အာမခံအကာအကွယ်ရယူနိုင်သည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်ပယ်များ ချဲ့ထွင်ခြင်း (တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်အကြောင်း တစေ့တစောင်း - ၅)
အာမခံစနစ်စတင်ချိန်က အာမခံထားနိုင်သည့် လုပ်ငန်း/ထုတ်ကုန်အမျိုးအစား အနည်းငယ်သာရှိခဲ့ပြီး ပြောင်း၊ ဂျုံကဲ့သို့သော အခြေခံကျသည့် သီးနှံများ၊ ဆီထွက်သီးနှံအချို့နှင့် မွေးမြူရေးတိရစ္ဆာန်အချို့တို့ကိုသာ အာမခံထားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သီးနှံနှင့် တိရစ္ဆာန်အမျိုးအစား ပိုမိုစုံလင်စွာ အာမခံထားရှိလာနိုင်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ် စာရင်းဇယားများအရ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍမှ ထုတ်ကုန်အမျိုးအစားပေါင်း ၂၇၀ ကို အာမခံထားရှိနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။ ယင်းထုတ်ကုန်များအနက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ၁၆ မျိုးကို ဗဟိုအစိုးရက အာမခံကြေးစိုက်ထုတ်ပေးမည့် ထုတ်ကုန် များအဖြစ် သတ်မှတ်ကြေငြာခဲ့ပါသည်။
အာမခံအကာအကွယ်ရယူနိုင်သည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်များကို ချဲ့ထွင်ရာတွင် အချက် ၃ ချက်ပေါ် မူတည်၍ ချဲ့ထွင်ဆောင်ရွက်လာကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ပထမတစ်ခုမှာ အာမခံလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်းများကို ဖွဲ့စည်းတည်ထောင်၍ သုတေသနများ ပြုလုပ်ခြင်းနှင့် သုတေသနတွေ့ရှိချက်များကို စမ်းသပ်ခြင်း၊ အသုံးချခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့်
၂၀၀၈ ခုနှစ်တွင် Tsinghua တက္ကသိုလ် စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာကျောင်း (School of Economic and Management) က China Research Center for Insurance and Risk Management ကို စတင်ထူထောင်ခဲ့ပါသည်။
ထို့အတူ ယင်း နှစ်တွင်ပင် UIBE တက္ကသိုလ်ခေါ် University of International Business and Economics ကလည်း China Risk Management and Insurance (Data) Research Center ကို တည်ထောင်ခဲ့ပြီး ယခုလက်ရှိတွင် China Research Institute for Risk Management and Insurance အဖြစ် ဆက်လက်ရပ်တည်နေပါသည်။
၂၀၁၃ ခုနှစ် တွင် Fudan တက္ကသိုလ်က China Insurance and Social Security Research Center ကို ထူထောင်ခဲ့ပါသည်။
အာမခံလုပ်ငန်းဆိုင်ရာ သုတေသနတွေ့ရှိချက်များကို ဖတ်ကြားဆွေးနွေးသည့် China International Conference on Insurance and Risk Management - CICIRM ခေါ် အာမခံလုပ်ငန်းဆိုင်ရာ နိုင်ငံတကာသုတေသနညီလာခံကိုလည်း နှစ်စဉ်ကျင်းပပြုလုပ်ကာ တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှ သုတေသီများ၏ တွေ့ရှိချက်များကို ဆွေးနွေးလျက်ရှိသည်ဟု သိရပါသည်။
