အတွက် သဘာဝပတ်ဝန်းကျင်ကြီး စိတ်ခု-စိတ်ဆိုးမသွားရလေအောင် ကျနော်တို့ကိုယ်တိုင်ဦးဆောင်ပြီးတော့ကာ ကျနော်တို့လုပ်ဆောင်ပြီးခဲ့သမျှအမှားတွေကိုပြုပြင်ကြရမှာပါ။

Photo - Crd

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 0 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 1 ခု

ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ

အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု

ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်

ye • ဖြေကြားချက် 1 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....