ခိုင်းနွားဝယ်လိုအား မြင့်တက်လာလို့ ဈေးနှုန်းတွေလည်း မြင့်တက်လာ
ပြည်တွင်းမွေးမြူရေးကဏ္ဍတွင် ခိုင်းနွားဝယ်လိုအား ပြန်လည်ရှိလာပြီး ဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာနေကြောင်း နွားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။ လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုများကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ထွန်စက်ငှားရမ်းအသုံးပြုခြင်းအစား ခိုင်းနွားများကို ပြန်လည်ဝယ်ယူကာ လယ်ယာလုပ်ငန်းခွင်၌ အသုံးပြုရန် စီစဉ်လာကြခြင်းဖြစ်သည်။ ထိုသို့ ခိုင်းနွားဝယ်လိုအား သိသိသာသာ ရှိလာသော်လည်း ရောင်းလိုအား နည်းပါးနေသည့်အတွက် ဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
"ထွန်စက်မမောင်းတော့ဘူး။ အဲဒါမောင်းမယ့်အစား နွားပဲ ဝယ်တော့မယ်။ လယ် ၁၀ ဧကဆိုရင် စက်မောင်းခက အနည်းဆုံး ၁၅ သိန်းလောက် ရှိနေတယ်။ ဒီတော့ ကိုယ့်ဘာသာ နွားဝယ်ပြီး လယ်လုပ်မယ့်သူ များလာပြီး နွားဈေးကွက် မြောက်လာတာပါ" ဟု တောင်သူတစ်ဦးက ပြောကြားသည်။

ယခင်လများက ခိုင်းနွားတစ်ကောင်လျှင် အနည်းဆုံး ကျပ် ၁၆ သိန်းဝန်းကျင်မှစ၍ အရောင်းအဝယ်ရှိခဲ့သော်လည်း လက်ရှိတွင် ခိုင်းနွားတစ်ကောင်လျှင် ကျပ်သိန်း ၂၀ အထက် ဈေးတန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ယခုကာလတွင် လယ်ယာစိုက်ပျိုးရေးအတွက် ခိုင်းနွားလိုအပ်ချက် မြင့်မားနေသော်လည်း ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတသည့်အတွက် ဈေးနှုန်းအမျိုးမျိုးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
"အခုက အရင်လို ခိုင်းနွားက သိပ်မရှိဘူး။ ချက်ချင်းခိုင်းလို့ရတဲ့ နွားနှစ်ကောင်တစ်စုံ ရဖို့က သိပ်မလွယ်ဘူး။ အဲဒီတော့ ဝယ်ချင်သူကများပြီး ရောင်းမယ့်သူက နည်းနေတာ။ ဒါကြောင့် ဈေးကလည်း ရောင်းသူခေါ်ဈေးအပေါ်မှာပဲ လိုက်ပြီး ညှိဝယ်နေရတာ" ဟု ပဲခူးတိုင်းဒေသကြီးမှ ခိုင်းနွားဝယ်ရောင်းလုပ်ကိုင်သူ ပွဲစားကိုတင်ဝင်းလှိုင်က ဆိုသည်။
ယခင်က လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူတိုင်း ခိုင်းနွားမွေးမြူပြီး လုပ်ငန်းခွင်၌ ပြန်လည်အသုံးပြုလေ့ရှိသော်လည်း နောက်ပိုင်းတွင် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလာကြသည့်အတွက် ခိုင်းနွားမွေးမြူသူ အလွန်နည်းပါးသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ခိုင်းနွားဈေးကွက် မြင့်တက်လာသကဲ့သို့ အသားဈေးကွက်တွင်လည်း အမဲသားဈေးနှုန်းများ မြင့်တက်နေသည့် အခြေအနေရှိကြောင်း သိရှိရပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
သားငါးဈေးနှုန်းများ
Johnyawlay
လွန်ခဲ့သော ၃ လ ကကျေးဇူးအများကြီးတင်ပါတယ်။
ဆက်စပ်မေးခွန်းများ
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 0 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 1 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026