ဒုတိယတစ်ခုမှာ အစိုးရ၏ နိုင်ငံပိုင်အာမခံလုပ်ငန်းများ၊ နိုင်ငံတကာအာမခံကုမ္ပဏီများ၊ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီများ စုပေါင်း၍ စိုက်ပျိုး မွေးမြူရေးသမားများ အကျိုးဖြစ်ထွန်းသကဲ့သို့ အာမခံလုပ်ငန်းကိုလည်း ဖွံ့ဖြိုးတိုးတက်စေမည့် အာမခံစနစ်များ တီထွင်ဆန်းသစ်ဖော်ထုတ်ခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆွစ်ဇာလန်နိုင်ငံမှ အာမခံကုမ္ပဏီတစ်ခုဖြစ်သော Swiss Re သည် ၂၀၁၆ ခုနှစ်မှ စတင်ကာ ဟေလုံကျန်း(Heilongjiang) ပြည်နယ်အစိုးရ နှင့် တရုတ်ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Sunlight Agricultural Mutual Insurance တို့နှင့် ပူးပေါင်းကာ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန် လုပ်ငန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
တတိယအချက်မှာ အစိုးရက ဦးဆောင်သည့် risk pricing ဖြစ်သည်ဟု ဆိုပါသည်။ Risk pricing ဆိုသည်မှာ မည်သည့်လုပ်ငန်းတွင် မည်သို့သော ဆုံးရှုံးမှုအန္တရာယ်မျိုး ကျရောက်နိုင်ပြီး မည်မျှ ဆုံးရှုံးနိုင်ချေရှိသည်။ အာမ ခံလျော်ကြေးငွေမည်မျှ ရရှိမှ အမှန်တကယ် အာမခံအကာအကွယ် ရရှိနိုင်မည်။ ထိုသို့ အာမခံအကာအကွယ် ရရှိနိုင်ရန်အတွက် အာမခံကြေး မည်မျှပေးဆောင်ထားမှသာ အာမခံကုမ္ပဏီက အမှန်တကယ် အကာအကွယ်ပေးနိုင်မည် စသည်တို့ကို တွက်ချက်သည့် လုပ်ငန်းပင် ဖြစ်ပါသည်။ ယင်းလုပ်ငန်းကို တရုတ်အစိုးရက စနစ်တကျ ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးသမားများအတွက် အာမခံအကာအကွယ်ကို ထိရောက်စွာ ရရှိနိုင်သကဲ့သို့ အာမခံ ကုမ္ပဏီများကလည်း ကောင်းစွာလုပ်ငန်းလည်ပတ်နိုင်မည် ဖြစ်ပါသည်။
အရေးအကြီးဆုံး သတိပြုရမည့် အချက်မှာ တရုတ်အစိုးရအနေဖြင့် အာမခံအကာအကွယ်ပေးသည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်ပယ်အသစ်များကို ရွေးချယ်ဆောင်ရွက်ရာတွင်လည်းကောင်း အာမခံထားရှိသည့် နည်းစနစ်အသစ်များကို တီထွင်ဖော်ထုတ်ကာ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ချက်ချင်းတစ်နိုင်ငံလုံးကို ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ သေးငယ်သည့် နေရာဒေသအနည်းငယ်တွင် စမ်းသပ်လုပ်ဆောင်ခြင်း (pilot project) ပြုလုပ်ပြီး အောင်မြင်မှသာလျှင် အခြားနေရာများသို့ ချဲ့ထွင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
အာမခံနည်းစနစ်အသစ်များ တီထွင်ဖော်ထုတ်ခြင်း
အာမခံအကာအကွယ်ရယူနိုင်သည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်ပယ်များကို ချဲ့ထွင်လာသကဲ့သို့ အာမခံ အကာအကွယ်ရယူနိုင်သည့် အခြေအနေများကိုလည်း တီထွင်ကြံဆကာ မြှင့်တင်လာခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယင်းသို့ တီထွင်ကြံဆကာ ပေးသည့် အာမခံအကာအကွယ်များအနက် ထူးခြားသည့် “မိုးလေဝသ အာမခံ(weather-index insurance)” ၊ “ဈေးနှုန်းအာမခံ(price-index insurance)” ၊ “ဝင်ငွေအာမခံ (revenue insurance)” တို့အကြောင်းကို ဥပမာပေး တင်ပြလိုပါသည်။

မိုးလေဝသအာမခံ(weather-index insurance )
ပုံမှန်အားဖြင့် စိုက်ပျိုးမွေးမြူရေးအာမခံဆိုသည်မှာ သတ်မှတ်အချိန်ကာလတစ်ခု (ဥပမာ စိုက်ပျိုးရာသီတစ်ခု) တွင် ပျက်စီးဆုံးရှုံးသွားသည့် သီးနှံ သို့မဟုတ် တိရစ္ဆာန်များအတွက်သာ အာမခံအကာအကွယ်ရယူနိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လုံးဝပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ၊ အထွက်နှုန်း လျော့ကျကာ ဆုံးရှုံးရသည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။ အထူးသဖြင့် မိုးလေဝသနှင့် ရာသီဥတုအပေါ် မူတည်၍ သီးနှံအထွက်နှုန်း ကျဆင်းကာ စိုက်ပျိုးမွေးမြူသူများ အရှုံးပေါ်ရသည့် အခြေအနေမျိုးကို မကြာခဏ ကြုံ တွေ့ရနိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် ဆုံးရှုံးနစ်နာမှုအတွက် အာမခံလျော်ကြေး တောင်းခံရန် အခက်အခဲရှိနိုင် ပါသည်။
ဥပမာ စိုက်ပျိုးမွေးမြူရေးအာမခံ ထားရှိကာ အကာအကွယ်ယူထားသည့် ပြောင်းစိုက်ခင်း တစ်ခုသည် ရောဂါကျရောက်ခြင်း၊ မီးလောင်သွားခြင်း စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးသွားလျှင် ထင်သာမြင်သာရှိပြီး၊ အာမခံ လျော်ကြေး တောင်းခံရန် လွယ်ကူပါသည်။ သို့ရာတွင် မိုးခေါင်သဖြင့် သီးနှံအထွက်နှုန်းကျဆင်းမည်ဆိုပါက အာမခံ လျော်ကြေး ရရှိရန် ခက်ခဲနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စိုက်ခင်းသည် ပျက်စီးသွားခြင်း မရှိဘဲ၊ အထွက်နှုန်း ကျဆင်းခြင်းသာ ဖြစ်သောကြောင့် အာမခံအကာအကွယ်တွင် အကျုံးမဝင်ခြင်းကြောင့် ဖြစ်ပါသည်။
ယင်းအခြေအနေမျိုးကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်အစိုးရအနေဖြင့် “မိုးလေဝသအာမခံ” စနစ်ကို ကျင့် သုံးရပါသည်။ ယင်းသည် “ပြင်းထန်သော မိုးလေဝသနှင့် ရာသီဥတုအခြေအနေများကြောင့် သီးနှံအထွက်နှုန်းကို ထိ ခိုက်စေသည့်အခါ အာမခံလျော်ကြေး ရယူခွင့် ရှိသည့် အာမခံအမျိုးအစား” ဖြစ်ပါသည်။
ဒေသတစ်ခုအတွင်းရှိ မိုးလေဝသနှင့် ရာသီဥတု မှတ်တမ်းများအပေါ် မူတည်၍ တွက်ချက်ထားသည့် ပျမ်း မျှအခြေအနေများ (ဥပမာ လအလိုက် ပျမ်းမျှ မိုးရေချိန်ရရှိမှု) နှင့် စိုက်ပျိုးသီးနှံက လိုအပ်သည့် ရာသီဥတုအခြေအ နေ (ဥပမာ ပြောင်းစိုက်ပျိုးရန်အတွက် လိုအပ်သည့် အနည်းဆုံး နှင့် အများဆုံး မိုးရေချိန်များ) တို့ပေါ်မူတည်၍ weather index ခေါ် မိုးလေဝသအညွှန်းကိန်းများကို အစိုးရက ထုတ်ပြန်ပေးထားပါသည်။
စိုက်ပျိုးမွေးမြူသူများအနေဖြင့် မိုးလေဝသအာမခံ အကာအကွယ်ကို ရယူလိုပါက ယင်းအတွက် အာမခံ ကြေးပေးသွင်းရမည် ဖြစ်ပါသည်။
စိုက်ပျိုးရာသီအတွင်း အမှန်တကယ် ကြုံတွေ့ရသည့် မိုးလေဝသနှင့် ရာသီဥတု အခြေအနေများသည် တွက်ချက် သတ်မှတ်ထားသည့် မိုးလေဝသအညွှန်းကိန်းများနှင့် ကွာဟပြီး၊ သီးနှံအထွက်နှုန်းကို ထိခိုက်လာပါက စိုက်ပျိုးမွေးမြူသူအနေဖြင့် သီးနှံအထွက်နှုန်းလျော့ကျမှုကြောင့်ဖြစ်ပေါ်သော ယင်း၏ ဆုံးရှုံးမှုအတွက် အာမခံ လျော်ကြေးကို အာမခံကုမ္ပဏီထံမှ တောင်းခံနိုင်မည် ဖြစ်ပါသည်။
တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်၏ လုပ်ငန်းလည်ပတ်လုပ်ဆောင်ပုံ မိုးလေဝသအာမခံစနစ် အ ကြောင်း မြင်သာစေရန်အတွက် လျောင်နင်းပြည်နယ် (Liaoning Province) မှ ဖြစ်ရပ်တစ်ခုကို ဥပမာပေး တင်ပြ လိုပါသည်။
၂၀၁၉ ခုနှစ် ပြောင်းစိုက်ရာသီတွင် လျောင်နင်းပြည်နယ်၌ မိုးခေါင်ရေရှားသည့်ပြဿနာ ကြုံတွေ့ခဲ့ရပါ သည်။ ယင်းနှစ် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၉ ရက်အတွင်း ပြည်နယ်၏ ပျမ်းမျှမိုးရေချိန်ရရှိမှုမှာ ၉၀ မီလီမီတာ သာရရှိ ခဲ့ပါသည်။ ယင်း မိုးရေချိန်မှာ နှစ်စဉ်ရရှိခဲ့သည့် ပျမ်းမျှမိုးရေချိန်အောက် ၆၀ ရာခိုင်နှုန်း လျော့နည်းပါသည်။ ထို့ပြင် ၁၉၅၁ ခုနှစ် နောက်ပိုင်း အဆိုးဝါးဆုံး မိုးခေါင်သည့် အခြေအနေအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားခဲ့ရသည့် စိုက်ပျိုးမြေ ဟက်တာပေါင်း ၁,၉၅၁,၀၀၀ (၁.၉၅၁ သန်း) ရှိခဲ့ပြီး၊ သီးနှံအထွက်နှုန်းအနေဖြင့် တန်ချိန် ၅ သန်းကျော် လျော့နည်းကျဆင်းခဲ့ရသည်ဟု ခန့်မှန်းထားပါသည်။ ယင်းအခြေအနေသည် စိုက်ပျိုးရေးသမားများအတွက် အခြေအနေဆိုး ဖြစ်ပါသည်။ နလံပြန်ထူရန် ခက်ခဲသည့် ဆုံးရှုံးမှုကို ဖြစ် ပေါ်စေခဲ့ခြင်း ဖြစ်ပါသည်။
ကံကောင်းသည့်အချက်မှာ မိုးပြတ်သည့်ဒဏ်ခံသော စိုက်ပျိုးမြေ ဟက်တာ ၂ သန်းနီးပါးအနက် ဟက်တာ ပေါင်း ၁,၂၈၄,၀၀၀ (၁.၂၈၄ သန်း) သည် အာမခံအကာအကွယ် ရယူထားသည့် စိုက်ခင်းများ ဖြစ်နေပါသည်။ သို့ဖြစ်ရာ အာမခံကုမ္ပဏီများနှင့် အစိုးရဌာနများ ပူးပေါင်း၍ မိုးခေါင်ရေရှားသည့် ဒေသများသို့ ကွင်းဆင်းကာ ဆုံးရှုံးနစ်နာမှုကို တိုင်းတာသည့် လုပ်ငန်းများ (lost-adjustment) ကို အလျင်အမြန် ဆောင်ရွက်ခဲ့ကြပါသည်။ နိုဝင်ဘာလ ၁၀ ရက်တွင် ကွင်းဆင်းလုပ်ငန်းများနှင့် အာမခံလျော်ကြေးငွေပေးအပ်မှုများကို အပြီးဆောင်ရွက်ခဲ့ကြသည်။ အာမခံ လျော်ကြေးငွေ စုစုပေါင်း တရုတ်ယွမ် သန်း ၃၈၀ ကို တောင်သူများ၏ ဘဏ်စာရင်းများထဲသို့ ပေးလျော်ခဲ့ကြပါ သည်။
လျောင်နင်းပြည်နယ်၊ ရှင်းချန် မြူနီစပယ်လတီ၊ နန်သမြို့နယ်၊ ဟောက်ရှန် ကျေးရွာမှ စိုက်ပျိုးရေးသမား တစ်ဦးဖြစ်သူ မစ္စတာ လျိုချန်အန်း (Mr. Luo Quan’an) မှာ စိုက်ပျိုးမြေ ၂ ဟက်တာ (၅ ဧက နီးပါး) ပိုင်ဆိုင်ပြီး၊ သူ ၏ စိုက်ခင်းအတွက် ရာသီဥတုအာမခံကြေး အဖြစ် တစ်ဟက်တာလျှင် ၇၅ ယွမ် (မြန်မာငွေ ၅၆၂၅၀ ကျပ်) သာပေး သွင်းထားခြင်း ဖြစ်ပါသည်။ မိုးခေါင်ရေရှားမှုကြောင့် သူ၏ သီးနှံ ၂ ဟက်တာစလုံး ဆုံးရှုံးခဲ့ရသဖြင့် အာမခံလျော် ကြေးငွေအဖြစ် ၂ ဟက်တာအတွက် တရုတ်ယွမ်ငွေ ၆၀၀၀ (မြန်မာငွေ ၄,၅၀၀,၀၀၀ = ၄၅ သိန်း) ပြန်လည်ရရှိခဲ့ပါ သည်။ မြန်မာငွေနှင့် ပြန်လည်တွက်ချက်ကြည့်ပါက အာမခံကြေးအဖြစ် တစ်ဧကလျှင် မြန်မာငွေ ၂၂,၇၆၄ ကျပ် ပေး သွင်းခဲ့ပြီး၊ အာမခံလျော်ကြေးငွေအဖြစ် တစ်ဧကလျှင် မြန်မာငွေ ၉၁၀,၅၆၃ ကျပ် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
အာမခံလျော်ကြေးပမာဏသည် ဆုံးရှုံးမှုကို ရာနှုန်းပြည့် မကာကွယ်နိုင်သည့်တိုင် ရာခိုင်နှုန်းအတော်များ များကို ကာကွယ်နိုင်သည်ဟု ဆိုရပါမည်။ စိုက်ပျိုးသူများအနေဖြင့် နောက်ထပ်တစ်ရာသီ ပြန်လည်စတင်စိုက်ပျိုး ရန် အရင်းအနှီးကို အလုံအလောက်ရရှိနိုင်ရုံမျှသာမက ယုံကြည်မှုကို ပေးစွမ်းနိုင်သည့်ဟု ဆိုရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 0 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 1 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from Khaing Kyi Thit
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....